มัทธิว 21
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1เมื่อพวกเขาเข้าใกล้กรุงเยรูซาเล็ม และมาถึงเบธสฟาเก ที่ภูเขามะกอกเทศ พระเยซูจึงส่งสาวกสองคนไป
1ယေရုရှလင် မြို့အနီး သို့ချဉ်း၍ သံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာသို့ ရောက် ကြသောအခါ ယေရှု သည် တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍ ၊
2และกล่าวกับพวกเขาว่า “จงเข้าไปในหมู่บ้านที่อยู่ตรงข้ามพวกคุณ แล้วพวกคุณจะพบแม่ลาตัวหนึ่งผูกอยู่ทันที และมีลูกลาอยู่กับมัน จงแก้เชือกแล้วพาทั้งสองมาหาเรา
2သင် တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထိုရွာ၌ ချည်နှောင် လျက်ရှိသောမြည်းမ နှင့် မြည်းကလေး ကို သင် တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုးကိုဖြည် ၍ ငါ့ ထံသို့ဆောင်ခဲ့ ကြ။
3ถ้าใครพูดอะไรกับพวกคุณ จงบอกว่า ‘องค์พระผู้เป็นเจ้าต้องการใช้มัน’ แล้วเขาจะส่งมันมาทันที”
3သူတစ်ပါး သည် သင် တို့အား တစ်စုံတစ်ခု ကိုဆို လျှင် သခင် အလို ရှိ သည်ဟုပြန်ပြော ကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည်ချက်ခြင်း ပေး လိုက်မည် ဟု မှာထား တော်မူ၏။
4เหตุการณ์ทั้งหมดนี้เกิดขึ้น เพื่อให้สิ่งที่กล่าวไว้ผ่านผู้เผยพระวจนะสำเร็จ คือ
4ထို အကြောင်းအရာမူကား၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်းကလေး ကိုစီး ၍၊
5“จงบอกธิดาแห่งศิโยนว่า กษัตริย์ของเจ้ากำลังมาหาเจ้า พระองค์ถ่อมตน และนั่งบนลา บนลูกลา ลูกของแม่ลา”
5နူးညံ့ သိမ်မွေ့သောစိတ်နှင့် သင် ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှု လော့ဟု ဇိအုန် သတို့သမီး အား ပြော ကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း ဖြစ် သတည်း။
6สาวกทั้งสองก็ไป และทำตามที่พระเยซูสั่ง
6တပည့် တော်တို့သည်သွား ၍ အမိန့် တော်အတိုင်း ပြု သဖြင့် ၊
7พวกเขาพาแม่ลากับลูกลามา เอาเสื้อผ้าของตนปูบนมัน แล้วพระองค์นั่งบนเสื้อผ้าเหล่านั้น
7မြည်းမ နှင့် မြည်းကလေး ကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိ တို့အဝတ် ကိုတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။
8ฝูงชนจำนวนมากเอาเสื้อผ้าของตนปูบนถนน ส่วนคนอื่น ๆตัดกิ่งไม้จากต้นไม้มาปูบนถนน
8အတိုင်းမသိ များစွာ သောလူတို့သည် မိမိ တို့အဝတ် ကို လမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ် ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်း ကြ၏။
9ฝูงชนที่เดินนำหน้าพระองค์ และคนที่ตามมา ต่างร้องว่า “โฮซันนา แด่บุตรของดาวิด! ผู้ที่มาในพระนามขององค์พระผู้เป็นเจ้าย่อมเป็นสุข! โฮซันนาในที่สูงสุด!”
9ရှေ့ နောက် လိုက်သွားသော အခြံအရံ များတို့က ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။
10เมื่อพระองค์เข้ากรุงเยรูซาเล็ม ทั้งเมืองก็เกิดความโกลาหล และถามกันว่า “คนนี้คือใคร?”
10ယေရုရှလင် မြို့သို့ ဝင် တော်မူသောအခါ တမြို့လုံး အုတ်အုတ်သဲသဲ ၍၊ ဤ သူကားအဘယ်သူ နည်းဟု မေးမြန်း ကြလျှင်၊
11ฝูงชนตอบว่า “นี่คือผู้เผยพระวจนะเยซู จากนาซาเร็ธในแคว้นกาลิลี”
11လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။
12พระเยซูเข้าไปในพระวิหารของพระเจ้า และขับไล่ทุกคนที่ซื้อขายอยู่ในพระวิหาร พระองค์คว่ำโต๊ะของคนแลกเงิน และที่นั่งของคนขายนกพิราบ
12ယေရှု သည် ဘုရားသခင်၏ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ အပေါင်း တို့ကို နှင်ထုတ် ၍ ၊ ငွေ လဲသောသူတို့၏ခုံ များကို၎င်း ၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင် နေရာကို၎င်း တွန်းလှဲ တော်မူလျက် ၊
13พระองค์กล่าวกับพวกเขาว่า “มีเขียนไว้ว่า ‘บ้านของเราจะได้ชื่อว่าเป็นบ้านแห่งการอธิษฐาน’ แต่พวกคุณกลับทำให้มันเป็นรังของพวกโจร!”
13ငါ့ အိမ် ကို ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ ၌လာသော်လည်း ၊ သင် တို့သည် ထို အိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
14คนตาบอดและคนขาพิการมาหาพระองค์ในพระวิหาร และพระองค์รักษาพวกเขา
14ထိုအခါ ဗိမာန် တော်၌ မျက်စိကန်း သောသူ၊ ခြေမစွမ်း သောသူတို့သည် အထံ တော်သို့လာ ၍ သူ တို့အနာရောဂါကို ငြိမ်း စေတော်မူ၏။
15แต่เมื่อหัวหน้าปุโรหิตและพวกอาลักษณ์เห็นสิ่งมหัศจรรย์ที่พระองค์ทำ และเห็นเด็ก ๆร้องในพระวิหารว่า “โฮซันนาแด่บุตรของดาวิด!” พวกเขาก็ไม่พอใจอย่างยิ่ง
15ကိုယ်တော်ပြု တော်မူသော အံ့ဩဘွယ် အမှု တို့ကို၎င်း၊ သူငယ် တို့ကလည်း ၊ ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ဗိမာန် တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် ကြားမြင် လျှင် အမျက်ထွက် ကြ၍ ၊
16และถามพระองค์ว่า “ท่านได้ยินสิ่งที่เด็กเหล่านี้พูดหรือ?” พระเยซูตอบพวกเขาว่า “ได้ยิน พวกคุณไม่เคยอ่านหรือว่า ‘พระองค์ทำให้คำสรรเสริญจากปากเด็กและทารกที่ยังกินนมสมบูรณ์’?”
16ဤ သူတို့သည် အဘယ်သို့ ပြောဆို သည်ကို ကြား သလောဟု ယေရှု အား မေး ကြလေသော်၊ ငါကြား ၏။ နို့စို့ သူငယ် တို့ နှုတ် ထဲမှ ကိုယ်တော်သည် ချီးမွမ်း ခြင်းကိုပြင်ဆင် တော်မူသည်ဟူသောစကားကို သင်တို့သည် တရံတစ်ခါ မျှ မဘတ် ဘူးသလော ဟု မိန့် တော်မူ၏။
17แล้วพระองค์จากพวกเขา ออกจากเมืองไปเบธานี และพักที่นั่น
17ထိုအခါ သူ တို့ကိုထား ခဲ့၍မြို့ ထဲမှ ထွက် ပြီးလျှင် ဗေသနိ ရွာသို့ ကြွ၍ ထို ညဉ့်ကို လွန် စေတော်မူ၏။
18เช้าวันรุ่งขึ้น ขณะพระองค์กลับเข้าเมือง พระองค์หิว
18နံနက် အချိန်၌ မြို့ သို့ ပြန် စဉ်တွင် ဆာမွတ် တော်မူ၏။
19เมื่อเห็นต้นมะเดื่อต้นหนึ่งอยู่ริมทาง พระองค์เข้าไปหา แต่ไม่พบอะไรนอกจากใบ พระองค์กล่าวกับต้นนั้นว่า “อย่าออกผลอีกตลอดไป!” ทันใดนั้น ต้นมะเดื่อก็เหี่ยวแห้ง
19လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။
20เมื่อสาวกเห็นก็ประหลาดใจ และถามว่า “ทำไมต้นมะเดื่อถึงเหี่ยวแห้งทันทีอย่างนี้?”
20တပည့် တော်တို့သည် မြင် လျှင် ၊ သင်္ဘောသဖန်း ပင်သည် ချက်ခြင်း သွေ့ခြောက် ပါပြီတကားဟု အံ့ဩ ၍ ဆို ကြ၏။
21พระเยซูตอบพวกเขาว่า “เราบอกความจริงแก่พวกคุณว่า ถ้าพวกคุณมีความเชื่อ และไม่สงสัย พวกคุณจะไม่เพียงทำสิ่งที่เกิดกับต้นมะเดื่อนี้ได้ แต่ถึงแม้พวกคุณจะบอกภูเขาลูกนี้ว่า ‘จงถูกยกขึ้น และโยนลงในทะเล’ ก็จะเป็นเช่นนั้น
21ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ယုံမှား ခြင်းနှင့် ကင်း သော ယုံကြည် ခြင်းရှိ လျှင် ၊ သင်္ဘောသဖန်း ပင်၌ ပြု သကဲ့သို့သင်တို့ပြုနိုင်သည်သာမက ၊ ထို တောင် ကိုပင် နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင်ဆိုသည်အတိုင်း ဖြစ် လိမ့်မည်။
22ทุกสิ่งที่พวกคุณขอด้วยความเชื่อในการอธิษฐาน พวกคุณจะได้รับ”
22ယုံကြည် ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှ တို့ကို သင်တို့သည်ရ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
23เมื่อพระองค์เข้าพระวิหาร หัวหน้าปุโรหิตกับผู้อาวุโสของประชาชนมาหาพระองค์ขณะกำลังสอน และถามว่า “ท่านทำสิ่งเหล่านี้ด้วยอำนาจอะไร? ใครให้อำนาจนี้แก่ท่าน?”
23ဗိမာန် တော်သို့ ဝင် ပြန်၍ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ထို အခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော်၊
24พระเยซูตอบพวกเขาว่า “เราก็จะถามพวกคุณหนึ่งคำถาม ถ้าพวกคุณตอบ เราก็จะบอกพวกคุณเช่นกันว่าเราทำสิ่งเหล่านี้ด้วยอำนาจอะไร
24ယေရှု က၊ ငါ သည် တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ လျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော မည်။
25การรับบัพติศมาของยอห์นมาจากไหน? จากสวรรค์ หรือจากมนุษย์?” พวกเขาปรึกษากันว่า “ถ้าเราตอบว่า ‘จากสวรรค์’ เขาจะถามเราว่า ‘ถ้าอย่างนั้น ทำไมพวกคุณจึงไม่เชื่อเขา?’
25ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ၍ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံသနည်းဟု သူမေး လေဦးမည်။
26แต่ถ้าเราตอบว่า ‘จากมนุษย์’ เราก็กลัวฝูงชน เพราะทุกคนถือว่ายอห์นเป็นผู้เผยพระวจนะ”
26လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် လူ များကိုကြောက် ရ၏။ အကြောင်းမူကား ၊ လူအပေါင်း တို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27พวกเขาจึงตอบพระเยซูว่า “พวกเราไม่รู้” พระองค์จึงกล่าวกับพวกเขาว่า “เราก็จะไม่บอกพวกคุณเช่นกันว่าเราทำสิ่งเหล่านี้ด้วยอำนาจอะไร
27အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အား ပြန်ပြော ကြ၏။ ကိုယ်တော် ကလည်း ၊ ထိုအတူ ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော ။
28“แต่พวกคุณคิดอย่างไร? ชายคนหนึ่งมีลูกชายสองคน เขาไปหาคนแรก และพูดว่า ‘ลูกเอ๋ย วันนี้จงไปทำงานในสวนองุ่นของพ่อ’
28သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင် ၊
29ลูกตอบว่า ‘ไม่ไป’ แต่ภายหลังก็เปลี่ยนใจ และไป
29သား က ငါမ သွား ဘူးဟု ပြန်ပြော သော်လည်း ၊ နောက်မှ နောင်တရ ၍သွား လေ၏။
30พ่อไปหาคนที่สอง และพูดแบบเดียวกัน เขาตอบว่า ‘ไปครับ’ แต่ไม่ได้ไป
30အဘသည် အခြား သောသားဆီသို့သွား ၍ ရှေ့နည်းအတူ ဆို လျှင် ၊ သား ကသွားပါမည်အဘသခင် ဟု ဆို သော်လည်း မ သွား ဘဲနေ၏။
31ในสองคนนี้ ใครทำตามความประสงค์ของพ่อ?” พวกเขาตอบว่า “คนแรก” พระเยซูกล่าวกับพวกเขาว่า “เราบอกความจริงแก่พวกคุณว่า คนเก็บภาษีและหญิงโสเภณีกำลังเข้าอาณาจักรของพระเจ้าก่อนพวกคุณ
31ထိုသားနှစ် ယောက်တို့တွင် အဘယ်သူ သည် အဘ ၏အလို ကိုဆောင် သနည်း ဟု မေးတော်မူလျှင်၊ သား အကြီး ဆောင်ပါသည်ဟု လျှောက် ကြသော်၊ ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့သည် သင် တို့အရင် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်တတ်ကြ၏။
32เพราะยอห์นมาหาพวกคุณตามทางแห่งความชอบธรรม แต่พวกคุณไม่เชื่อเขา ส่วนคนเก็บภาษีและหญิงโสเภณีเชื่อเขา แม้พวกคุณเห็นแล้ว ภายหลังก็ยังไม่กลับใจเพื่อจะเชื่อเขา
32အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ မ ရကြ။
33“จงฟังอุปมาอีกเรื่องหนึ่ง ชายเจ้าของบ้านคนหนึ่งปลูกสวนองุ่น ทำรั้วล้อม ขุดบ่อย่ำองุ่นไว้ในสวน สร้างหอคอย แล้วให้ชาวไร่เช่า ก่อนจะเดินทางไปต่างประเทศ
33အခြား သော ဥပမာ ကိုနားထောင် ကြလော့။ အိမ်ရှင် တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သော သူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့သွား လေ၏။
34เมื่อใกล้ถึงฤดูเก็บผล เขาส่งคนรับใช้ไปหาชาวไร่ เพื่อรับผลผลิตของเขา
34အသီး သီးချိန် ရောက် သောအခါ ၊ အသီး ကိုခံ စေခြင်းငှာငယ်သား တို့ကို ဥယျာဉ်စောင့် တို့ရှိရာ သို့ စေလွှတ် လေ၏။
35ชาวไร่จับคนรับใช้ของเขา คนหนึ่งถูกตี อีกคนถูกฆ่า และอีกคนถูกเอาหินขว้าง
35ထိုသူ တို့သည် ငယ်သား များကို ဘမ်း ပြီးလျှင် တစ်ဦး ကိုရိုက် ၍၊ တစ်ဦး ကိုသတ် ၍ ၊ တစ်ဦး ကို ခဲ နှင့်ပစ်ကြ၏။
36เขาส่งคนรับใช้ชุดอื่นไปอีก มากกว่าครั้งแรก แต่ชาวไร่ก็ทำกับพวกเขาแบบเดียวกัน
36နောက်တစ်ဖန် အရင် ထက် များသော အခြား ငယ်သား တို့ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူ ပြု ကြ၏။
37ในที่สุด เขาส่งลูกชายของตนไปหาพวกเขา โดยคิดว่า ‘พวกเขาจะให้เกียรติลูกชายของเรา’
37နောက်ဆုံး ၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိ သား ကို စေလွတ် လေ၏။
38แต่เมื่อชาวไร่เห็นลูกชาย พวกเขาพูดกันว่า ‘นี่คือทายาท มาเถอะ ให้เราฆ่าเขา แล้วยึดมรดกของเขา’
38ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကိုသတ် ၍ သူ ၏ အမွေ ဥစ္စာကိုယူ ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင် ၍၊
39พวกเขาจึงจับเขา โยนออกนอกสวนองุ่น แล้วฆ่าเขา
39ဥယျာဉ်ရှင်၏သား ကို ဘမ်းယူ ပြီးမှ ဥယျာဉ် ပြင် သို့ထုတ် ၍ သတ်ပစ် ကြ၏။
40เพราะฉะนั้น เมื่อเจ้าของสวนองุ่นมา เขาจะทำอย่างไรกับชาวไร่เหล่านั้น?”
40သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည်လာ သောအခါ ၊ ဥယျာဉ်စောင့် တို့ကိုအဘယ်သို့ ပြု မည်နည်း ဟုမေးတော်မူ၏။
41พวกเขาตอบพระองค์ว่า “เขาจะทำลายคนชั่วเหล่านั้นอย่างย่อยยับ และจะให้ชาวไร่คนอื่นเช่าสวน ซึ่งจะส่งมอบผลผลิตให้เขาตามฤดูกาล”
41ပရိသတ်တို့ကလည်း ထိုလူဆိုး တို့အား ဆိုး သောဖျက်ဆီး ခြင်းကို စီရင်ပါလိမ့်မည်။ အသီး သီးချိန် တွင် အသီးကို ဆက် အံ့သောအခြား လူ တို့အား ထိုဥယျာဉ် ကို ငှား ပါလိမ့်မည်ဟု လျှောက် ကြ၏။
42พระเยซูกล่าวกับพวกเขาว่า “พวกคุณไม่เคยอ่านในพระคัมภีร์หรือว่า ‘ศิลาที่ช่างก่อสร้างปฏิเสธ ได้กลายเป็นศิลาหัวมุม สิ่งนี้มาจากองค์พระผู้เป็นเจ้า และเป็นสิ่งมหัศจรรย์ในสายตาของพวกเรา’?”
42ယေရှု ကလည်း၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကို ကျမ်းစာ ၌ သင်တို့သည် တရံတခါမျှမ ဘတ် ဘူးသလော။
43“เพราะฉะนั้น เราบอกพวกคุณว่า อาณาจักรของพระเจ้าจะถูกเอาไปจากพวกคุณ และมอบให้ชนชาติที่ทำให้เกิดผลของอาณาจักร
43ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
44ผู้ที่ล้มลงบนศิลาก้อนนี้จะแตกเป็นชิ้น ๆ แต่ถ้าศิลานี้ตกทับใคร ก็จะทำให้คนนั้นแหลกเป็นผง”
44အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူသည် ကျိုး လတံ့၊ အကြင်သူ ၏အပေါ်သို့ ထို ကျောက်သည်ကျ ၏၊ ထိုသူ သည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။
45เมื่อหัวหน้าปุโรหิตและพวกฟาริสีได้ยินอุปมาของพระองค์ พวกเขาก็รู้ว่าพระองค์กล่าวถึงพวกเขา
45ထိုဥပမာ စကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည်ကြား ရလျှင် ၊ မိမိ တို့ကို ရည်ဆောင် ၍ ဟောပြော တော်မူသည်ကို သိ ကြ၏။
46พวกเขาอยากจับพระองค์ แต่กลัวฝูงชน เพราะประชาชนถือว่าพระองค์เป็นผู้เผยพระวจนะ
46ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။
Tip: use the ← and → keys to turn chapters.