ရှင်လုကာ 23
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1ထိုအခါ မင်း အရာရှိအပေါင်း တို့သည်ထ ၍ ကိုယ်တော် ကို ပိလတ် မင်းထံသို့ ဆောင်သွား ကြပြီးလျှင်၊
1众人都起来,把耶稣解到 彼拉多 面前,
2ဤ သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၍ ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။
2就告他说:「我们见这人诱惑国民,禁止纳税给凯撒,并说自己是基督,是王。」
3ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
3彼拉多 问耶稣说:「你是 犹太 人的王吗?」耶稣回答说:「你说的是。」
4ပိလတ် မင်းက ၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှငါမတွေ့ ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အပေါင်းတို့အား ပြောဆို လျှင်၊
4彼拉多 对祭司长和众人说:「我查不出这人有什么罪来。」
5ထိုသူ တို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူ သည် ဂါလိလဲ ပြည်မှစ၍ ဤအရပ် တိုင်အောင် ယုဒ ပြည်၌ အနှံ့အပြား ဆုံးမဩဝါဒ ပေး၍ လူ များကိုနှိုးဆော် သောသူ ဖြစ်ပါသည်ဟု လျှောက်ဆို ကြ၏။
5但他们越发极力地说:「他煽惑百姓,在 犹太 遍地传道,从 加利利 起,直到这里了。」
6ပိလတ် မင်းသည် ဂါလိလဲဟူသောစကားကိုကြား လျှင် ၊ ထိုသူ သည်ဂါလိလဲ လူဖြစ် သလောဟု မေးမြန်း ၍ ၊
6彼拉多 一听见,就问:「这人是 加利利 人吗?」
7ဟေရုဒ် မင်းပိုင် သော သူဖြစ်သည် ကို သိ သောအခါ ထိုမင်း ထံသို့ ပို့ စေ၏။ ထို အခါ ဟေရုဒ် မင်းသည် ယေရုရှလင် မြို့၌ ရှိ သတည်း။
7既晓得耶稣属 希律 所管,就把他送到 希律 那里去。那时 希律 正在 耶路撒冷 。
8ထိုမင်း သည် ယေရှု ကိုမြင် လျှင် အလွန် ဝမ်းမြောက် ခြင်းရှိ၏။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍၊ ကိုယ်တော် ကိုမြင် ခြင်းငှာကြာမြင့် စွာ အလိုရှိ သည်ဖြစ် ၍၊ ပြ တော်မူသော နိမိတ် လက္ခဏာ တစ်စုံတစ်ခု ကို မြင် ရမည်ဟု မြော်လင့် လျက် နေ၏။
8希律 看见耶稣,就很欢喜;因为听见过他的事,久已想要见他,并且指望看他行一件神迹,
9ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော် ကို များစွာ မေးမြန်း သော်လည်း အဘယ် စကား ကိုမျှ ပြန် တော် မမူ။
9于是问他许多的话,耶稣却一言不答。
10ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြု ဆရာတို့သည် ထ ၍ ပြင်းထန် စွာ အပြစ်တင် ကြ၏။
10祭司长和文士都站着,极力地告他。
11ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု ၍ တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။
11希律 和他的兵丁就藐视耶稣,戏弄他,给他穿上华丽衣服,把他送回 彼拉多 那里去。
12ထိုနေ့ ၌ ပိလတ် မင်းနှင့် ဟေရုဒ် မင်းတို့သည် အချင်းချင်း အဆွေ ဖွဲ့ ကြ၏။ အထက် က ရန်ဘက် ဖြစ် ကြ သတည်း။
12从前 希律 和 彼拉多 彼此有仇,在那一天就成了朋友。
13တဖန် ပိလတ် မင်းသည် ယဇ်ပုရောဟိတ် အကြီး၊
13彼拉多 传齐了祭司长和官府并百姓,
14ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ ဤ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၍ ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ၌ ငါမတွေ့ ။
14就对他们说:「你们解这人到我这里,说他是诱惑百姓的。看哪,我也曾将你们告他的事,在你们面前审问他,并没有查出他什么罪来;
15ဟေရုဒ် မင်းသည်လည်း မ တွေ့။ ထိုမင်း ထံသို့ ငါ ပို့ စေပြီ။ ဤသူ သည် အသေ သတ်ခြင်းကို ခံထိုက် သော အမှုတစ်စုံတစ်ခုကိုမျှ မ ပြု ။
15就是 希律 也是如此,所以把他送回来。可见他没有做什么该死的事。
16ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု ဆို လေ၏။
16故此,我要责打他,把他释放了。」
17ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
no verse 17 in this text
18လူအပေါင်းတို့က၊ ထို သူကို ထုတ် ပါလော့။ အကျွန်ုပ် တို့အား ဗာရဗ္ဗ ကို လွှတ် ပါလော့ဟု တစ်ညီတစ်ညွတ် တည်း ဟစ်ကြော် ကြ၏။
18众人却一齐喊着说:「除掉这个人!释放 巴拉巴 给我们!」
19ထို ဗာရဗ္ဗကား၊ မြို့ ၌ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင် ထဲ၌ လှောင် ထားသောသူဖြစ် သတည်း။
19这 巴拉巴 是因在城里作乱杀人,下在监里的。
20ပိလတ် မင်းသည် ယေရှု ကို လွှတ် ချင် သောကြောင့် သူ တို့အားတစ်ဖန် ပြောဆို လေ၏။
20彼拉多 愿意释放耶稣,就又劝解他们。
21သူတို့ကလည်း၊ ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ။ ရိုက် ထားပါဟု ဟစ်ကြော် ကြ၏။
21无奈他们喊着说:「钉他十字架!钉他十字架!」
22ပိလတ်မင်းက၊ ထိုသူ သည် အဘယ် အပြစ် ကို ပြု ဘိသနည်း။ သေ ထိုက်သောအပြစ် တစ်စုံတစ်ခု မျှသူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု သုံး ကြိမ်မြောက်အောင်ဆို လျှင်၊
22彼拉多 第三次对他们说:「为什么呢?这人做了什么恶事呢?我并没有查出他什么该死的罪来。所以,我要责打他,把他释放了。」
23လူများတို့သည် ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာကြီးစွာ သောအသံ နှင့် ကျပ်ကျပ် တောင်း သဖြင့်၊ သူ တို့၏အသံ နှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင် လေ၏။
23他们大声催逼 彼拉多 ,求他把耶稣钉在十字架上。他们的声音就得了胜。
24ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊
24彼拉多 这才照他们所求的定案,
25ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင် ထဲမှာ လှောင် ထားသောသူ ကို လူ များတောင်း သည်အတိုင်း လွှတ် ပြီးမှ ၊ ယေရှု ကို သူ တို့ အလို သို့အပ် လိုက်လေ၏။
25把他们所求的那作乱杀人、下在监里的释放了,把耶稣交给他们,任凭他们的意思行。
26ကိုယ်တော် ကို ထုတ်သွား ကြစဉ်၊ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ် ယောက်သည် တောရွာ မှ လာ သည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှု နောက် တော်၌ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
26带耶稣去的时候,有一个 古利奈 人 西门 ,从乡下来;他们就抓住他,把十字架搁在他身上,叫他背着跟随耶稣。
27နောက် တော်၌ လိုက်သောလူ များ အပေါင်း တို့တွင်၊ ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်း သော မိန်းမ အချို့ပါ၏။
27有许多百姓跟随耶稣,内中有好些妇女;妇女们为他号咷痛哭。
28ထိုသူ တို့ကို ယေရှု သည် လှည့်ကြည့် ၍ ၊ ယေရုရှလင် မြို့သမီး တို့၊ ငါ့ ကြောင့် မ ငိုကြွေး ကြနှင့်။ မိမိ တို့နှင့် မိမိ တို့သား များကြောင့် ငိုကြွေး ကြလော့။
28耶稣转身对她们说:「 耶路撒冷 的女子,不要为我哭,当为自己和自己的儿女哭。
29အကြောင်းမူကား ၊ မြုံ သောမိန်းမသည် မင်္ဂလာ ရှိ၏။ ပဋိသန္ဓေ မ ယူဘူးသောဝမ်း နှင့် သူငယ်မ စို့ဘူး သောသားမြတ် သည် မင်္ဂလာရှိ၏ဟု ပြော ရသောနေ့ရက် ကာလရောက် လိမ့်မည်။
29因为日子要到,人必说:『不生育的,和未曾怀胎的,未曾乳养婴孩的,有福了!』
30ထိုအခါ သူတို့က၊ အိုတောင် များတို့၊ ငါ တို့အပေါ်သို့ ကျ ကြပါ။ အိုကုန်း များတို့၊ ငါ တို့ကို ဖုံးအုပ် ကြ ပါဟု ခေါ် ကြလိမ့်မည်။
30那时,人要向大山说: 倒在我们身上! 向小山说: 遮盖我们!
31အကြောင်းမူကား ၊ စိမ်း သောအပင် ကို ဤသို့ ပြု ကြလျှင် ၊ ခြောက် သောအပင် ၌ အဘယ်သို့ ဖြစ် လိမ့်မည်နည်း ဟု မိန့် တော်မူ၏။
31「这些事既行在有汁水的树上,那枯干的树将来怎么样呢?」
32ထိုအခါ ကိုယ်တော် နှင့်အတူ လူဆိုး နှစ် ယောက် တို့ကိုလည်း သတ် အံ့သောငှာထုတ်သွား ကြ၏။
32又有两个犯人,和耶稣一同带来处死。
33ကရာနိ အမည် ရှိသောအရပ် သို့ ရောက် ကြသော် ၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုး တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
33到了一个地方,名叫「髑髅地」,就在那里把耶稣钉在十字架上,又钉了两个犯人:一个在左边,一个在右边。
34ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။
34当下耶稣说:「父啊!赦免他们;因为他们所做的,他们不晓得。」 兵丁 就拈阄分他的衣服。
35လူ များတို့သည်လည်း ကြည့်ရှု လျက် ရပ် နေကြ၏။ ထိုသူတို့နှင့်အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတစ်ပါး တို့ကိုကယ်တင် တတ်၏။ ခရစ်တော် တည်းဟူသောဘုရားသခင် ရွေးချယ် တော်မူသောသူ မှန်လျှင် ကိုယ် ကိုကယ်တင် ပါလေစေဟူ၍ပြက်ယယ်ပြု ကြ၏။
35百姓站在那里观看。官府也嗤笑他,说:「他救了别人;他若是基督, 神所拣选的,可以救自己吧!」
36စစ်သူရဲ တို့သည်လည်း လာ ၍ ပုံးရည် ကို ကပ် ပေးလျက်၊
36兵丁也戏弄他,上前拿醋送给他喝,
37သင် သည် ယုဒ ရှင်ဘုရင် မှန် လျှင် ကိုယ် ကို ကယ်တင် လော့ဟူ၍ ပြက်ယယ်ပြု လျက် ဆို ကြ၏။
37说:「你若是 犹太 人的王,可以救自己吧!」
38ခေါင်း တော်ပေါ်မှာ တပ်၍ အပြစ်ဖေါ်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား ၊ ဤသူ သည် ယုဒ ရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာတပ် သတည်း။
38在耶稣以上有一个牌子写着:「这是 犹太 人的王。」
39ဆွဲ ထားသော လူဆိုး နှစ်ယောက်တွင် တစ် ယောက်က၊ သင် သည် ခရစ်တော် မှန် လျှင် ကိုယ် ကို၎င်း ၊ ငါ တို့ ကို၎င်း၊ ကယ်တင် လော့ဟု ကိုယ်တော် ကို ကဲ့ရဲ့ ၍ ဆို လေ၏။
39那同钉的两个犯人有一个讥笑他,说:「你不是基督吗?可以救自己和我们吧!」
40တစ် ယောက်မူကား ၊ မိမိ အဘော်ကိုဆုံးမ ၍၊ သင် သည် ဤသူနည်းတူ အပြစ် ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မ ကြောက် သလော။
40那一个就应声责备他,说:「你既是一样受刑的,还不怕 神吗?
41ငါ တို့သည် ကိုယ်ပြု မိ သောအပြစ်နှင့်အလျောက် ခံရ သည်ဖြစ်၍တရားသဖြင့် ခံရ ကြ၏။ ဤ သူမူကား အဘယ် အပြစ် ကိုမျှမပြု ဟုဆို ပြီးလျှင်၊
41我们是应该的,因我们所受的与我们所做的相称,但这个人没有做过一件不好的事。」
42သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။
42就说:「耶稣啊,你得国降临的时候,求你记念我!」
43ယေရှုကလည်း ၊ ငါ အမှန် ဆိုသည်ကား၊ ယနေ့ တွင် သင်သည် ငါ နှင့်အတူ ပရဒိသု ဘုံ၌ ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
43耶稣对他说:「我实在告诉你,今日你要同我在乐园里了。」
44ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိ ဖြစ် လေ၏။
44那时约有午正,遍地都黑暗了,直到申初,
45နေ အရောင်ကွယ်ပျောက် လေ၏။ ဗိမာန် တော်၏ ကုလားကာ သည် နှစ် ဖြာကွဲ လေ၏။
45日头变黑了;殿里的幔子从当中裂为两半。
46ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် ၌ အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။
46耶稣大声喊着说:「父啊!我将我的灵魂交在你手里。」说了这话,气就断了。
47ထို အခြင်းအရာ တို့ကို တပ်မှူး သည်မြင် လျှင် ၊ စင်စစ် ဤသူ သည် ဖြောင့်မတ် သောသူမှန်ပေ ၏ဟုဆို ၍ ဘုရားသခင် ကို ချီးမွမ်း လေ၏။
47百夫长看见所成的事,就归荣耀与 神,说:「这真是个义人!」
48ထို အမှု ကို အကြည့်အရှု လာ သောသူအပေါင်း တို့သည် ထို အခြင်းအရာများ ကိုမြင် လျှင် ၊ ရင်ပတ် ကို ခတ် ၍ ပြန်သွား ကြ၏။
48聚集观看的众人见了这所成的事都捶着胸回去了。
49ဂါလိလဲ ပြည်မှ နောက် တော်သို့လိုက်လာသော မိန်းမ တို့နှင့် ကိုယ်တော် ကို သိကျွမ်း သောသူအပေါင်း တို့သည်လည်း အဝေး က ကြည့်ရှု ၍ ရပ် နေကြ၏။
49还有一切与耶稣熟识的人,和从 加利利 跟着他来的妇女们,都远远地站着看这些事。
50ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ မ ဟုတ် ၊
50有一个人名叫 约瑟 ,是个议士,为人善良公义;
51ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သော သူတော်ကောင်း သူတော်မြတ် ဖြစ် သည်နှင့် ပိလတ် မင်းထံသို့ဝင် ၍၊
51众人所谋所为,他并没有附从。他本是 犹太 、 亚利马太 城里素常盼望 神国的人。
52ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
52这人去见 彼拉多 ,求耶稣的身体,
53အလောင်း တော်ကို ချ ၍ ပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊ တစ်ယောက် ကိုမျှ မ သင်္ဂြိုဟ် ဘူး သော ကျောက် သင်္ချိုင်း တွင်း၌ ထား လေ၏။
53就取下来,用细麻布裹好,安放在石头凿成的坟墓里;那里头从来没有葬过人。
54ထိုနေ့ ကား အဘိတ်နေ့ ဖြစ် ၍ ဥပုသ်နေ့ အချိန် နီး သတည်း။
54那日是预备日,安息日也快到了。
55ဂါလိလဲ ပြည်က ကိုယ်တော် နှင့်အတူလာ သောမိန်းမ များသည် သင်္ချိုင်း တော်ကို၎င်း ၊ အလောင်း တော်ကို အဘယ်သို့ ထား သည်ကို၎င်း အကြည့်အရှု လိုက်လာ ကြ၏။
55那些从 加利利 和耶稣同来的妇女跟在后面,看见了坟墓和他的身体怎样安放。
56ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေ ကြ၏။
56她们就回去,预备了香料香膏。她们在安息日,便遵着诫命安息了。
Tip: use the ← and → keys to turn chapters.