Revelation 19
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1After this I heard a sound like the roar of a great multitude in heaven, shouting: “Hallelujah! Salvation and glory and power belong to our God!
1ထိုနောက်မှ ကောင်းကင် ဘုံ၌ စည်းဝေး သော သူအများ တို့၏ အသံ ကြီး ကား၊ ဟာလေလုယ ၊ ငါ တို့ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းချမ်းသာ၊ ဘုန်း အသရေတန်ခိုး တော်ပေတည်း။
2For His judgments are true and just. He has judged the great prostitute who corrupted the earth with her immorality. He has avenged the blood of His servants that was poured out by her hand.”
2စီရင် တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ် ကြ၏။ မိမိ မတရား သော မေထုန်အားဖြင့် မြေကြီး ကို ပုပ်ပျက် စေသော ပြည်တန်ဆာ ကြီး ကို စစ်ကြော စီရင်တော်မူပြီ။ ကိုယ်တော် ကျွန် တို့၏ အသွေး ကို သူ ၏ လက် ဖြင့် သွန်းသော အပြစ်နှင့်အလျောက် ဒဏ် ပေးတော်မူပြီဟု ပြောဆို ကြသည်ကို ငါကြား ၏။
3And a second time they called out: “Hallelujah! Her smoke rises forever and ever.”
3တဖန်တုံ ၊ ဟာလေလုယ ဟူ၍၎င်း ၊ သူ ၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် သည်ဟူ၍၎င်း ပြောဆို ကြ၏။
4And the twenty-four elders and the four living creatures fell down and worshiped God who sits on the throne, saying: “Amen, Hallelujah!”
4အသက်ကြီး သူ နှစ်ဆယ် လေး ပါးနှင့် သတ္တဝါ လေး ပါးတို့သည် ပြပ်ဝပ် ၍ ၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော ဘုရားသခင် ကို ကိုးကွယ် လျက် ၊ အာမင် ၊ ဟာလေလုယ ဟုလျှောက်ဆို ကြ၏။
5Then a voice came from the throne, saying: “Praise our God, all you who serve Him, and those who fear Him, small and great alike!”
5ပလ္လင် တော်ပေါ် က ထွက် သောအသံ ကား၊ ဘုရားသခင် ၏ ကျွန် အပေါင်း တို့နှင့် ဘုရားသခင် ကို ကြောက်ရွံ့ သောသူ အကြီး အငယ် အပေါင်းတို့၊ ငါ တို့ ဘုရားသခင် ကို ချီးမွမ်း ကြလော့ဟု ဆို သတည်း။
6And I heard a sound like the roar of a great multitude, like the rushing of many waters, and like a mighty rumbling of thunder, crying out: “Hallelujah! For the Lord our God the Almighty reigns.
6တဖန်တုံ ၊ ဟာလေလုယ ၊ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါ တို့ဘုရားသခင် သည် စိုးစံ တော်မူ၏။
7Let us rejoice and be glad and give Him the glory. For the marriage of the Lamb has come, and His bride has made herself ready.
7ငါတို့သည် ဝမ်းမြောက် ရွှင်လန်း ကြကုန်အံ့၊ ဂုဏ် တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲကိုခံ ချိန်ရှိပြီ။ သူ ၏ မိန်းမ သည်ကိုယ် ကို တန်ဆာ ဆင်ပြီဟု စည်းဝေး သော သူအများ တို့၏ အသံ ၊ သမုဒ္ဒရာ သံ ၊ ပြင်းစွာ သောမိုဃ်းကြိုး သံ ကဲ့သို့ ငါကြား ၏။
8She was given clothing of fine linen, bright and pure.” For the fine linen she wears is the righteous acts of the saints.
8ထို မိန်းမ သည်စင်ကြယ် ပြောင်လက် သော ပိတ်ချော ကိုဝတ်ဆင် ရသောအခွင့်ကို ရ ၏။ ထိုပိတ်ချော မူကား ၊ သန့်ရှင်း သူ တို့၏ ဖြောင့်မတ် ခြင်းဖြစ် သတည်း။
9Then the angel told me to write, “Blessed are those who are invited to the marriage supper of the Lamb.” And he said to me, “These are the true words of God.”
9ကောင်းကင်တမန်ကလည်း ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲ သို့ ခေါ်ဘိတ် ခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟူ၍၎င်း၊ ဤ စကား သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စင်စစ် ဖြစ် ၏ဟူ၍၎င်း ငါ့ အားပြောဆို ၏။
10So I fell at his feet to worship him. But he told me, “Do not do that! I am a fellow servant with you and your brothers who rely on the testimony of Jesus. Worship God! For the testimony of Jesus is the spirit of prophecy.”
10ငါသည် ထိုသူ ကို ကိုးကွယ် ခြင်းငှာသူ ၏ခြေ ရင်း၌ ပြပ်ဝပ် ၏ သူကလည်း ၊ မ ပြုပါနှင့်၊ ငါကား သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ ယေရှု ၏ သက်သေခံ တော်မူချက်ကို ဆောင် သော သင် ၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင် ကို ကိုးကွယ် လော့။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေ ဖြစ် သတည်းဟု ငါ့ အားပြောဆို ၏။
11Then I saw heaven standing open, and there before me was a white horse. And its rider is called Faithful and True. With righteousness He judges and wages war.
11ထိုအခါ ကောင်းကင် ဘုံဖွင့်လှစ် လျက်ရှိသည်ကို ငါမြင် လျှင်၊ မြင်း ဖြူ ရှိ ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောအမည်၊ သမ္မာ ဟူသော အမည် ရှိသတည်း။ ထိုသူ သည် တရား သဖြင့်စီရင် တတ်၏။ တရားသဖြင့် စစ်တိုက် တတ်၏။
12He has eyes like blazing fire, and many royal crowns on His head. He has a name written on Him that only He Himself knows.
12မျက်စိ တော်သည် မီး လျှံ ကဲ့သို့ ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူ များ ကို ဆောင်း ၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူ မျှမသိ သော နာမ တော်သည် ရေး ထားလျက်ရှိ၏။
13He is dressed in a robe dipped in blood, and His name is The Word of God.
13အသွေး ၌နှစ် ပြီးသောအဝတ် ကို ဝတ် ၏။ ဘုရားသခင် ၏ နှုတ်ကပတ် တော်ဟူသော အမည် ရှိ၏။
14The armies of heaven, dressed in fine linen, white and pure, follow Him on white horses.
14ကောင်းကင် ဗိုလ်ခြေ တို့သည် မြင်း ဖြူ ကို စီးလျက်၊ စင်ကြယ် သော ပိတ်ချော ဖြူ ကိုဝတ် လျက်၊ နောက်တော်သို့ လိုက် ကြ၏။
15And from His mouth proceeds a sharp sword with which to strike down the nations, and He will rule them with an iron scepter. He treads the winepress of the fury of the wrath of God the Almighty.
15လူမျိုး တို့ကို ဒဏ်ခတ် စရာဘို့၊ ထက် သောသန်လျက် သည် ခံတွင်း တော်ထဲက ထွက် ၏။ သူ တို့ကို သံ လှံတံ နှင့် အုပ်စိုး တော်မူမည်။ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ ဒေါသ အမျက် တော် စပျစ် သီးနယ်ရာ တန်ဆာကို ဖိနင်း တော်မူမည်။
16And He has a name written on His robe and on His thigh: KING OF KINGS AND LORD OF LORDS.
16ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။
17Then I saw an angel standing in the sun, and he cried out in a loud voice to all the birds flying overhead, “Come, gather together for the great supper of God,
17ကောင်းကင်တမန် တစ်ပါး သည် နေ ထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင် ၏။
18so that you may eat the flesh of kings and commanders and mighty men, of horses and riders, of everyone slave and free, small and great.”
18သူသည် မိုဃ်း ကောင်းကင်အလယ်၌ ပျံ တတ် သော ငှက် အပေါင်း တို့ကို ကြီး သောအသံ နှင့် ခေါ် ၍၊ လာ ကြလော့။ ရှင်ဘုရင် အသား ၊ စစ်သူကြီး အသား ၊ သူရဲ အသား ၊ မြင်း အသား ၊ မြင်းစီး သောသူ အသား၊ အစေခံ ကျွန်၊ လူ လွတ်၊ အကြီး အငယ် အမျိုးမျိုး သော လူတို့၏ အသား ကို စား အံ့သောငှာ၊ ကြီးမြတ် တော်မူသော ဘုရားသခင် ၏ ပွဲ တော်သို့ စည်းဝေး ကြလော့ဟု ဟစ်ကြော် ၏။
19Then I saw the beast and the kings of the earth with their armies assembled to wage war against the One seated on the horse, and against His army.
19သားရဲ မှစ၍ လောကီ ရှင်ဘုရင် တို့နှင့် သူ တို့၏ ဗိုလ်ခြေ များတို့သည်၊ မြင်း စီး တော်မူသောသူ နှင့် ဗိုလ်ခြေ တော်ကို စစ်တိုက်ခြင်းငှာစည်းဝေး ကြသည်ကိုငါမြင် ၏။ သားရဲ ကိုဘမ်းမိ ကြ၏။
20But the beast was captured along with the false prophet, who on its behalf had performed signs deceiving those who had the mark of the beast and worshiped its image. Both the beast and the false prophet were thrown alive into the fiery lake of burning sulfur.
20သားရဲ ၏တံဆိပ် လက်မှတ်ကိုခံ ၍၊ သူ ၏ရုပ်တု ကိုကိုးကွယ် သောသူ တို့ကို လှည့်ဖြား ၍ သားရဲ ရှေ့ ၌ နိမိတ် များကို ပြ တတ်သော မိစ္ဆာ ပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင် လျက်ရှိသောထိုသူနှစ်ဦးကို ကန့် နှင့် လောင် သော မီး အိုင် ထဲသို့ ပစ်ချ ကြ၏။
21And the rest were killed with the sword that proceeded from the mouth of the One seated on the horse. And all the birds gorged themselves on their flesh.
21ကြွင်း သောသူ တို့သည်၊ မြင်း စီး တော်မူသော သူ ၏ခံတွင်း တော်ထဲက ထွက် သော သန်လျက် နှင့် ကွပ်မျက် ခြင်းကို ခံရကြ၏။ သူ တို့၏ အသား ကို ငှက် အပေါင်း တို့သည် ဝ စွာစားရကြ၏။
Tip: use the ← and → keys to turn chapters.