တရားဟောရာ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1တောကြီး လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ သုဖမြို့ တဘက် ၊ ပါရန် မြို့၊ တောဖလ မြို့၊ လာဗန် မြို့၊ ဟာဇရုတ် မြို့၊ ဒိဇဟတ် မြို့တို့အလယ်၌ မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဟောပြော သောစကား များကို ပြန်ရ လေသည်မှာ၊
1ΟΥΤΟΙ οἱ λόγοι, οὓς ἐλάλησε Μωυσῆς παντὶ Ἰσραὴλ πέραν τοῦ Ἰορδάνου ἐν τῇ ἐρήμῳ πρὸς δυσμαῖς πλησίον τῆς ἐρυθρᾶς θαλάσσης ἀνὰ μέσον Φαρὰν Τοφὸλ καὶ Λοβὸν καὶ Αὐλὼν καὶ Καταχρύσεα·
2ကာဒေရှဗာနာ အရပ်သည်၊ စိရ တောင် လမ်း ဖြင့် ဟောရပ် အရပ်နှင့် ဆယ် တ ရက် ခရီး ကွာသတည်း။
2ἕνδεκα ἡμερῶν ἐκ Χωρὴβ ὁδὸς ἐπ᾿ ὄρος Σηεὶρ ἕως Κάδης Βαρνή.
no verse 3 in this text
3καὶ ἐγενήθη ἐν τῷ τεσσαρακοστῷ ἔτει ἐν τῷ ἑνδεκάτῳ μηνὶ μιᾷ τοῦ μηνὸς ἐλάλησε Μωυσῆς πρὸς πάντας υἱοὺς Ἰσραὴλ κατὰ πάντα, ὅσα ἐνετείλατο Κύριος αὐτῷ πρὸς αὐτούς.
no verse 4 in this text
4μετὰ τὸ πατάξαι Σηὼν βασιλέα Ἀμορραίων τὸν κατοικήσαντα ἐν Ἐσεβὼν καὶ τὸν Ὢγ βασιλέα τῆς Βασὰν τὸν κατοικήσαντα ἐν Ἀσταρὼθ καὶ ἐν Ἐδραΐν,
5မောရှေ သည် ဟေရှဘုန် မြို့၌ နေ သော အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ၎င်း ၊ ဧဒြိ ပြည်၊ အာရှတရုတ် မြို့၌ နေ သော ဗာရှန် ဘုရင် ဩဃ ကို ၎င်း လုပ်ကြံ ပြီးမှ ၊ သက္ကရာဇ် လေးဆယ် ပြည့်၊ ဧကာဒသမ လ ၊ ပဌမ နေ့ရက်၌ မောဘ ပြည် ၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထား တော်မူနှင့်သမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ဟောပြော သောတရား စကားဟူမူကား၊
5ἐν τῷ πέραν τοῦ Ἰορδάνου ἐν γῇ Μωάβ, ἤρξατο Μωυσῆς διασαφῆσαι τὸν νόμον τοῦτον λέγων·
6ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဟောရပ် အရပ်၌ ငါ တို့အား မိန့် တော်မူသည်ကား၊ သင် တို့သည် ကာလအချိန်စေ့အောင် ဤ တောင် ၌ နေ ကြပြီ။
6Κύριος ὁ Θεὸς ἡμῶν ἐλάλησεν ἡμῖν ἐν Χωρὴβ λέγων· ἱκανούσθω ὑμῖν κατοικεῖν ἐν τῷ ὄρει τούτῳ·
7လှည့်လည် ၍ ခရီး သွားကြလော့။ အာမောရိ တောင် သို့၎င်း ၊ ထိုတောင် နှင့် နီး သောအရပ်၊ လွင်ပြင် ၊ တောင် ရိုး၊ ချိုင့် ၊ တောင် မျက်နှာ၊ ပင်လယ် နား သို့၎င်း ၊ ခါနာန် ပြည် ၊ လေဗနုန် တောင်၊ ဥဖရတ် မြစ် ကြီး တိုင်အောင် ၎င်း သွား ကြလော့။
7ἐπιστράφητε καὶ ἀπάρατε ὑμεῖς καὶ εἰσπορεύεσθε εἰς ὄρος Ἀμορραίων καὶ πρὸς πάντας τοὺς περιοίκους Ἄραβα, εἰς ὄρος καὶ πεδίον καὶ πρὸς λίβα καὶ παραλίαν γῆν Χαναναίων καὶ Ἀντιλίβανον ἕως τοῦ ποταμοῦ τοῦ μεγάλου Εὐφράτου.
8ထိုပြည် ကို သင် တို့ရှေ့ မှာ ငါထား ပြီ။ ထာဝရဘုရား သည် သင် တို့အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစ၍ ၊ သူ တို့အမျိုးအနွယ် အား ပေး မည်ဟု ကျိန်ဆို တော်မူသောပြည် ကို ဝင် ၍ သိမ်းယူ ကြလော့ဟု မိန့် တော်မူ၏။
8ἴδετε, παραδέδωκεν ἐνώπιον ὑμῶν τῆν γῆν· εἰσπορευθέντες κληρονομήσατε τὴν γῆν, ἣν ὤμοσα τοῖς πατράσιν ὑμῶν, τῷ Ἁβραὰμ καὶ Ἰσαὰκ καὶ Ἰακὼβ δοῦναι αὐτοῖς καὶ τῷ σπέρματι αὐτῶν μετ᾿ αὐτούς.
9ထိုအခါ သင် တို့အား ငါပြော သည်ကား၊ သင် တို့အမှုကို ငါ တယောက်တည်း မ ထမ်း နိုင်။
9καὶ εἶπα πρὸς ὑμᾶς ἐν τῷ καιρῷ ἐκείνῳ λέγων· οὐ δυνήσομαι μόνος φέρειν ὑμᾶς·
10သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို များပြား စေတော်မူ၍ ၊ သင် တို့သည် အရေ အတွက်အားဖြင့် ကောင်းကင် ကြယ် ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
10Κύριος ὁ Θεὸς ὑμῶν ἐπλήθυνεν ὑμᾶς, καὶ ἰδού ἐστε σήμερον ὡσεὶ τὰ ἄστρα τοῦ οὐρανοῦ τῷ πλήθει·
11သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို အဆ အထောင် အားဖြင့် များပြား စေတော်မူပါစေသော။ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူပါစေသော။
11Κύριος ὁ Θεὸς τῶν πατέρων ὑμῶν προσθείη ὑμῖν ὡς ἐστὲ χιλιοπλασίως καὶ εὐλογήσαι ὑμᾶς, καθότι ἐλάλησεν ὑμῖν.
12သင်တို့ပင်ပန်းခြင်း၊ အမှု ဆောင်ရွက်ခြင်း၊ ရန်တွေ့ ခြင်းဝန် ကို ငါ တယောက်တည်း အဘယ်သို့ ထမ်း နိုင် မည်နည်း။
12πῶς δυνήσομαι μόνος φέρειν τὸν κόπον ὑμῶν καὶ τὴν ὑπόστασιν ὑμῶν καὶ τὰς ἀντιλογίας ὑμῶν;
13ဉာဏ် ပညာနှင့် ပြည့်စုံ ၍ အသရေ ရှိသောသူတို့ ကို သင် တို့အမျိုး များထဲက ရွေး ပေးကြလော့။ သူ တို့ကို မင်း အရာ၌ ငါခန့် ထားမည်ဟု ပြော ဆိုလျှင်၊
13δότε ἑαυτοῖς ἄνδρας σοφοὺς καὶ ἐπιστήμονας καὶ συνετοὺς εἰς τὰς φυλὰς ὑμῶν, καὶ καταστήσω ἐφ᾿ ὑμῶν ἡγουμένους ὑμῶν.
14သင်တို့က ကိုယ်တော်ပြော သည်အတိုင်း ပြု ကောင်း ပါသည်ဟု ပြန် ဆိုကြ၏။
14καὶ ἀπεκρίθητέ μοι καὶ εἴπατε· καλὸν τὸ ρῆμα ὃ ἐλάλησας ποιῆσαι.
15ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။
15καὶ ἔλαβον ἐξ ὑμῶν ἄνδρας σοφοὺς καὶ ἐπιστήμονας καὶ συνετοὺς καὶ κατέστησα αὐτοὺς ἡγεῖσθαι ἐφ᾿ ὑμῶν χιλιάρχους καὶ ἑκατοντάρχους καὶ πεντηκοντάρχους καὶ δεκάρχους καὶ γραμματοεισαγωγεῖς τοῖς κριταῖς ὑμῶν.
16တရား သူကြီးတို့အားလည်း ၊ သင် တို့ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါး အမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရား သဖြင့် စီရင် ကြလော့။
16καὶ ἐνετειλάμην τοῖς κριταῖς ὑμῶν ἐν τῷ καιρῷ ἐκείνῳ λέγων· διακούετε ἀνὰ μέσον τῶν ἀδελφῶν ὑμῶν καὶ κρίνατε δικαίως ἀνὰ μέσον ἀνδρὸς καὶ ἀνὰ μέσον ἀδελφοῦ καὶ ἀνὰ μέσον προσηλύτου αὐτοῦ.
17တရား အမှုကို စီရင်သောအခါအဘယ်သူ၏ မျက်နှာ ကို မ ထောက် ရ။ လူငယ် စကားကို လူကြီး စကားကဲ့သို့ မှတ် ရမည်။ အဘယ် လူကိုမျှ မ ကြောက် ရ။ အကြောင်း မူကား၊ တရား အမှုကို ဘုရား သခင်ပိုင်တော်မူသောကြောင့် တည်း။ ကိုယ်တိုင်မစီရင်တတ်သော အမှု ကို ငါ့ ထံမှာ အယူခံ ရမည်။ ငါလည်း နားထောင် မည်ဟု မှာခဲ့၏။
17οὐκ ἐπιγνώσῃ πρόσωπον ἐν κρίσει, κατὰ τὸν μικρὸν καὶ κατὰ τὸν μέγαν κρινεῖς, οὐ μὴ ὑποστείλῃ πρόσωπον ἀνθρώπου, ὅτι ἡ κρίσις τοῦ Θεοῦ ἐστι· καὶ τὸ ρῆμα, ὃ ἐὰν σκληρὸν ᾖ ἀφ᾿ ὑμῶν, ἀνοίσετε αὐτὸ ἐπ᾿ ἐμέ, καὶ ἀκούσομαι αὐτό.
18သင် တို့ပြု ရသမျှ သော အမှု တို့ကိုလည်း ထိုအခါ ငါမှာ ထားခဲ့၏။
18καὶ ἐνετειλάμην ὑμῖν ἐν τῷ καιρῷ ἐκείνῳ πάντας τοὺς λόγους, οὓς ποιήσετε.
19ငါတို့သည် ဟောရပ် အရပ်မှ ထွက် သောနောက် ၊ အာမောရိ တောင် သို့ သွားသော လမ်း နားမှာ ကြောက်မက် ဘွယ်ဖြစ်၍ သင်တို့တွေ့မြင် သော တော ကြီး အလယ် ၌၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ရှောက်သွား ၍ ၊ ကာဒေရှဗာနာ အရပ်သို့ ရောက် ကြ၏။
19καὶ ἀπάραντες ἐκ Χωρὴβ ἐπορεύθημεν πᾶσαν τὴν ἔρημον τὴν μεγάλην καὶ τὴν φοβερὰν ἐκείνην, ἣν εἴδετε, ὁδὸν ὄρους τοῦ Ἀμορραίου, καθότι ἐνετείλατο Κύριος ὁ Θεὸς ἡμῶν ἡμῖν, καὶ ἤλθομεν ἕως Κάδης Βαρνή.
20ထိုအခါ ငါကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောအာမောရိ တောင် သို့ သင် တို့သည် ရောက် ကြပြီ။
20καὶ εἶπα πρὸς ὑμᾶς· ἤλθατε ἕως τοῦ ὄρους τοῦ Ἀμορραίου, ὃ Κύριος ὁ Θεὸς ἡμῶν δίδωσιν ὑμῖν.
21သင် တို့ဘုရား သခင်ထာဝရဘုရား သည် ပြည် တော်ကို သင် တို့ရှေ့ မှာထား တော်မူပြီ။ သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ တက် သွား၍ သိမ်းယူ ကြလော့။ မ ကြောက် ကြနှင့်။ စိတ် လည်း မ ပျက်ကြနှင့်ဟု ပြော ဆို၏။
21ἴδετε, παραδέδωκεν ἡμῖν Κύριος ὁ Θεὸς ὑμῶν πρὸ προσώπου ὑμῶν τὴν γῆν· ἀναβάντες κληρονομήσατε, ὃν τρόπον εἶπε Κύριος ὁ Θεὸς τῶν πατέρων ὑμῶν ὑμῖν· μὴ φοβεῖσθε μηδὲ δειλιάσητε.
22ထိုအခါ သင် တို့ရှိသမျှ သည် ငါ့ ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ် တို့ရှေ့ ၌ လူ တို့ကို စေလွှတ် ပါမည်။ သူတို့သည် ထိုပြည် ကို စူးစမ်း ပြီးမှ ၊ အကျွန်ုပ်တို့သည် အဘယ်လမ်း သို့သွား လျှင် အဘယ်မြို့ သို့ ရောက် ရမည်ကို ကြားပြော ကြပါ လိမ့်မည်ဟု၊
22καὶ προσήλθατέ μοι πάντες καὶ εἴπατε· ἀποστείλωμεν ἄνδρας προτέρους ἡμῶν, καὶ ἐφοδευσάτωσαν ἡμῖν τὴν γῆν καὶ ἀναγγειλάτωσαν ἡμῖν ἀπόκρισιν τὴν ὁδόν, δι᾿ ἧς ἀναβησόμεθα ἐν αὐτῇ, καὶ τὰς πόλεις εἰς ἃς εἰσπορευσόμεθα εἰς αὐτάς.
23လျှောက်ဆိုသောစကား ကို ငါ နှစ်သက် ၍ ၊ သင် တို့တွင် တမျိုး တယောက် စီ၊ လူ ပေါင်း တကျိပ် နှစ် ယောက်တို့ကို ရွေး ထား၏။
23καὶ ἤρεσεν ἐναντίον μου τὸ ρῆμα, καὶ ἔλαβον ἐξ ὑμῶν δώδεκα ἄνδρας, ἄνδρα ἕνα κατὰ φυλήν.
24ထိုသူတို့သည် တောင် ပေါ်သို့ လှည့် သွား ၍ ၊ ဧရှကောလ ချိုင့် သို့ ရောက် သဖြင့် စူးစမ်း ကြ၏။
24καὶ ἐπιστραφέντες ἀνέβησαν εἰς τὸ ὄρος καὶ ἤλθοσαν ἕως Φάραγγος βότρυος καὶ κατεσκόπευσαν αὐτήν.
25ထိုပြည် ၌ ရသောသစ်သီး ကို ထမ်း ၍ ဆောင် ခဲ့ လျက် ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် သည် ကောင်း သော ပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
25καὶ ἐλάβοσαν ἐν ταῖς χερσὶν αὐτῶν ἀπὸ τοῦ καρποῦ τῆς γῆς καὶ κατήνεγκαν πρὸς ὑμᾶς καὶ ἔλεγον· ἀγαθὴ ἡ γῆ, ἣν Κύριος ὁ Θεὸς ἡμῶν δίδωσιν ἡμῖν.
26သင်တို့သည် မ သွား ဘဲ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဆန် လျက်၊
26καὶ οὐκ ἠθελήσατε ἀναβῆναι, ἀλλ᾿ ἠπειθήσατε τῷ ρήματι Κυρίου τοῦ Θεοῦ ἡμῶν
27ထာဝရဘုရား သည် ငါ တို့ကိုမုန်း ၍ ဖျက်ဆီး ချင် သောကြောင့် ၊ အာမောရိ လူတို့ လက် ၌ အပ် လိုသောငှါ ၊ အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည်တကား။
27καὶ διεγογγύζετε ἐν ταῖς σκηναῖς ὑμῶν καὶ εἴπατε· διὰ τὸ μισεῖν Κύριον ἡμᾶς, ἐξήγαγεν ἡμᾶς ἐκ γῆς Αἰγύπτου παραδοῦναι ἡμᾶς εἰς χεῖρας Ἀμορραίων, ἐξολοθρεῦσαι ἡμᾶς.
28ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။
28ποῦ ἡμεῖς ἀναβαίνομεν; οἱ δὲ ἀδελφοὶ ὑμῶν ἀπέστησαν τὴν καρδίαν ὑμῶν λέγοντες· ἔθνος μέγα καὶ πολὺ καὶ δυνατώτερον ἡμῶν καὶ πόλεις μεγάλαι καὶ τετειχισμέναι ἕως τοῦ οὐρανοῦ, ἀλλὰ καὶ υἱοὺς γιγάντων ἑωράκαμεν ἐκεῖ.
29ထိုအခါ ငါက၊ မ ထိတ်လန့် ကြနှင့်၊ သူ တို့ကို မ ကြောက် ကြနှင့်။
29καὶ εἶπα πρὸς ὑμᾶς· μὴ πτήξετε, μηδὲ φοβηθῆτε ἀπ᾿ αὐτῶν·
30သင် တို့ရှေ့ မှာကြွ တော်မူသော သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့မျက်မှောက် ၊ အဲဂုတ္တု ပြည်၌ ၎င်း၊
30Κύριος ὁ Θεὸς ὑμῶν ὁ προπορευόμενος πρὸ προσώπου ὑμῶν αὐτὸς συνεκπολεμήσει αὐτοὺς μεθ᾿ ὑμῶν κατὰ πάντα, ὅσα ἐποίησεν ὑμῖν ἐν γῇ Αἰγύπτῳ
31သင်တို့လိုက်လာသောလမ်း တလျှောက်လုံး ၊ ဤ အရပ် တိုင်အောင် အဘသည် သား ကို ချီပိုက် သကဲ့သို့ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ချီပိုက် တော်မူသောကျေးဇူးတော်ကိုခံ ရာတော ၌ ၎င်း ၊ သင် တို့အဘို့ ပြု တော်မူသကဲ့သို့ ၊ သင် တို့ဘက် ၌ စစ် ကူ တော်မူမည်ဟု ဆိုသော်လည်း၊
31καὶ ἐν τῇ ἐρήμῳ ταύτῃ, ἣν εἴδετε, ὁδὸν ὄρους τοῦ Ἀμορραίου, ὡς ἐτροφοφόρησέ σε Κύριος ὁ Θεός σου, ὡς εἴ τις τροφοφορήσαι ἄνθρωπος τὸν υἱὸν αὐτοῦ, κατὰ πᾶσαν τὴν ὁδὸν εἰς ἣν ἐπορεύθητε, ἕως ἤλθετε εἰς τὸν τόπον τοῦτον.
32သင် တို့တဲ စားခန်းချရာ အရပ် ကို ရှာ ၍ သင်တို့သွား လတံ့သော လမ်း ကို ပြ ခြင်းငှါ ၊ ညဉ့် ခါ မီး ၌ ၎င်း၊ နေ့ အခါ မိုဃ်းတိမ် ၌ ၎င်း၊
32καὶ ἐν τῷ λόγῳ τούτῳ οὐκ ἐνεπιστεύσατε Κυρίῳ τῷ Θεῷ ἡμῶν,
33သင် တို့ရှေ့ မှာ ကြွ တော်မူသော သင် တို့ဘုရား သခင်ထာဝရ ဘုရား၏ စကားတော်ကို ထို အမှု ၌ သင် တို့မ ယုံ ကြပါတကား။
33ὃς προπορεύεται πρότερος ὑμῶν ἐν τῇ ὁδῷ ἐκλέγεσθαι ὑμῖν τόπον, ὁδηγῶν ὑμᾶς ἐν πυρὶ νυκτός, δεικνύων ὑμῖν τὴν ὁδὸν καθ᾿ ἣν πορεύεσθε ἐπ᾿ αὐτῆς, καὶ ἐν νεφέλῃ ἡμέρας.
34သင် တို့စကား သံ ကို ထာဝရဘုရား ကြား ၍ မျက် တော်ထွက်လျက်၊
34καὶ ἤκουσε Κύριος τὴν φωνὴν τῶν λόγων ὑμῶν καὶ παροξυνθεὶς ὤμοσε λέγων·
35သူတို့ဘိုးဘေး တို့အား ငါပေး မည်ဟု ငါကျိန်ဆို သော ပြည် ကောင်း ကို ၊ ယေဖုန္နာ ၏သား ကာလက် မှတပါး ၊ ဤ ဆိုး သောလူမျိုး တစုံ တယောက်မျှ ဆက်ဆက်မ မြင် ရ။
35εἰ ὄψεταί τις τῶν ἀνδρῶν τούτων τὴν γῆν ἀγαθὴν ταύτην, ἣν ὤμοσα τοῖς πατράσιν αὐτῶν,
36ထိုသူ သည် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် မြင် ရ၏။ သူနင်း သောပြည် ကို သူ မှစ၍ သူ ၏သား မြေးတို့အား ငါပေး မည်ဟု ကျိန်ဆိုတော်မူ၏။
36πλὴν Χάλεβ υἱὸς Ἰεφοννή, οὗτος ὄψεται αὐτήν, καὶ τούτῳ δώσω τὴν γῆν, ἐφ᾿ ἣν ἐπέβη, καὶ τοῖς υἱοῖς αὐτοῦ διὰ τὸ προσκεῖσθαι αὐτὸν τὰ πρὸς Κύριον.
37သင် တို့အတွက် ထာဝရဘုရား သည် ငါ့ ကိုလည်း အမျက် တော်ထွက်၍ ၊ သင် သည် ထို ပြည်သို့ မ ဝင် စားရ။
37καὶ ἐμοὶ ἐθυμώθη Κύριος δι᾿ ὑμᾶς λέγων· οὐδὲ σὺ οὐ μὴ εἰσέλθῃς ἐκεῖ·
38သင့် လက်ထောက် နုန် ၏သား ယောရှု သည် ဝင်စား ရမည်။ သူ သည် ဣသရေလ အမျိုးသားအမွေခံ စေမည့်သူ ဖြစ်သောကြောင့် ၊ သူ့ ကို အား ပေးလော့။
38Ἰησοῦς υἱὸς Ναυὴ ὁ παρεστηκώς σοι, οὗτος εἰσελεύσεται ἐκεῖ· αὐτὸν κατίσχυσον, ὅτι αὐτὸς κατακληρονομήσει αὐτὴν τῷ Ἰσραήλ.
39ရန်သူလုယူ ရာဖြစ် မည်ဟု သင် တို့ဆို သော သူငယ် များ၊ ထိုအခါ ကောင်း မ ကောင်းကို ပိုင်းခြားမ သိနိုင် သေးသော သားသမီး များတို့သည် ထို ပြည်ကို ဝင်စား ၍ ၊ ငါပေး သည်အတိုင်း သိမ်းယူ ကြလိမ့်မည်။
39καὶ πᾶν παιδίον νέον, ὅστις οὐκ οἶδε σήμερον ἀγαθὸν ἢ κακόν, οὗτοι εἰσελεύσονται ἐκεῖ, καὶ τούτοις δώσω αὐτήν, καὶ αὐτοὶ κληρονομήσουσιν αὐτήν.
40သင် တို့မူကား ၊ လှည့် ၍ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ခရီး သွားကြဦးလော့ဟု မိန့်တော်မူ၏။
40καὶ ὑμεῖς ἐπιστραφέντες ἐστρατοπεδεύσατε εἰς τὴν ἔρημον, ὁδὸν τὴν ἐπὶ τῆς ἐρυθρᾶς θαλάσσης.
41သင်တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ကို ပြစ်မှား မိပါပြီ။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ ယခုသွား ၍ စစ်တိုက် ပါမည်ဟု ငါ့ အား လျှောက်ဆို လျက် ၊ လူ အပေါင်းတို့သည် လက်နက် စွဲကိုင် လျက် ၊ တောင် ပေါ်သို့ တက် ခြင်းငှါ အသင့် နေကြ၏။
41καὶ ἀπεκρίθητε καὶ εἴπατε· ἡμάρτομεν ἔναντι Κυρίου τοῦ Θεοῦ ἡμῶν· ἡμεῖς ἀναβάντες πολεμήσομεν κατὰ πάντα, ὅσα ἐνετείλατο Κύριος ὁ Θεὸς ἡμῶν ἡμῖν. καὶ ἀναλαβόντες ἕκαστος τὰ σκεύη τὰ πολεμικὰ αὐτοῦ καὶ συναθροισθέντες ἀνεβαίνετε εἰς τὸ ὄρος.
42ထာဝရဘုရား ကလည်း ၊ တက် ၍ မ တိုက် ကြနှင့်။ သင် တို့ဘက် ၌ ငါ မ ရှိ။ တိုက်လျှင် ရန်သူ ရှေ့ မှာ ရှုံး ရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆို ရမည်အကြောင်း ၊ ငါ့ အား မိန့် တော်မူသည်အတိုင်း၊
42καὶ εἶπε Κύριος πρός με· εἰπὸν αὐτοῖς· οὐκ ἀναβήσεσθε οὐδὲ μὴ πολεμήσετε, οὐ γάρ εἰμι μεθ᾿ ὑμῶν· καὶ οὐ μὴ συντριβῆτε ἐνώπιον τῶν ἐχθρῶν ὑμῶν·
43ငါဆင့်ဆို သော်လည်း သင် တို့သည် နား မ ထောင်၊ ထာဝရ ဘုရား၏ အမိန့် တော်ကို ငြင်းဆန် ၍ ခိုင်ခံ့ သောစိတ်နှင့် တောင် ပေါ်သို့ တက် ကြ၏။
43καὶ ἐλάλησα ὑμῖν, καὶ οὐκ εἰσηκούσατέ μου καὶ παρέβητε τὸ ρῆμα Κυρίου καὶ παραβιασάμενοι ἀνέβητε εἰς τὸ ὄρος.
44ထိုအခါ တောင် ပေါ် မှာရှိ နှင့်သော အာမောရိ အမျိုးသားတို့သည် သင် တို့တဘက် ၌ ထွက် လာလျက်၊ ပျား များအုံ၍ လိုက် သကဲ့သို့ သင် တို့ကိုလိုက် ၍ ၊ စိရ အရပ်၊ ဟောမာ မြို့တိုင်အောင် ဖျက်ဆီး ကြ၏။
44καὶ ἐξῆλθεν ὁ Ἀμορραῖος ὁ κατοικῶν ἐν τῷ ὄρει ἐκείνῳ εἰς συνάντησιν ὑμῖν καὶ κατεδίωξαν ὑμᾶς, ὡσεὶ ποιήσαισαν αἱ μέλισσαι, καὶ ἐτίτρωσκον ὑμᾶς ἀπὸ Σηεὶρ ἕως Ἑρμᾶ.
45သင်တို့သည်လည်း ပြန်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ငိုကြွေး ကြ၏။ သို့သော်လည်း သင် တို့စကား ကို ထာဝရဘုရား နားထောင် နာယူ တော်မ မူ။
45καὶ καθίσαντες ἐκλαίετε ἐναντίον Κυρίου τοῦ Θεοῦ ἡμῶν, καὶ οὐκ εἰσήκουσε Κύριος τῆς φωνῆς ὑμῶν οὐδὲ προσέσχεν ὑμῖν.
46ထိုကြောင့် ကာဒေရှ အရပ်၌ အရင်နေ သကဲ့သို့ ကြာမြင့် စွာ နေ ပြန်ရကြ၏။
46καὶ ἐνεκάθησθε ἐν Κάδης ἡμέρας πολλάς, ὅσας ποτὲ ἡμέρας ἐνεκάθησθε.
Tip: use the ← and → keys to turn chapters.