ΠΡΟΣ ΚΟΛΟΣΣΑΕΙΣ 4
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Οἱ κύριοι, τὸ δίκαιον καὶ τὴν ἰσότητα τοῖς δούλοις παρέχεσθε, εἰδότες ὅτι καὶ ὑμεῖς ἔχετε Κύριον ἐν οὐρανοῖς.
1သခင် တို့၊ သင် တို့၏သခင် သည် ကောင်းကင် ဘုံ၌ ရှိ တော်မူသည်ကို သိမှတ် ၍၊ ဖြောင့်မတ် ခြင်းတရား၊ မျှ ခြင်းတရားနှင့်အညီကိုယ်ကျွန် တို့ကို ပြု ကြလော့။
2Τῇ προσευχῇ προσκαρτερεῖτε, γρηγοροῦντες ἐν αὐτῇ ἐν εὐχαριστίᾳ·
2ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြု၍၊ ကျေးဇူး တော်ကို ချီးမွမ်းလျက် စောင့်ရှောက် ကြလော့။
3προσευχόμενοι ἅμα καὶ περὶ ἡμῶν, ἵνα ὁ Θεὸς ἀνοίξῃ ἡμῖν θύραν τοῦ λόγου, λαλῆσαι τὸ μυστήριον τοῦ Χριστοῦ, δι᾿ ὃ καὶ δέδεμαι·
3ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။
4ἵνα φανερώσω αὐτό, ὡς δεῖ με λαλῆσαι.
4ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင် သည် တရား ဟောရာတံခါး ကို ငါ တို့အား ဖွင့် တော်မူမည်အကြောင်း ကို၎င်း၊ ထို နက်နဲသောအရာကို ဟောပြော အပ်သည်နှင့်အညီ ငါ ဘော်ပြ မည် အကြောင်း ကို၎င်း၊ ငါ တို့အဘို့ လည်း ဆုတောင်း ကြလော့။
5Ἐν σοφίᾳ περιπατεῖτε πρὸς τοὺς ἔξω, τὸν καιρὸν ἐξαγοραζόμενοι.
5ပြင်ပ လူ တို့၏ မျက်နှာကိုထောက်လျက်၊ ပညာ နှင့် ကျင့်ဆောင် ၍ ကာလ အချိန်ကို ရွေးနှုတ် ကြလော့။
6Ὁ λόγος ὑμῶν πάντοτε ἐν χάριτι, ἅλατι ἠρτυμένος, εἰδέναι πῶς δεῖ ὑμᾶς ἑνὶ ἑκάστῳ ἀποκρίνεσθαι.
6လူ အသီးအသီးတို့အား အဘယ်သို့ ပြန်ပြော ရမည်ကိုသိ နိုင်မည်အကြောင်း ၊ သင် တို့စကား သည် ဆား အားဖြင့်ငန်သော အရသာ နှင့် ပြည့်စုံ လျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
7Τὰ κατ᾿ ἐμὲ πάντα γνωρίσει ὑμῖν Τυχικός, ὁ ἀγαπητὸς ἀδελφὸς καὶ πιστὸς διάκονος καὶ σύνδουλος ἐν Κυρίῳ·
7သခင် ဘုရား၌ သစ္စာရှိ သောဆရာ ၊ ငါတို့ကျွန်ချင်း တည်းဟူသော၊ ငါချစ် သောညီ တုခိတ် သည် ငါ ၏ အကြောင်း အရာရှိသမျှ ကို သင် တို့အား ဘော်ပြ လိမ့်မည်။
8ὃν ἔπεμψα πρὸς ὑμᾶς εἰς αὐτὸ τοῦτο, ἵνα γνῷ τὰ περὶ ὑμῶν καὶ παρακαλέσῃ τὰς καρδίας ὑμῶν·
8သူသည် သင်တို့၏အကြောင်း အရာများကို သိ ၍၊ သင် တို့စိတ် နှလုံးကို သက်သာ စေခြင်းငှာ ၊ ထိုသူ ကို၎င်း ၊ သင် တို့အထဲ ကဖြစ် ၍ သစ္စာရှိ သော ငါချစ် သောညီ ဩနေသိမ် ကို၎င်း၊ သင် တို့ဆီသို့ ငါစေလွှတ် ၏။
9σὺν Ὀνησίμῳ τῷ πιστῷ καὶ ἀγαπητῷ ἀδελφῷ, ὅς ἐστιν ἐξ ὑμῶν. Πάντα ὑμῖν γνωριοῦσι τὰ ὧδε.
9သူတို့သည် ဤမြို့၌ဖြစ်သမျှ သော အကြောင်း အရာကို သင် တို့အား ဖော်ပြ ကြလိမ့်မည်။။
10Ἀσπάζεται ὑμᾶς Ἀρίσταρχος ὁ συναιχμάλωτός μου, καὶ Μάρκος ὁ ἀνεψιὸς Βαρνάβᾳ, περὶ οὗ ἐλάβετε ἐντολάς — ἐὰν ἔλθῃ πρὸς ὑμᾶς, δέξασθε αὐτόν·
10ငါ နှင့်အတူအကျဉ်း ခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူ မာကု ၊ ယုတ္တု ဟုခေါ်ဝေါ် သော ယေရှု တို့ သည် သင် တို့ကို နှုတ်ဆက် ကြ၏။ မာကု အတွက် သင်တို့ကို ငါမှာ လိုက်ခဲ့ပြီ။ သူ သည် သင် တို့ဆီသို့ ရောက်လာ လျှင် လက်ခံ ကြလော့။။
11καὶ Ἰησοῦς ὁ λεγόμενος Ἰοῦστος, οἱ ὄντες ἐκ περιτομῆς· οὗτοι μόνοι συνεργοὶ εἰς τὴν βασιλείαν τοῦ Θεοῦ, οἵτινες ἐγενήθησάν μοι παρηγορία.
11အရေဖျားလှီး ခြင်းကိုခံသော သူ တို့တွင် ဤသူ တို့သာ ဘုရားသခင် ၏နိုင်ငံ တော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ် ၍၊ ငါ့ စိတ်ကို သက်သာ စေ ကြ၏။။
12Ἀσπάζεται ὑμᾶς Ἐπαφρᾶς ὁ ἐξ ὑμῶν, δοῦλος Χριστοῦ, πάντοτε ἀγωνιζόμενος ὑπὲρ ὑμῶν ἐν ταῖς προσευχαῖς, ἵνα στῆτε τέλειοι καὶ πεπληρωμένοι ἐν παντὶ θελήματι τοῦ Θεοῦ.
12သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။
13Μαρτυρῶ γὰρ αὐτῷ ὅτι ἔχει ζῆλον πολὺν ὑπὲρ ὑμῶν καὶ τῶν ἐν Λαοδικείᾳ καὶ τῶν ἐν Ἱεραπόλει.
13သင် တို့မှစ၍ လောဒိကိ မြို့နှင့် ဟေရပေါလိ မြို့၌ ရှိသော သူ တို့အဘို့ သူ သည် အလွန် စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေ ဖြစ်၏။။
14Ἀσπάζεται ὑμᾶς Λουκᾶς ὁ ἰατρὸς ὁ ἀγαπητός, καὶ Δημᾶς.
14ငါချစ် သော ဆေးသမား လုကာ နှင့် ဒေမ သည် သင် တို့ကို နှုတ်ဆက် ကြ၏။။
15Ἀσπάσασθε τοὺς ἐν Λαοδικείᾳ ἀδελφούς, καὶ Νυμφᾶν, καὶ τὴν κατ᾿ οἶκον αὐτοῦ ἐκκλησίαν.
15လောဒိကိ မြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း ၊ နှံဖ မှစ၍ သူ၏အိမ် ၌ ရှိသော အသင်းတော် ကို၎င်း နှုတ်ဆက် ကြလော့။။
16Καὶ ὅταν ἀναγνωσθῇ παρ᾿ ὑμῖν ἡ ἐπιστολή, ποιήσατε ἵνα καὶ ἐν τῇ Λαοδικέων ἐκκλησίᾳ ἀναγνωσθῇ, καὶ τὴν ἐκ Λαοδικείας ἵνα καὶ ὑμεῖς ἀναγνῶτε.
16ဤစာ ကို သင် တို့သည် ဘတ် ပြီးမှ လောဒိကိ မြို့ အသင်းတော် ကို ဘတ် စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင် တို့ဘတ် ကြလော့။။
17Καὶ εἴπατε Ἀρχίππῳ, Βλέπε τὴν διακονίαν ἣν παρέλαβες ἐν Κυρίῳ, ἵνα αὐτὴν πληροῖς.
17အာခိပ္ပု ကိုလည်း ၊ သင်သည် သခင် ဘုရား၏ လက်တော်မှ ခံရ ပြီးသော ဓမ္မဆရာ ၏အမှုအရာကို ပြည့်စုံ ခြင်းငှာ သတိပြု ပါဟု ပြော ကြလော့။။
18Ὁ ἀσπασμὸς τῇ ἐμῇ χειρὶ Παύλου. Μνημονεύετέ μου τῶν δεσμῶν. Ἡ χάρις μεθ᾿ ὑμῶν. Ἀμήν.
18ငါပေါလု သည်သင်တို့အား နှုတ်ဆက် သောအချက်ကို ကိုယ် လက် ဖြင့် ရေးထား၏။ ငါ ခံရသော ချည်နှောင် ခြင်းကို အောက်မေ့ ကြလော့။ သင် တို့၌ ကျေးဇူး တော်ရှိစေသတည်း ။ အာမင်။
Tip: use the ← and → keys to turn chapters.