Lucam 22
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Appropinquabat autem dies festus azymorum, qui dicitur Pascha:
1ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင် ၊
2et quærebant principes sacerdotum, et scribæ, quomodo Jesum interficerent: timebant vero plebem.
2ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။
3Intravit autem Satanas in Judam, qui cognominabatur Iscariotes, unum de duodecim:
3ထိုအခါ စာတန် သည် တပည့် တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ် အထဲ သို့ဝင် သည် ဖြစ်၍၊
4et abiit, et locutus est cum principibus sacerdotum, et magistratibus, quemadmodum illum traderet eis.
4ထိုသူသည် ယဇ်ပုရောဟိတ် အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့သွား ပြီးလျှင် ၊ ယေရှု ကို အဘယ်သို့ အပ် ရမည်နည်းဟူ၍ တိုင်ပင် လေ၏။
5Et gavisi sunt, et pacti sunt pecuniam illi dare.
5ထိုသူ တို့သည်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။
6Et spopondit, et quærebat opportunitatem ut traderet illum sine turbis.
6ယုဒ ရှကာရုတ်သည်လည်းဝန်ခံ ပြီးမှ လူ များမ ရှိစဉ်တွင်ကိုယ်တော် ကို အပ် ခြင်းငှာအဆင်သင့် သော အချိန်ကာလကို ကြံ လျက် နေ၏။
7Venit autem dies azymorum, in qua necesse erat occidi pascha.
7ပသခါ သိုးသငယ်ကို သတ် ရသောနေ့တည်းဟူသောအဇုမ ပွဲနေ့ ရောက် သောအခါ၊
8Et misit Petrum et Joannem, dicens: Euntes parate nobis pascha, ut manducemus.
8ကိုယ်တော်က၊ ငါ တို့ စား ဘို့ရာ သင်တို့သည်သွား ၍ ပသခါ ပွဲကို ပြင်ဆင် ကြလော့ ဟု ပေတရု နှင့် ယောဟန် ကို စေလွှတ် တော်မူ၏။
9At illi dixerunt: Ubi vis paremus?
9သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
10Et dixit ad eos: Ecce introëuntibus vobis in civitatem occurret vobis homo quidam amphoram aquæ portans: sequimini eum in domum, in quam intrat,
10ကိုယ်တော်က၊ သင် တို့သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ဆောင် သောသူ ကိုတွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ သူဝင် သောအိမ် သို့ ဝင်ပြီးမှ၊
11et dicetis patrifamilias domus: Dicit tibi Magister: Ubi est diversorium, ubi pascha cum discipulis meis manducem?
11ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကိုစား ရသော ဧည့်သည်အခန်း ကား အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ် ရှင် ကို ပြော ကြလော့။
12Et ipse ostendet vobis cœnaculum magnum stratum, et ibi parate.
12ထိုသူ သည် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကို ပြ လိမ့်မည်။ ထို အခန်း၌ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
13Euntes autem invenerunt sicut dixit illis, et paraverunt pascha.
13တပည့် တော်တို့သည် သွား ၍ စကား တော်အတိုင်း တွေ့ လျှင် ၊ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
14Et cum facta esset hora, discubuit, et duodecim apostoli cum eo.
14အချိန် ရောက် မှ တမန်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၍ ၊
15Et ait illis: Desiderio desideravi hoc pascha manducare vobiscum, antequam patiar.
15ငါ သည် အသေမ ခံ မှီ ဤ ပသခါ ပွဲကို သင် တို့နှင့်အတူ စား ခြင်းငှာအလွန် အလိုရှိ လေပြီ။
16Dico enim vobis, quia ex hoc non manducabo illud, donec impleatur in regno Dei.
16ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်၌ ပသခါပွဲမ ပြည့်စုံ မှီတိုင်အောင် ယခုမှစ၍ဤ ပွဲကို တဖန် ငါမ စား ရ ဟု မိန့် တော်မူလျက်၊
17Et accepto calice gratias egit, et dixit: Accipite, et dividite inter vos.
17ခွက်ဖလား ကို ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ဤ ခွက်ကို ယူ ၍ အချင်းချင်း ဝေ ကြလော့။
18Dico enim vobis quod non bibam de generatione vitis donec regnum Dei veniat.
18ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။
19Et accepto pane gratias egit, et fregit, et dedit eis, dicens: Hoc est corpus meum, quod pro vobis datur: hoc facite in meam commemorationem.
19ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။
20Similiter et calicem, postquam cœnavit, dicens: Hic est calix novum testamentum in sanguine meo, qui pro vobis fundetur.
20ထိုနည်းတူ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား သင် တို့အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရား သစ် ဖြစ်၏။
21Verumtamen ecce manus tradentis me, mecum est in mensa.
21သို့သော်လည်း ငါ့ ကို အပ်နှံ သောသူ ၏လက် သည် ဤစားပွဲ ပေါ်မှာ ငါ့ လက်နှင့်အတူ ရှိ ၏။
22Et quidem Filius hominis, secundum quod definitum est, vadit: verumtamen væ homini illi per quem tradetur.
22ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။
23Et ipsi cœperunt quærere inter se quis esset ex eis qui hoc facturus esset.
23တပည့် တော်တို့သည်လည်း ထိုအမှု ကို အဘယ်သူ ပြု အံ့နည်းဟု အချင်းချင်း မေးမြန်း ကြ၏။
24Facta est autem et contentio inter eos, quis eorum videretur esse major.
24ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိ တို့တွင် အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိ သည်ဖြစ်၍၊
25Dixit autem eis: Reges gentium dominantur eorum: et qui potestatem habent super eos, benefici vocantur.
25ကိုယ်တော် က၊ လောကီ မင်း တို့သည် အစိုးတရ ပြုတတ်ကြ၏။ အာဏာ ထားသောသူ တို့ကိုလည်း ကျေးဇူး ရှင်ဟူ၍ခေါ်ဝေါ် ကြ၏။
26Vos autem non sic: sed qui major est in vobis, fiat sicut minor: et qui præcessor est, sicut ministrator.
26သင် တို့မူကား ထိုသို့ မ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။
27Nam quis major est, qui recumbit, an qui ministrat? nonne qui recumbit? Ego autem in medio vestrum sum, sicut qui ministrat:
27အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သလော ။ လုပ်ကျွေး သောသူ သည် ကြီးမြတ်သလော။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မ ဟုတ်လော။ သို့သော်လည်း ငါ သည် သင် တို့တွင် လုပ်ကျွေး သောသူ ကဲ့သို့ ဖြစ် ၏။
28vos autem estis, qui permansistis mecum in tentationibus meis.
28ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။
29Et ego dispono vobis sicut disposuit mihi Pater meus regnum,
29ငါ့ ခမည်းတော် သည် ငါ့ အား နိုင်ငံ ကို ပေး တော်မူသည်နှင့်အညီ ၊
30ut edatis et bibatis super mensam meam in regno meo, et sedeatis super thronos judicantes duodecim tribus Israël.
30သင်တို့သည် ငါ ၏နိုင်ငံ တွင် ငါ့ စားပွဲ ၌ စား သောက် သောအခွင့်ကို၎င်း၊ တရား ပလ္လင်ပေါ်မှာ ထိုင် ၍ ဣသရေလ လူတစ်ဆယ်နှစ် မျိုး ကို အုပ်စိုး ရသောအခွင့်ကို၎င်း၊ ငါ သည် သင် တို့အား ပေး မည် ဟု မိန့် တော်မူ၏။
31Ait autem Dominus: Simon, Simon, ecce Satanas expetivit vos ut cribraret sicut triticum:
31တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
32ego autem rogavi pro te ut non deficiat fides tua: et tu aliquando conversus, confirma fratres tuos.
32သင် ၏ယုံကြည် သောစိတ် မ ပျက်စေခြင်းငှာ ငါ သည် သင့် အဘို့ ဆုတောင်း လေပြီ။ သင် သည် သတိရ ပြန်သောအခါ သင် ၏ညီအစ်ကို တို့ကို တည်ကြည် စေလော့ ဟု မိန့်တော်မူလျှင်၊
33Qui dixit ei: Domine, tecum paratus sum et in carcerem et in mortem ire.
33ပေတရုက၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူ ထောင် ထဲသို့ ၎င်း ၊ အသေ သတ်ခြင်းသို့ ၎င်း လိုက် ခြင်းငှာအသင့် ရှိ ပါ၏ဟု လျှောက် လေသော်၊
34At ille dixit: Dico tibi, Petre, non cantabit hodie gallus, donec ter abneges nosse me. Et dixit eis:
34သခင်ဘုရားက၊ ပေတရု ၊ ငါဆို သည်ကား၊ ယနေ့ တွင် ကြက် မ တွန် မှီ သင် သည် ငါ့ ကို မသိ ဟုသုံး ကြိမ်မြောက်အောင် ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။
35Quando misi vos sine sacculo, et pera, et calceamentis, numquid aliquid defuit vobis?
35တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း မ ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မ လိုပါဟု လျှောက် ကြသော် ၊
36At illi dixerunt: Nihil. Dixit ergo eis: Sed nunc qui habet sacculum, tollat; similiter et peram: et qui non habet, vendat tunicam suam et emat gladium.
36ယခု မူကား ငွေအိတ် ရှိ သောသူ သည် ယူ စေ။ လွယ်အိတ် ရှိသောသူသည် ယူစေ။ ဓား မ ရှိ သော သူ သည် အဝတ် ကိုရောင်း ၍ ထားကိုဝယ် စေ။
37Dico enim vobis, quoniam adhuc hoc quod scriptum est, oportet impleri in me: Et cum iniquis deputatus est. Etenim ea quæ sunt de me finem habent.
37အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံ ရ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။
38At illi dixerunt: Domine, ecce duo gladii hic. At ille dixit eis: Satis est.
38ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။
39Et egressus ibat secundum consuetudinem in monte Olivarum. Secuti sunt autem illum et discipuli.
39ထိုနောက် အလေ့ တော်ရှိသည်အတိုင်း သံလွင် တောင် သို့ ထွက် ကြွ တော်မူ၍၊ တပည့် တော်တို့သည် နောက်တော်သို့ လိုက် ကြ၏။
40Et cum pervenisset ad locum, dixit illis: Orate ne intretis in tentationem.
40ထိုအရပ် သို့ ရောက် တော်မူလျှင် ၊ သင်တို့သည် စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူပြီးမှ၊
41Et ipse avulsus est ab eis quantum jactus est lapidis: et positis genibus orabat,
41တပည့်တော်တို့နှင့် ကျောက်ခဲ တပစ် လောက် ခွာသွား ၍ ဒူး ထောက် လျက်၊
42dicens: Pater, si vis, transfer calicem istum a me: verumtamen non mea voluntas, sed tua fiat.
42အိုအဘ ၊ အလိုတော်ရှိ လျှင် ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း တော်မူ၏။
43Apparuit autem illi angelus de cælo, confortans eum. Et factus in agonia, prolixius orabat.
43ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။
44Et factus est sudor ejus sicut guttæ sanguinis decurrentis in terram.
44ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။
45Et cum surrexisset ab oratione et venisset ad discipulos suos, invenit eos dormientes præ tristitia.
45ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ ၍ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊
46Et ait illis: Quid dormitis? surgite, orate, ne intretis in tentationem.
46သင်တို့သည် အဘယ်ကြောင့် အိပ်ပျော် ကြသနည်း။ ထ ကြ။ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူ၏။
47Adhuc eo loquente, ecce turba: et qui vocabatur Judas, unus de duodecim, antecedebat eos, et appropinquavit Jesu ut oscularetur eum.
47ထိုသို့ မိန့် တော်မူစဉ် တွင် ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှု ကို နမ်း ခြင်းငှာချဉ်းကပ် လေ၏။
48Jesus autem dixit illi: Juda, osculo Filium hominis tradis?
48ယေရှု ကလည်း ၊ ယုဒါ သင်သည် နမ်း ခြင်းကို ပြုလျက် လူ သား ကိုအပ် သလော ဟု မေး တော်မူ၏။
49Videntes autem hi qui circa ipsum erant, quod futurum erat, dixerunt ei: Domine, si percutimus in gladio?
49ယေရှု နှင့်အတူ ပါသောသူတို့သည် ဖြစ် အံ့သောအမှု ကို မြင် လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ဓား နှင့် ခုတ် ရပါမည်လောဟု မေးလျှောက် ပြီးမှ၊
50Et percussit unus ex illis servum principis sacerdotum, et amputavit auriculam ejus dexteram.
50တစ် ယောက်သည် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။
51Respondens autem Jesus, ait: Sinite usque huc. Et cum tetigisset auriculam ejus, sanavit eum.
51ယေရှု ကလည်း ၊ တန် စေ ဟု မိန့် တော်မူ၍ နားရွက် ကို လက်တော်နှင့်တို့ သဖြင့် အနာကို ပျောက် စေတော်မူ၏။
52Dixit autem Jesus ad eos qui venerant ad se principes sacerdotum, et magistratus templi, et seniores: Quasi ad latronem existis cum gladiis et fustibus?
52ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။
53Cum quotidie vobiscum fuerim in templo, non extendistis manus in me: sed hæc est hora vestra, et potestas tenebrarum.
53ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။
54Comprehendentes autem eum, duxerunt ad domum principis sacerdotum: Petrus vero sequebatur a longe.
54ထိုသူတို့သည် ကိုယ်တော် ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ် မင်း၏အိမ် သို့ ဆောင်သွား ကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေး စွာလိုက် လေ၏။
55Accenso autem igne in medio atrii et circumsedentibus illis, erat Petrus in medio eorum.
55အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။
56Quem cum vidisset ancilla quædam sedentem ad lumen, et eum fuisset intuita, dixit: Et hic cum illo erat.
56ထိုသို့ ပေတရု သည် မီး အနား မှာ ထိုင် နေသည်ကို အစေအပါး မိန်းမတစ် ယောက်သည်မြင် လျှင် ၊ သူ့ ကို စေ့စေ့ ကြည့်၍ ၊ ဤသူ သည် ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို သော် ၊
57At ille negavit eum, dicens: Mulier, non novi illum.
57ပေတရုက၊ အချင်းမိန်းမ ၊ ထိုသူ ကို ငါမ သိ ဟု ငြင်း လေ၏။
58Et post pusillum alius videns eum, dixit: Et tu de illis es. Petrus vero ait: O homo, non sum.
58ထိုနောက် များမကြာ အခြားသော သူသည် ပေတရု ကိုမြင် လျှင် ၊ သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် သည်ဟုဆို သော်၊ ပေတရု က ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မ ဟုတ် ဟု ဆို ၏။
59Et intervallo facto quasi horæ unius, alius quidam affirmabat, dicens: Vere et hic cum illo erat: nam et Galilæus est.
59တဖန် တ နာရီလောက် ကြာ ပြီးမှအခြား သောသူ က၊ အကယ်စင်စစ် ဤသူ သည် ယေရှု နှင့် ပေါင်းဖော်သောသူဖြစ် ၏။ ဂါလိလဲ လူလည်း ဖြစ် ၏ဟု ခိုင်မာ စွာဆို လျှင် ၊
60Et ait Petrus: Homo, nescio quid dicis. Et continuo, adhuc illo loquente, cantavit gallus.
60ပေတရု က ၊ အချင်းလူ ၊ သင်ပြော သောအရာ ကို ငါမ သိ ဟုဆို ၏။ ထိုစကားကိုပြော သော ခဏခြင်း တွင် ကြက် တွန် လေ၏။
61Et conversus Dominus respexit Petrum, et recordatus est Petrus verbi Domini, sicut dixerat: Quia priusquam gallus cantet, ter me negabis.
61ထိုအခါ သခင် ဘုရားသည်လှည့် ၍ ပေတရု ကို ကြည့် တော်မူ၏။ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို ပေတရု သည် သတိရ သဖြင့် ၊
62Et egressus foras Petrus flevit amare.
62ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
63Et viri qui tenebant illum, illudebant ei, cædentes.
63ယေရှု ကို ကိုင်ဆွဲ သောသူ တို့သည်ကိုယ်တော် ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ် ကြ၏။
64Et velaverunt eum, et percutiebant faciem ejus: et interrogabant eum, dicentes: Prophetiza, quis est, qui te percussit?
64မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
65Et alia multa blasphemantes dicebant in eum.
65အခြား သောစကားများ ဖြင့်လည်း ကိုယ်တော် ကို ကဲ့ရဲ့ ၍ ပြောဆို ကြသေး၏။
66Et ut factus est dies, convenerunt seniores plebis, et principes sacerdotum, et scribæ, et duxerunt illum in concilium suum, dicentes: Si tu es Christus, dic nobis.
66မိုဃ်းလင်းသောအခါ လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော် ကို လွှတ်တော် သို့ ဆောင်သွား ပြီးလျှင် ၊
67Et ait illis: Si vobis dixero, non credetis mihi:
67သင် သည် ခရစ်တော် မှန် လျှင် ငါ တို့အား ပြော လော့ဟုဆို ကြ၏။ ယေရှုကလည်း ၊ ငါပြော လျှင် သင် တို့ သည် မ ယုံ ။
68si autem et interrogavero, non respondebitis mihi, neque dimittetis.
68ငါမေး လျှင် လည်း သင်တို့သည် မ ဖြေ ဘဲ၊ ငါ့ကို မ လွှတ်ဘဲနေကြလိမ့်မည်။
69Ex hoc autem erit Filius hominis sedens a dextris virtutis Dei.
69နောက်၌ လူ သား သည် ဘုရားသခင် ၏ တန်ခိုး တော်လက်ျာ ဘက်၌ ထိုင် တော်မူလတံ့ ဟု မိန့် တော်မူသော်၊
70Dixerunt autem omnes: Tu ergo es Filius Dei? Qui ait: Vos dicitis, quia ego sum.
70ထိုသူအပေါင်း တို့က ၊ သို့ဖြစ်၍ သင် သည် ဘုရားသခင် ၏ သား တော်မှန် သည်တကားဟု ဆို ကြလျှင် ၊ သင် တို့ဆို သည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
71At illi dixerunt: Quid adhuc desideramus testimonium? ipsi enim audivimus de ore ejus.
71ထိုသူတို့ကလည်း ၊ အဘယ် သက်သေ လို သေး သနည်း။ သူ ၏စကား ကို ငါ တို့ကိုယ်တိုင်ကြား ရပြီဟု ဆို ကြ၏။
Tip: use the ← and → keys to turn chapters.