ရှင်မဿဲ 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထို နေ့ ၌ ယေရှု သည် အိမ် ကထွက် ၍ အိုင် နား မှာထိုင် နေတော်မူသည်တွင်၊
1ในวันนั้น พระเยซูออกจากบ้านไปนั่งริมทะเล
2များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။
2ฝูงชนจำนวนมากมารวมกันรอบพระองค์ จนพระองค์ลงเรือและนั่งลง ส่วนฝูงชนทั้งหมดยืนอยู่บนชายฝั่ง
3ထိုအခါ ဥပမာ စကားများ တို့ကို မြွက်ဆို တော်မူသည်မှာ၊ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။
3พระองค์กล่าวหลายเรื่องแก่พวกเขาเป็นอุปมา โดยกล่าวว่า “มีชาวไร่คนหนึ่งออกไปหว่านเมล็ด
4အစေ့ကိုကြဲ သည်တွင် အချို့ သောအစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ငှက် တို့သည်လာ ၍ ကောက်စား ကြ၏။
4ขณะที่เขาหว่าน เมล็ดบางส่วนตกข้างทาง แล้วนกก็มากินจนหมด
5အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊
5เมล็ดบางส่วนตกบนพื้นหิน ซึ่งมีดินไม่มาก และงอกขึ้นทันที เพราะดินไม่ลึก
6နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
6เมื่อดวงอาทิตย์ขึ้น ต้นเหล่านั้นก็ถูกแดดเผา และเพราะไม่มีราก จึงเหี่ยวแห้ง
7အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည်ကြီးပွား ၍ ညှဉ်းဆဲ ကြ၏။
7เมล็ดบางส่วนตกท่ามกลางต้นหนาม ต้นหนามก็โตขึ้นมารัดมันไว้
8အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာ ပွားများ၍ အသီး သီး ကြ၏။
8เมล็ดบางส่วนตกในดินดี และเกิดผล บ้างหนึ่งร้อยเท่า บ้างหกสิบเท่า และบ้างสามสิบเท่า
9ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေဟု မိန့်တော်မူ၏။
9ใครมีหูจะฟัง ก็จงฟัง”
10တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊
10สาวกมาหาพระองค์ และถามว่า “ทำไมท่านจึงพูดกับพวกเขาเป็นอุปมา?”
11ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊
11พระองค์ตอบพวกเขาว่า “พวกคุณได้รับความรู้เรื่องความลับของอาณาจักรแห่งสวรรค์ แต่พวกเขาไม่ได้รับ
12အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။
12เพราะผู้ที่มีอยู่แล้ว จะได้รับเพิ่มอีก และจะมีอย่างอุดมสมบูรณ์ แต่ผู้ที่ไม่มี แม้แต่สิ่งที่เขามีอยู่ก็จะถูกเอาไปจากเขา
13ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား မ လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။
13เพราะเหตุนี้ เราจึงพูดกับพวกเขาเป็นอุปมา เพราะเมื่อมอง พวกเขาก็ไม่เห็น เมื่อฟัง ก็ไม่ได้ยิน และไม่เข้าใจ
14ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။
14คำพยากรณ์ของอิสยาห์จึงสำเร็จในตัวพวกเขา ซึ่งกล่าวว่า ‘พวกเจ้าจะฟังแล้วฟังอีก แต่จะไม่เข้าใจเลย พวกเจ้าจะมองแล้วมองอีก แต่จะไม่รับรู้เลย
15အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။
15เพราะใจของประชาชนนี้ด้านชา หูของพวกเขาก็ได้ยินไม่ชัด และพวกเขาปิดตาของตน มิฉะนั้น พวกเขาอาจมองเห็นด้วยตา ได้ยินด้วยหู เข้าใจด้วยใจ และหันกลับ แล้วเราจะรักษาพวกเขา’
16သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။
16“แต่ตาของพวกคุณย่อมเป็นสุข เพราะมองเห็น และหูของพวกคุณ เพราะได้ยิน
17ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။
17เราบอกความจริงแก่พวกคุณว่า ผู้เผยพระวจนะและคนชอบธรรมจำนวนมากปรารถนาจะเห็นสิ่งที่พวกคุณเห็น แต่ไม่ได้เห็น และปรารถนาจะได้ยินสิ่งที่พวกคุณได้ยิน แต่ไม่ได้ยิน
18မျိုးစေ့ ကြဲသောသူ ၏ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင် ကြလော့။
18“เพราะฉะนั้น จงฟังอุปมาเรื่องชาวไร่
19လမ်း ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး မ သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ၌ ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။
19เมื่อใครได้ยินพระวจนะเรื่องอาณาจักร แต่ไม่เข้าใจ มารร้ายก็มาฉกเอาสิ่งที่หว่านไว้ในใจของเขาไป นี่คือสิ่งที่หว่านไว้ข้างทาง
20ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊
20สิ่งที่หว่านบนพื้นหิน คือผู้ที่ได้ยินพระวจนะ และรับไว้ด้วยความยินดีทันที
21စိတ်နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် ၊ တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။
21แต่เขาไม่มีรากในตัวเอง จึงอยู่ได้เพียงชั่วคราว เมื่อเกิดการกดขี่หรือการข่มเหงเพราะพระวจนะ เขาก็สะดุดทันที
22ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။
22สิ่งที่หว่านท่ามกลางต้นหนาม คือผู้ที่ได้ยินพระวจนะ แต่ความกังวลของยุคนี้และความหลอกลวงของทรัพย์สมบัติรัดพระวจนะไว้ จนเขาไม่เกิดผล
23ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
23สิ่งที่หว่านในดินดี คือผู้ที่ได้ยินพระวจนะและเข้าใจ ผู้นั้นย่อมเกิดผลจริง ๆ บ้างหนึ่งร้อยเท่า บ้างหกสิบเท่า และบ้างสามสิบเท่า”
24အခြား သော ဥပမာ စကားကိုမိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ သောသူ နှင့်တူ ၏။
24พระองค์ยกอุปมาอีกเรื่องหนึ่งให้พวกเขา โดยกล่าวว่า “อาณาจักรแห่งสวรรค์เปรียบเหมือนชายคนหนึ่งที่หว่านเมล็ดพันธุ์ดีในนาของตน
25လူ တို့သည် အိပ်ပျော် သောအခါ သူ ၏ရန်သူ သည်လာ ၍ကောင်းသောစပါး နှင့် လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ကြဲ ၍ သွား လေ၏။
25แต่ขณะที่ผู้คนหลับอยู่ ศัตรูของเขามาหว่านหญ้าดาร์เนล ปะปนในข้าวสาลี แล้วจากไป
26အပင် ပေါက် ၍ အသီးအနှံ ထွက် သောအခါ ၊ တောပင် များလည်း ထင်ရှား လျှင် ၊
26เมื่อต้นอ่อนงอกขึ้นและออกรวง หญ้าดาร์เนลก็ปรากฏให้เห็นด้วย
27ကျွန် တို့သည် အိမ်ရှင် ထံသို့သွား ၍ သခင် ၊ ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ တော်မူသည် မ ဟုတ်လော။ တောပင် တို့သည် အဘယ် ကဖြစ် သနည်းဟု လျှောက် ကြလျှင်၊
27คนรับใช้ของเจ้าของบ้านมาหาและพูดว่า ‘ท่านหว่านเมล็ดพันธุ์ดีในนาของท่านไม่ใช่หรือ? แล้วหญ้าดาร์เนลมาจากไหน?’
28အိမ်ရှင် က ဤ အမှုကား ရန်သူ ပြု သောအမှုတည်းဟု ဆို ၏။ အကျွန်ုပ်တို့သည်သွား ၍ တောပင် တို့ကို ရွေးနှုတ် စေခြင်းငှာအလို တော်ရှိသလောဟု လျှောက် ကြလျှင် ၊
28“เขาตอบว่า ‘ศัตรูเป็นคนทำ’ “คนรับใช้ถามเขาว่า ‘ท่านต้องการให้พวกเราไปถอนมันขึ้นมาไหม?’
29အိမ်ရှင် က ထိုသို့ငါအလိုမ ရှိ။ တောပင် တို့ကိုရွေးနှုတ် လျှင်စပါး ပင်တို့ကိုရောနှော ၍ နှုတ် မိမည် စိုးရိမ်စရာအကြောင်းရှိ၏။
29“แต่เขาตอบว่า ‘อย่าเลย เกรงว่าเมื่อพวกเจ้าถอนหญ้าดาร์เนล จะถอนข้าวสาลีติดขึ้นมาด้วย
30စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် ၍ မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။
30ปล่อยให้ทั้งสองอย่างเติบโตไปด้วยกันจนถึงฤดูเก็บเกี่ยว เมื่อถึงเวลาเก็บเกี่ยว เราจะบอกคนเกี่ยวว่า “จงรวบรวมหญ้าดาร์เนลก่อน มัดเป็นฟ่อนเพื่อเผา ส่วนข้าวสาลีให้เก็บเข้ายุ้งของเรา”’”
31အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။
31พระองค์ยกอุปมาอีกเรื่องหนึ่งให้พวกเขา โดยกล่าวว่า “อาณาจักรแห่งสวรรค์เปรียบเหมือนเมล็ดมัสตาร์ด ซึ่งชายคนหนึ่งเอาไปหว่านในนาของตน
32မုန်ညင်းစေ့သည် အစေ့ တကာ တို့ထက် ငယ် သော်လည်း၊ ကြီးပွား သောအခါ မြက်ပင် တကာတို့ထက် ကြီး သဖြင့် မိုဃ်း ကောင်းကင်ငှက် တို့သည်လာ ၍ အကိုင်းအခက် တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ် တတ် သည် ဟု မိန့်တော်မူ၏။
32เมล็ดนั้นเล็กกว่าเมล็ดทั้งปวงจริง ๆ แต่เมื่อโตขึ้น ก็ใหญ่กว่าพืชผักทั้งปวง และกลายเป็นต้นไม้ จนนกบนฟ้ามาอาศัยอยู่ตามกิ่งของมัน”
33အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။
33พระองค์กล่าวอุปมาอีกเรื่องหนึ่งแก่พวกเขา “อาณาจักรแห่งสวรรค์เปรียบเหมือนเชื้อแป้ง ซึ่งหญิงคนหนึ่งเอาไปซ่อนไว้ในแป้งสามหน่วยตวง จนแป้งทั้งหมดฟูขึ้น”
34ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊
34พระเยซูกล่าวสิ่งเหล่านี้ทั้งหมดแก่ฝูงชนเป็นอุปมา และพระองค์ไม่ได้กล่าวอะไรแก่พวกเขาโดยไม่ใช้อุปมา
35ထိုသို့သော အားဖြင့် ပရောဖက် စကား ဟူမူကား၊ ငါသည်နှုတ် ကိုဖွင့် ၍ ဥပမာ များကိုမြွက်ဆို အံ့။ ကမ္ဘာ ဦး မှစ၍ ထိမ်ဝှက် သောအရာတို့ကိုဘော်ပြ ပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံ ခြင်းသို့ ရောက် သတည်း။
35เพื่อให้สิ่งที่กล่าวผ่านผู้เผยพระวจนะสำเร็จ ซึ่งว่า “เราจะเปิดปากกล่าวเป็นอุปมา เราจะกล่าวสิ่งที่ซ่อนอยู่ตั้งแต่การวางรากฐานของโลก”
36ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊
36แล้วพระเยซูให้ฝูงชนแยกย้ายไป และเข้าไปในบ้าน สาวกมาหาพระองค์และกล่าวว่า “โปรดอธิบายอุปมาเรื่องหญ้าดาร์เนลในนาให้พวกเราฟัง”
37ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။
37พระองค์ตอบว่า “ผู้ที่หว่านเมล็ดพันธุ์ดี คือบุตรมนุษย์
38လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။
38นาคือโลก เมล็ดพันธุ์ดีคือลูกของอาณาจักร ส่วนหญ้าดาร์เนลคือลูกของมารร้าย
39တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။
39ศัตรูที่หว่านมันคือมาร การเก็บเกี่ยวคือวาระสิ้นยุค และคนเกี่ยวคือเหล่าทูตสวรรค์
40တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ၌ ဖြစ် လတံ့။
40เพราะฉะนั้น เช่นเดียวกับที่หญ้าดาร์เนลถูกรวบรวมและเผาด้วยไฟ เมื่อถึงวาระสิ้นยุคนี้ ก็จะเป็นเช่นนั้น
41လူ သား သည် မိမိ ကောင်းကင်တမန် တို့ကိုစေလွှတ် ပြီးလျှင် ၊ မှားယွင်း စေသောသူ တို့နှင့် မတရား သော အမှုကို ပြု သောသူ ရှိသမျှ တို့ကို နိုင်ငံ တော်ထဲက ရွေးနှုတ် ၍၊
41บุตรมนุษย์จะส่งเหล่าทูตสวรรค์ของพระองค์ออกไป และพวกเขาจะรวบรวมทุกสิ่งที่ทำให้สะดุด และคนที่ทำความชั่วออกจากอาณาจักรของพระองค์
42ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာမီး ဖို ၌ ချ ကြလတံ့။
42แล้วโยนคนเหล่านั้นลงในเตาไฟ ที่นั่นจะมีการร้องไห้และขบเขี้ยวเคี้ยวฟัน
43ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
43เมื่อนั้น คนชอบธรรมจะส่องแสงเหมือนดวงอาทิตย์ในอาณาจักรของพระบิดาของพวกเขา ใครมีหูจะฟัง ก็จงฟัง
44တနည်းကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ ဝှက်ထား သောဘဏ္ဍာ နှင့်တူ ၏။ ထိုဘဏ္ဍာ ကိုတွေ့ သောသူ သည် တစ်ဖန် ဖုံးအုပ် ၍၊ ဝမ်းမြောက် သောစိတ်နှင့် သွား ပြီးလျှင် ၊ ရ တတ်သမျှ ကိုရောင်း ၍ ထို လယ် ကိုဝယ် တတ်၏။
44“อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนขุมทรัพย์ที่ซ่อนอยู่ในนา ชายคนหนึ่งพบเข้าแล้วซ่อนไว้อีก ด้วยความยินดี เขาจึงไปขายทุกสิ่งที่มี และซื้อนาผืนนั้น
45တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် မြတ် သောပုလဲ တို့ကိုရှာ သော ကုန်သည် နှင့်တူ ၏။
45“อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนพ่อค้าคนหนึ่งที่เสาะหาไข่มุกเม็ดงาม
46ထိုကုန်သည်သည် အလွန်အဘိုး ထိုက်သောပုလဲ ကိုတွေ့ သောအခါ ၊ သွား ၍ မိမိ၌ရ တတ်သမျှ ကို ရောင်း ပြီးလျှင်ထိုပုလဲ ကိုဝယ် လေ၏။
46เมื่อพบไข่มุกล้ำค่าเม็ดหนึ่ง เขาก็ไปขายทุกสิ่งที่มี และซื้อไข่มุกนั้น
47တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။
47“อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนอวนกวาดที่ทอดลงในทะเล และจับปลาได้ทุกชนิด
48ငါးနှင့်အပြည့် ရှိသောအခါ တံငါတို့သည် ကုန်း ပေါ်သို့ ဆွဲတင် ၍ထိုင် လျက် ၊ ကောင်း သောငါးကို ခြင်း ထဲသို့ ရွေးချယ် ထည့်ထား၍ ၊ မကောင်း သောငါးကို ပြင် သို့ပစ် လိုက်ကြ၏။
48เมื่ออวนเต็ม ชาวประมงก็ลากขึ้นมาบนชายฝั่ง แล้วนั่งลง คัดปลาดีใส่ภาชนะ ส่วนปลาไม่ดีก็โยนทิ้ง
49ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊
49เมื่อถึงวาระสิ้นโลก ก็จะเป็นเช่นนั้น เหล่าทูตสวรรค์จะมาแยกคนชั่วออกจากคนชอบธรรม
50ငိုးကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ မီး ဖို ၌ ချ ကြလတံ့။
50แล้วโยนคนชั่วลงในเตาไฟ ที่นั่นจะมีการร้องไห้และขบเขี้ยวเคี้ยวฟัน”
51ဤ အရာအလုံးစုံ တို့ကို သင်တို့သည် နားလည် ကြသလောဟု မေးတော်မူလျှင်၊ နားလည် ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက် ကြ၏။
51พระเยซูถามพวกเขาว่า “พวกคุณเข้าใจสิ่งเหล่านี้ทั้งหมดแล้วหรือ?” พวกเขาตอบว่า “เข้าใจแล้ว องค์พระผู้เป็นเจ้า”
52ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။
52พระองค์กล่าวกับพวกเขาว่า “เพราะฉะนั้น อาลักษณ์ทุกคนที่ได้เป็นสาวกในอาณาจักรแห่งสวรรค์ ก็เปรียบเหมือนเจ้าของบ้านคนหนึ่งที่นำของใหม่และของเก่าออกมาจากคลังของตน”
53ထို ဥပမာ စကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထို အရပ်မှကြွသွား တော်မူ၏။
53เมื่อพระเยซูกล่าวอุปมาเหล่านี้จบ พระองค์ก็จากที่นั่นไป
54ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ၌ ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။
54เมื่อมาถึงถิ่นบ้านเกิดของพระองค์ พระองค์สอนพวกเขาในธรรมศาลา จนพวกเขาประหลาดใจและพูดว่า “คนนี้ได้ปัญญาและการอัศจรรย์อันยิ่งใหญ่เหล่านี้มาจากไหน?
55သူသည် လက်သမား သား မ ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။
55คนนี้ไม่ใช่ลูกของช่างไม้หรือ? มารดาของเขาชื่อมารีย์ไม่ใช่หรือ? และพี่น้องชายของเขาคือยากอบ โยเสส ซีโมน และยูดาส ไม่ใช่หรือ?
56သူ့ နှမ များတို့သည်လည်း ငါ တို့နှင့် အနီးအပါးနေ ကြသည်မ ဟုတ်လော။ သို့ဖြစ်လျှင် ဤ သူသည် အရာ များကို အဘယ်မှာ ရသနည်းဟု ပြောဆို လျက်၊
56พี่น้องหญิงของเขาทุกคนก็อยู่กับพวกเราไม่ใช่หรือ? แล้วคนนี้ได้สิ่งเหล่านี้ทั้งหมดมาจากไหน?”
57စေတနာစိတ်ပျက် ကြ၏။ ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ် ၌ အသရေရှိသည် ဟု ထိုသူ တို့အား မိန့် တော်မူ၏။
57พวกเขาจึงไม่ยอมรับพระองค์ แต่พระเยซูกล่าวกับพวกเขาว่า “ผู้เผยพระวจนะย่อมได้รับเกียรติ เว้นแต่ในถิ่นของตนและในบ้านของตน”
58မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။
58พระองค์ไม่ได้ทำการอัศจรรย์อันยิ่งใหญ่ที่นั่นมากนัก เพราะความไม่เชื่อของพวกเขา
Tip: use the ← and → keys to turn chapters.