ΠΡΟΣ ΚΟΛΟΣΣΑΕΙΣ 3
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Εἰ οὖν συνηγέρθητε τῷ Χριστῷ, τὰ ἄνω ζητεῖτε, οὗ ὁ Χριστός ἐστιν ἐν δεξιᾷ τοῦ Θεοῦ καθήμενος.
1အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော် နှင့်အတူထမြောက် ကြသည်မှန်လျှင် ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်မှာ ခရစ်တော် သည် ထိုင် နေ တော်မူရာအရပ် ၌ရှိ သော အထက် အရာ တို့ကိုရှာ ကြလော့။
2Τὰ ἄνω φρονεῖτε, μὴ τὰ ἐπὶ τῆς γῆς.
2မြေကြီး ပေါ်မှာ ရှိသောအရာ တို့ကို စွဲလမ်းသောစိတ်မ ရှိကြနှင့်။ အထက် အရာ တို့ကိုသာစိတ် စွဲလမ်းခြင်း ရှိကြလော့။
3Ἀπεθάνετε γάρ, καὶ ἡ ζωὴ ὑμῶν κέκρυπται σὺν τῷ Χριστῷ ἐν τῷ Θεῷ.
3အကြောင်းမူကား ၊ သင်တို့သည် သေ သောသူ ဖြစ်၍သင် တို့အသက် သည် ခရစ်တော် နှင့်အတူ ဘုရားသခင် ၌ ဝှက်ထား လျက်ရှိ၏။
4Ὅταν ὁ Χριστὸς φανερωθῇ, ἡ ζωὴ ἡμῶν, τότε καὶ ὑμεῖς σὺν αὐτῷ φανερωθήσεσθε ἐν δόξῃ.
4ငါ တို့အသက် တည်းဟူသောခရစ်တော် သည် ထင်ရှား တော်မူသောအခါ ၊ ငါ တို့သည်လည်း ထိုသခင် နှင့်အတူ ဘုန်းကြီး ၍ ထင်ရှား ကြလတံ့။
5Νεκρώσατε οὖν τὰ μέλη ὑμῶν τὰ ἐπὶ τῆς γῆς, πορνείαν, ἀκαθαρσίαν, πάθος, ἐπιθυμίαν κακήν, καὶ τὴν πλεονεξίαν, ἥτις ἐστὶν εἰδωλολατρεία,
5ထိုကြောင့် မတရား သော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ ပူပန်ခြင်း၊ ဆိုးညစ် သော တပ်မက် ခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းဖြစ်သောလောဘ လွန်ကျူးခြင်းတည်းဟူသော ၊ မြေကြီး ပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါ တို့ကို သေ စေကြလော့။
6δι᾿ ἃ ἔρχεται ἡ ὀργὴ τοῦ Θεοῦ ἐπὶ τοὺς υἱοὺς τῆς ἀπειθείας·
6ထိုအမှု များကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် သော သူတို့အပေါ် ၌သင့်ရောက် ပေ၏။
7ἐν οἷς καὶ ὑμεῖς περιεπατήσατέ ποτε, ὅτε ἐζῆτε ἐν αὐτοῖς.
7ထိုသူ တို့နှင့် သင် တို့သည်လည်း အထက် က ပေါင်းဖော် သောအခါ ၊ ထို အမှုများ၌ ကျင်လည် ကြ၏။
8Νυνὶ δὲ ἀπόθεσθε καὶ ὑμεῖς τὰ πάντα, ὀργήν, θυμόν, κακίαν, βλασφημίαν, αἰσχρολογίαν ἐκ τοῦ στόματος ὑμῶν·
8ယခု မူကား ၊ ထိုအမှုအလုံးစုံ တို့ကို၎င်း၊ အမျက်ထွက် ခြင်း၊ စိတ်ဆိုး ခြင်း၊ မနာလို ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်းတို့ကို၎င်း၊ သင် တို့နှုတ် မှ ပယ်ရှင်း ကြလော့။
9μὴ ψεύδεσθε εἰς ἀλλήλους, ἀπεκδυσάμενοι τὸν παλαιὸν ἄνθρωπον σὺν ταῖς πράξεσιν αὐτοῦ,
9အချင်းချင်း မုသာ စကားကို မ ပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူ ဟောင်း ၏ အကျင့် တို့ နှင့် လူဟောင်း ၏ ကိုယ်ကို ချွန်ပယ် ၍၊
10καὶ ἐνδυσάμενοι τὸν νέον, τὸν ἀνακαινούμενον εἰς ἐπίγνωσιν κατ᾿ εἰκόνα τοῦ κτίσαντος αὐτόν·
10ဖန်ဆင်း တော်မူသောသူ ၏ ပုံ သဏ္ဌာန်နှင့်အညီ ၊ မှန်သောပညာ အားဖြင့် အသစ် ပြုပြင်သော လူသစ် ကို ယူတင်ဝတ်ဆောင် သောသူ ဖြစ်ကြ၏။။
11ὅπου οὐκ ἔνι Ἕλλην καὶ Ἰουδαῖος, περιτομὴ καὶ ἀκροβυστία, βάρβαρος, Σκύθης, δοῦλος, ἐλεύθερος· ἀλλὰ τὰ πάντα καὶ ἐν πᾶσι Χριστός.
11ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။
12Ἐνδύσασθε οὖν, ὡς ἐκλεκτοὶ τοῦ Θεοῦ, ἅγιοι καὶ ἠγαπημένοι, σπλάγχνα οἰκτιρμῶν, χρηστότητα, ταπεινοφροσύνην, πρᾳότητα, μακροθυμίαν·
12ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်း သောသူ၊ ချစ် အပ်သောသူ ကဲ့သို့ ၊ သနားစုံမက် ခြင်း၊ ကျေးဇူး ပြုခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။။
13ἀνεχόμενοι ἀλλήλων, καὶ χαριζόμενοι ἑαυτοῖς, ἐάν τις πρός τινα ἔχῃ μομφήν· καθὼς καὶ ὁ Χριστὸς ἐχαρίσατο ὑμῖν, οὕτω καὶ ὑμεῖς·
13တစ်ယောက် ၌ တစ်ယောက် အပြစ်တင် စရာအခွင့် ရှိ လျှင် ၊ အချင်းချင်း သည်းခံ ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော် သည် သင် တို့၏အပြစ်ကို လွှတ် တော်မူသကဲ့သို့ ၊ ထိုနည်းတူ ပြုကြလော့။။
14ἐπὶ πᾶσι δὲ τούτοις τὴν ἀγάπην, ἥτις ἐστὶ σύνδεσμος τῆς τελειότητος.
14စုံလင် ခြင်းအဖွဲ့အစည်း တည်းဟူသော ချစ် ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။။
15Καὶ ἡ εἰρήνη τοῦ Θεοῦ βραβευέτω ἐν ταῖς καρδίαις ὑμῶν, εἰς ἣν καὶ ἐκλήθητε ἐν ἑνὶ σώματι· καὶ εὐχάριστοι γίνεσθε.
15သင် တို့စိတ် နှလုံးအထဲ ၌ ခရစ်တော် ၏ ငြိမ်သက် ခြင်းအုပ်စိုး စေ။ ထိုသို့အလိုငှာ သင် တို့သည် တစ် လုံးတစ်ကိုယ် တည်း၌ ခေါ် ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူး တော်ကို သိသောစိတ်ရှိ ကြလော့။။
16Ὁ λόγος τοῦ Χριστοῦ ἐνοικείτω ἐν ὑμῖν πλουσίως ἐν πάσῃ σοφίᾳ· διδάσκοντες καὶ νουθετοῦντες ἑαυτούς, ψαλμοῖς, καὶ ὕμνοις, καὶ ᾠδαῖς πνευματικαῖς, ἐν χάριτι ᾄδοντες ἐν τῇ καρδίᾳ ὑμῶν τῷ Κυρίῳ.
16ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။
17Καὶ πᾶν ὅ τι ἂν ποιῆτε, ἐν λόγῳ ἢ ἐν ἔργῳ, πάντα ἐν ὀνόματι Κυρίου Ἰησοῦ, εὐχαριστοῦντες τῷ Θεῷ καὶ πατρὶ δι᾿ αὐτοῦ.
17စကား ပြောသော်၎င်း ၊ အမှုဆောင်ရွက် သော်၎င်း၊ သခင် ယေရှု ၏ နာမ တော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူ လျက် ၊ ကျေးဇူး တော်ကြီးလှပါ၏ဟု ထိုသခင် ကို အမှီပြု ၍ ခမည်းတော် ဘုရားသခင် ရှေ့၌ ဝန်ခံကြလော့။။
18Αἱ γυναῖκες, ὑποτάσσεσθε τοῖς ἰδίοις ἀνδράσιν, ὡς ἀνῆκεν ἐν Κυρίῳ.
18အချင်းမိန်းမ တို့၊ သခင် ဘုရား၌ လျောက်ပတ် သည်အတိုင်း ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ လော့။။
19Οἱ ἄνδρες, ἀγαπᾶτε τὰς γυναῖκας, καὶ μὴ πικραίνεσθε πρὸς αὐτάς.
19အချင်းယောက်ျား တို့၊ ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။ ကြမ်းတမ်း စွာမ ပြုကြနှင့်။။
20Τὰ τέκνα, ὑπακούετε τοῖς γονεῦσι κατὰ πάντα· τοῦτο γάρ ἐστιν εὐάρεστον τῷ Κυρίῳ.
20သားသမီး တို့၊ မိဘ စကားကို အရာရာ ၌ နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင် ဘုရားနှစ်သက် တော်မူသော အမှုဖြစ် ၏။။
21Οἱ πατέρες, μὴ ἐρεθίζετε τὰ τέκνα ὑμῶν, ἵνα μὴ ἀθυμῶσιν.
21အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာ မ ပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။။
22Οἱ δοῦλοι, ὑπακούετε κατὰ πάντα τοῖς κατὰ σάρκα κυρίοις, μὴ ἐν ὀφθαλμοδουλείαις ὡς ἀνθρωπάρεσκοι, ἀλλ᾿ ἐν ἁπλότητι καρδίας, φοβούμενοι τὸν Θεόν·
22အစေခံကျွန် တို့၊ သခင် ဘုရားကို ကြောက်ရွံ့ လျက်၊ သူ တို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌သာ နားထောင်သည်မ ဟုတ်၊ စိတ် နှစ်ခွ မရှိဘဲ၊ လောကီ သခင် ၏စကားကို အရာရာ ၌ နားထောင် ကြလော့။။
23καὶ πᾶν ὅ τι ἐὰν ποιῆτε, ἐκ ψυχῆς ἐργάζεσθε, ὡς τῷ Κυρίῳ καὶ οὐκ ἀνθρώποις·
23လူ ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြု လေသမျှ တို့၌ စေတနာစိတ် နှင့် ပြု ကြလော့။။
24εἰδότες ὅτι ἀπὸ Κυρίου ἀπολήψεσθε τὴν ἀνταπόδοσιν τῆς κληρονομίας· τῷ γὰρ Κυρίῳ Χριστῷ δουλεύετε.
24သင်တို့သည် သခင် ခရစ်တော် ၏ အစေ ကို ခံကြသည်ဖြစ်၍၊ အမွေ တော်တည်းဟူသောအကျိုး ကို၊ ထို သခင်ဘုရား၏ လက်တော်မှ ခံရ လိမ့်မည်ဟု သိမှတ် ကြလော့။။
25Ὁ δὲ ἀδικῶν κομιεῖται ὃ ἠδίκησε· καὶ οὐκ ἔστι προσωποληψία.
25မတရား သောအမှုကို ပြုသောအမှုမည်သည်ကား၊ မိမိ ပြုသောအမှု၏ အကျိုးအပြစ်ကို ခံရ လိမ့်မည်။ အဘယ်သူ ၏ မျက်နှာ ကို မှတ်တော်မ မူ။
Tip: use the ← and → keys to turn chapters.