၂ ဓမ္မရာဇဝင်

Old Testament

Chapter 12

၂ ဓမ္မရာဇဝင်

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

၂ ဓမ္မရာဇဝင် 12

Judson Burmese Bible (1840)
Clementine Vulgate, 1598
1နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
1Misit ergo Dominus Nathan ad David: qui cum venisset ad eum, dixit ei: Duo viri erant in civitate una, unus dives, et alter pauper.
2သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
2Dives habebat oves et boves plurimos valde.
3ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။
3Pauper autem nihil habebat omnino, præter ovem unam parvulam quam emerat et nutrierat, et quæ creverat apud eum cum filiis ejus simul, de pane illius comedens, et de calice ejus bibens, et in sinu illius dormiens: eratque illi sicut filia.
4သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊
4Cum autem peregrinus quidam venisset ad divitem, parcens ille sumere de ovibus et de bobus suis, ut exhiberet convivium peregrino illi qui venerat ad se, tulit ovem viri pauperis, et præparavit cibos homini qui venerat ad se.
5ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
5Iratus autem indignatione David adversus hominem illum nimis, dixit ad Nathan: Vivit Dominus, quoniam filius mortis est vir qui fecit hoc.
6ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။
6Ovem reddet in quadruplum, eo quod fecerit verbum istud, et non pepercerit.
7နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။
7Dixit autem Nathan ad David: Tu es ille vir. Hæc dicit Dominus Deus Israël: Ego unxi te in regem super Israël, et ego erui te de manu Saul,
8သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။
8et dedi tibi domum domini tui, et uxores domini tui in sinu tuo, dedique tibi domum Israël et Juda: et si parva sunt ista, adjiciam tibi multo majora.
9သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
9Quare ergo contempsisti verbum Domini, ut faceres malum in conspectu meo? Uriam Hethæum percussisti gladio, et uxorem illius accepisti in uxorem tibi, et interfecisti eum gladio filiorum Ammon.
10ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
10Quam ob rem non recedet gladius de domo tua usque in sempiternum, eo quod despexeris me, et tuleris uxorem Uriæ Hethæi ut esset uxor tua.
11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
11Itaque hæc dicit Dominus: Ecce ego suscitabo super te malum de domo tua, et tollam uxores tuas in oculis tuis, et dabo proximo tuo: et dormiet cum uxoribus tuis in oculis solis hujus.
12သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။
12Tu enim fecisti abscondite: ego autem faciam verbum istud in conspectu omnis Israël, et in conspectu solis.
13ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
13Et dixit David ad Nathan: Peccavi Domino. Dixitque Nathan ad David: Dominus quoque transtulit peccatum tuum: non morieris.
14သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊
14Verumtamen quoniam blasphemare fecisti inimicos Domini, propter verbum hoc, filius qui natus est tibi, morte morietur.
15နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။
15Et reversus est Nathan in domum suam. Percussit quoque Dominus parvulum quem pepererat uxor Uriæ David, et desperatus est.
16ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။
16Deprecatusque est David Dominum pro parvulo: et jejunavit David jejunio, et ingressus seorsum, jacuit super terram.
17နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။
17Venerunt autem seniores domus ejus, cogentes eum ut surgeret de terra: qui noluit, nec comedit cum eis cibum.
18ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။
18Accidit autem die septima ut moreretur infans: timueruntque servi David nuntiare ei quod mortuus esset parvulus: dixerunt enim: Ecce cum parvulus adhuc viveret, loquebamur ad eum, et non audiebat vocem nostram: quanto magis si dixerimus: Mortuus est puer, se affliget?
19သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။
19Cum ergo David vidisset servos suos mussitantes, intellexit quod mortuus esset infantulus: dixitque ad servos suos: Num mortuus est puer? Qui responderunt ei: Mortuus est.
20ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။
20Surrexit ergo David de terra, et lotus unctusque est: cumque mutasset vestem, ingressus est domum Domini: et adoravit, et venit in domum suam, petivitque ut ponerent ei panem, et comedit.
21ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊
21Dixerunt autem ei servi sui: Quis est sermo quem fecisti? propter infantem, cum adhuc viveret, jejunasti et flebas: mortuo autem puero, surrexisti, et comedisti panem.
22ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။
22Qui ait: Propter infantem, dum adhuc viveret, jejunavi et flevi: dicebam enim: Quis scit si forte donet eum mihi Dominus, et vivat infans?
23ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။
23Nunc autem quia mortuus est, quare jejunem? numquid potero revocare eum amplius? ego vadam magis ad eum: ille vero non revertetur ad me.
24တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
24Et consolatus est David Bethsabee uxorem suam, ingressusque ad eam dormivit cum ea: quæ genuit filium, et vocavit nomen ejus Salomon: et Dominus dilexit eum.
25ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။
25Misitque in manu Nathan prophetæ, et vocavit nomen ejus, Amabilis Domino, eo quod diligeret eum Dominus.
26ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊
26Igitur pugnabat Joab contra Rabbath filiorum Ammon, et expugnabat urbem regiam.
27ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။
27Misitque Joab nuntios ad David, dicens: Dimicavi adversum Rabbath, et capienda est Urbs aquarum.
28ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊
28Nunc igitur congrega reliquam partem populi, et obside civitatem, et cape eam: ne cum a me vastata fuerit urbs, nomini meo ascribatur victoria.
29ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။
29Congregavit itaque David omnem populum, et profectus est adversum Rabbath: cumque dimicasset, cepit eam.
30မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
30Et tulit diadema regis eorum de capite ejus, pondo auri talentum, habens gemmas pretiosissimas: et impositum est super caput David. Sed et prædam civitatis asportavit multam valde:
31မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။
31populum quoque ejus adducens serravit, et circumegit super eos ferrata carpenta: divisitque cultris, et traduxit in typo laterum: sic fecit universis civitatibus filiorum Ammon. Et reversus est David et omnis exercitus in Jerusalem.

Tip: use the ← and → keys to turn chapters.