ထွက်မြောက် 12
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1ထာဝရဘုရား သည် အဲဂုတ္တု ပြည် ၌ မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
1耶和华在 埃及 地晓谕 摩西 、 亚伦 说:
2ဤ လ သည် သင် တို့၌ လဦး တည်းဟူသောနှစ် စဉ်တွင် ပဌမ လ ဖြစ်ရမည်။
2「你们要以本月为正月,为一年之首。
3သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာ ထားရသောစကားဟူမူကား၊ ဤ လ ဆယ် ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင် လျှင် သိုးသငယ် တကောင်စီ ယူ ရမည်။
3你们吩咐 以色列 全会众说:本月初十日,各人要按着父家取羊羔,一家一只。
4အိမ်ထောင် ငယ် ၍ သိုးသငယ်တကောင်နှင့် မတန်လျှင် ၊ နီးစပ် သော အိမ်နီးချင်း နှင့် စပ်ဘက် ၍ လူ မည်မျှရှိသည်ဟု ရေတွက် ပြီးလျှင်၊ တကောင်ကို စား လောက်သော သူများကိုထောက် ၍ သိုးသငယ် တကောင်ကို ယူရမည်။
4若是一家的人太少,吃不了一只羊羔,本人就要和他隔壁的邻舍共取一只。你们预备羊羔,要按着人数和饭量计算。
5သိုး သငယ်ဖြစ်စေ ၊ ဆိတ် သငယ်ဖြစ်စေ၊ သင်တို့ယူ သော အကောင်သည် အပြစ် မပါ၊ အခါ မလည်သော အထီး ဖြစ် ရမည်။
5要无残疾、一岁的公羊羔,你们或从绵羊里取,或从山羊里取,都可以。
6ထိုသိုးသငယ်တို့ကို၊ ထို လ ဆယ် လေး ရက် တိုင်အောင် စောင့် ထားပြီးမှ ၊ ညဦး အချိန်၌ ဣသရေလ အမျိုး အစည်းအဝေး ပရိသတ် အပေါင်း တို့သည် သတ် ရကြမည်။
6要留到本月十四日,在黄昏的时候, 以色列 全会众把羊羔宰了。
7သိုးသငယ် ၏အသားကို စား ရသောအိမ် ၏ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ၊ သိုးသငယ်၏အသွေး ကို ယူ ၍ ထိုး ရမည်။
7各家要取点血,涂在吃羊羔的房屋左右的门框上和门楣上。
8အသား ကို မီး နှင့်ကင် ပြီးမှ ၊ ထို ညဉ့် ခြင်းတွင် တဆေးမပါသောမုန့် ၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
8当夜要吃羊羔的肉;用火烤了,与无酵饼和苦菜同吃。
9အသားစိမ်း သည်ဖြစ်စေ ၊ ရေ နှင့် ပြုတ် သည်ဖြစ်စေမ စား ရ။ ခေါင်း ၊ ခြေထောက် ၊ အသည်း ၊ နှလုံး စသည်တို့နှင့်တကွ ၊ မီး ကင် ပြီးမှစားရမည်။
9不可吃生的,断不可吃水煮的,要带着头、腿、五脏,用火烤了吃。
10နံနက် တိုင်အောင် ထိုအသား ကို မ ကြွင်း စေရ။ အနည်းငယ်ကြွင်း လျှင် မီး နှင့် ရှို့ ရမည်။
10不可剩下一点留到早晨;若留到早晨,要用火烧了。
11အဘယ်သို့စား ရမည်နည်းဟူမူကား၊ ခါးစည်း ကို စည်း လျက်၊ ခြေနင်း ကို စီး လျက် ၊ တောင်ဝေး ကို ကိုင် လျက် အလျင်အမြန် စား ရမည်။ ထာဝရဘုရား ၏ ပသခါ ဖြစ်သတည်း။
11你们吃羊羔当腰间束带,脚上穿鞋,手中拿杖,赶紧地吃;这是耶和华的逾越节。
12အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
12因为那夜我要巡行 埃及 地,把 埃及 地一切头生的,无论是人是牲畜,都击杀了,又要败坏 埃及 一切的神。我是耶和华。
13သိုးသငယ်၏ အသွေး သည် သင် တို့နေရာ အိမ် ၌ သင် တို့၏ လက္ခဏာ သက်သေဖြစ် ၍ ၊ ထို အသွေး ကို ငါမြင် သောအခါ ၊ သင် တို့ကို ငါလွန် သွားမည်။ ထိုသို့ အဲဂုတ္တု ပြည် ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဖျက်ဆီး ခြင်း ဘေးဥပဒ် သည် သင် တို့ကို မ သင့် မရောက်ရ။
13这血要在你们所住的房屋上作记号;我一见这血,就越过你们去。我击杀 埃及 地 头生 的时候,灾殃必不临到你们身上灭你们。」
14ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
14「你们要记念这日,守为耶和华的节,作为你们世世代代永远的定例。
15ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ရမည်။ ပဌမ နေ့ရက် ၌ တဆေး ကို အိမ် များမှ ပယ် ရမည်။ ပဌမ နေ့ မှစ၍ ခုနစ် ရက် နေ့တိုင်အောင် ၊ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ ဣသရေလ အမျိုးမှ ပယ်ရှင်း ခြင်းကိုခံရမည်။
15你们要吃无酵饼七日。头一日要把酵从你们各家中除去;因为从头一日起,到第七日为止,凡吃有酵之饼的,必从 以色列 中剪除。
16ပဌမ နေ့ ၌ ၎င်း ၊ ခုနစ် ရက် နေ့၌ ၎င်း၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရမည်။ ထို နေ့ရက်၌ လူ တိုင်း စား ခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ် ကို မ လုပ် မဆောင်ရ။
16头一日你们当有圣会,第七日也当有圣会。这两日之内,除了预备各人所要吃的以外,无论何工都不可做。
17ထိုအဇုမ ပွဲကိုခံရ သောအကြောင်းဟူမူကား၊ထို နေ့ ရက်၌ သင် တို့ဗိုလ်ခြေ များကို၊ အဲဂုတ္တု ပြည် ထဲက ငါနှုတ်ဆောင် သည်ဖြစ်၍ ၊ ထိုအကြောင်းကြောင့် ပညတ် တော်ရှိသည်အတိုင်း၊ သင် တို့၏အမျိုး အစဉ် အဆက်မပြတ်ထို နေ့ရက် ကို အမြဲစောင့် ရကြမည်။
17你们要守无酵节,因为我正当这日把你们的军队从 埃及 地领出来。所以,你们要守这日,作为世世代代永远的定例。
18ပဌမ လ ဆယ် လေး ရက် နေ့ညဦး မှစ၍နှစ်ဆယ် တ ရက်နေ့ ညဦး တိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စား ရကြမည်။
18从正月十四日晚上,直到二十一日晚上,你们要吃无酵饼。
19ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
19在你们各家中,七日之内不可有酵;因为凡吃有酵之物的,无论是寄居的,是本地的,必从 以色列 的会中剪除。
20သင် တို့နေရာ အရပ်ရပ် တို့၌ တဆေး ပါသောမုန့်ကို မ စား ရ။ တဆေး မပါသောမုန့်ကိုသာ စား ရမည်ဟု မိန့် တော်မူ၏။
20有酵的物,你们都不可吃;在你们一切住处要吃无酵饼。」
21ထိုအခါ မောရှေ သည် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ကိုခေါ် ၍ ၊ သင် တို့သည် အိမ်ထောင် များ အသီးအသီးကိုယ်စီကိုယ်စီသိုးသငယ် တို့ကို ယူ ၍ ပသခါ ပွဲဘို့ သတ် ကြလော့။
21于是, 摩西 召了 以色列 的众长老来,对他们说:「你们要按着家口取出羊羔,把这逾越节 的羊羔 宰了。
22ဟုဿုပ် ပင်ညွန့်တစည်း ကို ယူ ၍ အင်တုံ ၌ ထည့်သော အသွေး ထဲမှာ နှစ် ပြီးလျှင် ၊ တံခါးထုပ် တံခါးတိုင် နှစ် ဘက်တို့ကို ထိုးသုတ် ကြလော့။ ထိုနောက်မှ နံနက် တိုင်အောင် အဘယ်သူမျှ မိမိ အိမ် တံခါး ပြင်သို့ မ ထွက် မသွားရ။
22拿一把牛膝草,蘸盆里的血,打在门楣上和左右的门框上。你们谁也不可出自己的房门,直到早晨。
23အကြောင်းမူကား၊ ထာဝရဘုရား သည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ခြင်းငှာ ထုတ်ချင်းခတ်သွား တော်မူမည်။ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ရှိသောအသွေး ကို မြင် သောအခါ ၊ ထာဝရဘုရား သည် တံခါး ကို လွန် သွားတော်မူမည်။ ဖျက်ဆီး သောသူသည် သင်တို့ကို ဒဏ်ခတ် ခြင်းငှာ ၊ အိမ် ထဲ သို့ဝင် ရသောအခွင့် ကိုပေး တော်မ မူ။
23因为耶和华要巡行击杀 埃及 人,他看见血在门楣上和左右的门框上,就必越过那门,不容灭命的进你们的房屋,击杀你们。
24သင် တို့နှင့် သင် တို့၏သား များ၌ ပညတ် တော်ရှိသည်ဖြစ်၍၊ ဤ အမှု ကို အစဉ်အမြဲ စောင့် ရကြမည်။
24这例,你们要守着,作为你们和你们子孙永远的定例。
25ဂတိ တော်ရှိသည်အတိုင်း ၊ ထာဝရဘုရား ပေး တော်မူလတံ့သော ပြည် သို့ သင်တို့သည် ရောက် ကြသောအခါ ဤ ဝတ် ကို ပြု ရမည်။
25日后,你们到了耶和华按着所应许赐给你们的那地,就要守这礼。
26သင် တို့၏ သား မြေးတို့က၊ ဤ ဝတ် ကိုပြု၍ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း ကြလျှင် ၊
26你们的儿女问你们说:『行这礼是什么意思?』
27ထာဝရဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ၍ ၊ ငါ တို့အိမ် များကို ချမ်းသာ ပေးတော်မူသောအခါ ၊ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏အိမ် များကို လွန် သွားတော်မူသောထာဝရဘုရား ၏ ပသခါ ယဇ် ဖြစ်သတည်းဟု ပြန်ပြော ရကြမည်ဟု မောရှေဆို ပြီးလျှင် ၊ ထိုသူ တို့သည် ဦးညွတ်ချ ၍ ကိုးကွယ် ကြ၏။
27你们就说:『这是献给耶和华逾越节的祭。当 以色列 人在 埃及 的时候,他击杀 埃及 人,越过 以色列 人的房屋,救了我们各家。』」于是百姓低头下拜。
28ထိုသို့ မောရှေ နှင့် အာရုန် တို့ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ သည် ပြု ကြ၏။
28耶和华怎样吩咐 摩西 、 亚伦 , 以色列 人就怎样行。
29သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
29到了半夜,耶和华把 埃及 地所有的长子,就是从坐宝座的法老,直到被掳囚在监里之人的长子,以及一切头生的牲畜,尽都杀了。
30ထိုညဉ့် တွင်၊ ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ အဲဂုတ္တု လူများတို့သည် ထ ကြ၍၊ အသေကောင် ကင်း သောအိမ် တအိမ်မျှ မရှိ သောကြောင့် ၊ အဲဂုတ္တု ပြည်၌ ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် လေ၏။
30法老和一切臣仆,并 埃及 众人,夜间都起来了。在 埃及 有大哀号,无一家不死一个人的。
31ထိုညဉ့် ခြင်းတွင် မောရှေ နှင့် အာရုန် ကို ခေါ် တော်မူလျှင် ၊ သင် တို့မှစ၍ ဣသရေလ အမျိုးသား တို့၊ ထ ၍ ငါ့ လူ စုထဲက ထွက်သွား ကြလော့။ သင် တို့တောင်း သည်အတိုင်း ထာဝရဘုရား အား သွား ၍ ဝတ်ပြု ကြလော့။
31夜间,法老召了 摩西 、 亚伦 来,说:「起来!连你们带 以色列 人,从我民中出去,依你们所说的,去事奉耶和华吧!
32သင်တို့တောင်း သည်အတိုင်း သိုး နွား များကို ယူ ၍ သွား ကြလော့။ ငါ့ ကိုလည်း ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူ၏။
32也依你们所说的,连羊群牛群带着走吧!并要为我祝福。」
33အဲဂုတ္တု လူတို့ကလည်း ၊ ငါ တို့ရှိသမျှ သည် အသေကောင် ဖြစ်ကြပြီဟုဆို လျက်၊ ဣသရေလလူ တို့ကို အဲဂုတ္တုပြည် ထဲက အလျင်အမြန် လွှတ် ခြင်းငှာ ကျပ်ကျပ်နှိုးဆော် ကြ၏။
33埃及 人催促百姓,打发他们快快出离那地,因为 埃及 人说:「我们都要死了。」
34ထိုလူ တို့သည် တဆေး မ ရောသေးသော မုန့်စိမ်း ကိုယူ ၍ မုန့် နယ်သောခွက်တို့ကိုလည်း အဝတ် နှင့်တကွ ထုပ် ၍ ထမ်း ကြ၏။
34百姓就拿着没有酵的生面,把抟面盆包在衣服中,扛在肩头上。
35မောရှေ စီရင် သည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ် တန်ဆာများကို အဲဂုတ္တု လူတို့၌ တောင်း ကြ၏။
35以色列 人照着 摩西 的话行,向 埃及 人要金器、银器,和衣裳。
36တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။
36耶和华叫百姓在 埃及 人眼前蒙恩,以致 埃及 人给他们所要的。他们就把 埃及 人的 财物 夺去了。
37ဣသရေလ အမျိုးသား မိန်းမနှင့် သူငယ် ကို မ ဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့်ခြောက် သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက် မြို့မှ ထွက်၍ သုကုတ် အရပ်သို့ ခရီးသွား ကြ၏။
37以色列 人从 兰塞 起行,往 疏割 去;除了 妇人 孩子,步行的男人约有六十万。
38အမျိုးမျိုးသော လူ အများ တို့သည်လည်း ၊ သိုး နွား အစရှိသော များစွာ သောတိရစ္ဆာန် တို့နှင့်တကွ လိုက် ကြ၏။
38又有许多闲杂人,并有羊群牛群,和他们一同上去。
39တဆေး မ ရောဘဲ အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော မုန့်စိမ်း ကိုယူ၍၊ တဆေး မပါသောမုန့် ကို ဖုတ် ရကြ၏။ အကြောင်း မူကား၊ အဲဂုတ္တု ပြည်၌ မနွှဲမဖင့် အနှင် ခံရသောကြောင့် ၊ ကိုယ် စားစရာ ကို မ ပြင် ကြ။
39他们用 埃及 带出来的生面烤成无酵饼。这生面原没有发起;因为他们被催逼离开 埃及 ,不能耽延,也没有为自己预备什么食物。
40ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည်ဖြစ်၍၊ တည် နေကြသော ကာလ နှစ် ပေါင်း လေး ရာ သုံးဆယ် ဖြစ်သတည်း။
40以色列 人住在 埃及 共有四百三十年。
41အနှစ် လေး ရာ သုံးဆယ် စေ့ သောနေ့ ခြင်းတွင် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေ အပေါင်း တို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။
41正满了四百三十年的那一天,耶和华的军队都从 埃及 地出来了。
42အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူသောအတွက်ကြောင့်၊ ထို နေ့ညဉ့် ကို အထူးသဖြင့်ထာဝရဘုရား ၌ စောင့် စရာကောင်း၏။ ဣသရေလ အမျိုးသား တို့၏ အမျိုး အစဉ် အဆက်မပြတ်စောင့် ရသောထာဝရဘုရား ၏ ညဉ့်ကား၊ ဤ သည် ညဉ့် ပေတည်း။
42这夜是耶和华的夜;因耶和华领他们出了 埃及 地,所以当向耶和华谨守,是 以色列 众人世世代代该谨守的。
43ပသခါ ပွဲတရား ဟူမူကား ၊ တပါး အမျိုးသားမ စား ရ။
43耶和华对 摩西 、 亚伦 说:「逾越节的例是这样:外邦人都不可吃这羊羔。
44သို့ရာတွင် ငွေ နှင့် ဝယ် သော ကျွန် သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးလျှင် စား ရ၏။
44但各人用银子买的奴仆,既受了割礼就可以吃。
45တကျွန်း တနိုင်ငံသားဖြစ်စေ ၊ အခစား သောကျွန်ဖြစ်စေ၊ မ စား ရ။
45寄居的和雇工人都不可吃。
46တအိမ် တည်း၌ တကောင်ကိုစား ရ၏။ အသား ကို အိမ် ပြင် သို့ ယူ မ သွားရ။ အရိုး ကိုလည်း မ ချိုး ရ။
46应当在一个房子里吃;不可把一点肉从房子里带到外头去。羊羔的骨头一根也不可折断。
47ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် ထိုပွဲ ကို ခံရကြမည်။
47以色列 全会众都要守这礼。
48သင် တို့ထံမှာ တည်းခို သော တပါး အမျိုးသားသည် ထာဝရဘုရား အဘို့ ပသခါပွဲ ကို ခံခြင်းငှာအလို ရှိလျှင် ၊ သူ ၌ ရှိသောယောက်ျား အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည် သား ကဲ့သို့ ဖြစ် သောကြောင့်၊ ချဉ်း၍ ထိုပွဲ သို့ ဝင် စေ။ အရေဖျား လှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မ စား ရ။
48若有外人寄居在你们中间,愿向耶和华守逾越节,他所有的男子务要受割礼,然后才容他前来遵守,他也就像本地人一样;但未受割礼的,都不可吃这羊羔。
49အမျိုးသား ချင်းဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ တပါး တည်းသောတရား နှင့် ဆိုင် ကြ၏ဟု ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ၌ ပညတ် ထားတော်မူ၏။
49本地人和寄居在你们中间的外人同归一例。」
50ထိုသို့ မောရှေ နှင့် အာရုန် ၌ ထာဝရဘုရား ပညတ် ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် ပြု ကြ၏။
50耶和华怎样吩咐 摩西 、 亚伦 , 以色列 众人就怎样行了。
51ထို နေ့ ခြင်းတွင် ထာဝရဘုရား သည်၊ ဣသရေလ အမျိုးသား ဗိုလ်ခြေ တို့ကို အဲဂုတ္တု ပြည် မှ ဆောင်သွား တော်မူပြီးလျှင်၊
51正当那日,耶和华将 以色列 人按着他们的军队,从 埃及 地领出来。
Tip: use the ← and → keys to turn chapters.