ယောရှုမှတ်စာ

Old Testament

Chapter 12

ယောရှုမှတ်စာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောရှုမှတ်စာ 12

Greek New Testament: Textus Receptus has no text for this chapter yet.

1ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် ၌ ၊ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား ၊

2အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက် ၊ ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊

3အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်း ၊ အာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ၊ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊

4ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်း ၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊

5အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊

6ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။

7ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့မှစ၍ ၊ စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊

8ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား၊

9ယေရိခေါ မင်းကြီး တပါး ၊ ဗေသလ မြို့အနား မှာ ၊ အာဣ မင်းကြီး တပါး၊

10ယေရုရှလင် မင်းကြီး တပါး ၊ ဟေဗြုန် မင်းကြီး တပါး၊

11ယာမုတ် မင်းကြီး တပါး ၊ လာခိရှ မင်းကြီး တပါး၊

12ဧဂလုန် မင်းကြီး တပါး ၊ ဂေဇာ မင်းကြီး တပါး၊

13ဒေဗိရ မင်းကြီး တပါး ၊ ဂေဒါ မင်းကြီး တပါး၊

14ဟောမာ မင်းကြီး တပါး ၊ အာရဒ် မင်းကြီး တပါး၊

15လိဗန မင်းကြီး တပါး ၊ အဒုလံ မင်းကြီး တပါး၊

16မက္ကဒါ မင်းကြီး တပါး ၊ ဗေသလ မင်းကြီး တပါး၊

17တာပွါ မင်းကြီး တပါး ၊ ဟေဖါ မင်းကြီး တပါး၊

18အာဖက် မင်းကြီး တပါး ၊ လာရှရုန် မင်းကြီး တပါး၊

19မာဒုန် မင်းကြီး တပါး ၊ ဟာဇော် မင်းကြီး တပါး၊

20ရှိမရုန် မင်းကြီး တပါး ၊ အာခရှပ် မင်းကြီး တပါး၊

21တာနက် မင်းကြီး တပါး ၊ မေဂိဒ္ဒေါ မင်းကြီး တပါး၊

22ကေဒေရှ မင်းကြီး တပါး ၊ ကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး၊

23ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါး ၊ ဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး၊

24တိရဇ မင်းကြီး တပါး ၊ မင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။

Tip: use the ← and → keys to turn chapters.