Apocalipse 22
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1Ele me mostrou um rio da água da vida, claro como cristal, que procedia do trono de Deus e do Cordeiro,
1တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။
2no meio da sua rua principal. De um e de outro lado do rio estava a árvore da vida, que produz doze tipos de frutos, dando o seu fruto a cada mês. As folhas da árvore servem para a cura das nações.
2မြို့ လမ်းမ အလယ် ၌ ၎င်း၊ ထိုမြစ် နှစ်ဘက်၌၎င်း၊ အသက် ပင် ရှိ၏။ ထိုအသက်ပင်သည် အသီး တဆယ့်နှစ် မျိုးကို သီး တတ်၏။ မိမိအသီး ကိုလည်း လ တိုင်းပေး တတ်၏။ အရွက် သည်လည်း လူ အမျိုးမျိုးတို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။
3Não haverá mais maldição alguma. O trono de Deus e do Cordeiro estará nela, e os seus servos o servirão.
3နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား ဝတ်ကို ပြုကြ လိမ့်မည်။
4Eles verão o seu rosto, e o nome dele estará em suas testas.
4မျက်နှာ တော်ကိုမြင် ရ၍ သူ တို့နဖူး ၌ လည်း နာမ တော်ရေးထား လျက်ရှိလိမ့်မည်။
5Não haverá mais noite, e eles não precisarão de luz de lâmpada nem da luz do sol; pois o Senhor Deus os iluminará. E eles reinarão para todo o sempre.
5ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။
6Ele me disse: “Estas palavras são fiéis e verdadeiras. O Senhor Deus dos espíritos dos profetas enviou o seu anjo para mostrar aos seus servos as coisas que em breve devem acontecer.”
6ကောင်းကင်တမန်ကလည်း ၊ ဤ စကား သည် သစ္စာ စကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ် ကို အစိုးရသော ထာဝရ အရှင်ဘုရားသခင် သည်၊ ကာလ မကြာမမြင့်မှီဖြစ် ရ မည် အမှုအရာ များကို မိမိ ကျွန် တို့အား ပြ စေခြင်းငှာ၊ ကောင်းကင် တမန်တော်ကို စေလွှတ် တော်မူပြီ။
7“Eis que venho em breve! Bem-aventurado aquele que guarda as palavras da profecia deste livro.”
7ငါသည်အလျင်အမြန် လာ မည်။ ဤ စာစောင် ၏ အနာဂတ္တိ စကား ကိုစောင့်ရှောက် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆို ၏။
8Eu, João, ouvi e vi estas coisas. E quando as ouvi e vi, prostrei-me para adorar aos pés do anjo que me mostrava estas coisas.
8ငါ ယောဟန် သည် ဤအရာ များကို ကြား မြင် ၏။ ကြား မြင် ပြီးလျှင် ၊ ထို အရာများကို ပြ သော ကောင်းကင် တမန်၏ ခြေ ရင်း၌ ကိုးကွယ် အံ့သောငှာပြပ်ဝပ် ၏။
9Mas ele me disse: “Não faça isso! Sou conservo seu e dos seus irmãos, os profetas, e daqueles que guardam as palavras deste livro. Adore a Deus.”
9သူကလည်း ၊ မ ပြုပါနှင့်။ ငါကား၊ သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ သင် ၏ အစ်ကို ပရောဖက် တို့နှင့် ဤ စာစောင် ၏ စကား ကို စောင့်ရှောက် သော သူ တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင် ကိုကိုးကွယ် လော့ဟုပြောဆို ၏။
10E me disse: “Não sele as palavras da profecia deste livro, pois o tempo está próximo.
10တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ အချိန် ရောက် လုနီးပြီ။
11Quem age injustamente, continue a agir injustamente. Quem é imundo, continue a ser imundo. Quem é justo, continue a praticar a justiça. Quem é santo, continue a ser santo.”
11မတရား သောသူ သည် မတရား သဖြင့် ပြုစေ ဦး။ ညစ်ညူး သောသူ သည် ညစ်ညူး စေဦး။ ဖြောင့်မတ် သောသူ သည်ဖြောင့်မတ် စေဦး။ သန့်ရှင်း သောသူ သည် သန့်ရှင်း စေဦး ။
12“Eis que venho em breve! A minha recompensa está comigo, para retribuir a cada um segundo a sua obra.
12ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး တို့အား မိမိ တို့အကျင့် အတိုင်း ဆပ်ပေး မည်။
13Eu sou o Alfa e o Ômega, o Primeiro e o Último, o Princípio e o Fim.
13ငါ သည် အာလဖ ဖြစ်၏ ဩမေဃ လည်း ဖြစ်၏။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ်၏။ အစ နှင့် အဆုံး လည်း ဖြစ်၏။
14Bem-aventurados aqueles que guardam os seus mandamentos, para que tenham direito à árvore da vida e possam entrar na cidade pelas portas.
14အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။
15Ficam de fora os cães, os feiticeiros, os imorais, os assassinos, os idólatras e todo aquele que ama e pratica a mentira.
15ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။
16Eu, Jesus, enviei o meu anjo para dar testemunho destas coisas a vocês, para as igrejas. Eu sou a raiz e a descendência de Davi, a resplandecente Estrela da Manhã.”
16ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။
17O Espírito e a noiva dizem: “Vem!” Aquele que ouve diga: “Vem!” Aquele que tem sede venha. E quem quiser beba de graça da água da vida.
17ဝိညာဉ် တော်နှင့် မင်္ဂလာဆောင်သတို့သမီး က လာ ခဲ့ပါဟု ဆို ကြ၏။ ကြား သောသူ ကလည်း ၊ လာ ခဲ့ပါ ဟုဆို ပါစေ ၊ ရေငတ် သောသူ သည် လာ ပါစေ။ အလိုရှိ သော သူ သည် အဘိုး ကိုမပေးဘဲ အသက် ရေ ကို ယူ ပါစေ။
18Eu testifico a todo aquele que ouve as palavras da profecia deste livro: se alguém lhes acrescentar alguma coisa, Deus lhe acrescentará as pragas que estão escritas neste livro.
18ဤ စာစောင် ၏ အနာဂတ္တိ စကား ကို ကြား သော သူအပေါင်း တို့အားငါ သက်သေခံ သည်ကား၊ အကြင်သူ သည် ဤအရာတို့၌၍ ထပ် အသစ်သွင်း၏။ ဤ စာစောင် ၌ ရေး ထားသော ဘေးဒဏ် တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက် စေတော်မူမည်။
19E se alguém tirar quaisquer palavras do livro desta profecia, Deus tirará a sua parte da árvore da vida, e da cidade santa, descritas neste livro.
19အကြင်သူ သည် ဤ စာစောင် ၏ အနာဂတ္တိ စကား အချို့ကို နှုတ်ပယ် ၏။ ဤ စာစောင် ၌ ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။
20Aquele que testifica estas coisas diz: “Sim, venho em breve.” Amém! Sim, vem, Senhor Jesus!
20ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊
21A graça do Senhor Jesus Cristo seja com todos os santos. Amém.
21ဤအရာ များကို သက်သေခံ သောသူ မိန့် တော်မူ၏ အာမင် ၊ သခင် ယေရှု ကြွလာ တော်မူပါ။ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။
Tip: use the ← and → keys to turn chapters.