ဧဖက်ဩဝါဒစာ

Old Testament

Chapter 3

ဧဖက်ဩဝါဒစာ

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ဧဖက်ဩဝါဒစာ 3

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။
1Hujus rei gratia, ego Paulus vinctus Christi Jesu, pro vobis gentibus,
2သင် တို့အကျိုးကို ထောက် ၍ ငါ့ အားအပ်ပေး တော်မူသောဘုရားသခင် ၏ကျေးဇူး တော်သာသနာ ကို သင်တို့ကြားသိ ရသည်နှင့်အညီ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အတွက် ကြောင့် ငါခံရ၏။
2si tamen audistis dispensationem gratiæ Dei, quæ data est mihi in vobis:
3ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက် က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိတ် တော်အားဖြင့် နက်နဲ သောအရာကို ငါ့ အားပြ တော်မူ၏။
3quoniam secundum revelationem notum mihi factum est sacramentum, sicut supra scripsi in brevi,
4ထိုစကား ကိုဘတ်ရွတ် လျှင် ၊ ခရစ်တော် ၏ နက်နဲ သောအရာ၌ ငါ လေ့ကျက် သည်ကို သင်တို့သည် သိ ရ ကြ မည်။
4prout potestis legentes intelligere prudentiam meam in mysterio Christi:
5ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။
5quod aliis generationibus non est agnitum filiis hominum, sicuti nunc revelatum est sanctis apostolis ejus et prophetis in Spiritu,
6ထိုနက်နဲသောအရာဟူကား၊ တစ်ပါး အမျိုးသားတို့သည် ဧဝံဂလိ တရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍ ၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ် လျက်၊ ခရစ်တော် နှင့် ဆိုင်သောဂတိ တော်ကို ဆက်ဆံကြရသတည်း။
6gentes esse cohæredes, et concorporales, et comparticipes promissionis ejus in Christo Jesu per Evangelium:
7တန်ခိုး တော်ပြုပြင် သောအားဖြင့် ငါ့ အားပေး သနားတော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ သည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက် ရပြီ။
7cujus factus sum minister secundum donum gratiæ Dei, quæ data est mihi secundum operationem virtutis ejus.
8စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊ အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊
8Mihi omnium sanctorum minimo data est gratia hæc, in gentibus evangelizare investigabiles divitias Christi,
9သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။
9et illuminare omnes, quæ sit dispensatio sacramenti absconditi a sæculis in Deo, qui omnia creavit:
10အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊
10ut innotescat principatibus et potestatibus in cælestibus per Ecclesiam, multiformis sapientia Dei,
11ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက် တို့သည်၊ ဘုရားသခင် ၏ထူးဆန်း သော ပညတ် တော်ကို အသင်းတော် အားဖြင့် ယခု သိ ကြရမည် အကြောင်း တည်း။
11secundum præfinitionem sæculorum, quam fecit in Christo Jesu Domino nostro:
12ထိုသခင် ကိုယုံကြည် ခြင်းအားဖြင့် ငါတို့သည် ရဲရင့် သောစိတ်နှင့် တိုးဝင် ၍ အသနားတော်ခံရသော အခွင့် ကိုရ ကြပြီ။
12in quo habemus fiduciam, et accessum in confidentia per fidem ejus.
13ထိုကြောင့် သင် တို့၏အသရေ ကို ပြုစု ၍ သင် တို့အတွက် ကြောင့် ငါ ခံရသော ဆင်းရဲ ခြင်းကို မြင်လျှင်၊ ရွေ့လျော့ သော စိတ်မ ရှိကြပါစေနှင့်။
13Propter quod peto ne deficiatis in tribulationibus meis pro vobis: quæ est gloria vestra.
14အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ၊ မြေကြီး ပေါ်မှာ ရှိသော တစ် အိမ်ထောင်လုံး တည်းဟူသောသားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊
14Hujus rei gratia flecto genua mea ad Patrem Domini nostri Jesu Christi,
15ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့ မှာ ငါ သည် ဒူး ထောက် ၍ ဆုတောင်းလေ့ရှိ၏။
15ex quo omnis paternitas in cælis et in terra nominatur,
16ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊
16ut det vobis secundum divitias gloriæ suæ, virtute corroborari per Spiritum ejus in interiorem hominem,
17ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊
17Christum habitare per fidem in cordibus vestris: in caritate radicati, et fundati,
18သင် တို့သည်သန့်ရှင်း သူအပေါင်း တို့၏ နည်းတူ ၊ အနံ အလျား အနက် အမြင့် တို့ကို ပိုင်းခြား ၍ သိခြင်းငှာ ၎င်း၊
18ut possitis comprehendere cum omnibus sanctis, quæ sit latitudo, et longitudo, et sublimitas, et profundum:
19ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။
19scire etiam supereminentem scientiæ caritatem Christi, ut impleamini in omnem plenitudinem Dei.
20ငါ တို့၌ ပြုပြင်သောတန်ခိုး တော်အတိုင်း ၊ ငါတို့တောင်းပန် ကြံစည် သမျှ ထက် အလွန် ထူးခြား စွာ ပြု ခြင်းငှာတတ်နိုင် တော်မူသော ဘုရားသခင် သည်၊
20Ei autem, qui potens est omnia facere superabundanter quam petimus aut intelligimus, secundum virtutem, quæ operatur in nobis:
21ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။
21ipsi gloria in Ecclesia, et in Christo Jesu, in omnes generationes sæculi sæculorum. Amen.

Tip: use the ← and → keys to turn chapters.