ရှင်မာကု 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အိုင် တစ်ဘက် ၊ ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
1ויבאו אל עבר הים אל ארץ הגדרים׃
2ယေရှု သည် လှေ ထဲက ထွက်ကြွ တော်မူသည် ခဏခြင်း တွင်၊ ညစ်ညူး သောနတ် စွဲ သောသူ သည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော် ကိုခရီးဦးကြိုပြု လေ၏။
2והוא יצא מן האניה והנה איש בא לקראתו מבין הקברים אשר רוח טמאה בו׃
3ထိုသူ သည် သင်္ချိုင်း တစပြင်၌ နေ တတ်၏။ သူ့ ကို သံကြိုး နှင့်ပင် အဘယ်သူ မျှချည် ၍ မ နိုင် ။
3ומושבו בקברים וגם בעבתים לא יכל איש לאסרו׃
4ခြေချင်း ၊ သံကြိုး အဖန် များစွာချည် စမ်းသော်လည်း ၊ သံကြိုး ကိုဆွဲဖြတ် ၍ ခြေချင်း ကိုဖြဲ တတ်၏။ သူ့ ကို ယဉ် စေခြင်းငှာအဘယ်သူ မျှမတတ်နိုင် ။
4כי פעמים הרבה אסרוהו בכבלים ובעבתים וינתק את העבתים וישבר את הכבלים ואין איש יכל לכבשו׃
5နေ့ ညဉ့် မပြတ် သင်္ချိုင်း တစပြင်၌ ၎င်း ၊ တောင် ပေါ်၌ ၎င်း ၊ ဟစ်ကြော် လျက်၊ ကျောက် စောင်းနှင့် ကိုယ် ကို ရှ စေလျက် နေ တတ်၏။
5ותמיד לילה ויומם היה בהרים ובקברים צעק ופצע את עצמו באבנים׃
6ယေရှု ကိုအဝေး က မြင် လျှင် ၊ အထံ တော်သို့ ပြေးလာ ၍ ပြပ်ဝပ် လျက်၊
6ויהי כראותו את ישוע מרחוק וירץ וישתחו לו׃
7အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။
7ויצעק בקול גדול ויאמר מה לי ולך ישוע בן אל עליון באלהים אני משביעך אשר לא תענני׃
8လျှောက်သည်အကြောင်းကား၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
8כי הוא אמר אליו צא רוח טמא מן האדם הזה׃
9ကိုယ်တော်ကလည်း၊ သင် သည် အဘယ် အမည် ရှိသနည်း ဟုမေး တော်မူလျှင် ၊ အကျွန်ုပ် အမည် ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများ ဖြစ် ကြပါ၏ဟု လျှောက် ပြီးမှ ၊
9וישאל אתו מה שמך ויען ויאמר לגיון שמי כי רבים אנחנו׃
10ထို ပြည် ထဲက အခြားသို့မ နှင် ပါမည့် အကြောင်းများစွာ တောင်းပန် လေ၏။
10ויתחנן אליו מאד לבלתי שלחם אל מחוץ לארץ׃
11ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။
11ועדר חזירים רבים היה שם במרעה ההרים׃
12နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထို ဝက် ထဲသို့ ဝင် ရပါမည်အကြောင်း စေလွှတ် တော်မူပါ ဟု တောင်းပန် ပြန်လျှင် ၊
12ויתחננו לו כל השדים לאמר שלחנו אל החזירים ונבאה אל תוכם׃
13ယေရှု သည် ချက်ခြင်းအခွင့် ပေးတော်မူ၏။ ညစ်ညူး သောနတ် တို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက် ဆုံးကြ၏။ အရေအတွက်အားဖြင့်နှစ်ထောင် လောက် ရှိ၏။
13וינח להם ויצאו רוחות הטמאה ויבאו בחזירים וישתער העדר מן המורד אל הים כאלפים במספר ויטבעו בים׃
14ဝက်ကျောင်း သောသူ တို့သည် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော လျှင် ၊ လူများတို့သည် ထို အမူအရာ တို့ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။
14וינוסו רעי החזירים ויגידו זאת בעיר ובשדות ויצאו לראות מה נהיתה׃
15အထံ တော်သို့ ရောက် သောအခါ ၊ နတ်ဆိုး လေဂေါင် စွဲ သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ် နှင့် ထိုင် နေသည်ကိုမြင် လျှင် ၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
15ויבאו אל ישוע ויראו את אחוז השדים אשר הלגיון בו והוא יושב מלבש וטוב שכל וייראו׃
16နတ်ဆိုးစွဲ သောသူ ၌၎င်း ၊ ဝက် တို့၌၎င်း၊ အဘယ်သို့ ဖြစ် သည်ကို သိမြင် သောသူ တို့သည် နောက်လာ သောသူ တို့အား ပြန်ကြား ပြီးမှ ၊
16ויספרו להם הראים את אשר נעשה לאחוז השדים ואת דבר החזירים׃
17မိမိ တို့ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။
17ויחלו להתחנן לו לסור מגבוליהם׃
18လှေ ထဲသို့ ဝင် တော်မူသောအခါ နတ်ဆိုးစွဲ ဘူးသောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
18ויהי ברדתו אל האניה התחנן אליו האיש אשר היה אחוז שדים לתתו לשבת עמו׃
19ကိုယ်တော်သည် အခွင့် မ ပေး။. သင်သည် ကိုယ် အိမ် သို့ သွား လော့။ ထာဝရ ဘုရားသည် သနား ခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို သင် ၏အဆွေအမျိုး တို့အား ပြန်ကြား လော့ ဟု မိန့် တော်မူလျှင် ၊
19ולא הניח לו כי אם אמר אליו שוב לביתך אל בני משפחתך והגד להם את הגדלות אשר עשה לך יהוה ויחנך׃
20ထိုသူသည် သွား ၍ ၊ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို၊ ဒေကပေါလိ ပြည် တွင် သိတင်းကြားပြော သည်ဖြစ်၍ ၊ ခပ်သိမ်း သောသူတို့သည် အံ့ဩ ခြင်းရှိကြ၏။
20וילך לו ויחל לקרא בעשר הערים את הגדלות אשר עשה לו ישוע ויתמהו כלם׃
21ယေရှု သည် ကမ်းတစ်ဘက် သို့ ကူး ပြန် ၍ အိုင် နား မှာ ရှိ တော်မူစဉ်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြ၏။
21וישב ישוע לעבר באניה אל עבר הים ויקהל אליו המון רב והוא על שפת הים׃
22ထိုအခါ ယာဣရု အမည် ရှိသော တရားစရပ်မှူး သည်လာ ၍ ကိုယ်တော် ကိုမြင် လျှင်၊ ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊ အကျွန်ုပ် ၏ သမီးငယ် သေ လုပါပြီ။
22והנה בא אחד מראשי הכנסת ושמו יאיר וירא אתו ויפל לרגליו׃
23သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။
23ויתחנן אליו מאד לאמר בתי הקטנה חלתה עד למות אנא בוא נא ושים ידיך עליה למען תרפא ותחיה׃
24ကိုယ်တော်သည် သူ နှင့်အတူ သွား ၍ များစွာ သော လူ အပေါင်းတို့သည် ကိုယ်တော် ကို ခြံရံ လျက် ထိခိုက်တိုက်မိကြ၏။
24וילך אתו וילכו אחריו המון רב וידחקהו׃
25ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာ စွဲ သောကြောင့် ၊
25ואשה היתה זבת דם שתים עשרה שנה׃
26များစွာ သော ဆေးသမား တို့လက်၌ အလွန် ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန် သော်လည်း သက်သာ မ ရသည် သာမက ၊ အနာတိုး သော မိန်းမ တစ်ယောက်သည်၊
26והיא סבלה הרבה תחת ידי רפאים רבים והוציאה את כל אשר לה ולא להועיל ויהי חליה חזק מאד׃
27ယေရှု ၏သိတင်း တော်ကို ကြား သည်ရှိသော်၊
27ויהי כשמעה את שמע ישוע ותבוא בהמון העם מאחריו ותגע בבגדו׃
28ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု ဆို သည်နှင့်၊ လူ အစုအဝေးထဲ၌ နောက် တော်သို့ လာ ၍အဝတ် တော်ကို တို့ လေ၏။
28כי אמרה רק אם אגע בבגדיו אושע׃
29ထိုခဏခြင်း တွင် အသွေး စုဝေး ရာခန်းခြောက် သည်ဖြစ်၍ ၊ ထို ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် ပြီဟု မိမိ ကိုယ် ၌သိ လေ၏။
29וייבש מקור דמיה פתאם ותבן בבשרה כי נרפא נגעה׃
30ယေရှု သည် မိမိ ကိုယ်မှ တန်ခိုး ထွက် သည်ကို ချက်ခြင်း သိ တော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍၊ ငါ့ အဝတ် ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူ၏။
30וברגע ידע ישוע בנפשו כי גבורה יצאה ממנו ויפן בתוך העם ויאמר מי נגע בבגדי׃
31တပည့် တော်တို့က၊ လူ အစုအဝေးသည် ကိုယ်တော် အား ထိခိုက် ကြသည်ကိုမြင် လျက်ပင်၊ ငါ့ ကို အဘယ်သူ တို့ သနည်းဟုမေး တော်မူပါသည်တကားဟု လျှောက် ကြသော်လည်း ၊
31ויאמר אליו תלמידיו אתה ראה את ההמון דוחק אתך ואמרת מי נגע בי׃
32ကိုယ်တော်သည် ထိုသို့ ပြု သောသူ ကိုမြင် ခြင်းငှာ၊ ပတ်လည် သို့ ကြည့်ရှုတော်မူ၏။
32ויבט סביב לראות את אשר עשתה זאת׃
33ထို မိန်းမ သည်ကိုယ် ၌အဘယ်သို့ ဖြစ် သည်ကိုသိ သောကြောင့် ကြောက်ရွံ့ တုန်လှုပ် လျက် အထံ တော်သို့ လာ ပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှ ကို အဟုတ်အမှန် ကြားလျှောက် လေ၏။
33ותירא האשה ותחרד כי ידעה את אשר נעשה לה ותבא ותפל לפניו ותגד לו את האמת כלה׃
34ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကိုငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့။ ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် စေ “ဟု မိန့် တော်မူ၏။
34ויאמר אליה בתי אמונתך הושיעה לך לכי לשלום וחיית מנגעך׃
35ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ် မှ လူလာ ၍ ၊ ကိုယ်တော် ၏သမီး သေ ပါပြီ။ အဘယ်ကြောင့် ဆရာ ကို နှောင့်ရှက် သေး သနည်းဟု ဆို ကြ၏။
35עודנו מדבר והנה באים מבית ראש הכנסת לאמר בתך מתה למה תטריח עוד את המורה׃
36ထို စကား ကို ယေရှု သည်ကြား လျှင်၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့ ဟု တရားစရပ်မှူး အား ချက်ခြင်းမိန့် တော်မူ၏။
36וכשמע ישוע את הדבר אשר דברו ויאמר אל ראש הכנסת אל תירא רק האמינה׃
37ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ညီ ယောဟန် မှတစ်ပါး အဘယ်သူ ကိုမျှမ လိုက် စေ ဘဲ၊
37ולא הניח לאיש ללכת אתו בלתי אם לפטרוס וליעקב וליוחנן אחי יעקב׃
38တရားစရပ်မှူး အိမ် သို့ ရောက် ၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း မြင် တော်မူလျှင် ၊
38ויבא בית ראש הכנסת וירא המון הבכים והמיללים הרבה׃
39အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲ ပြု၍ ငိုကြွေး ကြသနည်း။ သူငယ် သေ သည်မ ဟုတ်အိပ်ပျော် သည်” ဟု မိန့် တော်မူသော်၊
39ובבאו אמר אליהם מה תהמו ותבכו הנערה לא מתה אך ישנה היא׃
40ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ ထိုသူ ရှိသမျှ တို့ကို ပြင်သို့ ထွက် စေပြီးမှသူငယ် ၏ မိဘ တို့ကို၎င်း ၊ ကိုယ်တော် နှင့် ပါသောသူ တို့ကို၎င်း ခေါ် ပြီးလျှင် ၊ သူငယ် လျောင်း ရာအရပ် သို့ ဝင် ၍ ၊
40וישחקו לו והוא גרש את כלם ויקח את אבי הנערה ואת אמה ואת אשר אתו ויבא החדרה אשר שם שכבת הנערה׃
41သူငယ် ၏လက် ကို ကိုင် တော်မူလျှက် ၊ တလိသ ကုမိ ဟု မိန့် တော်မူ၏။ အနက် ကား၊ မိန်းမငယ် ထ လော့ ငါဆို ၏ဟု ဆိုလို သတည်း။
41ויאחז ביד הנערה ויאמר אליה טליתא קומי אשר פרושו הילדה אני אמר לך קומי נא׃
42ထိုခဏခြင်း တွင် မိန်းမငယ် သည် ထ ၍ လှမ်းသွား ၏။ သူသည် တစ်ဆယ့်နှစ် နှစ် အရွယ်ရှိ ၏။ ထိုသူတို့ သည် အလွန် မိန်းမော တွေဝေခြင်းသို့ ရောက်ကြ၏။
42ומיד קמה הילדה ותתהלך והיא בת שתים עשרה שנה וישמו שמה גדולה׃
43ထို အမူအရာကို အဘယ်သူ မျှမသိ စေမည်အကြောင်း ၊ ထိုသူ တို့ကို ကျပ်တည်း စွာ ပညတ် တော်မူ၍ ၊ “ သူ့ အား စားစရာ ပေး လော့ ဟု မိန့် တော်မူ၏။
43ויזהר אותם מאד שלא יודע הדבר לאיש ויאמר לתת לה לאכול׃
Tip: use the ← and → keys to turn chapters.