၂ ဓမ္မရာဇဝင်

Old Testament

Chapter 4

၂ ဓမ္မရာဇဝင်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၂ ဓမ္မရာဇဝင် 4

Greek New Testament: Textus Receptus has no text for this chapter yet.

1အာဗနာ သည် ဟေဗြုန် မြို့၌ သေ ကြောင်း ကို ရှောလု ၏သား သည် ကြား သော် အားလျော့ ၏။ ဣသရေလ လူအပေါင်း တို့သည် ပူပန် သောစိတ်ရှိကြ၏။

2ရှောလု ၏သား ၌ ဗာနာ နှင့် ရေခပ် အမည် ရှိသောသူတည်းဟူသောတပ်မှူး နှစ် ယောက်ရှိ ၏။ သူတို့ သည် ဗင်္ယာမိန် အမျိုး ဗေရောသိ အနွယ်ရိမ္မုန် ၏သား ဖြစ်ကြ ၏။ ဗေရုတ် မြို့သည် ဗင်္ယာမိန် ခရိုင်အဝင်ဖြစ်သော်လည်း၊

3ဗေရောသိ လူတို့သည် ဂိတ္တိမ် မြို့သို့ ပြေး ၍ ယနေ့ တိုင်အောင် တည်းခို လျက် နေ ကြသတည်း။

4ရှောလု ၏သား ယောနသန် ၌ ခြေဆွံ့ သော သား တယောက်ရှိရစ်၏။ သူသည် အသက်ငါး နှစ် ရှိ သောအခါ ၊ ယေဇရေလ မြို့မှ ရှောလု နှင့် ယောနသန် တို့၏ သိတင်း ကိုကြားလျှင်၊ အထိန်း သည် သူ့ ကိုချီ ၍ ပြေး စဉ်တွင်၊ အလျင်အမြန် ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏။ ထိုသူငယ် ၏အမည် ကား မေဖိဗောရှက် တည်း။

5ဗေရောသိ အမျိုး ရိမ္မုန် ၏သား ရေခပ် နှင့် ဗာနာ တို့ သည် ဣရှဗောရှက် အိမ် သို့ သွား ၍ မွန်းတည့် အချိန်၌ ရောက် ၏။ ထိုအချိန်၌ ဣရှဗောရှက် သည် အိပ် တတ်၏။

6ထိုညီ အစ်ကိုရေခပ် နှင့် ဗာနာ တို့သည် စပါး ကို ထုတ် ဟန်ဆောင်၍ အိမ် အလယ် သို့ ဝင် ပြီးလျှင်၊

7အိပ်ခန်း ထဲ အိပ်ရာ ပေါ် မှာ အိပ် လျက်နေသောဣရှဗောရှက်၏ဝမ်း ကို ထိုး ၍ သတ် သဖြင့် ၊ ဦးခေါင်း ကို ဖြတ် ယူ ပြီးမှ တညဉ့်လုံး လွင်ပြင် လမ်း ဖြင့်ပြေး ၍ လွတ် ကြ၏။

8ဣရှဗောရှက် ၏ ဦးခေါင်း ကို ဟေဗြုန် မြို့ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့၍ ၊ ကိုယ်တော် အသက် ကိုရှာ သော ကိုယ်တော် ရန်သူ ရှောလု ၏ သား ဣရှဗောရှက် ၏ ဦးခေါင်း ကို ကြည့်ရှု တော်မူပါ။ ကျွန်တော် သခင် အရှင် မင်းကြီး ခံရတော်မူသောအပြစ် ကိုထာဝရဘုရား သည် ရှောလု ၌ ၎င်း ၊ သူ ၏အမျိုးအနွယ် ၌ ၎င်း၊ ယနေ့ ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆို သော်၊

9ဒါဝိဒ် က၊ ငါ့ အသက် ကို ဘေး ဥပဒ်အပေါင်း တို့မှ ရွေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း၊

10အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက် စရာသိတင်းကိုပြောမည်အကြံရှိ လျက်၊ ရှောလု သေ ပါပြီဟု ငါ့ အား ကြားပြော သောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့်ဆု ကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ် မြို့၌ ငါကိုင်ဆွဲ ၍ သတ် ၏။

11ထိုမျှမက လူဆိုး တို့သည် ဖြောင့်မတ် သောသူကိုသူ ၏ အိမ် အတွင်း အိပ်ရာ ပေါ် မှာသတ် လျှင် ၊ သာ၍ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ ၏ အသွေး ကို သင် တို့၌ ငါတောင်း ၍ သင် တို့ကိုမြေကြီး ပေါ်က ပယ်ရှား သင့်သည်မ ဟုတ်လော ဟု ဗေရောသိ အမျိုး၊ ရိမ္မုန် ၏သား ရေခပ် နှင့် ညီ ဗာနာ အားဆို ပြီးလျှင်၊

12လုလင် တို့ကိုမိန့် တော်မူ၍ ထိုသူနှစ်ယောက် ကိုသတ် ကြ၏။ လက် ခြေ တို့ကိုဖြတ် ၍ ဟေဗြုန် ရေကန် အနား မှာ ဆွဲထား ကြ၏။ ဣရှဗောရှက် ၏ ဦးခေါင်း ကိုကား ယူ ၍ ဟေဗြုန် မြို့တွင် အာဗနာ သင်္ချိုင်း ၌ သင်္ဂြိုဟ် ကြ၏။

Tip: use the ← and → keys to turn chapters.