၂ ဓမ္မရာဇဝင်

Old Testament

Chapter 16

၂ ဓမ္မရာဇဝင်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၂ ဓမ္မရာဇဝင် 16

Greek New Testament: Textus Receptus has no text for this chapter yet.

1ဒါဝိဒ် သည် တောင်ထိပ် ကို အနည်းငယ် လွန် သောအခါ ၊ မေဖိဗောရှက် ၏ ကျွန် ဇိဘ သည် ကုန်းနှီး တင်သောမြည်း နှစ် စီးနှင့်တကွ မုန့်လုံး နှစ် ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည် ဘူး တလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။

2ရှင် ဘုရင်ကလည်း ၊ အဘယ်သို့ ပြုခြင်းငှါ ဤ ဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘ အား မေး လျှင် ၊ ဇိဘ က၊ မြည်း တို့သည် နန်းတော်သား များ စီး ဘို့ ၊ မုန့် နှင့် သစ်သီး တို့သည် လုလင် များစား ဘို့ ၊ စပျစ်ရည် သည်လည်း တော ၌ မော သောသူများသောက် ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏။

3ရှင် ဘုရင်ကလည်း ၊ သင့် သခင် ၏ သား သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ဇိဘ က၊ ယေရုရှလင် မြို့ ၌ နေရစ် ပါ၏။ ယနေ့ မှာ ဣသရေလ အမျိုး သည် ငါ့ အဘ ၏ နိုင်ငံ ကိုငါ့ အား ပြန် ပေးလိမ့်မည်ဟု ဆို ကြောင်း ကို လျှောက် လေသော်၊

4ရှင် ဘုရင်က၊ မေဖိဗောရှက် နှင့် ဆိုင်သမျှ သော ဥစ္စာသည် သင့် ဥစ္စာဖြစ်စေဟု ဇိဘ အား မိန့် တော်မူ၏။ ဇိဘ ကလည်း ၊ အရှင် မင်းကြီး ကျွန်တော်သည်ရှေ့ တော်၌ မျက်နှာရ ပါမည်အကြောင်းရှိခိုး အသနားတော် ခံပါသည်ဟု ပြန်လျှောက် လေ၏။

5ဒါဝိဒ် မင်းကြီး သည် ဗာဟုရိမ် မြို့သို့ ရောက် သောအခါ ၊ ရှောလု ၏အဆွေအမျိုး ဂေရ သား ရှိမိ အမည် ရှိသောသူသည် ကျိန်ဆဲ လျက် ထွက်လာ ၏။

6ဒါဝိဒ် မင်းကြီးနှင့် ကျွန် တော်မျိုးအပေါင်း တို့ကို ကျောက်ခဲ နှင့် ပစ် လေ၏။ လူ များအပေါင်း နှင့် မှူး တော် မတ်တော်အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက်၌ ရှိကြ၏။

7ရှိမိ ကျိန်ဆဲ သောစကားဟူမူကား ၊ သွား ဟဲ့။ သွား ဟဲ့။ လူ အသက် ကိုသတ် သောအဓမ္မ လူ၊

8ရှောလု ၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုး ကိုသတ် သောအပြစ် အလုံးစုံ ကို သင့် ခေါင်းပေါ် မှာ ထာဝရဘုရား သက်ရောက် စေ၍၊ နိုင်ငံ တော်ကို သင် ၏သား အဗရှလုံ လက် ၌ အပ် တော်မူပြီ။ သင် သည်လူ အသက် ကိုသတ် သောသူဖြစ်သောကြောင့် ကြည့် ပါ။ အမှုကြီးရောက်လေပြီဟုဆို၏”

9ဇေရုယာ သား အဘိရှဲ ကလည်း ၊ ထို ခွေး သေ ကောင်သည် အရှင် မင်းကြီး ကို ကျိန်ဆဲ ရမည်လော။ ကျွန်တော်သွား ၍ သူ ၏လည်ပင်း ကို ဖြတ် ပါရစေဟု နား တော်လျှောက်လျှင်၊

10ရှင် ဘုရင်က အိုဇေရုယာ သား တို့၊ သင် တို့သည်ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲ ပါလေ စေ။ ဒါဝိဒ် ကို ကျိန်ဆဲ လော့ဟု ထာဝရဘုရား မှာ ထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု အဘယ်သူ ဆို ရမည်နည်းဟူ၍၎င်း၊

11ကြည့် ပါ။ ငါ့ ကိုယ် ထဲက ထွက် သော ငါ့ သားရင်း သည် ငါ့ အသက် ကို ရှာ ၏။ ထိုဗင်္ယာမိန် အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ ကို ရှိ ပါလေစေ။ ကျိန်ဆဲ ပါလေစေ။ ထာဝရဘုရား မှာ ထားတော်မူပြီ။

12ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။

13ဒါဝိဒ် သည် နောက် တော်လိုက်သူတို့နှင့်တကွလမ်း ၌ သွား စဉ်တွင်၊ ရှိမိ သည် ဒါဝိဒ်တစ်ဘက်တချက် ၊ တောင် ခါးပန်းနား မှာ ရှောက်သွား သဖြင့် ၊ ကျိန်ဆဲ လျက် ကျောက်ခဲ နှင့် ပစ် ၍ မြေမှုန့် ကိုလည်း ပက် လေ၏”

14ရှင်ဘုရင် မှစ၍နောက်တော်သို့ လိုက်သော သူ အပေါင်း တို့သည် မော လျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်း ဖြေကြ၏။

15အဗရှလုံ နှင့် လူ အပေါင်း တို့သည် ယေရုရှလင် မြို့သို့ ရောက် ၍ အဟိသောဖေလ လည်း ပါ၏။

16ဒါဝိဒ် ၏ အဆွေ ခင်ပွန်းအာခိ လူဟုရှဲ သည်လည်း အဗရှလုံ ထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကောင်းကြီး ပေး၏။

17အဗရှလုံ ကလည်း ၊ သင် ၏အဆွေ ခင်ပွန်း၌ ဤသို့ ကျေးဇူး ပြုသလော။ သင် ၏အဆွေ ခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟု ဟုရှဲ အား ဆို လျှင်၊

18ဟုရှဲ က၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရား မှစ၍ဤ လူ များနှင့် ဣသရေလ လူ များအပေါင်း တို့သည် ရွေးချယ် သော သူထံမှာကျွန်တော်ကျွန်ခံ ပါမည်။ ထိုသူ ထံမှာ နေ ပါမည်ဟူ၍၎င်း၊

19တဖန် အကြင်သူ ထံ၌ ကျွန် ခံရ၏။ ထိုသူ ၏သား ထံ၌ ကျွန်ခံရသည် မ ဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော် ထံ၌ ကျွန် ခံသည့်နည်းတူ ကိုယ်တော် ထံ၌ လည်း ကျွန်ခံ ပါမည်ဟူ၍၎င်း၊ အဗရှလုံ အား လျှောက်ဆို ၏”

20အဗရှလုံ ကလည်း ၊ ငါတို့သည်အဘယ်သို့ ပြု ရမည်ကို အကြံ ပေး ပါဟု အဟိသောဖေလ အား ဆို လျှင်၊

21အဟိသောဖေလ က၊ နန်း တော်ကို စောင့် စေခြင်းငှါ ခမည်းတော် ထားခဲ့ သော ကိုယ်လုပ်တော် တို့ရှိရာသို့ ဝင် တော်မူပါ။ ခမည်းတော် သည်ကိုယ်တော်အား စက်ဆုပ် ရွံရှာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော် ဘက် ၌နေသော သူအပေါင်း တို့သည် လက် အားကြီး ကြပါလိမ့်မည်ဟု လျှောက် သည် အတိုင်း၊

22နန်းတော်ပေါ် မှာ အဗရှလုံ အဘို့ မျက်နှာကြက် ကိုမိုး၍၊ သူသည် ဣသရေလ အမျိုးသားအပေါင်း တို့ ရှေ့ မှာ ခမည်းတော် ၏ ကိုယ်လုပ်တော် တို့ ရှိရာသို့ ဝင် လေ၏။

23ထို ကာလ ၌ အဟိသောဖေလ ပေး သော အကြံ သည် ဘုရားသခင့် ထံတော်၌ မေးလျှောက် ၍ခံရသော ဗျာဒိတ် တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှ သောအကြံ ကို ဒါဝိဒ် နှင့် အဗရှလုံ သည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ် သတည်း။

Tip: use the ← and → keys to turn chapters.