ဗျာဒိတ်

Old Testament

Chapter 8
Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 8

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1သတ္တမ တံဆိပ် ကိုဖွင့် သောအခါ ၊ ကောင်းကင် ဘုံ၌ နာရီဝက် မျှ တိတ်ဆိတ် စွာ နေ ကြ၏။
1Καὶ ὅτε ἤνοιξε τὴν σφραγῖδα τὴν ἑβδόμην, ἐγένετο σιγὴ ἐν τῷ οὐρανῷ ὡς ἡμιώριον.
2ဘုရားသခင့် ရှေ့ တော်၌ ရပ် နေသောကောင်းကင်တမန် ခုနစ် ပါးကို ငါမြင် ၏။ သူ တို့၌ တံပိုး ခုနစ် လုံးကို ပေး ၏။
2Καὶ εἶδον τοὺς ἑπτὰ ἀγγέλους οἳ ἐνώπιον τοῦ Θεοῦ ἑστήκασι, καὶ ἐδόθησαν αὐτοῖς ἑπτὰ σάλπιγγες.
3ကောင်းကင်တမန် တစ်ပါး သည်လာ ၍ ရွှေ လင်ပန်း ကို ကိုင် လျက် ယဇ်ပလ္လင် နား မှာရပ် နေ၏။ ပလ္လင် တော်ရှေ့ ၌ရှိသော ရွှေ ယဇ်ပလ္လင် ပေါ်မှာ သန့်ရှင်း သူ အပေါင်း တို့၏ ပဌနာ နှင့်အတူ ဆက်ကပ် ခြင်းငှာ ၊ မီးရှို့ သောနံ့သာပေါင်းအများ ကို ထိုသူ ၌ပေး ၏။
3Καὶ ἄλλος ἄγγελος ἦλθε, καὶ ἐστάθη ἐπὶ τὸ θυσιαστήριον, ἔχων λιβανωτὸν χρυσοῦν· καὶ ἐδόθη αὐτῷ θυμιάματα πολλά, ἵνα δώσῃ ταῖς προσευχαῖς τῶν ἁγίων πάντων ἐπὶ τὸ θυσιαστήριον τὸ χρυσοῦν τὸ ἐνώπιον τοῦ θρόνου.
4မီးရှို့ သော နံ့သာပေါင်း၏ အခိုးအငွေ့ သည် သန့်ရှင်း သူ တို့၏ ပဌနာ များနှင့်အတူ ကောင်းကင် တမန်၏ လက် ထဲက ဘုရားသခင့် ရှေ့ တော်သို့ တက် လေ၏။
4Καὶ ἀνέβη ὁ καπνὸς τῶν θυμιαμάτων ταῖς προσευχαῖς τῶν ἁγίων ἐκ χειρὸς τοῦ ἀγγέλου ἐνώπιον τοῦ Θεοῦ.
5ကောင်းကင်တမန် သည် လင်ပန်း ကိုယူ ၍ ယဇ်ပလ္လင် ၏ မီး နှင့် ပြည့် စေပြီးမှ ၊ မြေကြီး အပေါ်သို့ ချ လိုက် သည်ဖြစ်၍ ၊ အသံမြည် ခြင်း၊ မိုဃ်းချုန်း ခြင်း၊ လျှပ်စစ် ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်းဖြစ် ကြ၏။
5Καὶ εἴληφεν ὁ ἄγγελος τὸ λιβανωτόν, καὶ ἐγέμισεν αὐτὸ ἐκ τοῦ πυρὸς τοῦ θυσιαστηρίου, καὶ ἔβαλεν εἰς τὴν γῆν· καὶ ἐγένοντο φωναὶ καὶ βρονταὶ καὶ ἀστραπαὶ καὶ σεισμός.
6တံပိုး ခုနစ် လုံးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့သည် မှုတ် အံ့သောငှာ မိမိ တို့ကို ပြင်ဆင် ကြ၏။
6Καὶ οἱ ἑπτὰ ἄγγελοι ἔχοντες τὰς ἑπτὰ σάλπιγγας ἡτοίμασαν ἑαυτοὺς ἵνα σαλπίσωσι.
7ပဌမ သူ သည် တံပိုး မှုတ်သောအခါ မိုဃ်းသီး ဖြစ် ၏။ အသွေး နှင့် ရောနှော သော မီး လည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချ လိုက်၍ ၊ မြေ သုံးစု တစ်စု၊ သစ်ပင် သုံးစု တစ်စု၊ စိမ်း သော မြက်ပင် ရှိသမျှ တို့ကို လောင်ကျွမ်း လေ၏။
7Καὶ ὁ πρῶτος ἄγγελος ἐσάλπισε, καὶ ἐγένετο χάλαζα καὶ πῦρ μεμιγμένα αἵματι, καὶ ἐβλήθη εἰς τὴν γῆν· καὶ τὸ τρίτον τῶν δένδρων κατεκάη, καὶ πᾶς χόρτος χλωρὸς κατεκάη.
8ဒုတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီး လောင် သော တောင် ကြီး ကို ပင်လယ် ထဲသို့ ချ လိုက်သကဲ့သို့ ဖြစ်၍ ၊ ပင်လယ် သုံးစု တစ်စုသည်အသွေး ဖြစ် ၏။
8Καὶ ὁ δεύτερος ἄγγελος ἐσάλπισε, καὶ ὡς ὄρος μέγα πυρὶ καιόμενον ἐβλήθη εἰς τὴν θάλασσαν· καὶ ἐγένετο τὸ τρίτον τῆς θαλάσσης αἷμα·
9ပင်လယ် ၌ အသက်ရှင်သော သတ္တဝါ သုံးစု တစ်စုလည်း သေ ၏။ သင်္ဘော သုံးစု တစ်စုလည်း ပျက် ၏။
9καὶ ἀπέθανε τὸ τρίτον τῶν κτισμάτων τῶν ἐν τῇ θαλάσσῃ, τὰ ἔχοντα ψυχάς, καὶ τὸ τρίτον τῶν πλοίων διεφθάρη.
10တတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီးခွက် ကဲ့သို့ ထွန်းတောက် သော ကြယ် ကြီး သည် ကောင်းကင် က ကျ ၍ ၊ မြစ် သုံးစု တစ်စုသို့ ၎င်း၊ စမ်း ရေ တွင်းသို့ ၎င်း ရောက် ၏။
10Καὶ ὁ τρίτος ἄγγελος ἐσάλπισε, καὶ ἔπεσεν ἐκ τοῦ οὐρανοῦ ἀστὴρ μέγας καιόμενος ὡς λαμπάς, καὶ ἔπεσεν ἐπὶ τὸ τρίτον τῶν ποταμῶν, καὶ ἐπὶ τὰς πηγὰς ὑδάτων.
11ထိုကြယ် သည် ဒေါနရွက် ဟူသောအမည် ရှိ ၏။ ရေ သုံးစု တစ်စုသည်ဒေါနရွက် ဖြစ် ၍ ရေ ခါး သောကြောင့် ၊ လူ အများ တို့သည် သေ ကြ၏။
11Καὶ τὸ ὄνομα τοῦ ἀστέρος λέγεται Ἄψινθος· καὶ γίνεται τὸ τρίτον τῶν ὑδάτων εἰς ἄψινθον, καὶ πολλοὶ ἀνθρώπων ἀπέθανον ἐκ τῶν ὑδάτων, ὅτι ἐπικράνθησαν.
12စတုတ္ထ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ နေ သုံးစု တစ်စု၊ လ သုံးစု တစ်စု၊ ကြယ် သုံးစု တစ်စုကြတ် ၍ သုံးစု တစ်စုမိုက် လေ၏။ နေ့ သုံးစု တစ်စု၊ ညဉ့် သုံးစုတစ်စုသည် အလင်း မ ရှိ၊
12Καὶ ὁ τέταρτος ἄγγελος ἐσάλπισε, καὶ ἐπλήγη τὸ τρίτον τοῦ ἡλίου καὶ τὸ τρίτον τῆς σελήνης καὶ τὸ τρίτον τῶν ἀστέρων, ἵνα σκοτισθῇ τὸ τρίτον αὐτῶν, καὶ ἡ ἡμέρα μὴ φαίνῃ τὸ τρίτον αὐτῆς, καὶ ἡ νὺξ ὁμοίως.
13ထိုအခါ ငါကြည့် လျှင် ၊ ရွှေလင်းတ တ ကောင်က၊ ကြွင်း သေးသော ကောင်းကင်တမန် သုံး ပါးမှုတ် လု လတံ့သော တံပိုး သံ ကြောင့် မြေကြီး သားတို့သည် အမင်္ဂလာ ၊ အမင်္ဂလာ ၊ အမင်္ဂလာ ရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ ၍ကြီး သောအသံ နှင့် ဆို သည်ကိုငါကြား ၏။
13Καὶ εἶδον, καὶ ἤκουσα ἑνὸς ἀγγέλου πετωμένου ἐν μεσουρανήματι, λέγοντος φωνῇ μεγάλῃ, Οὐαί, οὐαί, οὐαὶ τοῖς κατοικοῦσιν ἐπὶ τῆς γῆς, ἐκ τῶν λοιπῶν φωνῶν τῆς σάλπιγγος τῶν τριῶν ἀγγέλων τῶν μελλόντων σαλπίζειν.

Tip: use the ← and → keys to turn chapters.