בְּרֵאשִׁית 37
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1וישב יעקב בארץ מגורי אביו בארץ כנען׃
1ယာကုပ် သည် မိမိ အဘ တည်းခို ရာခါနာန် ပြည် ၌ နေ ၏။
2אלה תלדות יעקב יוסף בן שבע עשרה שנה היה רעה את אחיו בצאן והוא נער את בני בלהה ואת בני זלפה נשי אביו ויבא יוסף את דבתם רעה אל אביהם׃
2ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
3וישראל אהב את יוסף מכל בניו כי בן זקנים הוא לו ועשה לו כתנת פסים׃
3ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
4ויראו אחיו כי אתו אהב אביהם מכל אחיו וישנאו אתו ולא יכלו דברו לשלם׃
4အဘ သည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ် ကြောင်းကို၊ အစ်ကို တို့သည် သိမြင် သောအခါ ၊ သူ့ ကိုမုန်း ၍ မေတ္တာ စကားကို သူ့ အား မ ပြော နိုင်ကြ။
5ויחלם יוסף חלום ויגד לאחיו ויוספו עוד שנא אתו׃
5ယောသပ် သည် အိပ်မက် ကို မြင် ၍ ၊ အစ်ကို တို့ အား ပြန်ပြော သဖြင့် ၊ သူတို့သည် သာ၍ မုန်း ကြ၏။
6ויאמר אליהם שמעו נא החלום הזה אשר חלמתי׃
6အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင် ရသောအိပ်မက် ကို နားထောင် ကြပါ လော့။
7והנה אנחנו מאלמים אלמים בתוך השדה והנה קמה אלמתי וגם נצבה והנה תסבינה אלמתיכם ותשתחוין לאלמתי׃
7ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
8ויאמרו לו אחיו המלך תמלך עלינו אם משול תמשל בנו ויוספו עוד שנא אתו על חלמתיו ועל דבריו׃
8အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
9ויחלם עוד חלום אחר ויספר אתו לאחיו ויאמר הנה חלמתי חלום עוד והנה השמש והירח ואחד עשר כוכבים משתחוים לי׃
9တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
10ויספר אל אביו ואל אחיו ויגער בו אביו ויאמר לו מה החלום הזה אשר חלמת הבוא נבוא אני ואמך ואחיך להשתחות לך ארצה׃
10ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
11ויקנאו בו אחיו ואביו שמר את הדבר׃
11အစ်ကို တို့သည် သူ့ ကို ငြူစူ ကြ၏။ အဘ သည် ထိုအရာ ကို မှတ် လေ၏။
12וילכו אחיו לרעות את צאן אביהם בשכם׃
12အစ်ကို တို့သည် အဘ ၏သိုး ဆိတ်များကို ရှေခင် မြို့မှာ ထိန်း ခြင်းငှါ သွား ကြ၏။
13ויאמר ישראל אל יוסף הלוא אחיך רעים בשכם לכה ואשלחך אליהם ויאמר לו הנני׃
13ဣသရေလ သည် ယောသပ် ကို ခေါ် ၍ ၊ သင် ၏ အစ်ကို တို့သည် သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်း ကြသည်မ ဟုတ်လော။ လာ ပါ။ သင့် ကို သူ တို့ရှိရာသို့ ငါ စေလွှတ် မည်ဟုခေါ်လျှင်၊ ကျွန်ုပ် ရှိ ပါသည်ဟုဆို သော်၊
14ויאמר לו לך נא ראה את שלום אחיך ואת שלום הצאן והשבני דבר וישלחהו מעמק חברון ויבא שכמה׃
14အဘ က သွား ပါ၊ အစ်ကို တို့သည် ချမ်းသာ သလော၊ သိုး ဆိတ်တို့လည်း ကောင်းမွန် စွာရှိသလောဟူ၍ကြည့်ရှု ပြီးလျှင် ၊ ငါ့ အားသိတင်း ကြားပြော ပါဟု မှာ လိုက်လျက်၊ ဟေဗြုန် ချိုင့် မှ စေလွှတ် သဖြင့် ၊ သူသည် ရှေခင် မြို့သို့ ရောက် လေ၏။
15וימצאהו איש והנה תעה בשדה וישאלהו האיש לאמר מה תבקש׃
15တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
16ויאמר את אחי אנכי מבקש הגידה נא לי איפה הם רעים׃
16အစ်ကို များကို ရှာ ၏။ အဘယ် မှာထိန်း ကြသည် ကို ပြော ပါဟုဆိုသော်၊
17ויאמר האיש נסעו מזה כי שמעתי אמרים נלכה דתינה וילך יוסף אחר אחיו וימצאם בדתן׃
17ထိုသူ က၊ ဤ အရပ်မှ ထွက် သွားပြီ။ ဒေါသန် မြို့သို့ သွား ကြစို့ဟု သူတို့ပြော သံကို ကျွန်ုပ်ကြား ခဲ့ပြီဟုဆို ၏။ ယောသပ် သည်လည်း ၊ အစ်ကို တို့ကို လိုက် ရှာ၍ ဒေါသန် မြို့မှာ တွေ့ လေ၏။
18ויראו אתו מרחק ובטרם יקרב אליהם ויתנכלו אתו להמיתו׃
18အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
19ויאמרו איש אל אחיו הנה בעל החלמות הלזה בא׃
19ကြည့် လော့။ အိပ်မက် ဆရာ လာ ပြီ။
20ועתה לכו ונהרגהו ונשלכהו באחד הברות ואמרנו חיה רעה אכלתהו ונראה מה יהיו חלמתיו׃
20ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
21וישמע ראובן ויצלהו מידם ויאמר לא נכנו נפש׃
21ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
22ויאמר אלהם ראובן אל תשפכו דם השליכו אתו אל הבור הזה אשר במדבר ויד אל תשלחו בו למען הציל אתו מידם להשיבו אל אביו׃
22တဖန် ရုဗင် က၊ သူ ၏အသွေး ကို မ သွန်း ကြနှင့်။ ကိုယ်လက် နှင့် မ ပြု ဘဲ၊ တော ၌ ဤ မည်သောတွင်း ထဲ သို့ ချ ကြစို့ဟု သူ တို့လက် မှ ယောသပ် ကို နှုတ် ယူ၍၊ အဘ ၌ တဖန် အပ် မည်အကြံရှိသည်နှင့်ဆို လေ၏။
23ויהי כאשר בא יוסף אל אחיו ויפשיטו את יוסף את כתנתו את כתנת הפסים אשר עליו׃
23ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
24ויקחהו וישלכו אתו הברה והבור רק אין בו מים׃
24သူ့ ကိုကိုင် ယူ၍ တွင်း ထဲ သို့ ချ ကြ၏။ ထိုတွင်း ၌ ရေ မရှိ၊ သွေ့ခြောက် သောတွင်း ဖြစ်သတည်း။
25וישבו לאכל לחם וישאו עיניהם ויראו והנה ארחת ישמעאלים באה מגלעד וגמליהם נשאים נכאת וצרי ולט הולכים להוריד מצרימה׃
25ထိုနောက် အစာ စား ခြင်းငှါ ထိုင် ကြစဉ် မြော် ကြည့် ၍ ၊ ဣရှမေလ အမျိုးသားအစုအဝေးသည် ဂိလဒ် ပြည်မှ လာ ၍ နံ့သာ မျိုး၊ ဗာလစံစေး ၊ မုရန်စေး များ ကို ကုလားအုပ် ပေါ်၌ တင် ဆောင်လျက်၊ အဲဂုတ္တု ပြည်သို့ ခရီးသွား ကြသည်ကို မြင် လျှင်၊
26ויאמר יהודה אל אחיו מה בצע כי נהרג את אחינו וכסינו את דמו׃
26ယုဒ က၊ ငါတို့သည် ညီ ကိုသတ် ၍ သေ ကြောင်းကို ဖွက် ထားလျှင် အဘယ် ကျေးဇူး ရှိသနည်း။
27לכו ונמכרנו לישמעאלים וידנו אל תהי בו כי אחינו בשרנו הוא וישמעו אחיו׃
27ကိုင်ကြ။ ကိုယ်တိုင် မ ညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်း လိုက်ကြစို့။ သူသည် တို့ ညီ ၊ တို့ အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ် ကိုတို့ သည် ဝန်ခံ ကြ၏။
28ויעברו אנשים מדינים סחרים וימשכו ויעלו את יוסף מן הבור וימכרו את יוסף לישמעאלים בעשרים כסף ויביאו את יוסף מצרימה׃
28ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
29וישב ראובן אל הבור והנה אין יוסף בבור ויקרע את בגדיו׃
29ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
30וישב אל אחיו ויאמר הילד איננו ואני אנה אני בא׃
30ညီ တို့ရှိရာသို့ သွား ၍ ၊ သူငယ် မ ရှိပါတကား။ ငါ သည် အဘယ်သို့ သွား ရပါ မည်နည်းဟု ဆို လေ၏။
31ויקחו את כתנת יוסף וישחטו שעיר עזים ויטבלו את הכתנת בדם׃
31သူတို့သည်လည်း၊ ယောသပ် အင်္ကျီ ကိုယူ ၍ ၊ ဆိတ် သငယ် ကိုသတ် ပြီးမှ ၊ အင်္ကျီ ကိုအသွေး ၌ နှစ် လေ၏။
32וישלחו את כתנת הפסים ויביאו אל אביהם ויאמרו זאת מצאנו הכר נא הכתנת בנך הוא אם לא׃
32ထိုနောက်မှ ၊ အဆင်း ထူးခြားသော ထိုအင်္ကျီ ကို ပေး လိုက်၍၊ အချို့တို့သည် အဘ ထံ သို့ဆောင် ခဲ့လျက် ၊ ဤ အင်္ကျီကို အကျွန်ုပ်တို့ တွေ့ ပါပြီ။ သား ၏အင်္ကျီ ဟုတ် သည် မဟုတ်သည်ကို ကြည့် ပါဟုဆို လျှင်၊
33ויכירה ויאמר כתנת בני חיה רעה אכלתהו טרף טרף יוסף׃
33ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
34ויקרע יעקב שמלתיו וישם שק במתניו ויתאבל על בנו ימים רבים׃
34မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
35ויקמו כל בניו וכל בנתיו לנחמו וימאן להתנחם ויאמר כי ארד אל בני אבל שאלה ויבך אתו אביו׃
35သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။
36והמדנים מכרו אתו אל מצרים לפוטיפר סריס פרעה שר הטבחים׃
36ယောသပ် ကိုကား၊ မိဒျန် လူတို့သည် အဲဂုတ္တု ပြည် သို့ ဆောင်သွား၍၊ ဖါရော ဘုရင်၏ အမတ် ဖြစ်သော ကိုယ်ရံတော် မှူး၊ ပေါတိဖါ ထံ မှာ ရောင်း ကြ၏။
Tip: use the ← and → keys to turn chapters.