בְּרֵאשִׁית

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 30
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

בְּרֵאשִׁית 30

Modern Hebrew Bible
Judson Burmese Bible (1840)
1ותרא רחל כי לא ילדה ליעקב ותקנא רחל באחתה ותאמר אל יעקב הבה לי בנים ואם אין מתה אנכי׃
1ရာခေလ သည် ယာကုပ် အား သား မ ဘွား ကြောင်း ကို မိမိသိမြင် သောအခါ ၊ အစ်မ ကို ငြူစူ သောစိတ် ရှိ၍ ၊ ငါ့ အား သား ကိုပေး ပါ။ သို့မဟုတ် ငါ သေ တော့ အံ့ဟု ယာကုပ် ကို ဆို လေ၏။
2ויחר אף יעקב ברחל ויאמר התחת אלהים אנכי אשר מנע ממך פרי בטן׃
2ယာကုပ် ကလည်း ၊ ငါ သည် သင့် အား သား ဘွားသောအခွင့်ကိုပေး တော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလ ကို အမျက် ထွက် ၍ ပြန်ဆို ၏။
3ותאמר הנה אמתי בלהה בא אליה ותלד על ברכי ואבנה גם אנכי ממנה׃
3ရာခေလကလည်း၊ အကျွန်ုပ် ၌ ကျွန် မဗိလဟာ ရှိ ပါ၏။ သူ့ ထံသို့ ဝင် ပါ။ သူသည် အကျွန်ုပ် ဒူး ပေါ် မှာ သားဘွား ၍ ၊ သူ့ အားဖြင့် အကျွန်ုပ် သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆို လျက်၊
4ותתן לו את בלהה שפחתה לאשה ויבא אליה יעקב׃
4ကျွန် မဗိလဟာ ကို ယာကုပ် ၏ မယား ဖြစ် စေခြင်းငှါအပ် ၍ ၊ သူ့ ထံ သို့ယာကုပ် ဝင် လေ၏။
5ותהר בלהה ותלד ליעקב בן׃
5ဗိလဟာ သည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား သား ကို ဘွားမြင် သည်ရှိသော်၊
6ותאמר רחל דנני אלהים וגם שמע בקלי ויתן לי בן על כן קראה שמו דן׃
6ရာခေလ က၊ ဘုရားသခင် သည် ငါ့ ဘက်၌ တရားစီရင် တော်မူပြီ။ ငါ့ စကား ကို ကြား ၍ သား ကို ပေး သနားတော်မူပြီဟု ဆို သည်နှင့်အညီ ၊ ထို သားကို ဒန် အမည် ဖြင့် မှည့် လေ၏။
7ותהר עוד ותלד בלהה שפחת רחל בן שני ליעקב׃
7တဖန် ရာခေလ ၏ကျွန်မ ဗိလဟာ သည် ပဋိသန္ဓေ ယူပြန်၍ ၊ ယာကုပ် အား နှစ် ကြိမ်မြောက်သော သား ကိုဘွား မြင်သည်ရှိသော်၊
8ותאמר רחל נפתולי אלהים נפתלתי עם אחתי גם יכלתי ותקרא שמו נפתלי׃
8ရာခေလ က၊ ငါသည် ငါ့ အစ်မ နှင့် ကျပ်ကျပ် လုံးထွေး၍ နိုင် ခဲ့ပြီဟု ဆို ၍ ၊ ထို သားကို နဿလိ အမည် ဖြင့် မှည့် လေ၏။
9ותרא לאה כי עמדה מלדת ותקח את זלפה שפחתה ותתן אתה ליעקב לאשה׃
9လေအာ သည် သား ပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင် သောအခါ ၊ မိမိ ကျွန် မ ဇိလပ ကို ယူ ၍ ၊ ယာကုပ် ၏မယား ဖြစ် စေခြင်းငှါအပ် လေ၏။
10ותלד זלפה שפחת לאה ליעקב בן׃
10လေအာ ၏ ကျွန် မဇိလပ သည်လည်း ယာကုပ် အား သား ကိုဘွား မြင်သည်ရှိသော်၊
11ותאמר לאה בגד ותקרא את שמו גד׃
11လေအာ က၊ ကောင်းကျိုး လာသည်ဟု ဆို ၍ ၊ ထို သားကို ဂဒ် အမည် ဖြင့် မှည့် လေ၏။
12ותלד זלפה שפחת לאה בן שני ליעקב׃
12တဖန် လေအာ ၏ ကျွန် မဇိလပ သည် ယာကုပ် အား နှစ် ကြိမ်မြောက်သောသား ကို ဘွားမြင် သည် ရှိသော်၊
13ותאמר לאה באשרי כי אשרוני בנות ותקרא את שמו אשר׃
13လေအာ က၊ ငါ ၌ မင်္ဂလာ ရှိ၏။ လူ သမီးတို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆို သဖြင့် ၊ ထို သားကို အာရှာ အမည် ဖြင့် မှည့် လေ၏။
14וילך ראובן בימי קציר חטים וימצא דודאים בשדה ויבא אתם אל לאה אמו ותאמר רחל אל לאה תני נא לי מדודאי בנך׃
14ထိုနောက် ၊ ဂျုံ စပါးကို စုသိမ်း သော အချိန် ကာလ ၌ ၊ ရုဗင် သည် လယ်ပြင် သို့ ထွက်သွား ပြီးလျှင် ၊ အနုဆေးသီး ကိုတွေ့ ၍ ၊ မိမိ အမိ လေအာ ထံ သို့ ဆောင် ခဲ့လေ ၏။ ရာခေလ ကလည်း ၊ သင် ၏သား ရခဲ့သော အနုဆေးသီး အချို့ကိုပေး ပါလော့ဟု၊ လေအာ ကို တောင်း လျှင်၊
15ותאמר לה המעט קחתך את אישי ולקחת גם את דודאי בני ותאמר רחל לכן ישכב עמך הלילה תחת דודאי בנך׃
15လေအာက၊ သင်သည် ငါ့ လင် ကိုယူ ၍ အတွက် မရှိထင်သလော။ ငါ့ သား ၏ အနုဆေးသီး ကိုလည်း ယူ ချင် သေးသည်တကားဟု ဆို လေသော် ၊ ရာခေလ က၊ သို့ဖြစ်လျှင် ၊ သင့် သား ၏ အနုဆေးသီး အတွက် ၊ လင်သည် ယနေ့ညဉ့်တွင် သင် နှင့် အိပ်ရမည်ဟု ဆို၏။
16ויבא יעקב מן השדה בערב ותצא לאה לקראתו ותאמר אלי תבוא כי שכר שכרתיך בדודאי בני וישכב עמה בלילה הוא׃
16ညဦး အချိန်၌ ၊ လယ်ပြင် မှ ယာကုပ် လာ သောအခါ ၊ လေအာ သည် ခရီးဦးကြိုပြု ခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ် ထံသို့ ဝင် ရမည်။ အကျွန်ုပ် ၏သား ရခဲ့ သော အနုဆေးသီး နှင့် သင့် ကို အကျွန်ုပ်ငှါး သည် မှန်ပါ ၏ဟုဆို သဖြင့် ၊ ထို နေ့ညဉ့် တွင် သူ နှင့် အိပ် ရလေ၏။
17וישמע אלהים אל לאה ותהר ותלד ליעקב בן חמישי׃
17လေအာ စကားကို ဘုရားသခင် နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား ပဉ္စမ သား ကို ဘွားမြင် လေသော်၊
18ותאמר לאה נתן אלהים שכרי אשר נתתי שפחתי לאישי ותקרא שמו יששכר׃
18ငါ့ ကျွန် မကို ငါ့ လင် အား ပေး သောကြောင့် ၊ ဘုရားသခင် သည် ငါ့ အား အခ ကို ပေး တော်မူပြီဟုဆို ၍ ၊ ထို သားကို ဣသခါ အမည် ဖြင့် မှည့် လေ၏။
19ותהר עוד לאה ותלד בן ששי ליעקב׃
19တဖန် လေအာ သည် ပဋိသန္ဓေ ယူပြန် ၍ ၊ ယာကုပ် အား ဆဌမ သား ကို ဘွားမြင် လေသော်၊
20ותאמר לאה זבדני אלהים אתי זבד טוב הפעם יזבלני אישי כי ילדתי לו ששה בנים ותקרא את שמו זבלון׃
20ဘုရားသခင် သည် ကောင်း သောလက် ဖွဲ့ကိုပေး သနားတော်မူပြီ။ ငါ့ လင် အား သား ခြောက် ယောက်ကို ဘွားမြင် သောကြောင့် ၊ ယခု ငါ နှင့် အမြဲ နေလိမ့်မည်ဟု ဆို ၍ ၊ ထို သားကို ဇာဗုလုန် အမည် ဖြင့် မှည့် လေ၏။
21ואחר ילדה בת ותקרא את שמה דינה׃
21ထိုနောက်မှ သမီး ကိုဘွား ၍ ၊ ဒိန အမည် ဖြင့် မှည့် လေ၏။
22ויזכר אלהים את רחל וישמע אליה אלהים ויפתח את רחמה׃
22ထိုအခါ ဘုရားသခင် သည် ရာခေလ ကို အောက်မေ့ တော်မူ၏။ သူ ၏စကားကို နားထောင် ၍ ၊ သား ဘွားသောအခွင့် ကိုပေး တော်မူသဖြင့်၊
23ותהר ותלד בן ותאמר אסף אלהים את חרפתי׃
23သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊
24ותקרא את שמו יוסף לאמר יסף יהוה לי בן אחר׃
24ထာဝရဘုရား သည် အခြား သောသား ကို ထပ် ၍ပေးတော်မူပါစေသောဟူ၍၎င်း ဆိုလျက်၊ ထို သားကို ယောသပ် အမည် ဖြင့် မှည့် လေ၏။
25ויהי כאשר ילדה רחל את יוסף ויאמר יעקב אל לבן שלחני ואלכה אל מקומי ולארצי׃
25ရာခေလ သည် ယောသပ် ကို ဘွားမြင် ပြီး သော နောက်၊ ယာကုပ် က၊ အကျွန်ုပ် သည် ကိုယ် နေရင်း ပြည် သို့ သွား မည်အကြောင်း အကျွန်ုပ် ကို လွှတ် ပါလော့။
26תנה את נשי ואת ילדי אשר עבדתי אתך בהן ואלכה כי אתה ידעת את עבדתי אשר עבדתיך׃
26ကျွန်ုပ် သည် အစေခံ ၍ရသော မယား နှင့် သား တို့ကို ဆောင်ယူ၍၊ သွား ရသောအခွင့် ကိုပေး ပါလော့။ ကျွန်ုပ် အစေခံ သည်အကြောင်း ကို အဘ သိ ပါသည်ဟု လာဗန် အား ဆို လျှင်၊
27ויאמר אליו לבן אם נא מצאתי חן בעיניך נחשתי ויברכני יהוה בגללך׃
27လာဗန် က၊ သင် ၏စိတ် နှင့် တွေ့ ပါစေ။ ထာဝရဘုရား သည် သင် ၏အကြောင်း ကြောင့် ငါ့ အား ကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိ ပြီ။
28ויאמר נקבה שכרך עלי ואתנה׃
28ငါ ပေးရမည့်အခ ကို ပြော ပါ၊ ငါပေး မည်ဟု ဆို လေသော်၊
29ויאמר אליו אתה ידעת את אשר עבדתיך ואת אשר היה מקנך אתי׃
29ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံ သည် ကို၎င်း အဘ၏တိရစ္ဆာန် တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိ နေသည်ကို၎င်းအဘ သိ ပါ၏။
30כי מעט אשר היה לך לפני ויפרץ לרב ויברך יהוה אתך לרגלי ועתה מתי אעשה גם אנכי לביתי׃
30အထက် က အဘ ၏ ဥစ္စာနည်း လှ၏။ ယခု တိုးပွါး ၍ များပြား လျက်ရှိ၏။ ကျွန်ုပ် သွား လာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရား သည် အဘ အား ကောင်းကြီး ပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ် သည် ကိုယ် အိမ်သူအိမ်သား တို့ကို အဘယ် သောအခါ ကျွန်ုပ်ပြု စု ရပါအံ့နည်းဟု ဆိုလေ၏။
31ויאמר מה אתן לך ויאמר יעקב לא תתן לי מאומה אם תעשה לי הדבר הזה אשובה ארעה צאנך אשמר׃
31လာဗန်ကလည်း၊ အဘယ် အခကို ပေး ရ မည်နည်းဟုမေး ပြန်လျှင် ၊ ယာကုပ် က၊ ဘာကိုမျှ မ ပေး ပါနှင့်၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြု လိုလျှင် ၊ အဘ၏သိုး စု၊ ဆိတ်စုကို တဖန် ကျွေးမွေးစောင့်ထိန်း ပါဦးမည်။
32אעבר בכל צאנך היום הסר משם כל שה נקד וטלוא וכל שה חום בכשבים וטלוא ונקד בעזים והיה שכרי׃
32ယနေ့ သိုးစု၊ ဆိတ်စုတရှောက်လုံး ကို ကျွန်ုပ် သွား ၍ ၊ ပြောက် ကျား သောဆိတ် များ ညို သော သိုး များ၊ ရှိသမျှ တို့ကိုရွေးနှုတ် ခွဲထားပါမည်။ နောက်မှပြောက်ကျားသောဆိတ်၊ ညိုသောသိုး တို့သည် ကျွန်ုပ် ၏ အခ ဖြစ် စေလော့။
33וענתה בי צדקתי ביום מחר כי תבוא על שכרי לפניך כל אשר איננו נקד וטלוא בעזים וחום בכשבים גנוב הוא אתי׃
33သို့ဖြစ်၍ ၊ နောင် ကာလ ၌ ကျွန်ုပ် ၏အခ သည်၊ အဘရှေ့ သို့ ရောက် သောအခါ ၊ ကျွန်ုပ် ၏ဖြောင့်မတ် ခြင်း သည် ကျွန်ုပ် ကို စောင့်ရှောက် ပါလိမ့်မည်။ မ ပြောက် မကျားသော ဆိတ် ၊ မညို သောသိုး ရှိသမျှ တို့ကို ၊ ကျွန်ုပ် ခိုး သော အကောင်ဟူ၍မှတ်စေလော့ဟု ဆိုလေ၏။
34ויאמר לבן הן לו יהי כדברך׃
34လာဗန် ကလည်း၊ သင် ပြော တိုင်း ဖြစ် လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင်၊ ပြောက် ကျားသော ဆိတ် ထီး၊ ပြောက် ကျားသောဆိတ် မ၊
35ויסר ביום ההוא את התישים העקדים והטלאים ואת כל העזים הנקדות והטלאת כל אשר לבן בו וכל חום בכשבים ויתן ביד בניו׃
35အဖြူ ပါသော ဆိတ်ရှိသမျှ တို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှ တို့ကိုရွေး ၍ ၊ မိမိ သား တို့လက် သို့ အပ် ပေးလေ၏။
36וישם דרך שלשת ימים בינו ובין יעקב ויעקב רעה את צאן לבן הנותרת׃
36ကိုယ် နေရာ အရပ်နှင့် ၊ ယာကုပ် နေရာအရပ်ကို သုံး ရက် ခရီး ကွာ စေခြင်းငှါ စီရင် သေး၏။ ယာကုပ် သည် ကြွင်း သော လာဗန် ၏သိုး ဆိတ်များကို ထိန်း လျက် နေရ လေ၏။
37ויקח לו יעקב מקל לבנה לח ולוז וערמון ויפצל בהן פצלות לבנות מחשף הלבן אשר על המקלות׃
37ထိုအခါ ယာကုပ် သည်၊ စိမ်း သောလိဗနာ ပင်၊ လုဇ ပင်၊ အာရမုန် ပင်တို့၏ အခက် တံဖျားများကိုယူ ၍၊ အဖြူ ၊ အစိမ်း၊ အတန့်တန့်ပေါ် အောင်အခွံ ကို လှီး ခွာ ပြီးလျှင်၊
38ויצג את המקלות אשר פצל ברהטים בשקתות המים אשר תבאן הצאן לשתות לנכח הצאן ויחמנה בבאן לשתות׃
38ရေသောက် လာ သောသိုး ၊ ဆိတ်အထီးအမ ရှက်တင် စေမည်အကြံရှိ၍၊ ရေသောက် လာ သောအခါ ၊ အခွံ ခွာပြီးသော တံဖျား တို့ကို ရေ သောက်ကျင်း၊ သောက် ခွက်တို့၌ သိုး ဆိတ်တို့ ရှေ့ မှာစိုက်ထား လေ၏။
39ויחמו הצאן אל המקלות ותלדן הצאן עקדים נקדים וטלאים׃
39သိုး ဆိတ်တို့သည် တံဖျာ များရှေ့ မှာ ရှက်တင် ၍ ၊ အပြောက် အကျား စသည်တို့ကို ဘွား ကြ၏။
40והכשבים הפריד יעקב ויתן פני הצאן אל עקד וכל חום בצאן לבן וישת לו עדרים לבדו ולא שתם על צאן לבן׃
40ယာကုပ် သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲ ထား၍ ၊ လာဗန် ၏သိုး စု၊ ဆိတ်စုတွင် အဆင်း ပြောက် ကျားသော အကောင်၊ အဆင်း ညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုး ဆိတ်များကိုမျက်နှာ ပြု စေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန် များကိုလည်း မ ရော မနှော စေဘဲ၊ တစုစီခွဲထားလေ၏။
41והיה בכל יחם הצאן המקשרות ושם יעקב את המקלות לעיני הצאן ברהטים ליחמנה במקלות׃
41အားကြီး သောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာ တို့တွင် ရှက်တင် စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက် တွင် ထား တတ်၏။
42ובהעטיף הצאן לא ישים והיה העטפים ללבן והקשרים ליעקב׃
42အားနည်း သောအကောင် တို့ရှေ့ မှာ တံဖျာ တို့ကို မ ပြ မထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ၏။ အားကြီး သော အကောင်တို့မူကား၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ၏။
43ויפרץ האיש מאד מאד ויהי לו צאן רבות ושפחות ועבדים וגמלים וחמרים׃
43ထိုသို့ ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် ၊ မြည်း အများ ရှိ ကြ၏။

Tip: use the ← and → keys to turn chapters.