ရှောလမုန်သီချင်း

Old Testament

Chapter 2

ရှောလမုန်သီချင်း

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ရှောလမုန်သီချင်း 2

Greek New Testament: Textus Receptus has no text for this chapter yet.

1ကျွန်မသည် ရှာရုန် အရပ်နှင်းဆီ ပွင့်၊ ကွင်းပြင် ၌ပေါက်သော နှင်းပွင့် မျှသာဖြစ်ပါ၏။

2ဆူး တောထဲမှာ နှင်းပွင့် ထင်သကဲ့သို့ ၊ ငါ ချစ် သောသတို့သမီးသည် လူမျိုးသမီး စုထဲမှာ ထင်ပေ၏။

3တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် ၍ ၊ မြိန် စွာသော အသီး ကို စား ရ၏။

4ပွဲခံ ရာအိမ် သို့ ငါ့ ကိုဆောင်သွား ၍ ၊ မေတ္တာ တော်အလံ ကို ငါ့ အပေါ် မှာ မိုးတော်မူပြီ။

5ငါ သည်ချစ်ခြင်း အားဖြင့်ကြင်နာ သည်ဖြစ်၍ ၊ ငါ့ ကိုစပျစ်သီးပျဉ် နှင့် အားဖြည့် ကြပါ။ ရှောက်ချို သီးကို ကျွေး၍ သက်သာ စေကြပါ။

6သင်၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မလျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက်နေတော်မူပါစေ။

7ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင် ဒရယ် များကို တိုင်တည်၍ သင် တို့ကို ငါမှာ ထား၏။

8ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။

9ငါ ချစ် ရာသခင်သည် သမင် ဒရယ် သငယ် နှင့် တူ၏။ ကြည့် ပါ။ အုတ်ရိုး ပြင် မှာရပ် တော်မူ၏။ ပြတင်းပေါက် ဝတွင် ကြည့် လျက် ၊ ပြတင်းရွက် ကြား မှာ ကိုယ်ကို ပြလျက်နေတော်မူ၏။

10ငါ ချစ် ရာ သခင်သည် ခေါ် ၍ ပြော သည်ကား၊ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ ၍ လာ ခဲ့ပါ။

11ဆောင်း ကာလလွန် ပြီ။ မိုဃ်း လည်းကြည်လင် ပြီ။

12မြေကြီး ပေါ် မှာ ပန်း များ ပွင့် ကြပြီ။ ငှက်တို့ မြည်တွန် ချိန် လည်း ရောက် လေပြီ။ ငါ တို့မြေ ၌ ချိုးငှက် တွန်သံ ကိုလည်း ကြား ရ၏။

13သင်္ဘော သဖန်းပင်သည် စိမ်း သောအသီးကို မှည့် စေ၏။ စပျစ်နွယ် ပင်လည်း ပွင့် လျက်မွှေးကြိုင် ၏။ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ၍လာ ခဲ့ပါ။

14တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။

15စပျစ်နွယ် ပင်တို့ကို ဖျက် လတံ့သော မြေခွေး များ နှင့် မြေခွေး ကလေး များကို ငါ တို့ဘို့ ဘမ်း ကြလော့။ ငါ တို့ စပျစ်နွယ် ပင်တို့သည် အပွင့် ပွင့်လျက်ရှိကြ၏။

16ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။

17မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါ ချစ် ရာသခင်၊ ဗေသာ တောင် ပေါ် မှာ သမင် ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။

Tip: use the ← and → keys to turn chapters.