ရုသဝတ္တု။

Old Testament

Chapter 1

ရုသဝတ္တု။

Judson Burmese Bible (18…
vs Septuagint (Greek …
Aa
Text size
Line width
Verse numbers

ရုသဝတ္တု။ 1

Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။
1ΚΑΙ ἐγένετο ἐν τῷ κρίνειν τοὺς κριτὰς καὶ ἐγένετο λιμὸς ἐν τῇ γῇ, καὶ ἐπορεύθη ἀνὴρ ἀπὸ Βηθλεὲμ τῆς Ἰούδα τοῦ παροικῆσαι ἐν ἀγρῷ Μωάβ, αὐτὸς καὶ ἡ γυνὴ αὐτοῦ καὶ οἱ δύο υἱοὶ αὐτοῦ.
2ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။
2καὶ ὄνομα τῷ ἀνδρὶ Ἐλιμέλεχ, καὶ ὄνομα τῇ γυναικὶ αὐτοῦ Νεωμίν, καὶ ὄνομα τοῖς δυσὶν υἱοῖς αὐτοῦ Μααλὼν καὶ Χελαιών, Ἐφραθαῖοι ἐκ Βηθλεὲμ τῆς Ἰούδα· καὶ ἤλθοσαν εἰς ἀγρὸν Μωὰβ καὶ ἦσαν ἐκεῖ.
3နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။
3και ἀπέθανεν Ἐλιμέλεχ ὁ ἀνὴρ τῆς Νεωμίν, καὶ κατελείφθη αὕτη καὶ οἱ δύο υἱοὶ αὐτῆς.
4သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊
4καὶ ἐλάβοσαν ἑαυτοῖς γυναῖκας Μωαβίτιδας, ὄνομα τῇ μιᾷ Ὀρφά, καὶ ὄνομα τῇ δευτέρᾳ Ρούθ· καὶ κατῴκησαν ἐκεῖ ὡς δέκα ἔτη.
5ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။
5καὶ ἀπέθανον καί γε ἀμφότεροι, Μααλὼν καὶ Χελαιών, καὶ κατελείφθη ἡ γυνὴ ἀπὸ τοῦ ἀνδρὸς αὐτῆς καὶ ἀπὸ τῶν δύο υἱῶν αὐτῆς.
6တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊
6καὶ ἀνέστη αὕτη καὶ αἱ δύο νύμφαι αὐτῆς καὶ ἀπέστρεψαν ἐξ ἀγροῦ Μωάβ, ὅτι ἤκουσεν ἐν ἀγρῷ Μωὰβ ὅτι ἐπέσκεπται Κύριος τὸν λαὸν αὐτοῦ δοῦναι αὐτοῖς ἄρτους,
7တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။
7καὶ ἐξῆλθεν ἐκ τοῦ τόπου, οὗ ἦν ἐκεῖ, καὶ αἱ δύο νύμφαι αὐτῆς μετ᾿ αὐτῆς· καὶ ἐπορεύοντο ἐν τῇ ὁδῷ τοῦ ἐπιστρέψαι εἰς τὴν γῆν Ἰούδα.
8သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။
8καὶ εἶπε Νωεμὶν ταῖς δυσὶ νύμφαις αὐτῆς· πορεύεσθαι δή, ἀποστράφητε ἑκάστη εἰς οἶκον μητρὸς αὐτῆς· ποιήσαι Κύριος μετ᾿ ὑμῶν ἔλεος, καθὼς ἐποιήσατε μετὰ τῶν τεθνηκόταν καὶ μετ᾿ ἐμοῦ·
9သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊
9δῴη Κύριος ὑμῖν καὶ εὕροιτε ἀνάπαυσιν ἑκάστη ἐν οἴκῳ ἀνδρὸς αὐτῆς· καὶ κατεφίλησεν αὐτάς, καὶ ἐπῇραν τὴν φωνὴν αὐτῶν καὶ ἔκλαυσαν.
10အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။
10καὶ εἶπαν αὐτῇ· μετὰ σοῦ ἐπιστρέφομεν εἰς τὸν λαόν σου.
11နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။
11καὶ εἶπε Νωεμίν· ἐπιστράφητε δή, θυγατέρες μου· καὶ ἱνατί πορεύεσθε μετ᾿ ἐμοῦ; μὴ ἔτι μοι υἱοὶ ἐν τῇ κοιλίᾳ μου καὶ ἔσονται ὑμῖν εἰς ἄνδρας;
12ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊
12ἐπιστράφητε δή, θυγατέρες μου, διότι γεγήρακα τοῦ μὴ εἶναι ἀνδρί· ὅτι εἶπα, ὅτι ἔστι μοι ὑπόστασις τοῦ γενηθῆναί με ἀνδρὶ καὶ τέξομαι υἱούς,
13ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊
13μὴ αὐτοὺς προσδέξεσθαι ἕως οὗ ἁδρυνθῶσιν; ἢ αὐτοῖς κατασχεθήσεσθε τοῦ μὴ γενέσθαι ἀνδρί; μὴ δή, θυγατέρες μου, ὅτι ἐπικράνθη μοι ὑπὲρ ὑμᾶς, ὅτι ἐξῆλθεν ἐν ἐμοὶ χεὶρ Κυρίου.
14သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။
14καὶ ἐπῇραν τὴν φωνὴν αὐτῶν καὶ ἔκλαυσαν ἔτι· καὶ κατεφίλησεν Ὀρφὰ τὴν πενθερὰν αὐτῆς καὶ ἐπέστρεψεν εἰς τὸν λαὸν αὐτῆς, Ροὺθ δὲ ἠκολούθησεν αὐτῇ.
15နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊
15καὶ εἶπε Νωεμὶν πρὸς Ρούθ· ἰδοὺ ἀνέστρεψεν ἡ σύννυμφός σου πρὸς λαὸν αὐτῆς καὶ πρὸς τοὺς θεοὺς αὐτῆς· ἐπιστράφηθι δὴ καὶ σὺ ὀπίσω τῆς συννύμφου σου.
16ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
16εἶπε δὲ Ρούθ· μὴ ἀπάντησαί μοι τοῦ καταλιπεῖν σε ἢ ἀποστρέψαι ὄπισθέν σου· ὅτι σὺ ὅπου ἐὰν πορευθῇς, πορεύσομαι, καὶ οὗ ἐὰν αὐλισθῇς, αὐλισθήσομαι· ὁ λαός σου λαός μου, καὶ ὁ Θεός σου Θεός μου·
17ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။
17καὶ οὗ ἐὰν ἀποθάνῃς, ἀποθανοῦμαι, κἀκεῖ ταφήσομαι· τάδε ποιήσαι μοι Κύριος καὶ τάδε προσθείῃ, ὅτι θάνατος διαστελεῖ ἀναμέσον ἐμοῦ καὶ σοῦ.
18ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။
18ἰδοῦσα δὲ Νωεμὶν ὅτι κραταιοῦται αὐτὴ τοῦ πορεύεσθαι μετ᾿ αὐτῆς, ἐκόπασε τοῦ λαλῆσαι πρὸς αὐτὴν ἔτι.
19ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။
19ἐπορεύθησαν δὲ ἀμφότεραι, ἕως τοῦ παραγενέσθαι αὐτὰς εἰς Βηθλεέμ. καὶ ἐγένετο ἐν τῷ ἐλθεῖν αὐτάς εἰς Βηθλεέμ, καὶ ἤχησε πᾶσα ἡ πόλις ἐπ᾿ αὐταῖς καὶ εἶπον· εἰ αὕτη ἐστὶ Νωεμίν;
20သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။
20καὶ εἶπε πρὸς αὐτάς· μὴ δὴ καλεῖτέ με Νωεμίν, καλέσατέ με Πικράν, ὅτι ἐπικράνθη ἐν ἐμοὶ ὁ ἱκανὸς σφόδρα·
21ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။
21ἐγὼ πλήρης ἐπορεύθην, καὶ κενὴν ἀπέστρεψέ με ὁ Κύριος· καὶ ἱνατί καλεῖτέ με Νωεμίν; καὶ Κύριος ἐταπείνωσέ με, καὶ ὁ ἱκανὸς ἐκάκωσέ με.
22ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။
22καὶ ἐπέστρεψε Νωεμὶν καὶ Ροὺθ ἡ Μωαβῖτις ἡ νύμφη αὐτῆς ἐπιστρέφουσαι ἐξ ἀγροῦ Μωάβ· αὗται δὲ παρεγενήθησαν εἰς Βηθλεὲμ ἐν ἀρχῇ θερισμοῦ κριθῶν.

Tip: use the ← and → keys to turn chapters.