ယေဇကျေလ

Old Testament

Chapter 2
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေဇကျေလ 2

1ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား ၊ မတ်တတ် နေလော့။ သင့် အားငါ ပြော မည်ဟု ငါ့ အား ဆို သံကိုငါကြား ၏။

2ထိုသို့ ဆို သောအခါ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊

3အချင်းလူသား ၊ ငါ့ ကို ပုန်ကန် တတ်သော အမျိုး တည်းဟူသော ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့နှင့်တကွ ငါ့ ကိုအစဉ်ပုန်ကန် ၍၊ ပြစ်မှား သော ဣသရေလ အမျိုးသား တို့ ရှိရာသို့ သင့် ကို ငါ စေလွှတ် မည်။

4ရဲ သောမျက်နှာ နှင့် ခိုင်မာ သော နှလုံး ရှိသောအမျိုးသား တို့ရှိရာသို့ သင့် ကို ငါ စေလွှတ် ၍ ၊ သင် က၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု သူ တို့အား ပြော ရမည်။

5သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ မိမိ တို့တွင် ပရောဖက် ရှိ သည်ကို သိ ရကြမည်။

6အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။

7သူ တို့သည် အလွန်ပုန်ကန် တတ်သော သဘောရှိသည်ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည် ဖြစ်စေ ၊ ငါ့ စကား ကိုသူ တို့အား ဟောပြော ရမည်။

8အချင်းလူသား ၊ ငါ ပြော သောစကားကို နားထောင် လော့။ ထိုပုန်ကန် တတ်သော အမျိုး ကဲ့သို့ ပုန်ကန် သော သဘောမ ရှိ နှင့်။ သင့် ပစပ် ကို ဖွင့် ၍ ငါ ပေး သော အရာ ကိုစား လော့ဟု မိန့် တော်မူလျှင် ၊

9ငါကြည့် ၍ စာလိပ် ပါသောလက် သည် ငါ့ ဆီ သို့ ဆန့် လျက်ရှိ၏။

10ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။

Tip: use the ← and → keys to turn chapters.