ယေဇကျေလ

Old Testament

Chapter 19
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေဇကျေလ 19

1ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊

2သင် ၏အမိ ကားအဘယ်သူ နည်း။ ခြင်္သေ့မ ဖြစ် ၏။ ခြင်္သေ့ တို့တွင် အိပ် လျက်နေ၍၊ ခြင်္သေ့ ပျိုတို့တွင် မိမိ သား တို့ကို ကျွေးမွေး ၏။

3ကျွေးမွေး သောသား တကောင် သည် ခြင်္သေ့ ပျို ဖြစ် ၍၊ တော တိရစ္ဆာန်တို့ကိုဘမ်းဆီး ခြင်းငှါ ၊ သင်၏ လူ တို့ကိုလည်း ကိုက်စား တတ်၏။

4လူမျိုး တို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်း ပြီးလျှင် ၊ သံကြိုး နှင့် ချည်နှောင်၍ အဲဂုတ္တု ပြည် သို့ ယူ သွားကြ၏။

5သားဆုံးရှုံး ကြောင်း ကို အမိသည် မြင် ၍ စိတ်ပျက် သောအခါ၊ သား တကောင် ကို ယူ ပြန်၍ ခြင်္သေ့ ပျို ဖြစ်စေခြင်းငှါပြု သဖြင့်၊

6သူသည်လည်း ၊ ခြင်္သေ့ တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ ပျိုဖြစ် လျက်၊ တော တိရစ္ဆာန်တို့ကို ဘမ်းဆီး ခြင်းငှါ ၊ သင်၏လူ တို့ကိုလည်း ကိုက်စား ၏။

7သူ တို့ မုဆိုး များကိုသိ ၍ ၊ သူ တို့မြို့ များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက် သောအသံ ကြောင့် ပြည် နှင့် ပြည် ၌ ရှိသမျှ တို့သည် ဆိတ်ညံ လျက်ရှိကြ၏။

8ထိုအခါ လူမျိုး တို့သည် ကျေးလက် အရပ်ရပ် တို့ က တိုက် လာ၍ ပိုက်ကွန် နှင့်ဝိုင်း ပြီးလျှင် ၊ မြေတွင်း ၌ ဘမ်း ကြ၏။

9သံကြိုး နှင့် ချည်နှောင်လျက်ဗာဗုလုန် ရှင်ဘုရင် ထံသို့ ဆောင်သွား ၍၊ သူ ၏အသံ သည် ဣသရေလ တောင် ပေါ်မှာ နောက်တဖန် မ မြည် စေခြင်းငှါ နှောင်အိမ် ၌ လှောင် ထားကြ၏။

10သင် ၏အမိ သည် သင်နှင့်တူလျက်၊ ရေ နား မှာ စိုက်သော စပျစ် နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေ များ သောကြောင့် အခက်အလက် နှင့် ပြည့်စုံ၍၊ များစွာ သောအသီး ကို သီး တတ်၏။

11မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။

12သို့ရာတွင် ၊ ဒေါသ အရှိန်အားဖြင့် နှုတ် ၍ မြေ ပေါ်မှာ လှဲချ လေပြီ။ အရှေ့ လေ သည် တိုက်၍အသီး ကို ပိတ်ခြောက် စေ၏။ ခိုင်ခံ့ သောတံဖျာ တို့သည် ကျိုး ၍ သွေ့ခြောက် သဖြင့်၊ မီး လောင် ခြင်းကိုခံရကြပြီ။

13ယခု မူကား ရေမရှိ၊ သွေ့ခြောက် သောလွင်ပြင် အရပ်၌ စိုက် လျက်ရှိ၏။

14အခက်အလက် တံဖျာတခု ထဲက မီး ထွက် ၍ အသီး ကို ကျွမ်းလောင် ပြီ။ အစိုးရ သောရာဇလှံတံ ဘို့ ခိုင်ခံ့ သောတံဖျာ တစုံတခု မျှမကျန်ကြွင်း ။ ဤရွေ့ကား ၊ ငိုကြွေး မြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေး မြည်တမ်းစရာ အကြောင်း လည်း ဖြစ် လိမ့်မည်။

Tip: use the ← and → keys to turn chapters.