မိက္ခာ

Old Testament

Chapter 4

မိက္ခာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

မိက္ခာ 4

Greek New Testament: Textus Receptus has no text for this chapter yet.

1နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။

2များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။

3ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။

4လူ အပေါင်းတို့သည် ကိုယ် ပိုင်သော စပျစ် ပင်၊ ကိုယ် ပိုင်သော သင်္ဘောသဖန်း ပင်အောက် မှာ ထိုင် ကြ လိမ့်မည်။ ကြောက် စေသော သူတယောက် မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ် တော် ထွက်အမိန့် တော်ရှိ၏။

5လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။

6ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ခြေ ဆွံ့ သောသူကို ငါခေါ် မည်။ နှင်ထုတ် ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲ ဘူးသောသူ တို့ကို ငါစုဝေး စေမည်။

7ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။

8အိုဧဒါလင့်စင် ၊ ဇိအုန် သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည်။ အရင် တည်သော အာဏာ တည် ပြန် လိမ့်မည်။ နိုင်ငံ တော်သည် ယေရုရှလင် သတို့သမီး လက်သို့ တဖန် ရောက် လိမ့်မည်။

9ယခု မှာ သင်သည် အဘယ်ကြောင့် ကျယ် သော အသံနှင့် အော်ဟစ် သနည်း။ သင် ၌ ရှင်ဘုရင် တယောက် မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွား သောမိန်းမကဲ့သို့ သင် သည် ဝေဒနာ ကိုခံရ ပါသည်တကား။

10အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။

11ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။

12သို့ရာတွင် ၊ ထာဝရဘုရား ၏စိတ် တော်ကို မ သိ ၊ အကြံအစည် တော်ကို နား မ လည်ကြ။ ကောက်လှိုင်း တို့ ကို ကောက်နယ် တလင်း၌ စုထားသကဲသို့ ၊ ထိုသူ တို့ကို စု ထားတော်မူ၏။

13အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။

Tip: use the ← and → keys to turn chapters.