ΑΠΟΚΑΛΥΨΙΣ ΙΩΑΝΝΟΥ
Chapter 19

ΑΠΟΚΑΛΥΨΙΣ ΙΩΑΝΝΟΥ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΑΠΟΚΑΛΥΨΙΣ ΙΩΑΝΝΟΥ 19

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Καὶ μετὰ ταῦτα ἤκουσα φωνὴν ὄχλου πολλοῦ μεγάλην ἐν τῷ οὐρανῷ, λέγοντος, Ἁλληλούϊα· ἡ σωτηρία καὶ ἡ δόξα καὶ ἡ τιμὴ καὶ ἡ δύναμις Κυρίῳ τῷ Θεῷ ἡμῶν·
1ထိုနောက်မှ ကောင်းကင် ဘုံ၌ စည်းဝေး သော သူအများ တို့၏ အသံ ကြီး ကား၊ ဟာလေလုယ ၊ ငါ တို့ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းချမ်းသာ၊ ဘုန်း အသရေတန်ခိုး တော်ပေတည်း။
2ὅτι ἀληθιναὶ καὶ δίκαιαι αἱ κρίσεις αὐτοῦ· ὅτι ἔκρινε τὴν πόρνην τὴν μεγάλην, ἥτις ἔφθειρε τὴν γῆν ἐν τῇ πορνείᾳ αὐτῆς, καὶ ἐξεδίκησε τὸ αἷμα τῶν δούλων αὐτοῦ ἐκ τῆς χειρὸς αὐτῆς.
2စီရင် တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ် ကြ၏။ မိမိ မတရား သော မေထုန်အားဖြင့် မြေကြီး ကို ပုပ်ပျက် စေသော ပြည်တန်ဆာ ကြီး ကို စစ်ကြော စီရင်တော်မူပြီ။ ကိုယ်တော် ကျွန် တို့၏ အသွေး ကို သူ ၏ လက် ဖြင့် သွန်းသော အပြစ်နှင့်အလျောက် ဒဏ် ပေးတော်မူပြီဟု ပြောဆို ကြသည်ကို ငါကြား ၏။
3Καὶ δεύτερον εἴρηκαν, Ἁλληλούϊα· καὶ ὁ καπνὸς αὐτῆς ἀναβαίνει εἰς τοὺς αἰῶνας τῶν αἰώνων.
3တဖန်တုံ ၊ ဟာလေလုယ ဟူ၍၎င်း ၊ သူ ၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် သည်ဟူ၍၎င်း ပြောဆို ကြ၏။
4Καὶ ἔπεσαν οἱ πρεσβύτεροι οἱ εἴκοσι καὶ τέσσαρες, καὶ τὰ τέσσαρα ζῷα, καὶ προσεκύνησαν τῷ Θεῷ τῷ καθημένῳ ἐπὶ τοῦ θρόνου, λέγοντες, Ἀμήν· Ἁλληλούϊα.
4အသက်ကြီး သူ နှစ်ဆယ် လေး ပါးနှင့် သတ္တဝါ လေး ပါးတို့သည် ပြပ်ဝပ် ၍ ၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော ဘုရားသခင် ကို ကိုးကွယ် လျက် ၊ အာမင် ၊ ဟာလေလုယ ဟုလျှောက်ဆို ကြ၏။
5Καὶ φωνὴ ἐκ τοῦ θρόνου ἐξῆλθε, λέγουσα, Αἰνεῖτε τὸν Θεὸν ἡμῶν πάντες οἱ δοῦλοι αὐτοῦ, καὶ οἱ φοβούμενοι αὐτόν, καὶ οἱ μικροὶ καὶ οἱ μεγάλοι.
5ပလ္လင် တော်ပေါ် က ထွက် သောအသံ ကား၊ ဘုရားသခင် ၏ ကျွန် အပေါင်း တို့နှင့် ဘုရားသခင် ကို ကြောက်ရွံ့ သောသူ အကြီး အငယ် အပေါင်းတို့၊ ငါ တို့ ဘုရားသခင် ကို ချီးမွမ်း ကြလော့ဟု ဆို သတည်း။
6Καὶ ἤκουσα ὡς φωνὴν ὄχλου πολλοῦ, καὶ ὡς φωνὴν ὑδάτων πολλῶν, καὶ ὡς φωνὴν βροντῶν ἰσχυρῶν, λέγοντας, Ἁλληλούϊα· ὅτι ἐβασίλευσε Κύριος ὁ Θεὸς ὁ παντοκράτωρ.
6တဖန်တုံ ၊ ဟာလေလုယ ၊ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါ တို့ဘုရားသခင် သည် စိုးစံ တော်မူ၏။
7Χαίρωμεν καὶ ἀγαλλιώμεθα, καὶ δῶμεν τὴν δόξαν αὐτῷ· ὅτι ἦλθεν ὁ γάμος τοῦ ἀρνίου, καὶ ἡ γυνὴ αὐτοῦ ἡτοίμασεν ἑαυτήν.
7ငါတို့သည် ဝမ်းမြောက် ရွှင်လန်း ကြကုန်အံ့၊ ဂုဏ် တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲကိုခံ ချိန်ရှိပြီ။ သူ ၏ မိန်းမ သည်ကိုယ် ကို တန်ဆာ ဆင်ပြီဟု စည်းဝေး သော သူအများ တို့၏ အသံ ၊ သမုဒ္ဒရာ သံ ၊ ပြင်းစွာ သောမိုဃ်းကြိုး သံ ကဲ့သို့ ငါကြား ၏။
8Καὶ ἐδόθη αὐτῇ ἵνα περιβάληται βύσσινον καθαρὸν καὶ λαμπρόν· τὸ γὰρ βύσσινον τὰ δικαιώματά ἐστι τῶν ἁγίων.
8ထို မိန်းမ သည်စင်ကြယ် ပြောင်လက် သော ပိတ်ချော ကိုဝတ်ဆင် ရသောအခွင့်ကို ရ ၏။ ထိုပိတ်ချော မူကား ၊ သန့်ရှင်း သူ တို့၏ ဖြောင့်မတ် ခြင်းဖြစ် သတည်း။
9Καὶ λέγει μοι, Γράψον, Μακάριοι οἱ εἰς τὸ δεῖπνον τοῦ γάμου τοῦ ἀρνίου κεκλημένοι. Καὶ λέγει μοι, Οὗτοι οἱ λόγοι ἀληθινοί εἰσι τοῦ Θεοῦ.
9ကောင်းကင်တမန်ကလည်း ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲ သို့ ခေါ်ဘိတ် ခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟူ၍၎င်း၊ ဤ စကား သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စင်စစ် ဖြစ် ၏ဟူ၍၎င်း ငါ့ အားပြောဆို ၏။
10Καὶ ἔπεσον ἔμπροσθεν τῶν ποδῶν αὐτοῦ προσκυνῆσαι αὐτῷ· καὶ λέγει μοι, Ὅρα μή· σύνδουλός σου εἰμὶ καὶ τῶν ἀδελφῶν σου τῶν ἐχόντων τὴν μαρτυρίαν τοῦ Ἰησοῦ· τῷ Θεῷ προσκύνησον· ἡ γὰρ μαρτυρία τοῦ Ἰησοῦ ἐστὶ τὸ πνεῦμα τῆς προφητείας.
10ငါသည် ထိုသူ ကို ကိုးကွယ် ခြင်းငှာသူ ၏ခြေ ရင်း၌ ပြပ်ဝပ် ၏ သူကလည်း ၊ မ ပြုပါနှင့်၊ ငါကား သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ ယေရှု ၏ သက်သေခံ တော်မူချက်ကို ဆောင် သော သင် ၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင် ကို ကိုးကွယ် လော့။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေ ဖြစ် သတည်းဟု ငါ့ အားပြောဆို ၏။
11Καὶ εἶδον τὸν οὐρανὸν ἀνεῳγμένον, καὶ ἰδού, ἵππος λευκός, καὶ ὁ καθήμενος ἐπ᾿ αὐτόν, καλούμενος πιστὸς καὶ ἀληθινός, καὶ ἐν δικαιοσύνῃ κρίνει καὶ πολεμεῖ.
11ထိုအခါ ကောင်းကင် ဘုံဖွင့်လှစ် လျက်ရှိသည်ကို ငါမြင် လျှင်၊ မြင်း ဖြူ ရှိ ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောအမည်၊ သမ္မာ ဟူသော အမည် ရှိသတည်း။ ထိုသူ သည် တရား သဖြင့်စီရင် တတ်၏။ တရားသဖြင့် စစ်တိုက် တတ်၏။
12Οἱ δὲ ὀφθαλμοὶ αὐτοῦ ὡς φλὸξ πυρός, καὶ ἐπὶ τὴν κεφαλὴν αὐτοῦ διαδήματα πολλά· ἔχων ὄνομα γεγραμμένον ὃ οὐδεὶς οἶδεν εἰ μὴ αὐτός,
12မျက်စိ တော်သည် မီး လျှံ ကဲ့သို့ ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူ များ ကို ဆောင်း ၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူ မျှမသိ သော နာမ တော်သည် ရေး ထားလျက်ရှိ၏။
13καὶ περιβεβλημένος ἱμάτιον βεβαμμένον αἵματι· καὶ καλεῖται τὸ ὄνομα αὐτοῦ, Ὁ λόγος τοῦ Θεοῦ.
13အသွေး ၌နှစ် ပြီးသောအဝတ် ကို ဝတ် ၏။ ဘုရားသခင် ၏ နှုတ်ကပတ် တော်ဟူသော အမည် ရှိ၏။
14Καὶ τὰ στρατεύματα τὰ ἐν τῷ οὐρανῷ ἠκολούθει αὐτῷ ἐφ᾿ ἵπποις λευκοῖς, ἐνδεδυμένοι βύσσινον λευκὸν καὶ καθαρόν.
14ကောင်းကင် ဗိုလ်ခြေ တို့သည် မြင်း ဖြူ ကို စီးလျက်၊ စင်ကြယ် သော ပိတ်ချော ဖြူ ကိုဝတ် လျက်၊ နောက်တော်သို့ လိုက် ကြ၏။
15Καὶ ἐκ τοῦ στόματος αὐτοῦ ἐκπορεύεται ῥομφαία ὀξεῖα, ἵνα ἐν αὐτῇ πατάσσῃ τὰ ἔθνη· καὶ αὐτὸς ποιμανεῖ αὐτοὺς ἐν ῥάβδῳ σιδηρᾷ· καὶ αὐτὸς πατεῖ τὴν ληνὸν τοῦ οἴνου τοῦ θυμοῦ καὶ τῆς ὀργῆς τοῦ Θεοῦ τοῦ παντοκράτορος.
15လူမျိုး တို့ကို ဒဏ်ခတ် စရာဘို့၊ ထက် သောသန်လျက် သည် ခံတွင်း တော်ထဲက ထွက် ၏။ သူ တို့ကို သံ လှံတံ နှင့် အုပ်စိုး တော်မူမည်။ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ ဒေါသ အမျက် တော် စပျစ် သီးနယ်ရာ တန်ဆာကို ဖိနင်း တော်မူမည်။
16Καὶ ἔχει ἐπὶ τὸ ἱμάτιον καὶ ἐπὶ τὸν μηρὸν αὐτοῦ τὸ ὄνομα γεγραμμένον, Βασιλεὺς βασιλέων καὶ Κύριος κυρίων.
16ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။
17Καὶ εἶδον ἕνα ἄγγελον ἑστῶτα ἐν τῷ ἡλίῳ· καὶ ἔκραξε φωνῇ μεγάλῃ, λέγων πᾶσι τοῖς ὀρνέοις τοῖς πετωμένοις ἐν μεσουρανήματι, Δεῦτε καὶ συνάγεσθε εἰς τὸ δεῖπνον τοῦ μεγάλου Θεοῦ,
17ကောင်းကင်တမန် တစ်ပါး သည် နေ ထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင် ၏။
18ἵνα φάγητε σάρκας βασιλέων, καὶ σάρκας χιλιάρχων, καὶ σάρκας ἰσχυρῶν, καὶ σάρκας ἵππων καὶ τῶν καθημένων ἐπ᾿ αὐτῶν, καὶ σάρκας πάντων, ἐλευθέρων καὶ δούλων, καὶ μικρῶν καὶ μεγάλων.
18သူသည် မိုဃ်း ကောင်းကင်အလယ်၌ ပျံ တတ် သော ငှက် အပေါင်း တို့ကို ကြီး သောအသံ နှင့် ခေါ် ၍၊ လာ ကြလော့။ ရှင်ဘုရင် အသား ၊ စစ်သူကြီး အသား ၊ သူရဲ အသား ၊ မြင်း အသား ၊ မြင်းစီး သောသူ အသား၊ အစေခံ ကျွန်၊ လူ လွတ်၊ အကြီး အငယ် အမျိုးမျိုး သော လူတို့၏ အသား ကို စား အံ့သောငှာ၊ ကြီးမြတ် တော်မူသော ဘုရားသခင် ၏ ပွဲ တော်သို့ စည်းဝေး ကြလော့ဟု ဟစ်ကြော် ၏။
19Καὶ εἶδον τὸ θηρίον, καὶ τοὺς βασιλεῖς τῆς γῆς, καὶ τὰ στρατεύματα αὐτῶν συνηγμένα ποιῆσαι πόλεμον μετὰ τοῦ καθημένου ἐπὶ τοῦ ἵππου, καὶ μετὰ τοῦ στρατεύματος αὐτοῦ.
19သားရဲ မှစ၍ လောကီ ရှင်ဘုရင် တို့နှင့် သူ တို့၏ ဗိုလ်ခြေ များတို့သည်၊ မြင်း စီး တော်မူသောသူ နှင့် ဗိုလ်ခြေ တော်ကို စစ်တိုက်ခြင်းငှာစည်းဝေး ကြသည်ကိုငါမြင် ၏။ သားရဲ ကိုဘမ်းမိ ကြ၏။
20Καὶ ἐπιάσθη τὸ θηρίον, καὶ μετὰ τούτου ὁ ψευδοπροφήτης ὁ ποιήσας τὰ σημεῖα ἐνώπιον αὐτοῦ, ἐν οἷς ἐπλάνησε τοὺς λαβόντας τὸ χάραγμα τοῦ θηρίου, καὶ τοὺς προσκυνοῦντας τῇ εἰκόνι αὐτοῦ· ζῶντες ἐβλήθησαν οἱ δύο εἰς τὴν λίμνην τοῦ πυρὸς τὴν καιομένην ἐν τῷ θείῳ·
20သားရဲ ၏တံဆိပ် လက်မှတ်ကိုခံ ၍၊ သူ ၏ရုပ်တု ကိုကိုးကွယ် သောသူ တို့ကို လှည့်ဖြား ၍ သားရဲ ရှေ့ ၌ နိမိတ် များကို ပြ တတ်သော မိစ္ဆာ ပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင် လျက်ရှိသောထိုသူနှစ်ဦးကို ကန့် နှင့် လောင် သော မီး အိုင် ထဲသို့ ပစ်ချ ကြ၏။
21καὶ οἱ λοιποὶ ἀπεκτάνθησαν ἐν τῇ ῥομφαίᾳ τοῦ καθημένου ἐπὶ τοῦ ἵππου, τῇ ἐκπορευομένῃ ἐκ τοῦ στόματος αὐτοῦ· καὶ πάντα τὰ ὄρνεα ἐχορτάσθησαν ἐκ τῶν σαρκῶν αὐτῶν.
21ကြွင်း သောသူ တို့သည်၊ မြင်း စီး တော်မူသော သူ ၏ခံတွင်း တော်ထဲက ထွက် သော သန်လျက် နှင့် ကွပ်မျက် ခြင်းကို ခံရကြ၏။ သူ တို့၏ အသား ကို ငှက် အပေါင်း တို့သည် ဝ စွာစားရကြ၏။

Tip: use the ← and → keys to turn chapters.