ΑΠΟΚΑΛΥΨΙΣ ΙΩΑΝΝΟΥ 22
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Καὶ ἔδειξέ μοι καθαρὸν ποταμὸν ὕδατος ζωῆς, λαμπρὸν ὡς κρύσταλλον, ἐκπορευόμενον ἐκ τοῦ θρόνου τοῦ Θεοῦ καὶ τοῦ ἀρνίου.
1တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။
2Ἐν μέσῳ τῆς πλατείας αὐτῆς, καὶ τοῦ ποταμοῦ ἐντεῦθεν καὶ ἐντεῦθεν, ξύλον ζωῆς, ποιοῦν καρποὺς δώδεκα, κατὰ μῆνα ἕνα ἕκαστον ἀποδιδοῦν τὸν καρπὸν αὐτοῦ· καὶ τὰ φύλλα τοῦ ξύλου εἰς θεραπείαν τῶν ἐθνῶν.
2မြို့ လမ်းမ အလယ် ၌ ၎င်း၊ ထိုမြစ် နှစ်ဘက်၌၎င်း၊ အသက် ပင် ရှိ၏။ ထိုအသက်ပင်သည် အသီး တဆယ့်နှစ် မျိုးကို သီး တတ်၏။ မိမိအသီး ကိုလည်း လ တိုင်းပေး တတ်၏။ အရွက် သည်လည်း လူ အမျိုးမျိုးတို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။
3Καὶ πᾶν κατανάθεμα οὐκ ἔσται ἔτι· καὶ ὁ θρόνος τοῦ Θεοῦ καὶ τοῦ ἀρνίου ἐν αὐτῇ ἔσται· καὶ οἱ δοῦλοι αὐτοῦ λατρεύσουσιν αὐτῷ,
3နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား ဝတ်ကို ပြုကြ လိမ့်မည်။
4καὶ ὄψονται τὸ πρόσωπον αὐτοῦ· καὶ τὸ ὄνομα αὐτοῦ ἐπὶ τῶν μετώπων αὐτῶν.
4မျက်နှာ တော်ကိုမြင် ရ၍ သူ တို့နဖူး ၌ လည်း နာမ တော်ရေးထား လျက်ရှိလိမ့်မည်။
5Καὶ νὺξ οὐκ ἔσται ἐκεῖ, καὶ χρείαν οὐκ ἔχουσι λύχνου καὶ φωτὸς ἡλίου, ὅτι Κύριος ὁ Θεὸς φωτίζει αὐτούς· καὶ βασιλεύσουσιν εἰς τοὺς αἰῶνας τῶν αἰώνων.
5ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။
6Καὶ εἶπέ μοι, Οὗτοι οἱ λόγοι πιστοὶ καὶ ἀληθινοί· καὶ Κύριος ὁ Θεὸς τῶν ἁγίων προφητῶν ἀπέστειλε τὸν ἄγγελον αὐτοῦ δεῖξαι τοῖς δούλοις αὐτοῦ ἃ δεῖ γενέσθαι ἐν τάχει.
6ကောင်းကင်တမန်ကလည်း ၊ ဤ စကား သည် သစ္စာ စကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ် ကို အစိုးရသော ထာဝရ အရှင်ဘုရားသခင် သည်၊ ကာလ မကြာမမြင့်မှီဖြစ် ရ မည် အမှုအရာ များကို မိမိ ကျွန် တို့အား ပြ စေခြင်းငှာ၊ ကောင်းကင် တမန်တော်ကို စေလွှတ် တော်မူပြီ။
7Ἰδού, ἔρχομαι ταχύ. Μακάριος ὁ τηρῶν τοὺς λόγους τῆς προφητείας τοῦ βιβλίου τούτου.
7ငါသည်အလျင်အမြန် လာ မည်။ ဤ စာစောင် ၏ အနာဂတ္တိ စကား ကိုစောင့်ရှောက် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆို ၏။
8Καὶ ἐγὼ Ἰωάννης ὁ βλέπων ταῦτα καὶ ἀκούων. Καὶ ὅτε ἤκουσα καὶ ἔβλεψα, ἔπεσα προσκυνῆσαι ἔμπροσθεν τῶν ποδῶν τοῦ ἀγγέλου τοῦ δεικνύοντός μοι ταῦτα.
8ငါ ယောဟန် သည် ဤအရာ များကို ကြား မြင် ၏။ ကြား မြင် ပြီးလျှင် ၊ ထို အရာများကို ပြ သော ကောင်းကင် တမန်၏ ခြေ ရင်း၌ ကိုးကွယ် အံ့သောငှာပြပ်ဝပ် ၏။
9Καὶ λέγει μοι, Ὅρα μή· σύνδουλός σου γάρ εἰμι, καὶ τῶν ἀδελφῶν σου τῶν προφητῶν, καὶ τῶν τηρούντων τοὺς λόγους τοῦ βιβλίου τούτου· τῷ Θεῷ προσκύνησον.
9သူကလည်း ၊ မ ပြုပါနှင့်။ ငါကား၊ သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ သင် ၏ အစ်ကို ပရောဖက် တို့နှင့် ဤ စာစောင် ၏ စကား ကို စောင့်ရှောက် သော သူ တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင် ကိုကိုးကွယ် လော့ဟုပြောဆို ၏။
10Καὶ λέγει μοι, Μὴ σφραγίσῃς τοὺς λόγους τῆς προφητείας τοῦ βιβλίου τούτου· ὅτι ὁ καιρὸς ἐγγύς ἐστιν.
10တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ အချိန် ရောက် လုနီးပြီ။
11Ὁ ἀδικῶν ἀδικησάτω ἔτι· καὶ ὁ ῥυπῶν ῥυπωσάτω ἔτι· καὶ ὁ δίκαιος δικαιωθήτω ἔτι· καὶ ὁ ἅγιος ἁγιασθήτω ἔτι.
11မတရား သောသူ သည် မတရား သဖြင့် ပြုစေ ဦး။ ညစ်ညူး သောသူ သည် ညစ်ညူး စေဦး။ ဖြောင့်မတ် သောသူ သည်ဖြောင့်မတ် စေဦး။ သန့်ရှင်း သောသူ သည် သန့်ရှင်း စေဦး ။
12Καὶ ἰδού, ἔρχομαι ταχύ, καὶ ὁ μισθός μου μετ᾿ ἐμοῦ, ἀποδοῦναι ἑκάστῳ ὡς τὸ ἔργον αὐτοῦ ἔσται.
12ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး တို့အား မိမိ တို့အကျင့် အတိုင်း ဆပ်ပေး မည်။
13Ἐγώ εἰμι τὸ Α καὶ τὸ Ω, ἀρχὴ καὶ τὸ τέλος, ὁ πρῶτος καὶ ὁ ἔσχατος.
13ငါ သည် အာလဖ ဖြစ်၏ ဩမေဃ လည်း ဖြစ်၏။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ်၏။ အစ နှင့် အဆုံး လည်း ဖြစ်၏။
14Μακάριοι οἱ ποιοῦντες τὰς ἐντολὰς αὐτοῦ, ἵνα ἔσται ἡ ἐξουσία αὐτῶν ἐπὶ τὸ ξύλον τῆς ζωῆς, καὶ τοῖς πυλῶσιν εἰσέλθωσιν εἰς τὴν πόλιν.
14အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။
15Ἔξω δὲ οἱ κύνες καὶ οἱ φαρμακοὶ καὶ οἱ πόρνοι καὶ οἱ φονεῖς καὶ οἱ εἰδωλολάτραι, καὶ πᾶς ὁ φιλῶν καὶ ποιῶν ψεῦδος.
15ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။
16Ἐγὼ Ἰησοῦς ἔπεμψα τὸν ἄγγελόν μου μαρτυρῆσαι ὑμῖν ταῦτα ἐπὶ ταῖς ἐκκλησίαις. Ἐγώ εἰμι ἡ ῥίζα καὶ τὸ γένος τοῦ Δαβίδ, ὁ ἀστὴρ ὁ λαμπρὸς καὶ ὀρθρινός.
16ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။
17Καὶ τὸ πνεῦμα καὶ ἡ νύμφη λέγουσιν, Ἐλθέ. Καὶ ὁ ἀκούων εἰπάτω, Ἐλθέ. Καὶ ὁ διψῶν ἐλθέτω· καὶ ὁ θέλων λαμβανέτω τὸ ὕδωρ ζωῆς δωρεάν.
17ဝိညာဉ် တော်နှင့် မင်္ဂလာဆောင်သတို့သမီး က လာ ခဲ့ပါဟု ဆို ကြ၏။ ကြား သောသူ ကလည်း ၊ လာ ခဲ့ပါ ဟုဆို ပါစေ ၊ ရေငတ် သောသူ သည် လာ ပါစေ။ အလိုရှိ သော သူ သည် အဘိုး ကိုမပေးဘဲ အသက် ရေ ကို ယူ ပါစေ။
18Συμμαρτυροῦμαι γὰρ παντὶ ἀκούοντι τοὺς λόγους τῆς προφητείας τοῦ βιβλίου τούτου, ἐάν τις ἐπιτιθῇ πρὸς ταῦτα, ἐπιθήσει ὁ Θεὸς ἐπ᾿ αὐτὸν τὰς πληγὰς τὰς γεγραμμένας ἐν βιβλίῳ τούτῳ·
18ဤ စာစောင် ၏ အနာဂတ္တိ စကား ကို ကြား သော သူအပေါင်း တို့အားငါ သက်သေခံ သည်ကား၊ အကြင်သူ သည် ဤအရာတို့၌၍ ထပ် အသစ်သွင်း၏။ ဤ စာစောင် ၌ ရေး ထားသော ဘေးဒဏ် တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက် စေတော်မူမည်။
19καὶ ἐάν τις ἀφαιρῇ ἀπὸ τῶν λόγων βίβλου τῆς προφητείας ταύτης, ἀφαιρήσει ὁ Θεὸς τὸ μέρος αὐτοῦ ἀπὸ Βίβλου τῆς ζωῆς, καὶ ἐκ τῆς πόλεως τῆς ἁγίας, καὶ τῶν γεγραμμένων ἐν βιβλίῳ τούτῳ.
19အကြင်သူ သည် ဤ စာစောင် ၏ အနာဂတ္တိ စကား အချို့ကို နှုတ်ပယ် ၏။ ဤ စာစောင် ၌ ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။
20Λέγει ὁ μαρτυρῶν ταῦτα, Ναί, ἔρχομαι ταχύ. Ἀμήν. Ναί, ἔρχου, Κύριε Ἰησοῦ.
20ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊
21Ἡ χάρις τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ μετὰ πάντων ὑμῶν. Ἀμήν.
21ဤအရာ များကို သက်သေခံ သောသူ မိန့် တော်မူ၏ အာမင် ၊ သခင် ယေရှု ကြွလာ တော်မူပါ။ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။
Tip: use the ← and → keys to turn chapters.