၁ကောရိန္တု 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။
1Κἀγὼ ἐλθὼν πρὸς ὑμᾶς, ἀδελφοί, ἦλθον οὐ καθ᾿ ὑπεροχὴν λόγου ἢ σοφίας καταγγέλλων ὑμῖν τὸ μαρτύριον τοῦ Θεοῦ.
2အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသောလက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော သခင် မှတစ်ပါး ၊ အဘယ် အရာကိုမျှ သင် တို့တွင် ငါမ သိ မ မှတ်ဟု ငါစိတ် ပြဋ္ဌာန်း ခြင်းရှိ၏။
2Οὐ γὰρ ἔκρινα τοῦ εἰδέναι τι ἐν ὑμῖν, εἰ μὴ Ἰησοῦν Χριστόν, καὶ τοῦτον ἐσταυρωμένον.
3သင် တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်း ခြင်း၊ အလွန် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့်တကွ ငါ ရှိ နေ၏။
3Καὶ ἐγὼ ἐν ἀσθενείᾳ καὶ ἐν φόβῳ καὶ ἐν τρόμῳ πολλῷ ἐγενόμην πρὸς ὑμᾶς.
4သင် တို့၏ယုံကြည် ခြင်းသည် လူ ပညာ အားဖြင့် မ တည် ၊
4Καὶ ὁ λόγος μου καὶ τὸ κήρυγμά μου οὐκ ἐν πειθοῖς ἀνθρωπίνης σοφίας λόγοις, ἀλλ᾿ ἐν ἀποδείξει πνεύματος καὶ δυνάμεως·
5ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် တည်စေခြင်းငှာ ၊ ငါ့ စကား ၊ ငါ့ ဒေသနာ သည် လူပညာ နှင့် ယှဉ်သောဖြားယောင်း သောစကား နှင့်တကွ ရှိသည် မ ဟုတ်။ ဝိညာဉ် တော်၏နိမိတ် လက္ခဏာ တန်ခိုး တော်နှင့်တကွ ရှိ၏။
5ἵνα ἡ πίστις ὑμῶν μὴ ᾖ ἐν σοφίᾳ ἀνθρώπων, ἀλλ᾿ ἐν δυνάμει Θεοῦ.
6သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။
6Σοφίαν δὲ λαλοῦμεν ἐν τοῖς τελείοις· σοφίαν δὲ οὐ τοῦ αἰῶνος τούτου, οὐδὲ τῶν ἀρχόντων τοῦ αἰῶνος τούτου, τῶν καταργουμένων·
7ဤ ကမ္ဘာ မ တည်မရှိမှီ၊ ငါ တို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှာ ၊ ဘုရားသခင် စီရင် တော်မူသော ပညာ၊ နက်နဲ သောအရာ၌ ဝှက်ထား သော ဘုရားသခင် ၏ ပညာ ကို ငါတို့သည်ပြသ ကြ၏။
7ἀλλὰ λαλοῦμεν σοφίαν Θεοῦ ἐν μυστηρίῳ, τὴν ἀποκεκρυμμένην, ἣν προώρισεν ὁ Θεὸς πρὸ τῶν αἰώνων εἰς δόξαν ἡμῶν·
8ထို ပညာကို လောကီ မင်း တစ်စုံတစ်ယောက် မျှမသိ ။ သိ လျှင် ၊ ဘုန်းကြီး တော်မူသောသခင် ကို လက်ဝါးကပ်တိုင် မှာကွပ်မျက်ကြပြီ။
8ἣν οὐδεὶς τῶν ἀρχόντων τοῦ αἰῶνος τούτου ἔγνωκεν· εἰ γὰρ ἔγνωσαν, οὐκ ἂν τὸν Κύριον τῆς δόξης ἐσταύρωσαν·
9ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။
9ἀλλὰ καθὼς γέγραπται, Ἃ ὀφθαλμὸς οὐκ εἶδε, καὶ οὖς οὐκ ἤκουσε, καὶ ἐπὶ καρδίαν ἀνθρώπου οὐκ ἀνέβη, ἃ ἡτοίμασεν ὁ Θεὸς τοῖς ἀγαπῶσιν αὐτόν.
10ထိုအရာတို့ကို ဘုရားသခင် သည် မိမိ ဝိညာဉ် တော်အားဖြင့် ငါ တို့အားဖော်ပြ တော်မူ၏။ ဝိညာဉ် တော် သည် ဘုရားသခင် ၏ နက်နဲ သော အရာတိုင်အောင်ခပ်သိမ်း သောအရာတို့ကိုစစ် တော်မူ၏။
10Ἡμῖν δὲ ὁ Θεὸς ἀπεκάλυψε διὰ τοῦ πνεύματος αὐτοῦ· τὸ γὰρ πνεῦμα πάντα ἐρευνᾷ, καὶ τὰ βάθη τοῦ Θεοῦ.
11လူ ၏နက်နဲသော အရာကို လူ ၌ ရှိသောမိမိ စိတ် ဝိညာဉ်မှတစ်ပါး အဘယ်သူ သိ သနည်း။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ် တော်မှတစ်ပါး အဘယ်သူ မျှမ သိ ။
11Τίς γὰρ οἶδεν ἀνθρώπων τὰ τοῦ ἀνθρώπου, εἰ μὴ τὸ πνεῦμα τοῦ ἀνθρώπου τὸ ἐν αὐτῷ; Οὕτω καὶ τὰ τοῦ Θεοῦ οὐδεὶς οἶδεν, εἰ μὴ τὸ πνεῦμα τοῦ Θεοῦ.
12ငါ တို့သည် လောကီ ဝိညာဉ် ကို မ ခံရ ကြ။ ဘုရားသခင် ပေး တော်မူသောအရာ တို့ကို သိ ခြင်းအလိုငှာ ဘုရားသခင် ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။
12Ἡμεῖς δὲ οὐ τὸ πνεῦμα τοῦ κόσμου ἐλάβομεν, ἀλλὰ τὸ πνεῦμα τὸ ἐκ τοῦ Θεοῦ, ἵνα εἰδῶμεν τὰ ὑπὸ τοῦ Θεοῦ χαρισθέντα ἡμῖν.
13ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါ တို့သည် လူ ပညာ ကိုအမှီပြု ၍ နားလည်သောစကား နှင့် မ ဟော ။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဝိညာဉ် နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ် စကားအားဖြင့်ဖွင့်ပြ ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟော ကြ၏။
13Ἃ καὶ λαλοῦμεν, οὐκ ἐν διδακτοῖς ἀνθρωπίνης σοφίας λόγοις, ἀλλ᾿ ἐν διδακτοῖς πνεύματος ἁγίου, πνευματικοῖς πνευματικὰ συγκρίνοντες.
14ဇာတိ ပကတိလူ သည် ဘုရားသခင် ၏ ဝိညာဉ် တော်အရာ တို့ကို မ ခံ မယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ် သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နား မ လည်နိုင် ။
14Ψυχικὸς δὲ ἄνθρωπος οὐ δέχεται τὰ τοῦ πνεύματος τοῦ Θεοῦ· μωρία γὰρ αὐτῷ ἐστι, καὶ οὐ δύναται γνῶναι, ὅτι πνευματικῶς ἀνακρίνεται.
15ဝိညာဉ် လူမူကား ၊ ထိုအရာအလုံးစုံ တို့ကို ပိုင်းခြား ၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူ ကို အဘယ်သူ မျှပိုင်းခြား ၍ မသိနိုင်။
15Ὁ δὲ πνευματικὸς ἀνακρίνει μὲν πάντα, αὐτὸς δὲ ὑπ᾿ οὐδενὸς ἀνακρίνεται.
16ထိုလူ ကို သွန်သင် နိုင်မည်အကြောင်း အဘယ်သူ သည် ထာဝရ ဘုရား၏ စိတ် တော်ကို သိ သနည်း။ ငါ တို့မူကား ခရစ်တော် ၏စိတ် ကို ခံရ ကြ၏။
16Τίς γὰρ ἔγνω νοῦν Κυρίου, ὃς συμβιβάσει αὐτόν; Ἡμεῖς δὲ νοῦν Χριστοῦ ἔχομεν.
Tip: use the ← and → keys to turn chapters.