ဇာခရိ

Old Testament

Chapter 11

ဇာခရိ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဇာခရိ 11

Greek New Testament: Textus Receptus has no text for this chapter yet.

1အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။

2အိုထင်းရူး ပင်၊ အာရဇ် ပင်လဲ သောကြောင့် မြည်တမ်း လော့။ မြတ် သောအပင်တို့သည် ပျက်စီး ကြပြီ။ အို ဗာရှန် သပိတ် ပင်တို့၊ ခိုင်ခံ့ သောတော ကို ခုတ်လှဲ သောကြောင့် မြည်တမ်း ကြလော့။

3သိုးထိန်း တို့သည် မိမိ တို့ အသရေ ပျက် သောကြောင့် ၊ မြည်တမ်း သောအသံ ကို ပြုကြ၏။ ယော်ဒန် မြစ် ၏ဂုဏ် အသရေပျက် သောကြောင့် ၊ ခြင်္သေ့ ပျိုဟောက် သောအသံ ကို ကြားရ၏။

4ငါ ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သတ် ဘို့ရာထားသော ဤသိုးစု ကို ကျွေးမွေး လော့။

5ပိုင် သောသူ တို့သည် သတ် ၍ ကိုယ်အပြစ် ရှိသည် ကို မ သိကြ။ ရောင်း စားသောသူ တို့ကလည်း ၊ ငါရ တတ် သည်ဖြစ်၍ ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို ကြ၏။ သိုးထိန်း တို့သည်လည်း သနား ခြင်းကရုဏာမ ရှိကြ။

6ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။

7ထိုသို့ သတ် ဘို့ရာထားသော သိုးစု တည်းဟူသော၊ ဆင်းရဲ သောသိုး တို့ကို ငါကျွေးမွေး ရ၏။ သိုးထိန်းတောင်ဝေး နှစ် စင်းကိုယူ ၍ ၊ တစင်း ကို ကျေးဇူး ဟူ၍၎င်း ၊ တစင်းကို အနှောင် အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ် လျက်၊ သိုးစု ကို ကျွေးမွေး ၏။

8သိုးထိန်း သုံး ယောက်ကိုလည်း တ လ တွင် ငါပယ်ဖြတ် ၏။ သူ တို့ကြောင့် ငါ့ စိတ် ငြီးငွေ့ ၏။ သူ တို့သည်လည်း ငါ့ ကို ရွံရှာ ကြ၏။

9နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက် ၊

10ခပ်သိမ်း သောလူမျိုး တို့နှင့် အရင် ဖွဲ့သော ပဋိညာဉ် ကို ဖျက် လို ၍၊ ကျေးဇူး အမည်ရှိသောငါ ၏ တောင်ဝေး ကို ယူ ၍ ချိုး ၏။

11ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။

12တဖန် ငါက၊ ငါရထိုက် သော အခကို ပေးအံ့သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေး ကြလော့။ အလို မရှိလျှင် မ ပေး ကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့ အား အခ ပေးအံ့သောငှါငွေ သုံး ဆယ်ကို ချိန် ကြ၏။

13ထာဝရဘုရား ကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့ မှာ ပစ်ချ လော့။ ငါ့ ကို အဘိုးပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေ သုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ဗိမာန် တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏။

14ထိုအခါ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးဖွဲ့ သော မိဿဟာယ ကို ဖျက် လို ၍၊ အနှောင် အဖွဲ့အမည်ရှိသော အခြား တောင်ဝေး ကို ငါချိုး ၏။

15တဖန် ထာဝရဘုရား က၊ မိုက် သော သိုးထိန်း ၏ တန်ဆာ တို့ကို သိမ်းယူ လော့။

16အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။

17သိုးစု ကို စွန့်ပစ် သော အချည်းနှီး သိုးထိန်း သည် အမင်္ဂလာ ရှိစေသတည်း။ သူ ၏လက်ရုံး နှင့် လက်ျာ မျက်စိ ၌ ထား ဘေးရောက်လိမ့်မည်။ လက်ရုံး သည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာ မျက်စိ သည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။

Tip: use the ← and → keys to turn chapters.