ယေဇကျေလ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား ၊ မတ်တတ် နေလော့။ သင့် အားငါ ပြော မည်ဟု ငါ့ အား ဆို သံကိုငါကြား ၏။
1And he said unto me, Son of man, stand upon thy feet, and I will speak unto thee.
2ထိုသို့ ဆို သောအခါ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
2And the spirit entered into me when he spake unto me, and set me upon my feet, that I heard him that spake unto me.
3အချင်းလူသား ၊ ငါ့ ကို ပုန်ကန် တတ်သော အမျိုး တည်းဟူသော ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့နှင့်တကွ ငါ့ ကိုအစဉ်ပုန်ကန် ၍၊ ပြစ်မှား သော ဣသရေလ အမျိုးသား တို့ ရှိရာသို့ သင့် ကို ငါ စေလွှတ် မည်။
3And he said unto me, Son of man, I send thee to the children of Israel, to a rebellious nation that hath rebelled against me: they and their fathers have transgressed against me, even unto this very day.
4ရဲ သောမျက်နှာ နှင့် ခိုင်မာ သော နှလုံး ရှိသောအမျိုးသား တို့ရှိရာသို့ သင့် ကို ငါ စေလွှတ် ၍ ၊ သင် က၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု သူ တို့အား ပြော ရမည်။
4For they are impudent children and stiffhearted. I do send thee unto them; and thou shalt say unto them, Thus saith the Lord GOD .
5သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ မိမိ တို့တွင် ပရောဖက် ရှိ သည်ကို သိ ရကြမည်။
5And they, whether they will hear, or whether they will forbear, (for they are a rebellious house,) yet shall know that there hath been a prophet among them.
6အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။
6¶ And thou, son of man, be not afraid of them, neither be afraid of their words, though briers and thorns be with thee, and thou dost dwell among scorpions: be not afraid of their words, nor be dismayed at their looks, though they be a rebellious house.
7သူ တို့သည် အလွန်ပုန်ကန် တတ်သော သဘောရှိသည်ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည် ဖြစ်စေ ၊ ငါ့ စကား ကိုသူ တို့အား ဟောပြော ရမည်။
7And thou shalt speak my words unto them, whether they will hear, or whether they will forbear: for they are most rebellious.
8အချင်းလူသား ၊ ငါ ပြော သောစကားကို နားထောင် လော့။ ထိုပုန်ကန် တတ်သော အမျိုး ကဲ့သို့ ပုန်ကန် သော သဘောမ ရှိ နှင့်။ သင့် ပစပ် ကို ဖွင့် ၍ ငါ ပေး သော အရာ ကိုစား လော့ဟု မိန့် တော်မူလျှင် ၊
8But thou, son of man, hear what I say unto thee; Be not thou rebellious like that rebellious house: open thy mouth, and eat that I give thee.
9ငါကြည့် ၍ စာလိပ် ပါသောလက် သည် ငါ့ ဆီ သို့ ဆန့် လျက်ရှိ၏။
9¶ And when I looked, behold, an hand was sent unto me; and, lo, a roll of a book was therein;
10ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။
10And he spread it before me; and it was written within and without: and there was written therein lamentations, and mourning, and woe.
Tip: use the ← and → keys to turn chapters.