Colossians
Chapter 4

Colossians

World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Colossians 4

World English Bible
Judson Burmese Bible (1840)
1Masters, give to your servants that which is just and equal, knowing that you also have a Master in heaven.
1သခင် တို့၊ သင် တို့၏သခင် သည် ကောင်းကင် ဘုံ၌ ရှိ တော်မူသည်ကို သိမှတ် ၍၊ ဖြောင့်မတ် ခြင်းတရား၊ မျှ ခြင်းတရားနှင့်အညီကိုယ်ကျွန် တို့ကို ပြု ကြလော့။
2Continue steadfastly in prayer, watching in it with thanksgiving,
2ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြု၍၊ ကျေးဇူး တော်ကို ချီးမွမ်းလျက် စောင့်ရှောက် ကြလော့။
3praying together for us also, that God may open to us a door for the word, to speak the mystery of Christ, for which I am also in bonds,
3ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။
4that I may reveal it as I ought to speak.
4ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင် သည် တရား ဟောရာတံခါး ကို ငါ တို့အား ဖွင့် တော်မူမည်အကြောင်း ကို၎င်း၊ ထို နက်နဲသောအရာကို ဟောပြော အပ်သည်နှင့်အညီ ငါ ဘော်ပြ မည် အကြောင်း ကို၎င်း၊ ငါ တို့အဘို့ လည်း ဆုတောင်း ကြလော့။
5Walk in wisdom toward those who are outside, redeeming the time.
5ပြင်ပ လူ တို့၏ မျက်နှာကိုထောက်လျက်၊ ပညာ နှင့် ကျင့်ဆောင် ၍ ကာလ အချိန်ကို ရွေးနှုတ် ကြလော့။
6Let your speech always be with grace, seasoned with salt, that you may know how you ought to answer each one.
6လူ အသီးအသီးတို့အား အဘယ်သို့ ပြန်ပြော ရမည်ကိုသိ နိုင်မည်အကြောင်း ၊ သင် တို့စကား သည် ဆား အားဖြင့်ငန်သော အရသာ နှင့် ပြည့်စုံ လျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
7All my affairs will be made known to you by Tychicus, the beloved brother, faithful servant, and fellow bondservant in the Lord.
7သခင် ဘုရား၌ သစ္စာရှိ သောဆရာ ၊ ငါတို့ကျွန်ချင်း တည်းဟူသော၊ ငါချစ် သောညီ တုခိတ် သည် ငါ ၏ အကြောင်း အရာရှိသမျှ ကို သင် တို့အား ဘော်ပြ လိမ့်မည်။
8I am sending him to you for this very purpose, that he may know your circumstances and comfort your hearts,
8သူသည် သင်တို့၏အကြောင်း အရာများကို သိ ၍၊ သင် တို့စိတ် နှလုံးကို သက်သာ စေခြင်းငှာ ၊ ထိုသူ ကို၎င်း ၊ သင် တို့အထဲ ကဖြစ် ၍ သစ္စာရှိ သော ငါချစ် သောညီ ဩနေသိမ် ကို၎င်း၊ သင် တို့ဆီသို့ ငါစေလွှတ် ၏။
9together with Onesimus, the faithful and beloved brother, who is one of you. They will make known to you everything that is going on here.
9သူတို့သည် ဤမြို့၌ဖြစ်သမျှ သော အကြောင်း အရာကို သင် တို့အား ဖော်ပြ ကြလိမ့်မည်။။
10Aristarchus, my fellow prisoner, greets you, and Mark the cousin of Barnabas (concerning whom you received instructions, “if he comes to you, receive him”),
10ငါ နှင့်အတူအကျဉ်း ခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူ မာကု ၊ ယုတ္တု ဟုခေါ်ဝေါ် သော ယေရှု တို့ သည် သင် တို့ကို နှုတ်ဆက် ကြ၏။ မာကု အတွက် သင်တို့ကို ငါမှာ လိုက်ခဲ့ပြီ။ သူ သည် သင် တို့ဆီသို့ ရောက်လာ လျှင် လက်ခံ ကြလော့။။
11and Jesus who is called Justus. These are my only fellow workers for God’s Kingdom who are of the circumcision, men who have been a comfort to me.
11အရေဖျားလှီး ခြင်းကိုခံသော သူ တို့တွင် ဤသူ တို့သာ ဘုရားသခင် ၏နိုင်ငံ တော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ် ၍၊ ငါ့ စိတ်ကို သက်သာ စေ ကြ၏။။
12Epaphras, who is one of you, a servant of Christ, salutes you, always striving for you in his prayers, that you may stand perfect and complete in all the will of God.
12သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။
13For I testify about him that he has great zeal for you, and for those in Laodicea, and for those in Hierapolis.
13သင် တို့မှစ၍ လောဒိကိ မြို့နှင့် ဟေရပေါလိ မြို့၌ ရှိသော သူ တို့အဘို့ သူ သည် အလွန် စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေ ဖြစ်၏။။
14Luke the beloved physician and Demas greet you.
14ငါချစ် သော ဆေးသမား လုကာ နှင့် ဒေမ သည် သင် တို့ကို နှုတ်ဆက် ကြ၏။။
15Greet the brothers who are in Laodicea, with Nymphas and the assembly that is in his house.
15လောဒိကိ မြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း ၊ နှံဖ မှစ၍ သူ၏အိမ် ၌ ရှိသော အသင်းတော် ကို၎င်း နှုတ်ဆက် ကြလော့။။
16When this letter has been read among you, cause it to be read also in the assembly of the Laodiceans, and that you also read the letter from Laodicea.
16ဤစာ ကို သင် တို့သည် ဘတ် ပြီးမှ လောဒိကိ မြို့ အသင်းတော် ကို ဘတ် စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင် တို့ဘတ် ကြလော့။။
17Tell Archippus, “Take heed to the ministry which you have received in the Lord, that you fulfill it.”
17အာခိပ္ပု ကိုလည်း ၊ သင်သည် သခင် ဘုရား၏ လက်တော်မှ ခံရ ပြီးသော ဓမ္မဆရာ ၏အမှုအရာကို ပြည့်စုံ ခြင်းငှာ သတိပြု ပါဟု ပြော ကြလော့။။
18I, Paul, write this greeting with my own hand. Remember my chains. Grace be with you. Amen.
18ငါပေါလု သည်သင်တို့အား နှုတ်ဆက် သောအချက်ကို ကိုယ် လက် ဖြင့် ရေးထား၏။ ငါ ခံရသော ချည်နှောင် ခြင်းကို အောက်မေ့ ကြလော့။ သင် တို့၌ ကျေးဇူး တော်ရှိစေသတည်း ။ အာမင်။

Tip: use the ← and → keys to turn chapters.