ယေဇကျေလ 35
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
1ΚΑΙ ἐγένετο λόγος Κυρίου πρός με λέγων·
2အချင်းလူသား ၊ သင်သည် စိရ တောင် တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊
2υἱὲ ἀνθρώπου, ἐπίστρεψον τὸ πρόσωπόν σου ἐπ' ὄρος Σηεὶρ καὶ προφήτευσον εἰς αὐτὸ
3အိုစိရ တောင် ၊ သင့် တဘက် ၌ငါ နေ၏။ သင့် ကို ငါတိုက် ၍ သုတ်သင် ပယ်ရှင်းမည်။
3καὶ εἰπόν· τάδε λέγει Κύριος Κύριος· ἰδοὺ ἐγὼ ἐπὶ σέ, ὄρος Σηείρ, καὶ ἐκτενῶ τὴν χεῖρά μου ἐπὶ σέ καὶ δώσω σε εἰς ἔρημον καὶ ἐρημωθήσῃ,
4သင် ၏မြို့ တို့ကို ငါဖျက်ဆီး သဖြင့် သင် သည် လူဆိတ်ညံ လျက်ရှိ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။
4καὶ ταῖς πόλεσί σου ἐρημίαν ποιήσω, καὶ σὺ ἔρημος ἔσῃ· καὶ γνώσῃ ὅτι ἐγώ εἰμι Κύριος,
5သင် သည် အစဉ် ရန်ငြိုး ဖွဲ့၍ ဣသရေလ အမျိုးသား တို့၌ အမှု ရောက်သောကာလ ၊ အပြစ် ကြောင့် ခံရသောကာလ အဆုံး ၌ ၊ သူတို့အသက်ကို ထား နှင့် သတ် သောကြောင့် ၊
5ἀντὶ τοῦ γενέσθαι σε ἐχθρὰν αἰωνίαν καὶ ἐνεκάθισας τῷ οἴκῳ Ἰσραὴλ δόλῳ, ἐν χειρὶ ἐχθρῶν μαχαίρᾳ ἐν καιρῷ ἀδικίας ἐπ' ἐσχάτῳ,
6အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အသက် သတ်ခြင်းအမှုကို သင် ၌ငါပြု ၍ ၊ ထိုအမှု သည်သင့် ကို လိုက် မည်။ အသက် သတ်ခြင်းအမှုကို သင်မ မုန်း သောကြောင့် ၊ ထိုအမှု သည် သင့် ကိုလိုက် ရလိမ့်မည်။
6διὰ τοῦτο, ζῶ ἐγώ, λέγει Κύριος Κύριος, εἰ μήν, εἰς αἷμα ἥμαρτες, καὶ αἷμα διώξεταί σε.
7ထိုသို့ စိရ တောင် ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ထွက်သွား သောသူ၊ ပြန်လာ သောသူတို့ကို ပယ်ဖြတ် မည်။
7καὶ δώσω τὸ ὄρος Σηεὶρ εἰς ἔρημον καὶ ἠρημωμένον καὶ ἀπολῶ ἀπ' αὐτοῦ ἀνθρώπους καὶ κτήνη
8သင်၏တောင် တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့် စေမည်။ သင့် နေရာကုန်း ၊ ချိုင့် ၊ မြစ် နား၌ထား ဖြင့် အသေ ခံရသောသူတို့ သည် ရှိ ကြ လိမ့်မည်။
8καὶ ἐμπλήσω τῶν τραυματιῶν τοὺς βουνούς σου καὶ τὰς φάραγγάς σου, καὶ ἐν πᾶσι τοῖς πεδίοις σου τετραυματισμένοι μαχαίρᾳ πεσοῦνται ἐν σοί.
9သင့် ကိုအစဉ်မပြတ် သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် ၏မြို့ တို့၌ အဘယ်သူမျှမ နေ ရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။
9ἐρημίαν αἰώνιον θήσομαί σε, καὶ αἱ πόλεις σου οὐ μὴ κατοικηθῶσιν ἔτι· καὶ γνώσῃ ὅτι ἐγώ εἰμι Κύριος.
10သင် က၊ ဤတိုင်း ပြည် နှစ် ပြည်ကိုငါတို့သည် သိမ်း၍ပိုင် မည်ဟု ထို ပြည်၌ ထာဝရဘုရား ရှိ လျက်နှင့် ဆို မိသောကြောင့် ၊
10διὰ τὸ εἶπεῖν σε· τὰ δύο ἔθνη καὶ αἱ δύο χῶραι ἐμαὶ ἔσονται καὶ κληρονομήσω αὐτάς, καὶ Κύριος ἐκεῖ ἐστι,
11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သင်သည်သူ တို့ကို ရန်ငြိုး ဖွဲ့၍ ဒေါသ စိတ်၊ ငြူစူ သောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြု မည်။ သင့် ကို စီရင် သောအခါ သူ တို့တွင် ငါထင်ရှား လိမ့်မည်။
11διὰ τοῦτο, ζῶ ἐγώ, λέγει Κύριος, καὶ ποιήσω σοι κατὰ τὴν ἔχθραν σου καὶ γνωσθήσομαί σοι, ἡνίκα ἂν κρινῶ σε,
12သင်က၊ ဣသရေလ တောင် တို့သည် ပျက်စီး ၍ ငါ တို့စားစရာ ဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့ ၍ပြောဆို သော စကားအလုံးစုံ တို့ကို ငါ ထာဝရဘုရား ကြား ကြောင်း ကို သင်သိ ရလိမ့်မည်။
12καὶ γνώσῃ ὅτι ἐγώ εἰμι Κύριος. ἤκουσα τῆς φωνῆς τῶν βλασφημιῶν σου, ὅτι εἶπας· τὰ ὄρη Ἰσραὴλ ἔρημα, ἡμῖν δέδοται εἰς κατάβρωμα·
13ထိုသို့ သင်သည် ငါ့ တဘက် ၌ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါ ကြား ပြီဟု မိန့်တော်မူ၏။
13καὶ ἐμεγαλορρημόνησας ἐπ' ἐμὲ τῷ στόματί σου· ἐγὼ ἤκουσα.
14အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး ရွှင်လန်း သောအခါ သင့် ကိုငါဖျက်ဆီး မည်။
14τάδε λέγει Κύριος· ἐν τῇ εὐφροσύνῃ πάσης τῆς γῆς ἔρημον ποιήσω σε,
15ဣသရေလ အမျိုးသား တို့ အမွေ မြေ ပျက်စီး သည်ကို သင် သည် ဝမ်းမြောက် သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြု မည်။ အိုစိရ တောင် ၊ သင်နှင့်တကွ ဧဒုံ ပြည် သည် အကုန်အစင် ပျက်စီး ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
15ἔρημον ἔσῃ, ὄρος Σηείρ, καὶ πᾶσα ἡ Ἰδουμαία ἐξαναλωθήσεται· καὶ γνώσῃ ὅτι ἐγώ εἰμι Κύριος ὁ Θεὸς αὐτῶν.
Tip: use the ← and → keys to turn chapters.