มัทธิว 10
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1พระองค์เรียกสาวกสิบสองคนของพระองค์มาหา แล้วให้อำนาจพวกเขาเหนือวิญญาณที่ไม่บริสุทธิ์ เพื่อขับพวกมันออก และรักษาโรคและความเจ็บป่วยทุกอย่าง
1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။
2ชื่อของอัครทูตสิบสองคนมีดังนี้ คนแรก คือ ซีโมน ผู้ที่ได้ชื่อว่า เปโตร อันดรูว์ พี่น้องของเขา ยากอบลูกของเศเบดี และยอห์น พี่น้องของเขา
2တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့၏ အမည် ကား ၊ ပဌမ မှာ၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊
3ฟีลิป บารโธโลมิว โธมัส มัทธิวคนเก็บภาษี ยากอบลูกของอัลเฟอัส เลบเบอัส ซึ่งมีอีกชื่อว่า ธัดเดอัส
3ဇေဗေဒဲ ၏သား ယာကုပ် နှင့် သူ့ ညီ ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊ သောမ နှင့် အခွန်ခံ မသ္သဲ ၊ အာလဖဲ ၏သား ယာကုပ် နှင့် သဒ္ဒဲ ဟုအမည်သစ်ကိုရသော လေဗဲ၊
4ซีโมนผู้เป็นเซโลเต และยูดาสอิสคาริโอท ผู้ซึ่งทรยศพระองค์
4ကာနနိတ် လူရှိမုန် နှင့် ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ် ပေတည်း။
5พระเยซูส่งทั้งสิบสองคนออกไป และกำชับพวกเขาว่า “อย่าไปหาคนต่างชาติ และอย่าเข้าเมืองใด ๆ ของชาวสะมาเรีย
5ထို တစ်ကျိပ် နှစ်ပါးသော သူ တို့ကို ယေရှု သည် စေလွှတ် တော်မူ၍၊ သင်တို့သည် တစ်ပါး အမျိုးသားတို့ရှိရာ သို့ မ သွား ကြနှင့်။ ရှမာရိ မြို့ ရွာထဲသို့ မ ဝင် ကြနှင့်။
6แต่จงไปหาแกะที่หลงหายของวงศ์อิสราเอล
6ဣသရေလ အမျိုး ၊ ပျောက်လွင့် သော သိုး များရှိရာ သို့ အရင် သွား ကြလော့။
7ระหว่างทาง จงประกาศว่า ‘อาณาจักรแห่งสวรรค์ใกล้เข้ามาแล้ว!’
7သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံ တော် တည်လုနီး ပြီဟုသိတင်းကြားပြော ကြလော့။
8จงรักษาคนป่วย ชำระคนเป็นโรคเรื้อนให้สะอาด และขับปีศาจออก พวกคุณได้รับมาเปล่า ๆ ก็จงให้เปล่า ๆ
8နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။
9อย่าพกทองคำ เงิน หรือทองแดงไว้ในถุงเงินคาดเอวของพวกคุณ
9ရွှေ ၊ ငွေ ၊ ကြေး တို့ကို ခါးပန်း ထဲ၌ မ သိုမှီး ကြနှင့်။
10อย่าเอาย่ามไปด้วย และอย่าเอาเสื้อสองตัว รองเท้าแตะ หรือไม้เท้า เพราะคนงานสมควรได้รับอาหารของตน
10လမ်း ခရီးဘို့ လွယ်အိတ် ၊ အင်္ကျီ နှစ် ထည်၊ ခြေနင်း တောင်ဝေး ကို မ သိုမှီးကြနှင့်။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူ သည် ကျွေးမွေး ခြင်းကို ခံထိုက် ပေ၏။
11เมื่อพวกคุณเข้าเมืองหรือหมู่บ้านใด จงสืบดูว่าใครในที่นั้นเป็นคนที่สมควร แล้วพักอยู่กับเขาจนกว่าพวกคุณจะออกไป
11မည်သည် မြို့ မည်သည်ရွာ သို့ ဝင် လျှင်၊ ထိုမြို့ ရွာ၌ အဘယ် မည်သောသူသည် ထိုက်တန် သနည်းဟု မေးမြန်း ၍၊ ထို မြို့ရွာမှ မ ထွက် မသွားမှီတိုင်အောင်ထိုသူ ၏အိမ်တွင် နေ ကြလော့။
12เมื่อเข้าไปในบ้าน จงกล่าวคำทักทายแก่คนในบ้าน
12အိမ် သို့ ဝင် သောအခါ မင်္ဂလာရှိပါစေသောဟုနှုတ်ဆက် ခြင်းကို ပြုကြလော့။
13ถ้าบ้านนั้นสมควร ก็ให้สันติสุขของพวกคุณอยู่กับบ้านนั้น แต่ถ้าไม่สมควร ก็ให้สันติสุขของพวกคุณกลับมาหาพวกคุณ
13ထိုအိမ် သည် ထိုက်တန် လျှင် သင် တို့မြွက်သော မင်္ဂလာ ရောက် စေသတည်း။ မ ထိုက်တန် လျှင် သင် တို့ ထံသို့ ပြန်လာ စေသတည်း။
14ถ้าใครไม่ต้อนรับพวกคุณ หรือไม่ฟังถ้อยคำของพวกคุณ เมื่อออกจากบ้านหรือเมืองนั้น จงสลัดฝุ่นใต้เท้าของพวกคุณออก
14အကြင်သူ သည်သင် တို့ကို လက် မ ခံ၊ သင် တို့၏ စကား ကိုနား မ ထောင်ဘဲနေ၏။ ထို သူနေသော အိမ် မှ၎င်း၊ မြို့ မှ၎င်း ထွက်သွား စဉ်၊ သင် တို့၏ ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့။
15เราบอกความจริงแก่พวกคุณว่า ในวันพิพากษา ดินแดนโสโดมและโกโมราห์จะรับโทษเบากว่าเมืองนั้น
15ငါအမှန် ဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ ထို မြို့ သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ထက် သာ၍ ခံရလတံ့။
16“ดูสิ เราส่งพวกคุณออกไปเหมือนแกะท่ามกลางหมาป่า เพราะฉะนั้น จงฉลาดเหมือนงู และไม่เป็นพิษเป็นภัยเหมือนนกพิราบ
16တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။
17แต่จงระวังผู้คน เพราะพวกเขาจะมอบพวกคุณให้แก่สภา และเฆี่ยนพวกคุณในธรรมศาลา
17လူ တို့ကို သတိပြု ကြ။ အကြောင်းမူကား ၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။
18พวกคุณจะถูกนำตัวไปต่อหน้าผู้ปกครองและกษัตริย์เพราะเรา เพื่อเป็นพยานแก่พวกเขาและแก่ชนชาติต่าง ๆ
18ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။
19แต่เมื่อพวกเขามอบพวกคุณให้ อย่ากังวลว่าจะพูดอย่างไรหรือพูดอะไร เพราะเมื่อถึงเวลานั้น พวกคุณจะได้รับถ้อยคำที่จะพูด
19သင် တို့ကို အပ်နှံ သောအခါ အဘယ်သို့ ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။ ပြော ရသောစကားကို ထို ခဏခြင်း တွင် သင် တို့သည်ရ ကြလိမ့်မည်။
20เพราะผู้ที่พูดไม่ใช่พวกคุณ แต่เป็นพระวิญญาณของพระบิดาของพวกคุณที่พูดผ่านพวกคุณ
20အကြောင်းမူကား ၊ သင် တို့ အလိုအလျောက် ပြော ကြသည်မ ဟုတ် ။ သင် တို့အဘ ၏ ဝိညာဉ် တော်သည် သင် တို့အားဖြင့် ပြော တော်မူ၏။
21“พี่น้องจะมอบพี่น้องให้ถึงตาย และบิดาจะมอบลูก ลูก ๆ จะลุกขึ้นต่อต้านบิดามารดา และทำให้พวกเขาถูกประหาร
21ထိုအခါ ညီအစ်ကို ချင်းတစ်ယောက်ကိုတစ်ယောက် သေ စေခြင်းငှာ အပ်ကြလိမ့်မည်။ အဘ သည်လည်း သား ကို အပ် လိမ့်မည်။ သားသမီး တို့သည်လည်း မိဘ ကို ရန်ဘက် ပြု၍ သေ စေကြလိမ့်မည်။
22ทุกคนจะเกลียดชังพวกคุณเพราะนามของเรา แต่ผู้ที่อดทนจนถึงที่สุดจะรอด
22လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကို မုန်း ကြလိမ့်မည် ။ အကြင်သူသည်အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
23เมื่อพวกเขาข่มเหงพวกคุณในเมืองนี้ จงหนีไปอีกเมืองหนึ่ง เพราะเราบอกความจริงแก่พวกคุณว่า พวกคุณจะยังไปไม่ทั่วเมืองต่าง ๆ ของอิสราเอล ก่อนที่บุตรมนุษย์จะมา
23တစ်မြို့ ၌ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။
24“สาวกไม่ได้อยู่เหนืออาจารย์ และคนรับใช้ไม่ได้อยู่เหนือนาย
24တပည့် သည် ဆရာ ထက် မ သာ။ ကျွန် သည် သခင် ထက် မ သာ။
25สำหรับสาวก เพียงได้เป็นเหมือนอาจารย์ของตนก็พอ และสำหรับคนรับใช้ เพียงได้เป็นเหมือนนายของตนก็พอ ถ้าพวกเขาเรียกเจ้าของบ้านว่า เบเอลเซบูล แล้วคนในบ้านของเขาจะยิ่งถูกเรียกเช่นนั้นสักเพียงใด!
25တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
26ดังนั้น อย่ากลัวพวกเขา เพราะไม่มีสิ่งใดที่ปกปิดไว้แล้วจะไม่ถูกเปิดเผย หรือซ่อนไว้แล้วจะไม่มีใครรู้
26ထို့ကြောင့် သူ တို့ကို မ ကြောက် ကြနှင့်။ ဖုံးထား လျက်ရှိ သမျှသောအရာတို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။
27สิ่งที่เราบอกพวกคุณในความมืด จงพูดในที่สว่าง และสิ่งที่พวกคุณได้ยินกระซิบข้างหู จงประกาศจากดาดฟ้า
27မှောင်မိုက် ၌ သင် တို့အား ငါပြော သောအရာ များကို သင်တို့သည် အလင်း ၌ ကြားပြော ကြလော့။ သင် တို့နား အပါး၌ ပြော၍ ကြား သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလော့ ဟု မိန့်တော်မူ၏။
28อย่ากลัวคนที่ฆ่าร่างกาย แต่ฆ่าจิตวิญญาณไม่ได้ แต่จงกลัวผู้ที่สามารถทำลายทั้งจิตวิญญาณและร่างกายในเกเฮนนา
28တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။
29“นกกระจอกสองตัวขายในราคาหนึ่งเหรียญอัสซาริออนไม่ใช่หรือ? ถึงอย่างนั้น ไม่มีสักตัวเดียวตกถึงพื้นนอกเหนือจากพระประสงค์ของพระบิดาของพวกคุณ
29စာငှက် နှစ် ကောင်ကို အဿရိ တစ်ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ သင် တို့အဘ အခွင့်မ ရှိလျှင် ထို စာငှက်တစ် ကောင်မျှ မြေ သို့ မ ကျ ရ။
30แม้แต่เส้นผมบนศีรษะของพวกคุณก็นับไว้หมดแล้ว
30သင် တို့ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ ၏။
31ดังนั้น อย่ากลัว พวกคุณมีค่ามากกว่านกกระจอกหลายตัว
31ထို့ကြောင့် မ ကြောက် ကြနှင့်။ သင် တို့သည် စာငှက် အများ တို့ထက် သာ၍ မြတ်ကြ၏။
32เพราะฉะนั้น ทุกคนที่ประกาศยอมรับเราต่อหน้ามนุษย์ เราก็จะยอมรับเขาต่อหน้าพระบิดาของเราผู้อยู่ในสวรรค์
32အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကိုငါ ဝန်ခံ မည်။
33แต่ผู้ใดปฏิเสธเราต่อหน้ามนุษย์ เราก็จะปฏิเสธเขาต่อหน้าพระบิดาของเราผู้อยู่ในสวรรค์
33အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုငြင်းပယ် အံ့ ။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကို ငါ ငြင်းပယ် မည်။
34“อย่าคิดว่าเรามาเพื่อนำสันติสุขมาสู่โลก เราไม่ได้มาเพื่อนำสันติสุข แต่นำดาบ
34မြေ ပေါ်သို့ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်ဟုမ ထင် ကြနှင့်။ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်မ ဟုတ်။ ဓား ကို စေလွှတ်အံ့သောငှာငါလာသတည်း။
35เพราะเรามาเพื่อทำให้ชายคนหนึ่งแตกแยกกับบิดา ลูกสาวกับมารดา และลูกสะใภ้กับแม่สามี
35အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား စေခြင်းငှာငါလာ သတည်း။
36ศัตรูของคนหนึ่งจะเป็นคนในครอบครัวของตนเอง
36ကိုယ် အိမ်သူ အိမ်သားတို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
37ผู้ที่รักบิดาหรือมารดามากกว่าเราไม่คู่ควรกับเรา และผู้ที่รักลูกชายหรือลูกสาวมากกว่าเราก็ไม่คู่ควรกับเรา
37အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။
38ผู้ที่ไม่แบกกางเขนของตน และตามเรามา ก็ไม่คู่ควรกับเรา
38အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ နှင့် မ ထိုက် မတန်။
39ผู้ที่มุ่งรักษาชีวิตของตนไว้จะสูญเสียชีวิตนั้น และผู้ที่สูญเสียชีวิตของตนเพราะเราจะพบชีวิตนั้น
39မိမိ အသက် ကို တွေ့ သောသူ သည် အသက် ရှုံး လိမ့်မည်။ ငါ့ ကြောင့် မိမိ အသက် ရှုံး သောသူ မူကားအသက် ကို တွေ့ လိမ့်မည်။
40“ผู้ที่ต้อนรับพวกคุณ ก็ต้อนรับเรา และผู้ที่ต้อนรับเรา ก็ต้อนรับผู้ที่ส่งเรามา
40သင် တို့ကို လက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို လက်ခံ ၏။
41ผู้ที่ต้อนรับผู้เผยพระวจนะในฐานะผู้เผยพระวจนะ จะได้รับรางวัลของผู้เผยพระวจนะ และผู้ที่ต้อนรับคนชอบธรรมในฐานะคนชอบธรรม จะได้รับรางวัลของคนชอบธรรม
41ပရောဖက် ၏ မျက်နှာ ကိုထောက်၍၊ ပရောဖက် ကို လက်ခံ သောသူ သည် ပရောဖက် ၏အကျိုး ကို ခံရ လတံ့၊ ဖြောင့်မတ် သောသူ၏မျက်နှာ ကိုထောက်၍၊ ဖြောင့်မတ် သောသူကို လက်ခံ သောသူ သည် ဖြောင့်မတ် သောသူ၏အကျိုး ကိုခံရ လတံ့။
42ผู้ใดให้น้ำเย็นเพียงหนึ่งถ้วยแก่คนเล็ก ๆ เหล่านี้คนหนึ่งดื่ม เพราะคนนั้นเป็นสาวก เราบอกความจริงแก่พวกคุณว่า ผู้นั้นจะไม่สูญเสียรางวัลของตนอย่างแน่นอน”
42အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။
Tip: use the ← and → keys to turn chapters.