ရှင်မာကု 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ယေရုရှလင် မြို့နှင့် အနီးသံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာသို့ရောက် ကြသောအခါ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် တော်မူ၍ ၊
1ויהי כאשר קרבו לירושלים אל בית פגי ובית היני בהר הזיתים וישלח שנים מתלמידיו׃
2သင် တို့ရှေ့ ၌ ရှိသောရွာ သို့ သွား ကြ။ ထိုရွာ သို့ ရောက် လျှင် အဘယ်သူ မျှမ စီး ဘူးသော မြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုး ကို ဖြည် ၍ ဆောင်ခဲ့ ကြ။”
2ויאמר אליהם לכו אל הכפר אשר ממולכם והיה כבאכם שמה תמצאו עיר אסור אשר לא ישב עליו אדם אותו התירו והביאו׃
3“သူတစ်ပါး က၊ အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သင် တို့အားဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် ထိုသူ သည် ချက်ခြင်း ပေး လိုက်မည်” ဟု မှာထား တော်မူ၏။
3וכי יאמר אליכם איש למה תעשו זאת ואמרתם האדון צריך לו וברגע ישלחנו הנה׃
4တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါး ပြင် မှာ ချည် ထားသောမြည်းကလေး ကို တွေ့ ပြီးလျှင် မြည်းကြိုး ကို ဖြည် ကြ၏။
4וילכו וימצאו העיר אסור אל השער בחוץ על אם הדרך ויתירוהו׃
5ထို အရပ်၌ ရပ် နေသောလူ အချို့ တို့က၊ အဘယ်ကြောင့် မြည်း ကြိုးကိုဖြည် သနည်းဟုဆို လျှင် ၊
5ואנשים מן העמדים שם אמרו אליהם מה זאת תעשו להתיר את העיר׃
6ယေရှု မှာထား တော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြော ပြီးမှ ထိုသူတို့သည် အခွင့် ပေးကြ၏။
6ויאמרו אליהם כאשר צום ישוע ויניחו להם׃
7ယေရှု ထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့ ၍ မိမိ တို့အဝတ် ကို မြည်း ကျောပေါ်မှာတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။
7ויביאו את העיר אל ישוע וישליכו עליו את בגדיהם וישב עליו׃
8လူအများ တို့သည် မိမိ တို့အဝတ် ကိုလမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ် ၍ လမ်း၌ ခင်းကြ၏။
8ורבים פרשו את בגדיהם על הדרך ואחרים כרתו ענפים מן העצים וישטחו על הדרך׃
9ရှေ့ နောက် လိုက်သွားသောသူ တို့က၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။
9וההלכים לפניו ואחריו צעקים לאמר הושע נא ברוך הבא בשם יהוה׃
10ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လု သော ငါ တို့အဘ ဒါဝိဒ် ၏နိုင်ငံ တော်သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။
10ברוכה מלכות דוד אבינו הבאה בשם יהוה הושע נא במרומים׃
11ယေရှုသည် ယေရုရှလင် မြို့သို့ ၎င်း၊ ဗိမာန် တော်သို့ ၎င်း ဝင် ၍ အရာရာ တို့ကို ကြည့်ရှု တော်မူပြီးလျှင်မိုဃ်းချုပ် သောကြောင့် တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ ဗေသနိ ရွာသို့ ထွက်ကြွ တော်မူ၏။
11ויבא ישוע ירושלים ואל בית המקדש וירא ויתבונן על הכל והיום רפה לערוב ויצא אל בית היני עם שנים העשר׃
12နက်ဖြန် နေ့၌ ဗေသနိ ရွာမှ ပြန် ကြစဉ်တွင်ဆာမွတ် တော်မူ၏။
12ויהי ממחרת בצאתם מבית היני וירעב׃
13အရွက် နှင့်ပြည့်စုံ သော သင်္ဘောသဖန်း ပင်ကိုအဝေး က မြင် လျှင် ။ သင်္ဘောသဖန်း သီးဆွတ်ချိန် ကာလမ ရောက် သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ရောက် သောအခါ ၊ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊
13וירא תאנה מרחוק ולא עלים ויבא לראות הימצא בה פרי ויקרב אליה ולא מצא בה כי אם עלים לבד כי לא היתה עת תאנים׃
14ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။
14ויען ויאמר אליה מעתה איש אל יאכל פרי ממך עד עולם וישמעו תלמידיו׃
15ယေရုရှလင် မြို့သို့ ရောက် သောအခါ ယေရှုသည် ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ တို့ကို နှင်ထုတ် ၍ ပွဲစား ခုံ တို့ကို၎င်း၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင်ရာ ကို၎င်း တွန်းလှဲ တော်မူ၍၊
15ויבאו ירושלים ויבא ישוע אל המקדש ויחל לגרש משם את המוכרים ואת הקונים ויהפך את שלחנות השלחנים ואת מושבות מכרי היונים׃
16ဗိမာန် တော်ထဲ၌ အဆောက်အဦး ကို အဘယ်သူ မျှ မ ဆောင် မရွက်ရမည်အကြောင်း မြစ်တား တော်မူလျက် ၊
16ולא הניח לאיש לשאת כלי דרך המקדש׃
17ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာ သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား” ဟူ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
17וילמד ויאמר להם הלא כתוב כי ביתי בית תפלה יקרא לכל העמים ואתם עשיתם אתו מערת פריאים׃
18ကျမ်းပြု ဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည်ကြား လျှင် ၊ ကိုယ်တော် ကို သတ် ရသောအခွင့် ကို ရှာကြံ ကြ၏။ လူ အပေါင်း တို့သည် ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အံ့ဩ မိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ကြ ၏။
18וישמעו הסופרים וראשי הכהנים ויתנכלו אתו להשמידו כי יראו מפניו יען אשר כל העם משתוממים על תורתו׃
19ည အချိန်ရောက် သောအခါ မြို့ ပြင် သို့ထွက် တော်မူ၏။
19ויהי בערב ויצא אל מחוץ לעיר׃
20နံနက် အချိန်တွင် လမ်း၌သွား ကြစဉ်၊ သင်္ဘောသဖန်း ပင်သည် အမြစ် မှစ၍ သွေ့ခြောက် လျက်ရှိသည်ကို မြင် ကြ၏။
20ויהי הם עברים בבקר ויראו את התאנה כי יבשה עם שרשיה׃
21ပေတရု သည် သတိရ လျှင် ၊ အရှင် ဘုရားကြည့် တော်မူပါ။ ကျိန် တော်မူသော သင်္ဘောသဖန်း ပင်သည် သွေ့ခြောက် ပါပြီတကားဟု လျှောက် လေ၏။
21ויזכר פטרוס ויאמר אליו רבי הנה התאנה אשר אררתה יבשה׃
22ယေရှု ကလည်း ၊ သင်တို့သည်ဘုရားသခင် ကို ယုံကြည် ခြင်းရှိ ကြလော့။”
22ויען ישוע ויאמר אליהם תהי נא בכם אמונת אלהים׃
23ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ယုံမှား သောစိတ် နှင့် ကင်း ၍ မိမိဆို သည်အတိုင်း ဖြစ် မည်ဟု ယုံကြည် လျက်။ ထို တောင် ကို နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင် ၊ ထိုသူ ဆိုသည်အတိုင်း၊ ဖြစ် လိမ့်မည်။”
23כי אמן אמר אני לכם כל אשר יאמר אל ההר הזה הנשא והעתק אל תוך הים ואין ספק בלבבו כי אם יאמין כי יהיה כאשר אמר כן גם יהיה לו׃
24ထို့ကြောင့် ငါဆို သည်ကား၊ သင် တို့သည် ကျေးဇူးကိုရ မည်ဟု ယုံကြည် သောစိတ်နှင့် ဆုတောင်း သမျှ တို့ကို ရ ကြလိမ့်မည်။”
24על כן אני אמר לכם כל אשר תשאלו בהתפללכם האמינו כי תקחו ויהי לכם׃
25သင်တို့သည် ဆုတောင်း သောအခါ သူတစ်ပါး ၌ အပြစ်တင်ခွင့်ရှိ လျှင် ၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင်ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မူမည်။”
25וכי תעמדו להתפלל תסלחו לכל איש את אשר בלבבכם עליו למען יסלח לכם אביכם שבשמים אף הוא את פשעיכם׃
26သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ” ဟုမိန့်တော်မူ၏။
26ואתם אם לא תסלחו אף אביכם שבשמים לא יסלח לכם את פשעיכם׃
27ယေရုရှလင် မြို့သို့ တစ်ဖန် ရောက် ကြပြီးမှ ဗိမာန် တော်တွင် စင်္ကြံသွား တော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊
27וישובו ויבאו ירושלים ויהי הוא מתהלך במקדש ויבאו אליו הכהנים הגדולים והסופרים והזקנים׃
28ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ဤသို့ ပြု သောအခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော် ၊
28ויאמרו אליו באי זו רשות אתה עשה אלה ומי נתן לך את הרשות הזאת לעשות את אלה׃
29ယေရှု က၊ ငါသည်တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ ကြလော့။ ဖြေလျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါပြော မည်။”
29ויאמר ישוע אליהם גם אני אשאלה אתכם דבר אחד ואתם השיבוני ואמר לכם באי זו רשות אני עשה אלה׃
30ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော။ ဤအမေးကို ဖြေ ကြလော့” ဟု မိန့် တော်မူ၏။
30טבילת יוחנן המן השמים היתה אם מבני אדם השיבוני׃
31ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ကြ၍ ၊ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။
31ויחשבו כה וכה בקרבם לאמר אם נאמר מן השמים יאמר מדוע אפוא לא האמנתם לו׃
32လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ လူ များကိုကြောက် ရ၏။ ယောဟန် သည် ပရောဖက် အမှန် ဖြစ် သည် ကို လူအပေါင်း တို့သည် အယူ ရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
32או הנאמר מבני אדם וייראו את העם כי כלם חשבו את יוחנן לנביא באמת׃
33အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အားပြန်ပြော ကြ၏။ ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော “ဟု မိန့် တော်မူ၏။
33ויענו ויאמרו אל ישוע לא ידענו ויען ישוע ויאמר אליהם אם כן גם אני לא אמר לכם באי זו רשות אני עשה אלה׃
Tip: use the ← and → keys to turn chapters.