ဝတ်ပြုရာ

Old Testament

Chapter 6
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဝတ်ပြုရာ 6

Greek New Testament: Textus Receptus has no text for this chapter yet.

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2တစုံ တယောက်သောသူသည် သူတပါး အပ်နှံ သော ဥစ္စာအတွက် ပေါင် ထားသော ဥစ္စာအတွက် ၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသား စကားကို ပြောသော်၎င်း ၊ သူဥစ္စာကို အနိုင် အထက်ယူသော်၎င်း၊ မိမိ နှင့် စပ်ဆိုင် သောသူကို လှည့်စား သော်၎င်း၊

3ပျောက်သောဥစ္စာ ကို တွေ့ သောအခါ ၊ မုသာ စကားကိုပြော၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို သော်၎င်း ၊ ထိုသို့သော ဒုစရိုက်တစုံ တခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊

4ထိုသူသည် ပြစ်မှား ၍ အပြစ် ရောက်သောကြောင့် ၊ အနိုင် အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံ သော ဥစ္စာ၊ ပျောက် ၍တွေ့ သော ဥစ္စာ၊

5မ ဟုတ်မမှန်ဘဲ ကျိန်ဆို ၍ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါး စုတစုကို ထပ် ၍ဒုစရိုက် ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေး ရမည်။

6ဒုစရိုက် ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက် ဖြေရာယဇ်တည်းဟူသော အပြစ် မပါသော သိုး ထီးကို၊ ထာဝရဘုရား ထံ တော်၊ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။

7ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှားသမျှ သောအပြစ် လွတ် လိမ့်မည်ဟု မိန့်တော်မူ၏။

8တဖန် မောရှေ အား ထာဝရဘုရား က၊

9သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော မီး ရှို့ရာ ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ ယဇ်ကောင်ကိုယဇ် ပလ္လင်ထင်းမီးပေါ် မှာ တညဉ့်လုံး နံနက် တိုင်အောင် ရှိစေ၍၊ ယဇ် ပလ္လင်မီး သည် အစဉ်လောင် ရမည်။

10ယဇ် ပုရောဟိတ်သည် ပိတ် အင်္ကျီ ၊ ပိတ် ပေါင်းဘီ ကို ဝတ် လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ကျွမ်းလောင် သော မီးရှို့ ရာ ယဇ်ပြာ ကို ကျုံး ၍ ပလ္လင် အနား မှာထား ရမည်။

11တဖန် အဝတ် ကိုလဲ ၍ ၊ ထိုပြာ ကို တပ် ပြင် ၌ ရှင်းလင်း သောအရပ် သို့ ယူ သွားရမည်။

12ယဇ် ပလ္လင်မီး သည် မ သေ ဘဲ အစဉ်လောင် ရမည်။ ယဇ် ပုရောဟိတ်သည် နံနက် တိုင်း ထင်း မီးထည့်၍၊ ထင်းပေါ် မှာ မီး ရှို့ရာယဇ်ကို ခင်း ရမည်။ ထိုပလ္လင်ပေါ် မှာလည်း ၊ မိဿဟာယ ယဇ်ဆီဥ ကို မီး ရှို့ရမည်။

13ယဇ် ပလ္လင်မီး သည် အလျှင်းမ သေ ဘဲ၊ အစဉ် မပြတ်လောင် ရမည်။

14ဘောဇဉ်ပူဇော်သက္ကာ တရား ဟူမူကား ၊ အာရုန် ၏သား တို့သည် ထိုပူဇော်သက္ကာကို ထာဝရဘုရား ထံ တော်၊ ယဇ် ပလ္လင်ရှေ့ မှာ ပူဇော် သောအခါ၊

15ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက် တလက်ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသော ပူဇော် သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ယဇ် ပလ္လင်ပေါ်မှာ မီး ရှို့ရမည်။

16ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။

17ထိုမုန့်ညက်ကို တဆေး ထည့်၍ မုန့်မ လုပ် ရ။ မီး ဖြင့် ငါ့ အား ပြုသောပူဇော်သက္ကာထဲက ထိုမုန့်ညက်ကို သူ တို့အဘို့ ဖြစ်စေခြင်းငှါငါပေး ပြီ။ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။

18အာရုန် ၏ သား ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာကို ကိုင် သောသူအပေါင်း တို့သည် သန့်ရှင်း ရကြမည်ဟု သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။

19တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊

20အာရုန် နှင့် သူ ၏သား တို့သည် ဘိသိက် ခံသောနေ့ မှစ၍ ထာဝရ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်စေခြင်းငှါ၊ မုန့်ညက် တဩမဲကို၊ နံနက် တဝက် ၊ ည တဝက် ထာဝရဘုရား အား ပူဇော် ရမည်။

21ထိုမုန့်ညက်ကို ဆီထည့်၍ သံပြား ပူနှင့် မုန့်လုပ် ပြီးမှ၊ ဆောင် ခဲ့၍ ချိုးဖဲ့ သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုး အပဲ့တို့ကို ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ပူဇော်

22အာရုန် အရာ ၌ ဘိသိက် ခံသော သား သည်လည်း၊ ထိုပူဇော်သက္ကာကို ပြု ရမည်။ ထာဝရဘုရား အဘို့ ထာဝရ ပညတ် တော် ဖြစ်သတည်း။

23ယဇ်ပုရောဟိတ် အတွက် ပြုသောဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အကုန် အစဉ် မီး ရှို့ရမည်။ အလျှင်း မ စား ရဟု မိန့်တော်မူ၏။

24တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်မှာ၊

25သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော အပြစ် ဖြေရာယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် ၌ ထာဝရဘုရား ရှေ့ တော်မှာ အပြစ် ဖြေရာယဇ်ကိုသတ် ရမည်။ အလွန်သန့်ရှင်း ပေ၏။

26အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။

27ထိုအသား ကို ထိ သမျှ သည် သန့်ရှင်း ၏။ အသွေး ဖြန်း သမျှသောအဝတ် တို့ကို သန့်ရှင်း ရာဌာန ၌ လျော် ရမည်။

28ထိုအသားပြုတ် သော မြေ အိုး ကို ခွဲ ရမည်။ ကြေးဝါ အိုး ဖြစ်လျှင် ပွတ် ၍ ရေ နှင့် ဆေး ရမည်။

29ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။

30အပြစ် ဖြေရာယဇ် အသွေး ကို သန့်ရှင်း ရာဌာန၌ အပြစ် ဖြေခြင်းငှါ ၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း သို့ ဆောင် ခဲ့လျှင် ၊ ထိုယဇ်အသားကို မ စား ရ။ မီး ရှို့ ရမည်။

Tip: use the ← and → keys to turn chapters.