ရှင်မဿဲ 26
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊
1เมื่อพระเยซูกล่าวถ้อยคำทั้งหมดนี้จบแล้ว พระองค์กล่าวกับสาวกว่า
2နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
2“พวกคุณรู้ว่า อีกสองวันจะถึงเทศกาลปัสกา และบุตรมนุษย์จะถูกมอบให้นำไปตรึงบนกางเขน”
3ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
3เวลานั้น หัวหน้าปุโรหิต พวกอาลักษณ์ และพวกผู้อาวุโสของประชาชนมาชุมนุมกันในลานบ้านของมหาปุโรหิต ซึ่งชื่อคายาฟาส
4ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး ၍ သတ် အံ့သောငှာတိုင်ပင် ကြ၏။
4พวกเขาปรึกษากันว่าจะจับพระเยซูด้วยอุบาย และฆ่าพระองค์
5သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟု ပြောဆို ကြ၏။
5แต่พวกเขาพูดว่า “อย่าทำในช่วงเทศกาล มิฉะนั้นประชาชนอาจก่อจลาจล”
6ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ၌ ယေရှု ရှိ တော်မူသည်ဖြစ်၍ ၊
6ขณะที่พระเยซูอยู่ที่เบธานี ในบ้านของซีโมนผู้เป็นโรคเรื้อน
7မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။
7มีหญิงคนหนึ่งถือขวดอะลาบาสเตอร์ที่บรรจุน้ำมันหอมราคาแพงมากเข้ามาหาพระองค์ และเทน้ำมันหอมลงบนศีรษะของพระองค์ ขณะที่พระองค์นั่งอยู่ที่โต๊ะอาหาร
8တပည့် တော်တို့သည် မြင် လျှင် ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။
8เมื่อสาวกเห็น ก็ไม่พอใจอย่างยิ่ง และพูดว่า “ทำไมจึงทำให้สูญเปล่าอย่างนี้?
9ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး စရာကောင်းသည်ဟုဆို ကြ၏။
9น้ำมันหอมนี้ขายได้เงินมาก แล้วเอาเงินให้คนยากจนก็ได้”
10ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကိုပြု ပြီ။
10พระเยซูรู้เรื่องนี้ จึงกล่าวกับพวกเขาว่า “พวกคุณรบกวนหญิงคนนี้ทำไม? นางได้ทำสิ่งดีแก่เรา
11ဆင်းရဲ သောသူ တို့သည် သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။
11พวกคุณมีคนยากจนอยู่กับพวกคุณเสมอ แต่พวกคุณจะไม่มีเราอยู่ด้วยเสมอ
12ဤ ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။
12ที่นางเทน้ำมันหอมนี้บนร่างกายของเรา ก็เพื่อเตรียมเราไว้สำหรับการฝังศพ
13ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့ သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။
13เราบอกความจริงแก่พวกคุณว่า ไม่ว่าข่าวดีนี้จะถูกประกาศที่ใดทั่วโลก สิ่งที่หญิงคนนี้ทำก็จะถูกกล่าวถึงที่นั่น เพื่อระลึกถึงนาง”
14ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊
14แล้วยูดาสอิสคาริโอท คนหนึ่งในสิบสองคน ไปหาหัวหน้าปุโรหิต
15အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။
15และถามว่า “พวกคุณจะให้อะไรข้าพเจ้า ถ้าข้าพเจ้ามอบเขาให้พวกคุณ?” พวกเขาจึงชั่งเงินสามสิบเหรียญให้เขา
16ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။
16ตั้งแต่เวลานั้น ยูดาสก็หาโอกาสที่จะทรยศพระองค์
17အဇုမ ပွဲ ပဌမ နေ့၌ တပည့် တော်တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး ကြသော်၊
17ในวันแรกของเทศกาลขนมปังไร้เชื้อ สาวกมาหาพระเยซู และถามว่า “ท่านต้องการให้พวกเราเตรียมปัสกาให้ท่านรับประทานที่ไหน?”
18ကိုယ်တော် က၊ မြို့ တွင် ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌ ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။
18พระองค์กล่าวว่า “จงเข้าไปในเมือง ไปหาคนหนึ่ง แล้วบอกเขาว่า ‘อาจารย์บอกว่า “เวลาของเราใกล้มาถึงแล้ว เราจะฉลองปัสกาที่บ้านของท่านพร้อมกับสาวกของเรา”’”
19တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
19สาวกทำตามที่พระเยซูสั่ง และเตรียมปัสกา
20ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။
20เมื่อถึงเวลาเย็น พระองค์เอนกายรับประทานอาหารพร้อมกับสาวกสิบสองคน
21စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင် ၊
21ขณะที่พวกเขากำลังกิน พระองค์กล่าวว่า “เราบอกความจริงแก่พวกคุณว่า คนหนึ่งในพวกคุณจะทรยศเรา”
22တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး မေးလျှောက် ကြ၏။
22พวกเขาเศร้าใจอย่างยิ่ง และเริ่มถามพระองค์ทีละคนว่า “องค์พระผู้เป็นเจ้า คงไม่ใช่ข้าพเจ้าใช่ไหม?”
23ကိုယ်တော် ကလည်း ငါ နှင့်အတူ ပုကန် တွင် လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။
23พระองค์ตอบว่า “คนที่จุ่มมือลงในชามพร้อมกับเรา คนนั้นจะทรยศเรา
24ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
24บุตรมนุษย์จะจากไปตามที่มีเขียนไว้ถึงพระองค์ แต่วิบัติแก่คนที่ทรยศบุตรมนุษย์! สำหรับคนนั้น ถ้าไม่ได้เกิดมาก็ยังดีกว่า”
25ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊ သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။
25ยูดาส คนที่กำลังจะทรยศพระองค์ ถามว่า “รับบี คงไม่ใช่ข้าพเจ้าใช่ไหม?” พระองค์ตอบเขาว่า “ท่านพูดเอง”
26ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။
26ขณะที่พวกเขากำลังกิน พระเยซูหยิบขนมปังขึ้นมา กล่าวขอบคุณ แล้วหักและส่งให้สาวก พร้อมกับกล่าวว่า “รับไปกิน นี่คือกายของเรา”
27ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက် ကြလော့။
27พระองค์หยิบถ้วย กล่าวขอบพระคุณ แล้วส่งให้พวกเขา พร้อมกับกล่าวว่า “พวกคุณทุกคนจงดื่มจากถ้วยนี้
28ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။
28เพราะนี่คือโลหิตของเรา คือโลหิตแห่งพันธสัญญาใหม่ ซึ่งหลั่งออกเพื่อคนจำนวนมาก เพื่อการยกโทษบาป
29ငါဆို သည်ကား၊ ဤ စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ ၌ သင် တို့နှင့်အတူ ငါ မ သောက်မှီ နေ့ တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။
29แต่เราบอกพวกคุณว่า ตั้งแต่นี้ไป เราจะไม่ดื่มผลจากเถาองุ่นนี้อีก จนถึงวันที่เราจะดื่มใหม่กับพวกคุณในอาณาจักรของพระบิดาของเรา”
30ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
30เมื่อร้องเพลงสรรเสริญแล้ว พวกเขาก็ออกไปยังภูเขามะกอกเทศ
31ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
31แล้วพระเยซูกล่าวกับพวกเขาว่า “คืนนี้ พวกคุณทุกคนจะสะดุดล้มเพราะเรา เพราะมีเขียนไว้ว่า ‘เราจะตีผู้เลี้ยงแกะ และแกะในฝูงจะกระจัดกระจายไป’
32သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊
32แต่หลังจากเราฟื้นขึ้นจากความตายแล้ว เราจะไปยังกาลิลีก่อนพวกคุณ”
33ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။
33เปโตรตอบพระองค์ว่า “แม้ทุกคนจะสะดุดล้มเพราะท่าน ข้าพเจ้าก็จะไม่สะดุดล้มเลย”
34ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊
34พระเยซูกล่าวกับเขาว่า “เราบอกความจริงแก่ท่านว่า คืนนี้ ก่อนไก่ขัน ท่านจะปฏิเสธเราสามครั้ง”
35ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
35เปโตรกล่าวกับพระองค์ว่า “แม้ข้าพเจ้าต้องตายพร้อมกับท่าน ข้าพเจ้าก็จะไม่ปฏิเสธท่าน” สาวกทุกคนก็พูดเช่นเดียวกัน
36ထိုအခါ ယေရှု သည် သူ တို့နှင့်အတူ ဂေသရှေမန် အရပ် သို့ ရောက် တော်မူလျှင်၊ ငါသည် ထို အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊
36แล้วพระเยซูมากับพวกเขาถึงสถานที่แห่งหนึ่งชื่อเกทเสมนี และกล่าวกับสาวกว่า “นั่งอยู่ที่นี่ ขณะที่เราไปอธิษฐานที่โน่น”
37ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
37พระองค์พาเปโตร และบุตรสองคนของเศเบดีไปด้วย แล้วเริ่มเศร้าใจและทุกข์ใจอย่างหนัก
38ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။
38พระเยซูกล่าวกับพวกเขาว่า “จิตใจของเราเศร้าอย่างยิ่ง จนแทบจะตาย จงอยู่ที่นี่ และเฝ้าระวังกับเรา”
39ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။
39พระองค์เดินต่อไปอีกเล็กน้อย หมอบหน้าลงกับพื้น และอธิษฐานว่า “พระบิดาของเรา ถ้าเป็นไปได้ ขอให้ถ้วยนี้ผ่านพ้นไปจากเรา แต่อย่าให้เป็นตามที่เราต้องการ ให้เป็นตามที่พระองค์ต้องการ”
40တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။
40พระองค์กลับมาหาสาวก และพบพวกเขากำลังหลับ จึงกล่าวกับเปโตรว่า “พวกคุณเฝ้าระวังกับเราสักหนึ่งชั่วโมงไม่ได้หรือ?
41စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ ၊
41จงเฝ้าระวังและอธิษฐาน เพื่อจะไม่เข้าสู่การทดลอง จิตวิญญาณเต็มใจก็จริง แต่ร่างกายอ่อนแอ”
42တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ၊ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင် ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။
42พระองค์จากไปอีกเป็นครั้งที่สอง และอธิษฐานว่า “พระบิดาของเรา ถ้าถ้วยนี้ไม่อาจผ่านพ้นไปจากเรา เว้นแต่เราจะดื่ม ขอให้เป็นไปตามที่พระองค์ต้องการ”
43ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊
43พระองค์กลับมาอีก และพบพวกเขากำลังหลับ เพราะตาของพวกเขาหนัก
44သူ တို့ကိုထား ခဲ့၍ တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
44พระองค์จึงปล่อยพวกเขาไว้ แล้วจากไปอธิษฐานเป็นครั้งที่สาม โดยกล่าวคำเดิม
45ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။
45แล้วพระองค์กลับมาหาสาวก และกล่าวว่า “พวกคุณยังนอนและพักกันอยู่หรือ? ดูสิ เวลานั้นใกล้มาถึงแล้ว และบุตรมนุษย์กำลังถูกทรยศ และถูกมอบไว้ในมือของคนบาป
46ထ ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
46ลุกขึ้น ไปกันเถอะ ดูสิ คนที่ทรยศเรามาใกล้แล้ว”
47ထိုသို့ မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား နှင့် ဒုတ် များကို ကိုင်လျက်ပါကြ၏။
47ขณะที่พระองค์ยังพูดอยู่ ยูดาส คนหนึ่งในสิบสองคนก็มาถึง พร้อมกับฝูงชนจำนวนมากที่ถือดาบและไม้ตะบอง ซึ่งหัวหน้าปุโรหิตและพวกผู้อาวุโสของประชาชนส่งมา
48ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊
48คนที่ทรยศพระองค์ได้ให้สัญญาณแก่พวกเขาไว้ว่า “เราจูบใคร คนนั้นแหละ จงจับเขา”
49ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။
49เขาตรงเข้าไปหาพระเยซูทันที และกล่าวว่า “สวัสดี รับบี!” แล้วจูบพระองค์
50ယေရှု ကလည်း ၊ အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။
50พระเยซูกล่าวกับเขาว่า “เพื่อน ท่านมาที่นี่ทำไม?” แล้วพวกเขาก็เข้ามาจับพระเยซู และคุมตัวพระองค์ไว้
51ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။
51คนหนึ่งในพวกที่อยู่กับพระเยซูยื่นมือไปชักดาบออก ฟันคนรับใช้ของมหาปุโรหิต และตัดหูของเขาขาด
52ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။
52แล้วพระเยซูกล่าวกับเขาว่า “จงเก็บดาบกลับเข้าที่เดิม เพราะทุกคนที่ใช้ดาบจะตายด้วยดาบ
53ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။
53หรือท่านคิดว่า เราขอพระบิดาของเราไม่ได้หรือ? และพระองค์จะส่งทูตสวรรค์มากกว่าสิบสองเลกิโอนมาให้เราเดี๋ยวนี้
54သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။
54ถ้าอย่างนั้น พระคัมภีร์จะสำเร็จได้อย่างไร ซึ่งบอกว่าเรื่องนี้ต้องเกิดขึ้น?”
55ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။
55เวลานั้น พระเยซูกล่าวกับฝูงชนว่า “พวกคุณออกมาพร้อมดาบและไม้ตะบองเพื่อจับเรา เหมือนมาจับโจรหรือ? ทุกวันเรานั่งสอนอยู่ในพระวิหาร แต่พวกคุณไม่ได้จับเรา
56ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ အစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။
56แต่ทั้งหมดนี้เกิดขึ้น เพื่อให้พระคัมภีร์ของบรรดาผู้เผยพระวจนะสำเร็จ” แล้วสาวกทุกคนก็ละพระองค์และหนีไป
57ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။
57คนที่จับพระเยซูพาพระองค์ไปหาคายาฟาสมหาปุโรหิต ซึ่งพวกอาลักษณ์และพวกผู้อาวุโสมาชุมนุมกันอยู่
58ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။
58เปโตรตามพระองค์ไปห่าง ๆ จนถึงลานบ้านของมหาปุโรหิต แล้วเข้าไปนั่งกับพวกเจ้าหน้าที่ เพื่อดูว่าเรื่องจะจบอย่างไร
59ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။
59หัวหน้าปุโรหิต พวกผู้อาวุโส และสมาชิกสภาทั้งหมดหาพยานเท็จมากล่าวหาพระเยซู เพื่อจะประหารพระองค์
60မမှန် သောသက်သေခံအများ လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ ၍ ၊
60แต่หาไม่ได้ แม้จะมีพยานเท็จหลายคนมาให้การ ในที่สุดมีพยานเท็จสองคนมา
61ဤ သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် နိုင် သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။
61และกล่าวว่า “ชายคนนี้พูดว่า ‘เราสามารถทำลายพระวิหารของพระเจ้า และสร้างขึ้นใหม่ในสามวัน’”
62ယဇ်ပုရောဟိတ် မင်းသည် ထ ၍ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊
62มหาปุโรหิตยืนขึ้น และถามพระองค์ว่า “ท่านไม่ตอบอะไรเลยหรือ? คนเหล่านี้เป็นพยานกล่าวหาท่านเรื่องอะไร?”
63ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊
63แต่พระเยซูนิ่งเงียบ มหาปุโรหิตจึงกล่าวกับพระองค์ว่า “ข้าพเจ้าให้ท่านสาบานต่อพระเจ้าผู้ทรงพระชนม์ ให้บอกพวกเราว่า ท่านคือพระคริสต์ พระบุตรของพระเจ้าหรือไม่”
64ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
64พระเยซูกล่าวกับเขาว่า “ท่านพูดเอง แต่เราบอกพวกคุณว่า หลังจากนี้ พวกคุณจะเห็นบุตรมนุษย์นั่งทางขวาขององค์ผู้ทรงฤทธิ์ และมาบนเมฆแห่งท้องฟ้า”
65ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။
65มหาปุโรหิตฉีกเสื้อผ้าของตน และกล่าวว่า “เขาพูดหมิ่นประมาทพระเจ้า! พวกเรายังต้องการพยานอะไรอีก? ดูสิ ตอนนี้พวกคุณได้ยินคำหมิ่นประมาทของเขาแล้ว
66အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ တို့က ဤသူသည် အသေခံ ထိုက် ပေ၏ဟု ပြန် စီရင်ကြ၏။
66พวกคุณคิดอย่างไร?” พวกเขาตอบว่า “เขาสมควรตาย!”
67ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။
67แล้วพวกเขาถ่มน้ำลายใส่หน้าพระองค์ ชกพระองค์ และบางคนตบพระองค์
68အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
68พร้อมกับพูดว่า “พระคริสต์ พยากรณ์ให้พวกเราสิ! ใครตีท่าน?”
69ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊
69ขณะนั้น เปโตรนั่งอยู่ข้างนอกในลาน สาวใช้คนหนึ่งมาหาเขา และพูดว่า “ท่านก็อยู่กับเยซูชาวกาลิลีด้วย!”
70ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။
70แต่เขาปฏิเสธต่อหน้าทุกคนว่า “ข้าพเจ้าไม่รู้ว่าท่านพูดเรื่องอะไร”
71ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင် ၊
71เมื่อเขาออกไปที่เฉลียง มีอีกคนหนึ่งเห็นเขา และพูดกับคนที่อยู่ที่นั่นว่า “ชายคนนี้ก็อยู่กับเยซูชาวนาซาเร็ธด้วย”
72ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။
72เขาปฏิเสธอีกครั้ง พร้อมกับสาบานว่า “ข้าพเจ้าไม่รู้จักชายคนนั้น”
73ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ တို့သည် ပေတရု အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို ကြလျှင် ၊
73ต่อมาอีกไม่นาน คนที่ยืนอยู่ใกล้ ๆ ก็เข้ามาพูดกับเปโตรว่า “ท่านเป็นคนหนึ่งในพวกเขาแน่ เพราะสำเนียงของท่านบอกได้”
74ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို ၏။ ထို ခဏချင်းတွင် ကြက် တွန် လေ၏။
74แล้วเขาเริ่มสาปแช่งและสาบานว่า “ข้าพเจ้าไม่รู้จักชายคนนั้น!” ทันทีนั้น ไก่ก็ขัน
75ယေရှု က၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား ကို ပေတရု သည် သတိရ သဖြင့် ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
75เปโตรนึกถึงคำที่พระเยซูเคยกล่าวกับเขาว่า “ก่อนไก่ขัน ท่านจะปฏิเสธเราสามครั้ง” แล้วเขาออกไปร้องไห้อย่างขมขื่น
Tip: use the ← and → keys to turn chapters.