ယေဇကျေလ

Old Testament

Chapter 31
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေဇကျေလ 31

1သက္ကရာဇ် တဆယ် တခု ၊ တတိယ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

2အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းနှင့် သူ ၏အလုံးအရင်း အား ဟောပြော ရမည် မှာ၊ သင်သည် ဘုန်း တန်ခိုးကြီး၍ အဘယ်သူ နှင့် တူသနည်း။

3အာရှုရိ လူသည် အဆင်းလှ ၍ လွှမ်းမိုး သော အကိုင်း ၊ မြင့် သောအရပ် ၊ ထူထပ် သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျား ရှိ သောလေဗနုန် အာရဇ် ပင်ဖြစ်၏။

4မြစ်ရေ ၏ကျေးဇူးကြောင့် ကြီးမား ခြင်း၊ နက်နဲ သောရေ၏ကျေးဇူးကြောင့် အရပ် မြင့်ခြင်းရှိ၏။ သူစိုက် ရာ အရပ်ရပ် တို့၌ ရေ စီး ၍ ၊ ခပ်သိမ်း သော တော ပင် ရှိရာသို့ မြစ် ရေသည် နှံ့ပြား လေ၏။

5ထိုသို့ သောအားဖြင့် တော သစ်ပင် တကာ တို့ ထက် အရပ် မြင့်လေ၏။ တိုးပွားသောအခါ ရေ များ သောကြောင့် အကိုင်းအခက် များပြား ၍၊ အလက် တို့သည် ရှည်လျား ကြ၏။

6မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် အကိုင်းအခက် တို့၌ အသိုက် လုပ်ကြ၏။ တော တိရစ္ဆာန် အပေါင်း တို့သည် အကိုင်းအခက် တို့ အောက်၌ သာ ဘွား ကြ၏။ ထိုအပင် ၏ အရိပ် ၌ ကြီးမား သော လူမျိုး အပေါင်း တို့ သည် နေ ကြ၏။

7ထိုသို့ ရေ များ သောအရပ်၌ အမြစ် စွဲ သောကြောင့် ၊ ကြီးမြင့် ၍ အခက်အလက် ရှည်လျား သဖြင့် လှ သောအဆင်းနှင့် ပြည့်စုံ၏။

8ဘုရားသခင် ၏ ဥယျာဉ် တော်၌ အာရဇ် ပင်တို့ သည် ထိုအပင် ကို မ ကွယ် နိုင်။ ထင်းရူး ပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက် နှင့်မ ပြည့်စုံ ကြ။ ဘုရားသခင် ၏ ဥယျာဉ် တော်၌ သစ်ပင် တပင် မျှ ထိုအပင် ကဲ့သို့ အဆင်း မ လှ။

9ဧဒင် အရပ်၊ ဘုရားသခင် ၏ဥယျာဉ် တော်၌ ရှိသမျှ သော သစ်ပင် တို့သည် ထိုအပင် ကို ငြူစူ သည်တိုင်အောင်၊ အခက်အလက် များပြား သောအားဖြင့် သူ၏အဆင်းကို ငါလှ စေ ၏။

10တဖန်အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ် မြင့် လျက်၊ ထူထပ် သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိ ထိပ်ဖျား ကို ချီးမြှောက် လျက်၊ စိတ် လည်း မြင့် ၍ ဝါကြွား လျက်ရှိသောကြောင့် ၊

11လူမျိုး တို့တွင် တန်ခိုး ကြီး၍ သူ့ ကိုကျပ်တည်း စွာ စီရင်သောသူ ၏လက် သို့ ငါအပ် လေပြီ။ သူ ပြုသော အဓမ္မ အမှုကြောင့် နှင်ထုတ် လေပြီ။

12ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့သည် သူ့ ကို ခုတ်လှဲ ၍ ပစ်ထား ကြပြီ။ အကိုင်းအခက် တို့သည် တောင် ပေါ် နှင့် ချိုင့် ထဲမှာ ကျ ၍ တပြည်လုံး မြစ် နားမှာ ကျိုးပဲ့ လျက်နေကြ၏။ မြေကြီး သားအပေါင်း တို့သည် သူ့ အရိပ် ထဲက ထွက် ၍ သူ့ ကိုစွန့် သွားကြ၏။

13မိုဃ်း ကောင်းကင်ငှက် နှင့် တော တိရစ္ဆာန် အပေါင်း တို့သည် ကျိုးပဲ့ သော အကိုင်းအခက် တို့ အပေါ်မှာ နေ ရကြ၏။

14အကြောင်းမူကား၊ ရေ နားမှာရှိသမျှ သော သစ်ပင် တို့တွင် တပင်မျှအရပ် မြင့်သောကြောင့် မ ဝါကြွား ။ ထူထပ် သော အခက်အလက်တို့တွင် မိမိ ထိပ်ဖျား ကို မ ချီးမြှောက် မည်အကြောင်း၊ ရေ ကိုသောက် သမျှ သောအပင်တပင်မျှအရပ် မြင့်လျက် မ ပြိုင် ဝံ့မည်အကြောင်းတည်း။ ထိုအပင် အပေါင်း တို့သည် မြေတွင်း ထဲသို့ ဆင်း တတ်သောလူသား တို့နှင့်အတူသေ ခြင်းသို့ ၎င်း ၊ မြေ အောက် အရပ်သို့ ၎င်း ရောက်စေခြင်းငှါငါအပ် လေပြီ။

15အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် မရဏာ နိုင်ငံထဲသို့ ဆင်း သွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့ အဘို့ မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏။ လှိုင်း တံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွား သော ရေ ကို ချုပ်ထား ၏။ လေဗနုန် တောင်ကို သူ့ အဘို့ မသာ အဝတ် ကို ဝတ်စေ၍ ၊ တော သစ်ပင် အပေါင်း တို့သည် စိတ်ပျက် ကြ၏။

16မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ သူ့ ကို မရဏာ နိုင်ငံထဲသို့ ငါ နှိမ့်ချ သောအခါ ၊ နှိမ့်ချ သံ အားဖြင့် လူ အမျိုးမျိုးတို့ကို ငါတုန်လှုပ် စေ၏။ ဧဒင် သစ်ပင် ရှိသမျှ တို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံး သော လေဗနုန် သစ်ပင်မှစ၍၊ ရေ ကိုသောက် သမျှ သောသစ်ပင်တို့သည် မြေ အောက် အရပ်တို့၌ သက်သာ ခြင်းသို့ ရောက်ကြ၏။

17ထိုသူ နှင့်တကွ သူ့ လက်ရုံး ဖြစ်၍၊ လူမျိုး တို့တွင် သူ့ အရိပ် ကို ခို သောသူတို့သည် ထား ဖြင့် အသေ ခံရသောသူတို့ နေရာ၊ မရဏာ နိုင်ငံထဲသို့ လိုက် သွားကြ၏။

18သင်သည် ဘုန်း တန်ခိုးအာနုဘော် အားဖြင့် အဘယ်မည် သော ဧဒင် သစ်ပင် နှင့် တူသနည်း။ သင် သည် ဧဒင် သစ်ပင် တို့နှင့်အတူ မြေ အောက် အရပ်သို့ နှိမ့်ချ ခြင်းကိုခံရမည်။ အရေဖျား လှီးခြင်းကို မခံသောလူ၊ ထား ဖြင့်အသေ ခံရသောသူတို့နှင့်အတူ လဲ ၍နေရမည်။ ထိုသို့ ဖာရော ဘုရင်နှင့် သူ့ အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.