၂ ဓမ္မရာဇဝင် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ဒါဝိဒ် သည် ရှောလု မင်းမှစ၍ ရန်သူ အပေါင်း တို့ လက် မှ ထာဝရဘုရား ကယ်လွှတ် တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်တွင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
1Locutus est autem David Domino verba carminis hujus in die qua liberavit eum Dominus de manu omnium inimicorum suorum, et de manu Saul.
2ထာဝရဘုရား သည်ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကို ကယ်လွှတ် သော သခင်၊
2Et ait: [Dominus petra mea, et robur meum, et salvator meus.
3ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။
3Deus fortis meus: sperabo in eum; scutum meum, et cornu salutis meæ: elevator meus, et refugium meum; salvator meus: de iniquitate liberabis me.
4ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်းလျှောက် ၍ ၊ ရန်သူ တို့လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
4Laudabilem invocabo Dominum, et ab inimicis meis salvus ero.
5သေခြင်း လှိုင်း တံပိုးတို့သည် ငါ့ ကို ဝိုင်း မိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်း ကြောင့် ငါ ကြောက်လန့် ရ၏။
5Quia circumdederunt me contritiones mortis: torrentes Belial terruerunt me.
6မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။
6Funes inferni circumdederunt me: prævenerunt me laquei mortis.
7ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ၊ ထာဝရဘုရား ကို ခေါ် ၍ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ်သောအသံ ကို ဗိမာန် တော်ထဲမှာ ကြား တော်မူ၍ ၊ အော်ဟစ် သောအသံသည် နား တော်ထဲသို့ ဝင်လေ၏။
7In tribulatione mea invocabo Dominum, et ad Deum meum clamabo: et exaudiet de templo suo vocem meam, et clamor meus veniet ad aures ejus.
8ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ မိုဃ်း ကောင်းကင်အမြစ် တို့သည် တရွေ့ရွေ့ လှုပ်ရှား ကြ၏။
8Commota est et contremuit terra; fundamenta montium concussa sunt, et conquassata: quoniam iratus est eis.
9နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။
9Ascendit fumus de naribus ejus, et ignis de ore ejus vorabit: carbones succensi sunt ab eo.
10မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ် လေ၏။
10Inclinavit cælos, et descendit: et caligo sub pedibus ejus.
11ခေရုဗိမ် ကို စီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာ ထင်ရှား တော်မူ၏။
11Et ascendit super cherubim, et volavit: et lapsus est super pennas venti.
12မှောင်မိုက် တည်းဟူသော တခဲနက် သော ရေ နှင့် ထူထပ် သောမိုဃ်းတိမ် တို့ကို ကိုယ်တော် ၌ ကာရံ စေတော်မူ၏။
12Posuit tenebras in circuitu suo latibulum, cribrans aquas de nubibus cælorum.
13ရှေ့ တော်၌ ရောင်ခြည် ကြောင့် မီးခဲ တောက် လျက် ရှိ၏။
13Præ fulgore in conspectu ejus, succensi sunt carbones ignis.
14ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။
14Tonabit de cælo Dominus, et excelsus dabit vocem suam.
15လေး မြှားတို့ကိုပစ် ၍ လျှပ်စစ် ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ် သို့ ခွဲ၍ ရှုံး စေတော်မူ၏။
15Misit sagittas et dissipavit eos; fulgur, et consumpsit eos.
16ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။
16Et apparuerunt effusiones maris, et revelata sunt fundamenta orbis ab increpatione Domini, ab inspiratione spiritus furoris ejus.
17အထက် အရပ်က လက်တော်ကိုဆန့် ၍၊ တခဲနက် သော ရေ ထဲက ငါ့ ကို ဆယ် ယူ တော်မူ၏။
17Misit de excelso, et assumpsit me, et extraxit me de aquis multis.
18ငါ့ ကိုမုန်း သော သူတည်းဟူသောငါ ပြိုင် ၍ မနိုင်နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ်လွှတ် တော်မူ၏။
18Liberavit me ab inimico meo potentissimo, et ab his qui oderant me: quoniam robustiores me erant.
19ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည် ငါ မှီခိုရာ ဖြစ် ၍၊
19Prævenit me in die afflictionis meæ, et factus est Dominus firmamentum meum.
20ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကိုနှစ်သက် သောကြောင့် ကယ်လွှတ် တော်မူ၏။
20Et eduxit me in latitudinem: liberavit me, quia complacui ei.
21ငါ ဖြောင့်မတ်ခြင်း ရှိသည်အလျောက် ထာဝရဘုရား သည် အကျိုး ကိုပေး၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
21Retribuet mihi Dominus secundum justitiam meam: et secundum munditiam manuum mearum reddet mihi.
22အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့အစဉ်လိုက် ၏။ ငါ ၏ဘုရား သခင့်ထံမှ ပြစ်မှား ၍ မ သွား။
22Quia custodivi vias Domini, et non egi impie a Deo meo.
23စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့ တော်တို့မှ မ လွှဲ။
23Omnia enim judicia ejus in conspectu meo, et præcepta ejus non amovi a me.
24ရှေ့ တော်မှာဖြောင့်မတ် ၍ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
24Et ero perfectus cum eo, et custodiam me ab iniquitate mea.
25ထိုကြောင့် ရှေ့ တော်မှာ ထင်ရှားသော ငါ ၏ဖြောင့်မတ် ခြင်း၊ စင်ကြယ် ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရား သည် ငါ ၌အကျိုး ကိုပေး တော်မူပြီ။
25Et restituet mihi Dominus secundum justitiam meam, et secundum munditiam manuum mearum in conspectu oculorum suorum.
26သနား တတ်သောသူအား ကိုယ်တော်သည်သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်းသဘောကို၎င်း၊
26Cum sancto sanctus eris, et cum robusto perfectus.
27သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို ၎င်း၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သော သဘောကို ၎င်း ပြတော်မူ၏။
27Cum electo electus eris, et cum perverso perverteris.
28နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာန ထောင်လွှားသောသူတို့ ကို ကား ရှုတ်ချ ခြင်းငှါကြည့်မှတ် တော်မူ၏။
28Et populum pauperem salvum facies: oculisque tuis excelsos humiliabis.
29အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် အကျွန်ုပ် ၏ မှောင်မိုက် ကို လင်း စေတော်မူ၏။
29Quia tu lucerna mea, Domine, et tu, Domine, illuminabis tenebras meas.
30အကျွန်ုပ်သည်ကိုယ်တော် ကို အမှီပြု၍ တပ် ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြုလျက် မြို့ရိုး ကို ကျော် ၍ဝင်ပါပြီ။
30In te enim curram accinctus: in Deo meo transiliam murum.
31ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏ သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
31Deus, immaculata via ejus; eloquium Domini igne examinatum: scutum est omnium sperantium in se.
32ထာဝရဘုရား မှတပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ်မည် သော ကျောက် ရှိသနည်း။
32Quis est Deus præter Dominum, et quis fortis præter Deum nostrum?
33ထိုဘုရား သခင်သည် ငါ ၏ခွန်အား ၊ ငါ၏တန်ခိုး ဖြစ်၍ ငါ သွားရာလမ်း ကို ဖြောင့် စေတော်မူ၏။
33Deus qui accinxit me fortitudine, et complanavit perfectam viam meam.
34ငါ့ ခြေ ကိုသမင် ခြေကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင်ထား တော်မူ၏။
34Coæquans pedes meos cervis, et super excelsa mea statuens me;
35ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါသွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင် ၏။
35docens manus meas ad prælium, et componens quasi arcum æreum brachia mea.
36ကိုယ်တော်သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကိုအပ် ၍ ၊ သည်းခံ တော်မူခြင်းအားဖြင့်အကျွန်ုပ် သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
36Dedisti mihi clypeum salutis tuæ, et mansuetudo tua multiplicavit me.
37အကျွန်ုပ် သွားသော လမ်း ကို ရှင်းလင်း ၍ ခြေ မချော် စေခြင်းငှါပြုတော်မူသောအားဖြင့်၊
37Dilatabis gressus meos subtus me, et non deficient tali mei.
38အကျွန်ုပ်သည် ရန်သူ တို့ကို လိုက် ဖျက်၍ ၊ သူ တို့ကို မ ပယ်ရှင်း မှီ တိုင်အောင်မ ပြန် ပါ။
38Persequar inimicos meos, et conteram, et non convertar donec consumam eos.
39သူတို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍၊ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ်နင်း ပယ်ရှင်း ပါ၏။
39Consumam eos et confringam, ut non consurgant: cadent sub pedibus meis.
40အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တစ်ဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
40Accinxisti me fortitudine ad prælium: incurvasti resistentes mihi subtus me.
41အကျွန်ုပ် ကို မုန်း သော ရန်သူ တို့၏လည်ပင်း ကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
41Inimicos meos dedisti mihi dorsum; odientes me, et disperdam eos.
42သူတို့သည် အော်ဟစ် ကြသောအခါ ကယ်တင် သော သူမ ရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
42Clamabunt, et non erit qui salvet; ad Dominum, et non exaudiet eos.
43ထိုအခါ အကျွန်ုပ်သည်သူ တို့ကို မြေမှုန့် ကိုကဲ့သို့ ညက်ညက် ချေပြီးမှ၊ လမ်း ၌ အမှိုက် ကိုကဲ့သို့ နင်း ၍ ဖြန့်ကြဲ လေ၏။
43Delebo eos ut pulverem terræ; quasi lutum platearum comminuam eos atque confringam.
44လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသား တို့၏ အကဲအမှူး ဖြစ်စေခြင်းငှါစောင့်ရှောက် တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည် အကျွန်ုပ် ထံ၌ ကျွန် ခံ ပါ၏။
44Salvabis me a contradictionibus populi mei; custodies me in caput gentium: populus quem ignoro serviet mihi.
45တပါးအမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ၍ အကျွန်ုပ် စကားသံကိုကြား သည် ခဏခြင်းတွင် နားထောင် ကြပါ၏။
45Filii alieni resistent mihi; auditu auris obedient mihi.
46ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲက တုန်လှုပ် လျက် ထွက်ကြပါ၏။
46Filii alieni defluxerunt, et contrahentur in angustiis suis.
47ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
47Vivit Dominus, et benedictus Deus meus, et exaltabitur Deus fortis salutis meæ.
48ငါ့ ဘက် ၌ တရား သဖြင့်စီရင်၍ ၊ လူစု တို့ကို ငါ့ အောက် မှာနှိမ့်ချ သော သူကား ဘုရား သခင်ပေတည်း။
48Deus qui das vindictas mihi, et dejicis populos sub me.
49ရန်သူ တို့လက်မှ ငါ့ ကိုကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တစ်ဘက်၌ထ သောသူတို့ အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကို မြှောက်တင် ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်မှ ကယ်လွှတ် တော်မူ၏။
49Qui educis me ab inimicis meis, et a resistentibus mihi elevas me: a viro iniquo liberabis me.
50ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ နာမ တော် ကို ထောမနာသီချင်း ဆိုပါမည်။
50Propterea confitebor tibi, Domine, in gentibus, et nomini tuo cantabo:
51ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။
51magnificans salutes regis sui, et faciens misericordiam christo suo David, et semini ejus in sempiternum.]
Tip: use the ← and → keys to turn chapters.