ထွက်မြောက် 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1မောရှေ ကလည်း ၊ ထိုသူတို့သည် အကျွန်ုပ် ကို မ ယုံ ၊ အကျွန်ုပ် စကား ကို နား မ ထောင်ဘဲနေ၍ ၊ ထာဝရဘုရား သည် သင့် အား ထင်ရှား တော်မ မူဟု ဆို ကြပါ လိမ့်မည်ဟု ပြန်လျှောက် လေ၏။
1摩西 回答说:「他们必不信我,也不听我的话,必说:『耶和华并没有向你显现。』」
2ထာဝရဘုရား ကလည်း ၊ သင် ၏လက် ၌ အဘယ် အရာရှိသနည်းဟုမေး တော်မူလျှင်၊ လှံတံ ရှိပါ၏ဟု လျှောက် ၏။
2耶和华对 摩西 说:「你手里是什么?」他说:「是杖。」
3မြေ ပေါ် မှာပစ်ချ လော့ဟု မိန့် တော်မူသည်အတိုင်း ပစ်ချ သဖြင့် ၊ လှံတံသည် မြွေ ဖြစ် ၍ ၊ မောရှေ သည် သူ့ ရှေ့ မှ ပြေး လေ၏။
3耶和华说:「丢在地上。」他一丢下去,就变作蛇; 摩西 便跑开。
4ထာဝရဘုရား ကလည်း ၊ သင့် လက် ကိုဆန့် ၍ သူ့ အမြီး ကို ကိုင် ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက် ကိုဆန့် ၍ ဘမ်း မိသဖြင့် ၊ သူ ၏လက် ၌ လှံတံ ဖြစ် ပြန်လေ၏။
4耶和华对 摩西 说:「伸出手来,拿住它的尾巴,它必在你手中仍变为杖;
5သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
5如此好叫他们信耶和华—他们祖宗的 神,就是 亚伯拉罕 的 神, 以撒 的 神, 雅各 的 神,是向你显现了。」
6တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။
6耶和华又对他说:「把手放在怀里。」他就把手放在怀里,及至抽出来,不料,手长了大麻风,有雪 那样 白。
7တဖန် သင် ၏လက် ကို သင့် ရင်ခွင် သို့ သွင်း ဦးလော့ဟု မိန့် တော်မူသည်အတိုင်း ၊ တဖန် လက် ကို ရင်ခွင် သို့ သွင်း၍ ထုတ် ပြန်သောအခါ ၊ ပကတိအသား ဖြစ် ပြန်လေ၏။
7耶和华说:「再把手放在怀里。」他就再把手放在怀里,及至从怀里抽出来,不料,手已经复原,与周身的肉一样;
8ထိုသူတို့သည် သင့် ကို မ ယုံ ၊ ပဌမ နိမိတ် သက်သေကို နား မ ထောင်လျှင် ၊ နောက် ဖြစ်သော နိမိတ် သက်သေကို ယုံ ကြလိမ့်မည်။
8又说:「倘或他们不听你的话,也不信头一个神迹,他们必信第二个神迹。
9သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
9这两个神迹若都不信,也不听你的话,你就从河里取些水,倒在旱地上,你从河里取的水必在旱地上变作血。」
10မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
10摩西 对耶和华说:「主啊,我素日不是能言的人,就是从你对仆人说话以后,也是这样。我本是拙口笨舌的。」
11ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
11耶和华对他说:「谁造人的口呢?谁使人口哑、耳聋、目明、眼瞎呢?岂不是我—耶和华吗?
12သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
12现在去吧,我必赐你口才,指教你所当说的话。」
13မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊
13摩西 说:「主啊,你愿意打发谁,就打发谁去吧!」
14ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
14耶和华向 摩西 发怒说:「不是有你的哥哥 利未 人 亚伦 吗?我知道他是能言的;现在他出来迎接你,他一见你,心里就欢喜。
15သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
15你要将当说的话传给他;我也要赐你和他口才,又要指教你们所当行的事。
16သူ သည်လည်း လူ တို့ရှေ့မှာ သင် ၏ စကားပြန် လုပ်၍ ၊ သင် ၏ နှုတ် ကိုယ်စားဖြစ် လိမ့်မည်။ သင် သည် လည်း သူ ၏ဘုရား သခင်ကိုယ်စားဖြစ် လိမ့်မည်။
16他要替你对百姓说话;你要以他当作口,他要以你当作 神。
17သင်သည် နိမိတ် သက်သေတို့ကို ပြ လတံ့သော ဤ လှံတံ ကိုလည်း၊ သင် ၏လက် ၌ ကိုင် ရမည်ဟု မိန့် တော်မူ ၏။
17你手里要拿这杖,好行神迹。」
18မောရှေ သည်လည်း ယောက္ခမ ယေသရော ထံသို့ ပြန် သွား၍ ၊ အဲဂုတ္တု ပြည်၌ ရှိသောကျွန်ုပ် အမျိုးသား ချင်းတို့သည် အသက်ရှင် သေးသလောဟုကြည့်ရှု ခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွား ရသောအခွင့်ကိုပေး ပါလော့ဟု ဆို သော်၊ ယေသရော က၊ ငြိမ်ဝပ် စွာ သွား လော့ဟု ပြန်ဆို လေ၏။
18于是, 摩西 回到他岳父 叶忒罗 那里,对他说:「求你容我回去见我在 埃及 的弟兄,看他们还在不在。」 叶忒罗 对 摩西 说:「你可以平平安安地去吧!」
19ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်သို့ ပြန် သွားလော့။ သင် ၏အသက် ကို ရှာ သောသူ အပေါင်း တို့သည် သေ ကြပြီဟု မိဒျန် ပြည်၌ မောရှေ အား မိန့် တော်မူ၏။
19耶和华在 米甸 对 摩西 说:「你要回 埃及 去,因为寻索你命的人都死了。」
20ထိုအခါ ၊ မောရှေ သည် မယား နှင့် သား နှစ်ယောက်တို့ကို ယူ ၍ မြည်း ကိုစီး စေသဖြင့် ၊ ဘုရား သခင်၏ လှံတံ တော်ကိုလက် စွဲ လျက် ၊ အဲဂုတ္တု ပြည် သို့ ပြန် လေ၏။
20摩西 就带着妻子和两个儿子,叫他们骑上驴,回 埃及 地去。 摩西 手里拿着 神的杖。
21ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
21耶和华对 摩西 说:「你回到 埃及 的时候,要留意将我指示你的一切奇事行在法老面前。但我要使他的心刚硬,他必不容百姓去。
22ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
22你要对法老说:『耶和华这样说: 以色列 是我的儿子,我的长子。
23ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
23我对你说过:容我的儿子去,好事奉我。你还是不肯容他去。看哪,我要杀你的长子。』」
24ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
24摩西 在路上住宿的地方,耶和华遇见他,想要杀他。
25ထိုအခါ ၊ ဇိပေါရ သည် ထား ကိုယူ ၍ သား ၏ အရေဖျား ကို လှီးဖြတ် ပြီးမှ ၊ လင် ၏ခြေ ရင်း၌ ပြပ်ဝပ်လျက် ၊ အကယ် စင်စစ်သင် သည် အကျွန်ုပ် ၌ အသွေး နှင့်ယှဉ်သော လင် ဖြစ်သည်ဟု ဆို ၏။
25西坡拉 就拿一块火石,割下他儿子的阳皮,丢在 摩西 脚前,说:「你真是我的血郎了。」
26ထိုအခါ မောရှေ ကို လွှတ် တော်မူ၏။ မယားကလည်း ၊ အရေဖျား လှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ်၌ အသွေး နှင့်ယှဉ်သောလင် ဖြစ်၏ဟု ဆို သတည်း။
26这样,耶和华才放了他。 西坡拉 说:「你因割礼就是血郎了。」
27ထာဝရဘုရား ကလည်း ၊ မောရှေ ကို ခရီးဦးကြိုပြု ခြင်းငှါ တော သို့သွား လော့ဟု အာရုန် အား မိန့် တော်မူသည် အတိုင်း ၊ အာရုန်သည်သွား လျှင် ၊ ဘုရား သခင်၏ တောင် ပေါ်၌ မောရှေ ကို တွေ့ ၍ နမ်း ခြင်းကို ပြု၏။
27耶和华对 亚伦 说:「你往旷野去迎接 摩西 。」他就去,在 神的山遇见 摩西 ,和他亲嘴。
28မောရှေ သည်လည်း ၊ မိမိ ကိုစေလွှတ် တော်မူသော ထာဝရဘုရား ၏စကား တော်အလုံးစုံ တို့ကို၎င်း ၊ မှာ ထားတော်မူသမျှသော နိမိတ် သက်သေတို့ကို၎င်း၊ အာရုန် အား ကြားပြော လေ၏။
28摩西 将耶和华打发他所说的言语和嘱咐他所行的神迹都告诉了 亚伦 。
29ထို သူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလ အမျိုးသား အသက်ကြီး သူတို့ကို စုဝေး စေပြီးလျင် ၊
29摩西 、 亚伦 就去招聚 以色列 的众长老。
30အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
30亚伦 将耶和华对 摩西 所说的一切话述说了一遍,又在百姓眼前行了那些神迹,
31ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
31百姓就信了。 以色列 人听见耶和华眷顾他们,鉴察他们的困苦,就低头下拜。
Tip: use the ← and → keys to turn chapters.