သုတ္တံကျမ်း။

Old Testament

Chapter 9

သုတ္တံကျမ်း။

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 9

Greek New Testament: Textus Receptus has no text for this chapter yet.

1ဉာဏ်ပညာ သည်အိမ်တိုင် ခုနစ် တိုင်ကိုခုတ် ၍၊ မိမိ နေရာအိမ် ကို ဆောက် လေပြီ။

2သူ ၏အကောင် များကိုသတ် ၍၊ စပျစ်ရည် ကို ဘော် ပြီးမှစားပွဲ ကို ခင်း လေပြီ။

3ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌ ကြွေးကြော် လေသည်ကား၊

4ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊

5လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို သောက် လော့။

6မိုက် သောသူကို ရှောင် ၍ အသက် ချမ်းသာရ လော့။ ပညာ လမ်း သို့ လိုက် လော့ဟုဆိုသတည်း။

7မထီမဲ့မြင် ပြုသောသူကို ဆုံးမ သောသူသည် အရှက်ကွဲ ခြင်းကို၎င်း ၊ လူဆိုး ကို အပြစ် ပြသောသူသည် ကဲ့ရဲ့ ခြင်းကို၎င်းခံရ လိမ့်မည်။

8မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။

9ပညာ ရှိသော သူကို ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် ၊ သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။

10ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။

11အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့် အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။

12သင်သည်ပညာ ရှိလျှင် ၊ ကိုယ်တိုင် အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင် ပြုလျှင် ကိုယ်တိုင် သာအပြစ် ကိုခံရလိမ့်မည်။

13မိုက် သောမိန်းမ သည် စကား သံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်း မ သိ တတ်။

14မိမိ အိမ် တံခါး နားတွင် မြို့ မြင့် ရာအရပ် အနေအထိုင်ပေါ် မှာ ထိုင် လျက်၊

15လမ်း ၌ တည့်တည့် ခရီး သွားသောသူတို့ ကို ခေါ် ၍၊

16ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊

17ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။

18ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ နိုင်ငံအနက်ဆုံး ၌ နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။

Tip: use the ← and → keys to turn chapters.