בְּרֵאשִׁית

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 38
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

בְּרֵאשִׁית 38

Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי בעת ההוא וירד יהודה מאת אחיו ויט עד איש עדלמי ושמו חירה׃
1ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။
2וירא שם יהודה בת איש כנעני ושמו שוע ויקחה ויבא אליה׃
2ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊
3ותהר ותלד בן ויקרא את שמו ער׃
3ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။
4ותהר עוד ותלד בן ותקרא את שמו אונן׃
4တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
5ותסף עוד ותלד בן ותקרא את שמו שלה והיה בכזיב בלדתה אתו׃
5တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
6ויקח יהודה אשה לער בכורו ושמה תמר׃
6ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
7ויהי ער בכור יהודה רע בעיני יהוה וימתהו יהוה׃
7ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။
8ויאמר יהודה לאונן בא אל אשת אחיך ויבם אתה והקם זרע לאחיך׃
8ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။
9וידע אונן כי לא לו יהיה הזרע והיה אם בא אל אשת אחיו ושחת ארצה לבלתי נתן זרע לאחיו׃
9ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။
10וירע בעיני יהוה אשר עשה וימת גם אתו׃
10ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။
11ויאמר יהודה לתמר כלתו שבי אלמנה בית אביך עד יגדל שלה בני כי אמר פן ימות גם הוא כאחיו ותלך תמר ותשב בית אביה׃
11သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
12וירבו הימים ותמת בת שוע אשת יהודה וינחם יהודה ויעל על גזזי צאנו הוא וחירה רעהו העדלמי תמנתה׃
12ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။
13ויגד לתמר לאמר הנה חמיך עלה תמנתה לגז צאנו׃
13မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊
14ותסר בגדי אלמנותה מעליה ותכס בצעיף ותתעלף ותשב בפתח עינים אשר על דרך תמנתה כי ראתה כי גדל שלה והוא לא נתנה לו לאשה׃
14မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။
15ויראה יהודה ויחשבה לזונה כי כסתה פניה׃
15ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊
16ויט אליה אל הדרך ויאמר הבה נא אבוא אליך כי לא ידע כי כלתו הוא ותאמר מה תתן לי כי תבוא אלי׃
16လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊
17ויאמר אנכי אשלח גדי עזים מן הצאן ותאמר אם תתן ערבון עד שלחך׃
17ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊
18ויאמר מה הערבון אשר אתן לך ותאמר חתמך ופתילך ומטך אשר בידך ויתן לה ויבא אליה ותהר לו׃
18ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။
19ותקם ותלך ותסר צעיפה מעליה ותלבש בגדי אלמנותה׃
19ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။
20וישלח יהודה את גדי העזים ביד רעהו העדלמי לקחת הערבון מיד האשה ולא מצאה׃
20ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊
21וישאל את אנשי מקמה לאמר איה הקדשה הוא בעינים על הדרך ויאמרו לא היתה בזה קדשה׃
21ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊
22וישב אל יהודה ויאמר לא מצאתיה וגם אנשי המקום אמרו לא היתה בזה קדשה׃
22ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။
23ויאמר יהודה תקח לה פן נהיה לבוז הנה שלחתי הגדי הזה ואתה לא מצאתה׃
23ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။
24ויהי כמשלש חדשים ויגד ליהודה לאמר זנתה תמר כלתך וגם הנה הרה לזנונים ויאמר יהודה הוציאוה ותשרף׃
24ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
25הוא מוצאת והיא שלחה אל חמיה לאמר לאיש אשר אלה לו אנכי הרה ותאמר הכר נא למי החתמת והפתילים והמטה האלה׃
25ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။
26ויכר יהודה ויאמר צדקה ממני כי על כן לא נתתיה לשלה בני ולא יסף עוד לדעתה׃
26ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။
27ויהי בעת לדתה והנה תאומים בבטנה׃
27ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။
28ויהי בלדתה ויתן יד ותקח המילדת ותקשר על ידו שני לאמר זה יצא ראשנה׃
28ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။
29ויהי כמשיב ידו והנה יצא אחיו ותאמר מה פרצת עליך פרץ ויקרא שמו פרץ׃
29သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
30ואחר יצא אחיו אשר על ידו השני ויקרא שמו זרח׃
30ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။

Tip: use the ← and → keys to turn chapters.