בְּרֵאשִׁית 3
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1והנחש היה ערום מכל חית השדה אשר עשה יהוה אלהים ויאמר אל האשה אף כי אמר אלהים לא תאכלו מכל עץ הגן׃
1မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။
2ותאמר האשה אל הנחש מפרי עץ הגן נאכל׃
2မိန်းမ ကလည်း ၊ ငါတို့သည် ဥယျာဉ် ရှိ သောအပင် တို့၏ အသီး ကိုစား ရသောအခွင့်ရှိ၏။
3ומפרי העץ אשר בתוך הגן אמר אלהים לא תאכלו ממנו ולא תגעו בו פן תמתון׃
3ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
4ויאמר הנחש אל האשה לא מות תמתון׃
4မြွေ ကလည်း သင်တို့သည် ဧကန်အမှန်သေ ရမည်မ ဟုတ်၊
5כי ידע אלהים כי ביום אכלכם ממנו ונפקחו עיניכם והייתם כאלהים ידעי טוב ורע׃
5အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။
6ותרא האשה כי טוב העץ למאכל וכי תאוה הוא לעינים ונחמד העץ להשכיל ותקח מפריו ותאכל ותתן גם לאישה עמה ויאכל׃
6ထို အပင် သည် စားဘွယ် ကောင်း ခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာ တိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် ၊ အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။
7ותפקחנה עיני שניהם וידעו כי עירמם הם ויתפרו עלה תאנה ויעשו להם חגרת׃
7ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
8וישמעו את קול יהוה אלהים מתהלך בגן לרוח היום ויתחבא האדם ואשתו מפני יהוה אלהים בתוך עץ הגן׃
8နေဧသောအချိန် တွင် ၊ ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။
9ויקרא יהוה אלהים אל האדם ויאמר לו איכה׃
9ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။
10ויאמר את קלך שמעתי בגן ואירא כי עירם אנכי ואחבא׃
10လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။
11ויאמר מי הגיד לך כי עירם אתה המן העץ אשר צויתיך לבלתי אכל ממנו אכלת׃
11ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။
12ויאמר האדם האשה אשר נתתה עמדי הוא נתנה לי מן העץ ואכל׃
12လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။
13ויאמר יהוה אלהים לאשה מה זאת עשית ותאמר האשה הנחש השיאני ואכל׃
13ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် ၊ မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ၊ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။
14ויאמר יהוה אלהים אל הנחש כי עשית זאת ארור אתה מכל הבהמה ומכל חית השדה על גחנך תלך ועפר תאכל כל ימי חייך׃
14ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။
15ואיבה אשית בינך ובין האשה ובין זרעך ובין זרעה הוא ישופך ראש ואתה תשופנו עקב׃
15သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
16אל האשה אמר הרבה ארבה עצבונך והרנך בעצב תלדי בנים ואל אישך תשוקתך והוא ימשל בך׃
16မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
17ולאדם אמר כי שמעת לקול אשתך ותאכל מן העץ אשר צויתיך לאמר לא תאכל ממנו ארורה האדמה בעבורך בעצבון תאכלנה כל ימי חייך׃
17ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
18וקוץ ודרדר תצמיח לך ואכלת את עשב השדה׃
18ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။
19בזעת אפיך תאכל לחם עד שובך אל האדמה כי ממנה לקחת כי עפר אתה ואל עפר תשוב׃
19သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
20ויקרא האדם שם אשתו חוה כי הוא היתה אם כל חי׃
20ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။
21ויעש יהוה אלהים לאדם ולאשתו כתנות עור וילבשם׃
21ထာဝရ အရှင် ဘုရား သခင်သည်လည်း လူ လင်မယား တို့ သားရေ ဖြင့် ဝတ်လုံ ကိုလုပ် ၍ ဝတ် ခြုံစေတော်မူ ၏။
22ויאמר יהוה אלהים הן האדם היה כאחד ממנו לדעת טוב ורע ועתה פן ישלח ידו ולקח גם מעץ החיים ואכל וחי לעלם׃
22ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
23וישלחהו יהוה אלהים מגן עדן לעבד את האדמה אשר לקח משם׃
23လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။
24ויגרש את האדם וישכן מקדם לגן עדן את הכרבים ואת להט החרב המתהפכת לשמר את דרך עץ החיים׃
24ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင်၊ အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ ၊ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။
Tip: use the ← and → keys to turn chapters.