ရှင်မဿဲ 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုအခါ ကိုယ်တော်သည် လှေ စီး ၍ ကူး ပြန်သဖြင့်၊ မိမိ မြို့ သို့ ရောက် တော်မူ၏။
1Καὶ ἐμβὰς εἰς τὸ πλοῖον διεπέρασε καὶ ἦλθεν εἰς τὴν ἰδίαν πόλιν.
2လက်ခြေသေ ၍ အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် လက်ခြေသေ သောသူ အား၊ ငါ့သား မ စိုးရိမ်နှင့်။ သင် ၏အပြစ် ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။
2Καὶ ἰδού, προσέφερον αὐτῷ παραλυτικὸν ἐπὶ κλίνης βεβλημένον· καὶ ἰδὼν ὁ Ἰησοῦς τὴν πίστιν αὐτῶν εἶπε τῷ παραλυτικῷ, Θάρσει, τέκνον· ἀφέωνταί σοι αἱ ἁμαρτίαι σου.
3ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။
3Καὶ ἰδού, τινὲς τῶν γραμματέων εἶπον ἐν ἑαυτοῖς, Οὗτος βλασφημεῖ.
4ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
4Καὶ ἰδὼν ὁ Ἰησοῦς τὰς ἐνθυμήσεις αὐτῶν εἶπεν, Ἵνα τί ὑμεῖς ἐνθυμεῖσθε πονηρὰ ἐν ταῖς καρδίαις ὑμῶν;
5အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။
5Τί γάρ ἐστιν εὐκοπώτερον, εἰπεῖν, Ἀφέωνταί σοι αἱ ἁμαρτίαι· ἢ εἰπεῖν, Ἔγειραι καὶ περιπάτει;
6လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
6Ἵνα δὲ εἰδῆτε, ὅτι ἐξουσίαν ἔχει ὁ υἱὸς τοῦ ἀνθρώπου ἐπὶ τῆς γῆς ἀφιέναι ἁμαρτίας — τότε λέγει τῷ παραλυτικῷ — Ἐγερθεὶς ἆρόν σου τὴν κλίνην, καὶ ὕπαγε εἰς τὸν οἶκόν σου.
7ထိုသူသည်လည်း ထ ၍ မိမိ အိမ် သို့ သွား လေ၏။
7Καὶ ἐγερθεὶς ἀπῆλθεν εἰς τὸν οἶκον αὐτοῦ.
8လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းရှိ၍ ၊ လူ တို့အား ဤသို့သော အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
8Ἰδόντες δὲ οἱ ὄχλοι ἐθαύμασαν, καὶ ἐδόξασαν τὸν Θεόν, τὸν δόντα ἐξουσίαν τοιαύτην τοῖς ἀνθρώποις.
9ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။
9Καὶ παράγων ὁ Ἰησοῦς ἐκεῖθεν εἶδεν ἄνθρωπον καθήμενον ἐπὶ τὸ τελώνιον, Ματθαῖον λεγόμενον, καὶ λέγει αὐτῷ, Ἀκολούθει μοι. Καὶ ἀναστὰς ἠκολούθησεν αὐτῷ.
10ထိုနောက်မှ အိမ် တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် လာ ၍ ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။
10Καὶ ἐγένετο αὐτοῦ ἀνακειμένου ἐν τῇ οἰκίᾳ, καὶ ἰδού, πολλοὶ τελῶναι καὶ ἁμαρτωλοὶ ἐλθόντες συνανέκειντο τῷ Ἰησοῦ καὶ τοῖς μαθηταῖς αὐτοῦ.
11ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။
11Καὶ ἰδόντες οἱ Φαρισαῖοι εἶπον τοῖς μαθηταῖς αὐτοῦ, Διὰ τί μετὰ τῶν τελωνῶν καὶ ἁμαρτωλῶν ἐσθίει ὁ διδάσκαλος ὑμῶν;
12ယေရှုသည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကို အလို မ ရှိ ကြ။ နာ သောသူ တို့ သာလျှင် အလိုရှိ ကြ၏။
12Ὁ δὲ Ἰησοῦς ἀκούσας εἶπεν αὐτοῖς, Οὐ χρείαν ἔχουσιν οἱ ἰσχύοντες ἰατροῦ, ἀλλ᾿ οἱ κακῶς ἔχοντες.
13ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
13Πορευθέντες δὲ μάθετε τί ἐστιν, Ἔλεον θέλω, καὶ οὐ θυσίαν· οὐ γὰρ ἦλθον καλέσαι δικαίους, ἀλλ᾿ ἁμαρτωλοὺς εἰς μετάνοιαν.
14ထိုအခါ ယောဟန် ၏ တပည့် တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့် ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။
14Τότε προσέρχονται αὐτῷ οἱ μαθηταὶ Ἰωάννου, λέγοντες, Διὰ τί ἡμεῖς καὶ οἱ Φαρισαῖοι νηστεύομεν πολλά, οἱ δὲ μαθηταί σου οὐ νηστεύουσι;
15ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။
15Καὶ εἶπεν αὐτοῖς ὁ Ἰησοῦς, Μὴ δύνανται οἱ υἱοὶ τοῦ νυμφῶνος πενθεῖν, ἐφ᾿ ὅσον μετ᾿ αὐτῶν ἐστιν ὁ νυμφίος; Ἐλεύσονται δὲ ἡμέραι ὅταν ἀπαρθῇ ἀπ᾿ αὐτῶν ὁ νυμφίος, καὶ τότε νηστεύσουσιν.
16အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ သောအထည်သည် အဝတ် ဟောင်းကို စား ၍ အပေါက် ကျယ်တတ်၏။
16Οὐδεὶς δὲ ἐπιβάλλει ἐπίβλημα ῥάκους ἀγνάφου ἐπὶ ἱματίῳ παλαιῷ· αἴρει γὰρ τὸ πλήρωμα αὐτοῦ ἀπὸ τοῦ ἱματίου, καὶ χεῖρον σχίσμα γίνεται.
17၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် ၊ သားရေဘူး သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။
17Οὐδὲ βάλλουσιν οἶνον νέον εἰς ἀσκοὺς παλαιούς· εἰ δὲ μήγε, ῥήγνυνται οἱ ἀσκοί, καὶ ὁ οἶνος ἐκχεῖται, καὶ οἱ ἀσκοὶ ἀπολοῦνται· ἀλλὰ βάλλουσιν οἶνον νέον εἰς ἀσκοὺς καινούς, καὶ ἀμφότερα συντηροῦνται.
18ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့ အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။
18Ταῦτα αὐτοῦ λαλοῦντος αὐτοῖς, ἰδού, ἄρχων ἐλθὼν προσεκύνει αὐτῷ, λέγων ὅτι Ἡ θυγάτηρ μου ἄρτι ἐτελεύτησεν· ἀλλὰ ἐλθὼν ἐπίθες τὴν χεῖρά σου ἐπ᾿ αὐτήν, καὶ ζήσεται.
19ယေရှု သည် ထ ၍ တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။
19Καὶ ἐγερθεὶς ὁ Ἰησοῦς ἠκολούθησεν αὐτῷ καὶ οἱ μαθηταὶ αὐτοῦ.
20ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊
20Καὶ ἰδού, γυνὴ αἱμορροοῦσα δώδεκα ἔτη, προσελθοῦσα ὄπισθεν, ἥψατο τοῦ κρασπέδου τοῦ ἱματίου αὐτοῦ.
21ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့ လေ၏။
21Ἔλεγε γὰρ ἐν ἑαυτῇ, Ἐὰν μόνον ἅψωμαι τοῦ ἱματίου αὐτοῦ, σωθήσομαι.
22ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
22Ὁ δὲ Ἰησοῦς ἐπιστραφεὶς καὶ ἰδὼν αὐτὴν εἶπε, Θάρσει, θύγατερ· ἡ πίστις σου σέσωκέ σε. Καὶ ἐσώθη ἡ γυνὴ ἀπὸ τῆς ὥρας ἐκείνης.
23အရာရှိ အိမ် သို့ ရောက် တော်မူ၍ တီးမှုတ် သော သူတို့နှင့် များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင် ၊
23Καὶ ἐλθὼν ὁ Ἰησοῦς εἰς τὴν οἰκίαν τοῦ ἄρχοντος, καὶ ἰδὼν τοὺς αὐλητὰς καὶ τὸν ὄχλον θορυβούμενον,
24ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။
24λέγει αὐτοῖς, Ἀναχωρεῖτε· οὐ γὰρ ἀπέθανε τὸ κοράσιον, ἀλλὰ καθεύδει. Καὶ κατεγέλων αὐτοῦ.
25ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ လေ၏။
25Ὅτε δὲ ἐξεβλήθη ὁ ὄχλος, εἰσελθὼν ἐκράτησε τῆς χειρὸς αὐτῆς, καὶ ἠγέρθη τὸ κοράσιον.
26ထို သိတင်း စကားသည် တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောလေ၏။
26Καὶ ἐξῆλθεν ἡ φήμη αὕτη εἰς ὅλην τὴν γῆν ἐκείνην.
27ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။
27Καὶ παράγοντι ἐκεῖθεν τῷ Ἰησοῦ, ἠκολούθησαν αὐτῷ δύο τυφλοί, κράζοντες καὶ λέγοντες, Ἐλέησον ἡμᾶς, υἱὲ Δαβίδ.
28အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။
28Ἐλθόντι δὲ εἰς τὴν οἰκίαν, προσῆλθον αὐτῷ οἱ τυφλοί, καὶ λέγει αὐτοῖς ὁ Ἰησοῦς, Πιστεύετε ὅτι δύναμαι τοῦτο ποιῆσαι; Λέγουσιν αὐτῷ, Ναί, Κύριε.
29ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊
29Τότε ἥψατο τῶν ὀφθαλμῶν αὐτῶν, λέγων, Κατὰ τὴν πίστιν ὑμῶν γενηθήτω ὑμῖν.
30သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။
30Καὶ ἀνεῴχθησαν αὐτῶν οἱ ὀφθαλμοί· καὶ ἐνεβριμήσατο αὐτοῖς ὁ Ἰησοῦς, λέγων, Ὁρᾶτε μηδεὶς γινωσκέτω.
31သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောစေ၏။
31Οἱ δὲ ἐξελθόντες διεφήμισαν αὐτὸν ἐν ὅλῃ τῇ γῇ ἐκείνῃ.
32ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။
32Αὐτῶν δὲ ἐξερχομένων, ἰδού, προσήνεγκαν αὐτῷ ἄνθρωπον κωφὸν δαιμονιζόμενον.
33နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ အစုအဝေးတို့သည်လည်း အံ့ဩ ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့ မ မြင်ရစဖူးဟု ပြောဆို ကြ၏။
33Καὶ ἐκβληθέντος τοῦ δαιμονίου, ἐλάλησεν ὁ κωφός· καὶ ἐθαύμασαν οἱ ὄχλοι, λέγοντες ὅτι Οὐδέποτε ἐφάνη οὕτως ἐν τῷ Ἰσραήλ.
34ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။
34Οἱ δὲ Φαρισαῖοι ἔλεγον, Ἐν τῷ ἄρχοντι τῶν δαιμονίων ἐκβάλλει τὰ δαιμόνια.
35ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။
35Καὶ περιῆγεν ὁ Ἰησοῦς τὰς πόλεις πάσας καὶ τὰς κώμας, διδάσκων ἐν ταῖς συναγωγαῖς αὐτῶν, καὶ κηρύσσων τὸ εὐαγγέλιον τῆς βασιλείας, καὶ θεραπεύων πᾶσαν νόσον καὶ πᾶσαν μαλακίαν ἐν τῷ λαῷ.
36အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။
36Ἰδὼν δὲ τοὺς ὄχλους, ἐσπλαγχνίσθη περὶ αὐτῶν, ὅτι ἦσαν ἐκλελυμένοι καὶ ἐρριμμένοι ὡσεὶ πρόβατα μὴ ἔχοντα ποιμένα.
37ထိုအခါ ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။
37Τότε λέγει τοῖς μαθηταῖς αὐτοῦ, Ὁ μὲν θερισμὸς πολύς, οἱ δὲ ἐργάται ὀλίγοι·
38ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။
38δεήθητε οὖν τοῦ Κυρίου τοῦ θερισμοῦ, ὅπως ἐκβάλῃ ἐργάτας εἰς τὸν θερισμὸν αὐτοῦ.
Tip: use the ← and → keys to turn chapters.