ရှင်လုကာ 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ် ၍ ၊
1众税吏和罪人都挨近耶稣,要听他 讲道 。
2ဖာရိရှဲ နှင့် ကျမ်းပြု ဆရာတို့က၊ ဤသူ သည် ဆိုး သောသူတို့ကိုလက်ခံ ၍ သူ တို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
2法利赛人和文士私下议论说:「这个人接待罪人,又同他们吃饭。」
3ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊
3耶稣就用比喻说:
4သိုးတစ် ကောင်ပျောက် လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကို တော တွင် ထား ခဲ့ပြီးမှ၊ ပျောက် သောသိုး တစ် ကောင်ကို မ တွေ့ မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော။
4「你们中间谁有一百只羊失去一只,不把这九十九只撇在旷野、去找那失去的羊,直到找着呢?
5တွေ့ ပြီးလျှင် ဝမ်းမြောက် သော စိတ်နှင့် ပခုံး ပေါ်မှာ တင် ထမ်း၍၊
5找着了,就欢欢喜喜地扛在肩上,回到家里,
6မိမိအိမ် သို့ ရောက် သောအခါ အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သောသိုး ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည် မဟုတ်လော။
6就请朋友邻舍来,对他们说:『我失去的羊已经找着了,你们和我一同欢喜吧!』
7ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။
7我告诉你们,一个罪人悔改,在天上也要这样为他欢喜,较比为九十九个不用悔改的义人欢喜更大。」
8တစ်နည်းကား ၊ တစ်စုံတစ်ယောက် သောမိန်းမ ၌ ငွေ ဆယ် ပြားရှိ ၍ တစ်ပြား ပျောက် လျှင် ၊ ဆီမီး ကိုထွန်း ၍ မ တွေ့ မှီတိုင်အောင်တစ်အိမ် လုံးကိုလှည်း ၍ စေ့စေ့ မ ရှာ ဘဲ နေမည်လော။
8「或是一个妇人有十块钱,若失落一块,岂不点上灯,打扫屋子,细细地找,直到找着吗?
9တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။
9找着了,就请朋友邻舍来,对他们说:『我失落的那块钱已经找着了,你们和我一同欢喜吧!』
10ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။
10我告诉你们,一个罪人悔改,在 神的使者面前也是这样为他欢喜。」
11တစ်ဖန် မိန့် တော်မူသည်ကား၊ တစ်စုံတစ်ယောက် သောသူ ၌ သား နှစ် ယောက်ရှိ ၏။
11耶稣又说:「一个人有两个儿子。
12သားအငယ် သည် အဘ ထံသို့သွား၍ ၊ အဘ ၊ အကျွန်ုပ် ရထိုက် သော အမွေ ဥစ္စာကိုဝေ ၍ ပေး ပါဟု တောင်းပန် လျှင်၊ အဘသည် ဥစ္စာ များကိုဝေ ၍ သား တို့အား ပေးလေ၏။
12小儿子对父亲说:『父亲,请你把我应得的家业分给我。』他父亲就把产业分给他们。
13ထိုနောက် များမကြာ ၊ သား အငယ် သည် မိမိ ဥစ္စာ များကို သိမ်းယူ ၍ ဝေး စွာသောပြည် သို့ သွား ပြီးလျှင်၊ ထို ပြည်မှာ ကာမဂုဏ်၌ လွန်ကျူး သောအားဖြင့်ဥစ္စာ ပြုန်းတီး ၍ ၊
13过了不多几日,小儿子就把他一切所有的都收拾起来,往远方去了。在那里任意放荡,浪费资财。
14ရှိသမျှ ကုန် သောအခါ ၊ ထို ပြည် ၌ ကြီးစွာ သောအစာ ခေါင်းပါးခြင်းဖြစ် ၍ ၊ သူ သည် အလွန်ဆင်းရဲ ခြင်းသို့ ရောက်၏။
14既耗尽了一切所有的,又遇着那地方大遭饥荒,就穷苦起来。
15ထိုအခါ ပြည်သား တစ် ယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက် တို့ကို ကျောင်း စေခြင်းငှာသူ့ သခင်သည် တော သို့ စေလွှတ် သဖြင့်၊
15于是去投靠那地方的一个人;那人打发他到田里去放猪。
16သူသည် ဝက် စား တတ်သော ပဲတောင့် ကိုပင် စား ချင် မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူ မျှ အစာကို မကျွေး ။
16他恨不得拿猪所吃的豆荚充饥,也没有人给他。
17ထိုအခါ သတိရ လျှင်၊ ငါ့ အဘ ၏အိမ်၌ အခ စားသောသူများ တို့သည် ဝစွာစားရကြ၏။ ငါ မူကား ပြည် ၌သေအောင် အငတ် ခံရ၏။
17他醒悟过来,就说:『我父亲有多少的雇工,口粮有余,我倒在这里饿死吗?
18ငါ ထ ၍ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။
18我要起来,到我父亲那里去,向他说:父亲!我得罪了天,又得罪了你;
19ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကိုမ ခံထိုက် ပါ။ သူငှား အရာ၌ အကျွန်ုပ် ကို ထား တော်မူပါဟု ငါပြော မည်ဟူ၍အကြံရှိသည်နှင့်၊
19从今以后,我不配称为你的儿子,把我当作一个雇工吧!』
20ထ ၍ အဘ ထံသို့ သွား လေ၏။ သွား၍ ဝေး သေး သောအခါ အဘ သည် သူ့ ကိုမြင် လျှင် ၊ သနား သော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏လည်ပင်း ကို ပိုက် ဖက်လျက် နမ်းရှုပ် လေ၏။
20于是起来,往他父亲那里去。相离还远,他父亲看见,就动了慈心,跑去抱着他的颈项,连连与他亲嘴。
21သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊
21儿子说:『父亲!我得罪了天,又得罪了你;从今以后,我不配称为你的儿子。』
22အဘ က၊ မြတ် သောဝတ်လုံ ကို ယူခဲ့ ၍ သူ့ ကို ခြုံ ကြ၊ သူ ၏လက် ၌ လက်စွပ် တန်ဆာကို ဆင် ကြ။
22父亲却吩咐仆人说:『把那上好的袍子快拿出来给他穿;把戒指戴在他指头上;把鞋穿在他脚上;
23ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ ၍ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။
23把那肥牛犊牵来宰了,我们可以吃喝快乐;
24ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။
24因为我这个儿子是死而复活,失而又得的。』他们就快乐起来。
25သား အကြီး သည် တောင်ယာ က လာ ၍ အိမ် အနီး သို့ရောက်သောအခါ ၊ က ခြင်း၊ တီးမှုတ် ခြင်းအသံကို ကြား လျှင် ၊
25那时,大儿子正在田里。他回来,离家不远,听见作乐跳舞的声音,
26ငယ်သား တစ် ယောက်ကိုခေါ် ၍ အဘယ်သို့ သောအခြင်းအရာ နည်းဟု မေး ၏။
26便叫过一个仆人来,问是什么事。
27ငယ်သားက၊ သခင် ၏ညီ သည် ရောက်လာ ပါပြီ။ ဘေးနှင့်ကင်းလွတ် လျက်ရှိ သည်ကို အဘ တွေ့ သောကြောင့် ၊ ဆူ အောင်ကျွေးသော နွားကလေး ကိုသတ် ပါပြီဟုပြောဆို ၏။ သားအကြီးသည် အမျက်ထွက် ၍ အိမ် သို့ မ ဝင်ဘဲနေ ၏။
27仆人说:『你兄弟来了;你父亲因为得他无灾无病地回来,把肥牛犊宰了。』
28အဘ သည် သူ့ ဆီသို့သွား ၍ ချော့မော့ ရ၏။
28大儿子却生气,不肯进去;他父亲就出来劝他。
29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။
29他对父亲说:『我服事你这多年,从来没有违背过你的命,你并没有给我一只山羊羔,叫我和朋友一同快乐。
30ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။
30但你这个儿子和娼妓吞尽了你的产业,他一来了,你倒为他宰了肥牛犊。』
31အဘကလည်း ၊ ငါ့သား ၊ သင် သည် ငါ့ ထံမှာ အစဉ် နေ ၏။ ငါ ၏ဥစ္စာရှိသမျှ သည် သင် ၏ဥစ္စာဖြစ် ၏။
31父亲对他说:『儿啊!你常和我同在,我一切所有的都是你的;
32သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။
32只是你这个兄弟是死而复活、失而又得的,所以我们理当欢喜快乐。』」
Tip: use the ← and → keys to turn chapters.