၁ကောရိန္တု

Old Testament

Chapter 3

၁ကောရိန္တု

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၁ကောရိန္တု 3

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ညီအစ်ကို တို့၊ အထက်က ငါ သည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင် တို့အား ဟောပြော ရသော အခွင့်မ ရှိ ဘဲ၊ ဇာတိ ပကတိလူတို့အား၎င်း၊ ခရစ်တော် ၌ သူငယ် ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။
1Καὶ ἐγώ, ἀδελφοί, οὐκ ἠδυνήθην λαλῆσαι ὑμῖν ὡς πνευματικοῖς, ἀλλ᾿ ὡς σαρκικοῖς, ὡς νηπίοις ἐν Χριστῷ.
2ယခုတိုင်အောင်သင် တို့သည် ခဲဘွယ် စားဘွယ်ကို မ ကြေနိုင် သောကြောင့် ငါမ ကျွေးရ၊ နို့ ကိုသာ တိုက် ရ ၏။ ယခုပင် လည်း ၊ သင်တို့သည် မ ကြေနိုင် ကြသေး ။
2Γάλα ὑμᾶς ἐπότισα, καὶ οὐ βρῶμα· οὔπω γὰρ ἠδύνασθε, ἀλλ᾿ οὔτε ἔτι νῦν δύνασθε·
3ယခုပင်လည်း၊ ဇာတိ ပကတိလူဖြစ် ကြသေး ၏။ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍ ၊ သင် တို့သည်ဇာတိ ပကတိ လူဖြစ် ကြသည် မ ဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင် ကြသည် မဟုတ်လော။
3ἔτι γὰρ σαρκικοί ἐστε· ὅπου γὰρ ἐν ὑμῖν ζῆλος καὶ ἔρις καὶ διχοστασίαι, οὐχὶ σαρκικοί ἐστε, καὶ κατὰ ἄνθρωπον περιπατεῖτε;
4တစ်ယောက် က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏ ဟူ၍၎င်း၊ တစ်ယောက် က၊ ငါ သည်အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြော ကြလျှင် ၊ ဇာတိပကတိလူ ဖြစ် ကြသည်မ ဟုတ်လော။
4Ὅταν γὰρ λέγῃ τις, Ἐγὼ μέν εἰμι Παύλου, ἕτερος δέ, Ἐγὼ Ἀπολλώ, οὐχὶ σαρκικοί ἐστε;
5ပေါလု ကား အဘယ်သူ နည်း။ အာပေါလု ကား အဘယ်သူ နည်း။ အခြားသောသူမဟုတ်၊ ထာဝရ ဘုရား သည် အသီးသီး တို့အား အခွင့်ပေး သနားတော်မူသည်နှင့်အညီ ၊ သင်တို့ကို ယုံကြည် ခြင်းသို့ ရောက်စေသော ဓမ္မဆရာ ပေတည်း။
5Τίς οὖν ἐστι Παῦλος, τίς δὲ Ἀπολλώς, ἀλλ᾿ ἢ διάκονοι δι᾿ ὧν ἐπιστεύσατε, καὶ ἑκάστῳ ὡς ὁ Κύριος ἔδωκεν;
6ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။
6Ἐγὼ ἐφύτευσα, Ἀπολλὼς ἐπότισεν, ἀλλ᾿ ὁ Θεὸς ηὔξανεν.
7စိုက်ပျိုး သောသူ မ တတ်နိုင်။ ရေလောင်း သော သူ လည်း မ တတ်နိုင်။ ကြီးပွား စေတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
7Ὥστε οὔτε ὁ φυτεύων ἐστί τι, οὔτε ὁ ποτίζων, ἀλλ᾿ ὁ αὐξάνων Θεός.
8သို့သော်လည်း ၊ စိုက်ပျိုး သောသူ နှင့် ရေလောင်း သောသူ သည် တစ်လုံးတစ်ဝတည်း ဖြစ် ၍ ၊ အသီးအသီး မိမိ လုပ် သည်အတိုင်း မိမိ အကျိုး ကို ခံရ လိမ့်မည်။
8Ὁ φυτεύων δὲ καὶ ὁ ποτίζων ἕν εἰσιν· ἕκαστος δὲ τὸν ἴδιον μισθὸν λήψεται κατὰ τὸν ἴδιον κόπον.
9ငါတို့သည် ဘုရားသခင့် ထံ၌အလုပ် လုပ်သော သူချင်းဖြစ် ကြ၏။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင် ၏ ကျောင်း တော်တိုက်လည်း ဖြစ် ကြ၏။
9Θεοῦ γάρ ἐσμεν συνεργοί· Θεοῦ γεώργιον, Θεοῦ οἰκοδομή ἐστε.
10ဘုရားသခင် ၏ကျေးဇူး တော်ကို ငါ ခံရ သည်နှင့်အညီ ၊ လိမ္မာ သော ဗိသုကာ ကဲ့သို့ တိုက်မြစ် ကိုချ ပြီ။ အခြား သောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ ၏။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက် သည်ကို လူတိုင်းသတိပြု ပါစေ။
10Κατὰ τὴν χάριν τοῦ Θεοῦ τὴν δοθεῖσάν μοι, ὡς σοφὸς ἀρχιτέκτων θεμέλιον τέθεικα, ἄλλος δὲ ἐποικοδομεῖ. Ἕκαστος δὲ βλεπέτω πῶς ἐποικοδομεῖ.
11အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသော ၊ ချ လျက်ရှိသော တိုက်မြစ် မှတပါး အခြား သော တိုက်မြစ်ကို အဘယ်သူ မျှမချ နိုင် ။
11Θεμέλιον γὰρ ἄλλον οὐδεὶς δύναται θεῖναι παρὰ τὸν κείμενον, ὅς ἐστιν Ἰησοῦς ὁ Χριστός.
12ထို တိုက်မြစ် အပေါ် ၌ရွှေ ၊ ငွေ ၊ ကျောက် ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုး များကို ထပ်ဆင့်၍ တည်ဆောက် သောသူရှိသမျှ ၊
12Εἰ δέ τις ἐποικοδομεῖ ἐπὶ τὸν θεμέλιον τοῦτον χρυσόν, ἄργυρον, λίθους τιμίους, ξύλα, χόρτον, καλάμην,
13အသီးသီး လုပ်သော အလုပ် သည် ထင်ရှား လိမ့်မည် ။ အဘယ်သို့ နည်းဟူမူကား ၊ ဖော်ပြ ချိန် နေ့ရက် သည် မီး အားဖြင့် ထင်ရှား စေလိမ့်မည်။ လူ တိုင်းလုပ်သောအလုပ် သည် အဘယ်သို့ သော အလုပ်ဖြစ် သည်ကို မီး သည်စစ်ကြော စုံစမ်းလိမ့်မည်။
13ἑκάστου τὸ ἔργον φανερὸν γενήσεται· ἡ γὰρ ἡμέρα δηλώσει, ὅτι ἐν πυρὶ ἀποκαλύπτεται· καὶ ἑκάστου τὸ ἔργον ὁποῖόν ἐστι τὸ πῦρ δοκιμάσει.
14ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက် သော အကြင်သူ ၏ အလုပ် သည်မြဲ ၏။ ထိုသူသည် အကျိုး ကို ခံရ လိမ့်မည်။
14Εἴ τινος τὸ ἔργον μένει ὃ ἐπῳκοδόμησε, μισθὸν λήψεται.
15အကြင်သူ ၏အလုပ် သည် ကျွမ်းလောင် ၏၊ ထိုသူ သည် အရှုံး ခံရလိမ့်မည်။ သို့သော်လည်း ၊ မီး နှင့် လွတ် သကဲ့သို့ သူသည် ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
15Εἴ τινος τὸ ἔργον κατακαήσεται, ζημιωθήσεται· αὐτὸς δὲ σωθήσεται, οὕτω δὲ ὡς διὰ πυρός.
16သင်တို့သည် ဘုရားသခင် ၏ ဗိမာန် တော် ဖြစ် ကြသည်ကို၎င်း ၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် သင် တို့အထဲ ၌ ကျိန်းဝပ် တော်မူသည်ကို၎င်း မ သိ ကြသလော။
16Οὐκ οἴδατε ὅτι ναὸς Θεοῦ ἐστε, καὶ τὸ πνεῦμα τοῦ Θεοῦ οἰκεῖ ἐν ὑμῖν;
17အကြင်သူ သည် ဘုရားသခင် ၏ ဗိမာန် တော်ကို ဖျက်ဆီး ၏။ ထို သူကို ဘုရားသခင် ဖျက်ဆီး တော်မူလိမ့်မည်။ ဘုရားသခင် ၏ ဗိမာန် တော်သည် သန့်ရှင်း ရ၏။ သင် တို့သည်လည်း၊ ထိုဗိမာန် တော် ဖြစ် ကြ၏။
17Εἴ τις τὸν ναὸν τοῦ Θεοῦ φθείρει, φθερεῖ τοῦτον ὁ Θεός· ὁ γὰρ ναὸς τοῦ Θεοῦ ἅγιός ἐστιν, οἵτινές ἐστε ὑμεῖς.
18အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။
18Μηδεὶς ἑαυτὸν ἐξαπατάτω· εἴ τις δοκεῖ σοφὸς εἶναι ἐν ὑμῖν ἐν τῷ αἰῶνι τούτῳ, μωρὸς γενέσθω, ἵνα γένηται σοφός.
19အကြောင်းမူကား ၊ လောကီ ပညာ သည် ဘုရားသခင့် ရှေ့၌ မိုက်မဲ ခြင်းဖြစ် ၏။ ကျမ်းစာ လာသည်ကား ၊ ဘုရားသခင် သည် ပညာရှိ တို့ကို သူ တို့၏ ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏ဟု လာသတည်း။
19Ἡ γὰρ σοφία τοῦ κόσμου τούτου μωρία παρὰ τῷ Θεῷ ἐστι. Γέγραπται γάρ, Ὁ δρασσόμενος τοὺς σοφοὺς ἐν τῇ πανουργίᾳ αὐτῶν.
20တစ်ဖန်တုံ ၊ပညာရှိ တို့၏ အကြံအစည် တို့သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရ ဘုရားသိ တော်မူ၏ဟု လာသတည်း။
20Καὶ πάλιν, Κύριος γινώσκει τοὺς διαλογισμοὺς τῶν σοφῶν, ὅτι εἰσὶ μάταιοι.
21ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။
21Ὥστε μηδεὶς καυχάσθω ἐν ἀνθρώποις· πάντα γὰρ ὑμῶν ἐστιν,
22ပေါလု ဖြစ်စေ ၊ အာပေါလု ဖြစ်စေ ၊ ကေဖ ဖြစ်စေ ၊ ဤလောက ဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ သေ ခြင်း ဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောက် လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ ဖြစ်ကြ၏။
22εἴτε Παῦλος, εἴτε Ἀπολλώς, εἴτε Κηφᾶς, εἴτε κόσμος, εἴτε ζωή, εἴτε θάνατος, εἴτε ἐνεστῶτα, εἴτε μέλλοντα· πάντα ὑμῶν ἐστιν,
23သင် တို့သည်လည်း ၊ ခရစ်တော် အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင် အဘို့ ဖြစ်တော်မူ၏။
23ὑμεῖς δὲ Χριστοῦ, Χριστὸς δὲ Θεοῦ.

Tip: use the ← and → keys to turn chapters.