ရှင်ယောဟန် 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ယေရှု သည် ကိုယ်တိုင် ဗတ္တိဇံ ကို ပေးတော်မ မူ။
1ויהי כאשר נודע לאדון כי שמעו הפרושים אשר ישוע העמיד והטביל תלמידים הרבה מיוחנן׃
2တပည့် တော်တို့သာလျှင် ပေးကြသော်လည်း ၊ ယေရှု သည် ယောဟန် ထက် သာ၍ များသော သူတို့ကို တပည့် တော်ဖြစ်စေ ၍ ၊ ဗတ္တိဇံ ကိုပေးကြောင်း ကို ဖာရိရှဲ တို့သည် ကြား ပြီဟု သခင် ဘုရားသိ တော်မူသောအခါ ၊
2ואולם ישוע הוא לא הטביל כי אם תלמידיו׃
3ယုဒ ပြည်မှ ထွက်သွား ၍ ဂါလိလဲ ပြည်သို့ တစ်ဖန် ကြွ တော်မူစဉ်တွင်၊
3ויעזב את ארץ יהודה וילך שנית הגלילה׃
4ရှမာရိ ပြည်အလယ်၌ ရှောက်သွား ရ၏။
4ויהי לו לעבר בארץ שמרון׃
5ယာကုပ် သည် မိမိ သား ယောသပ် အား ပေး သောမြေ အကွက်နှင့်အနီး ၊ ရှမာရိ နယ်၊ ရှုခါ အမည် ရှိသောမြို့ သို့ ရောက် တော်မူ၏။
5ויבא לעיר מערי שמרון ושמה סוכר היא ממול חלקת השדה אשר נתנה יעקב לבנו ליוסף׃
6ထို အရပ်၌ယာကုပ် ၏ ရေတွင်း ရှိ ၏။ ယေရှု သည် ခရီးသွား ၍ ပင်ပန်း သောကြောင့် ရေတွင်း နား မှာ ထိုင် တော်မူ၏။ ထိုအချိန် သည် ခြောက် နာရီအချိန်ဖြစ် ၏။
6ושם באר יעקב וישוע היה עיף מן הדרך וישב לו על הבאר והעת כשעה הששית׃
7ရှမာရိ မိန်းမ တစ်ယောက်သည် ရေ ခပ် ခြင်းငှာလာ ၍၊ ယေရှု က၊ ငါ သောက် ဘို့ရေပေး ပါဟု ထိုမိန်းမ အားမိန့် တော်မူ၏။
7ותבא אשה משמרון לשאב מים ויאמר אליה ישוע תני נא לי לשתות׃
8အကြောင်းမူကား ၊ တပည့် တော်တို့သည် စားစရာ ကိုဝယ် ခြင်းငှာ မြို့ ထဲသို့ သွား ကြသည် အခိုက် ဖြစ်သတည်း။
8כי תלמידיו הלכו העירה לקנות אכל׃
9ထို မိန်းမ ကလည်း၊ သင် သည်ယုဒ လူဖြစ် လျက်ပင်၊ ရှမာရိ မိန်းမ ဖြစ် သောအကျွန်ုပ် ကိုအဘယ်ကြောင့် သောက် ဘို့တောင်း သနည်းဟုဆို ၏။ ဆိုသည်အကြောင်း ကား၊ ယုဒ လူတို့သည် ရှမာရိ လူတို့နှင့်ပေါင်းဖေါ် ခြင်း မ ရှိ။
9ותאמר אליו האשה השמרונית הן יהודי אתה ואיככה תשאל ממני לשתות ואנכי אשה שמרונית כי לא יתערבו היהודים עם השמרונים׃
10ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊
10ויען ישוע ויאמר אליה לו ידעת את מתת אלהים ומי הוא האמר אליך תני נא לי לשתות כי עתה שאלת ממנו ונתן לך מים חיים׃
11မိန်းမ က၊ သခင် ၌ရေ ခပ်စရာမ ရှိ ရေတွင်း လည်း နက် သည် ဖြစ်၍၊ အသက် ရေ ကို အဘယ်သို့ ရ ပါ မည်နည်း။
11ותאמר אליו האשה אדני הן אין לך כלי לשאב בו והבאר עמקה ומאין לך אפוא מים חיים׃
12ဤရေတွင်း ကို ငါ တို့အဘ ယာကုပ် သည် ငါ တို့အား ပေး ၏။ သူ့ ကိုယ်တိုင်မှစ၍ ၊ သားသမီး ၊ တိရိစ္ဆာန် များတို့သည် ဤ တွင်းရေကိုသောက် ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ် သလောဟုဆို ၏။
12האתה גדול מיעקב אבינו אשר נתן לנו את הבאר הזאת וישת ממנה הוא ובניו ובעירו׃
13ယေရှု ကလည်း ၊ ဤ ရေ ကိုသောက် သောသူ သည် နောက် တဖန်ရေငတ် ဦးမည်။
13ויען ישוע ויאמר אליה כל השתה מן המים האלה ישוב ויצמא׃
14ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
14ואשר ישתה מן המים אשר אנכי נתן לו לא יצמא לעולם כי המים אשר אתן לו יהיו בקרבו למקור מים נבעים לחיי העולמים׃
15မိန်းမ ကလည်း၊ သခင် ၊ ကျွန်ုပ် သည်ရေငတ် ခြင်းနှင့်၎င်း ၊ သည် ကိုလာ ၍ရေ ခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထို ရေ ကိုပေး ပါဟု တောင်း လျှင်၊
15ותאמר אליו האשה אדני תנה לי המים ההם למען לא אצמא עוד ולא אוסיף לבוא הנה לשאב׃
16ယေရှုက၊ သွား လော့။ သင် ၏လင် ကိုခေါ် ၍ သည် ကိုလာ ဦးလော့ ဟု မိန့် တော်မူ၏။
16ויאמר אליה ישוע לכי וקראי לאישך ושובי הלום׃
17မိန်းမ ကလည်း။ အကျွန်ုပ်၌လင် မ ရှိ ဟုဆို လျှင်၊ ယေရှု က၊ လင် မ ရှိ ဟူသော စကား သည်မှန် ၏။
17ותען האשה ותאמר אין לי איש ויאמר אליה ישוע כן דברת אין לי איש׃
18အကြောင်းမူကား ၊ သင်၌လင် ငါး ယောက်ရှိ ဘူးပြီ။ ယခု သင်နှင့်နေ သောသူ သည်သင် ၏လင် မ ဟုတ် ။ ဤ အရာ၌ သင်သည်မှန် သောစကားကိုပြော ပြီ ဟု မိန့် တော်မူ၏။
18כי בעלים חמשה היו לך ואשר לך עתה איננו בעלך לכן אמת הדבר אשר דברת׃
19ထိုမိန်းမ ကလည်း၊ သခင် ၊ ကိုယ်တော် သည် ပရောဖက် ဖြစ် သည်ကို အကျွန်ုပ်ရိပ်မိ ပါ၏။
19ותאמר אליו האשה אדני ראה אנכי כי נביא אתה׃
20အကျွန်ုပ် တို့ဘိုးဘေး များသည် ဤ တောင် ပေါ်၌ ကိုးကွယ် လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာ ကိုးကွယ် ရ မည်ဟု သင် တို့သည်ဆို တတ်ကြ၏ဟု လျှောက် လျှင်၊
20אבותינו השתחוו בהר הזה ואתם אמרים כי ירושלים היא המקום הנבחר להשתחות שמה׃
21ယေရှု က၊ အချင်းမိန်းမ ၊ ငါ့ စကားကိုယုံ လော့။ ဤ တောင် သို့ မ လာ၊ ယေရုရှလင် မြို့သို့ မ သွားဘဲ ခမည်းတော် ကိုကိုးကွယ် ရမည် အချိန် ကာလရောက် ဆဲရှိ၏။
21ויאמר אליה ישוע אשה האמיני לי כי תבוא שעה אשר לא בהר הזה אף לא בירושלים תשתחוו לאב׃
22သင် တို့သည်ကိုယ်မ သိ သောအရာ ကို ကိုးကွယ် ကြ၏။ ငါ တို့သည်ကိုယ်သိ သောအရာ ကို ကိုးကွယ် ကြ ၏။ အကြောင်းမူကား ၊ ယုဒ လူတို့၌ ကယ်တင် ခြင်းအကြောင်းရှိ ၏။
22אתם משתחוים אל אשר לא ידעתם ואנחנו משתחוים אל אשר ידענו כי הישועה מן היהודים היא׃
23ကိုးကွယ် သောသူမှန် သမျှတို့သည် ခမည်းတော် ကို နံ ဝိညာဉ်နှင့် ၎င်း၊ သစ္စာ တရားနှင့် ၎င်း၊ ကိုးကွယ် ရမည့်အချိန် ကာလသည်လာ ၍ ယခုပင် ရောက်လျက်ရှိ ၏။ အကြောင်းမူကား ၊ ထိုသို့ ကိုးကွယ် သောသူ တို့ကို ခမည်းတော် သည် အလိုရှိ တော်မူ၏။
23אולם תבוא שעה ועתה היא אשר עבדי אל האמתים ישתחוו לאב ברוח ובאמת כי במשתחוים כאלה חפץ האב׃
24ဘုရားသခင် သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင် ကို ကိုးကွယ် သောသူ တို့သည်၊ နံဝိညာဉ် နှင့် ၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟု မိန့် တော်မူ၏။
24האלהים רוח הוא והמשתחוים לו צריכים להשתחות ברוח ובאמת׃
25မိန်းမ ကလည်း၊ မေရှိ ကြွလာ တော်မူသည်ဟု အကျွန်ုပ်သိ ပါ၏။ ရောက် တော်မူသောအခါ အကျွန်ုပ် တို့ အား အလုံးစုံ တို့ကိုဖော်ပြ တော်မူမည်ဟု လျှောက် ပြန်၏။ မေရှိအနက် ကား၊ ခရစ်တော် ဟု ဆိုလိုသတည်း။
25ותאמר אליו האשה ידעתי כי יבא המשיח הנקרא כריסטוס הוא בבאו יגיד לנו את כל׃
26ယေရှု ကလည်း၊ သင် နှင့်စကားပြော သော ငါ သည် မေရှိပင်ဖြစ် သည် ဟု မိန့် တော်မူ၏။
26ויאמר אליה ישוע אני הוא המדבר אליך׃
27ထိုအခါ တပည့် တော်တို့သည် ရောက်လာ ၍ ၊ ထို မိန်းမ နှင့် စကား ပြောတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏၊ သို့သော်လည်း ၊ အဘယ် အလို တော်ရှိသနည်း၊ ထိုမိန်းမ နှင့် အဘယ်ကြောင့် စကား ပြောတော်မူသနည်းဟု အဘယ်သူ မျှမလျှောက် ကြ။
27ויהי הוא מדבר ככה ותלמידיו באו ויתמהו על דברו עם אשה אך לא אמר לו איש מה זה תשאל או מה תדבר עמה׃
28ထို မိန်းမ သည်လည်းရေ အိုးကိုထား ခဲ့၍ မြို့ ထဲသို့ သွား ပြီးလျှင်၊
28ותעזב האשה את כדה ותלך העירה ותאמר אל האנשים׃
29အကျွန်ုပ်ပြု ဘူးသမျှ သော အမူအရာတို့ကို ထုတ်ဘော်သောသူ ကိုလာ ၍ကြည့် ကြပါ။ ထိုသူ သည် ခရစ်တော် မှန် လိမ့်မည်လောဟု လူ များတို့အား ပြောဆို သော်၊
29באו וראו איש אשר הגיד לי כל אשר עשיתי הכי זה הוא המשיח׃
30သူတို့သည် မြို့ ထဲမှ ထွက် ၍ အထံ တော်သို့ သွား ကြ၏။
30ויצאו מן העיר ויבאו אליו׃
31မရောက်မှီတွင်တပည့် တော်တို့က၊ အရှင် ဘုရား၊ အစာကိုသုံးဆောင် တော်မူပါဟုတောင်းပန် ကြလျှင်၊
31טרם יבאו ותלמידיו בקשו ממנו לאמר אכל נא אדני׃
32သင် တို့မ သိ သောစားစရာ သည်ငါ့ ၌ရှိ သည် ဟု မိန့် တော်မူ၏။
32ויאמר אליהם יש לי אכל לאכל אשר אתם לא ידעתם׃
33ထိုကြောင့် တပည့် တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ ပြီလော ဟု အချင်းချင်း မေးမြန်း ကြလျှင်၊
33ויאמרו התלמידים איש אל רעהו הכי הביא לו איש לאכל׃
34ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။
34ויאמר אליהם ישוע מאכלי הוא לעשות רצון שלחי ולהשלים מעשהו׃
35ယခု မှစ၍လေး လလွန်လျှင်၊ စပါး ရိတ်ရာကာလဖြစ် လိမ့်မည်ဟု သင် တို့ဆို တတ်သည်မ ဟုတ်လော။ ငါဆို သည်ကား၊ စပါး ရိတ်ခြင်း အလိုငှာ လယ်ပြင် တို့သည် ယခုပင် ဝင်းဝင်း ရှိ သည်ကို မျှော် ၍ ကြည့် ကြလော့။
35הלא אתם תאמרו כי עוד ארבעה חדשים והקציר בא הנה אני אמר לכם שאו עיניכם וראו בשדות כי כבר הלבינו לקציר׃
36စပါးရိတ် သောသူ သည် အခ ကိုခံရ ၍ ထာဝရ အသက် ရှင်ခြင်းအလိုငှာ အသီးအနှံ ကိုစုသိမ်း ၏။ သို့ဖြစ်လျှင် ပျိုးကြဲ သောသူ နှင့် စပါးရိတ် သောသူ တို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။
36והקוצר יקח שכרו ויאסף תבואה לחיי עולמים למען ישמחו יחדו גם הזרע גם הקוצר׃
37တစ်ဦး ကား ပျိုးကြဲ ၏။ တစ်ဦး ကားစပါးရိတ် ၏ဟူသော စကား သည် ဤ အရာ၌ အမှန် ကျသတည်း။
37כי בזאת אמת המשל כי זה זרע ואחר יקצר׃
38သင် တို့သည် လယ်မ လုပ် သောအရပ်၌ စပါးရိတ် စေခြင်းငှာသင် တို့ကိုငါ စေလွှတ် ၏။ အခြား သော သူတို့သည် လယ်လုပ် ကြ၍ ၊ သင် တို့သည် ထိုသူ တို့၏ အလုပ် ထဲသို့ ဝင် ရကြ၏ ဟု မိန့် တော်မူ၏။
38אנכי שלחתי אתכם לקצר את אשר לא עמלתם בו ואחרים עמלו ואתם נכנסתם בעמלם׃
39ရှမာရိမိန်းမ က၊ အကျွန်ုပ်ပြု ဘူးသမျှ သော အမှုအရာတို့ကို သူသည်ထုတ်ဖေါ် ပြီဟု သက်သေခံ သော စကား ကြောင့် ၊ ထို မြို့ ၌နေသော ရှမာရိ လူအများ တို့သည် ယေရှု ကိုယုံကြည် ကြ၏။
39ויאמינו בו שמרנים רבים מן העיר ההיא על דבר האשה אשר העידה לאמר הוא הגיד לי את כל אשר עשיתי׃
40ထိုကြောင့် ၊ ရှမာရိ လူတို့သည် အထံ တော်သို့ရောက် လျှင် ၊ မိမိ တို့အရပ်၌ နေ တော်မူမည်ကြောင်း တောင်းပန် ၏။ ထို အရပ်၌ နှစ် ရက် နေ တော်မူ၏။
40ויהי כאשר באו אליו השמרנים וישאלו ממנו לשבת אתם וישב שם יומים׃
41အခြားသောသူအများ တို့သည် နှုတ်ကပတ် စကားတော်ကြောင့် ယုံကြည် ၍၊
41ועוד רבים מהמה האמינו בו בעבור דברו׃
42ထို မိန်းမ အား၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏စကား ကြောင့် သာ ယုံကြည် သည်မ ဟုတ်။ စကားတော် ကို ကိုယ်တိုင် ကြားနာ ရ၍၊ ဤသူ သည်လောကီသား တို့ကို ကယ်တင် တော်မူသောသခင်တည်းဟူသောခရစ်တော်အမှန်စင်စစ် ဖြစ် တော်မူကြောင်း ကို သိ သည်ဟု ဆို ကြ၏။
42ויאמרו אל האשה מעתה לא בעבור מאמרך נאמין כי באזנינו שמענו ונדע כי אמנם זה הוא המשיח מושיע העולם׃
43နှစ် ရက် လွန် ပြီးလျှင် ၊ ထို အရပ်မှထွက် ၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲ ပြည်သို့ ကြွတော်မူ၏။
43ויהי מקץ שני הימים ויצא משם ללכת הגלילה׃
44အကြောင်းမူကား ၊ ပရောဖက် သည် မိမိ နေရင်းပြည် ၌ အသရေ မ ရှိ ဟု ယေရှု သည် ကိုယ်တိုင် သက်သေခံ တော်မူ၏။
44כי הוא ישוע העיד כי נביא בארץ מולדתו איננו נכבד׃
45ဂါလိလဲ ပြည်သို့ ရောက် တော်မူသောအခါ ၊ ဂါလိလဲ လူတို့သည် ကိုယ်တော် ကိုလက်ခံ ကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ယေရုရှလင် မြို့၌ ခံသောပွဲ သို့ သွား တတ်သဖြင့် ၊ ထိုပွဲ အတွင်း တွင် ပြု တော်မူသမျှ တို့ကို မြင် ခဲ့ကြ၏။
45ויהי הוא בא ארץ הגליל ויאספהו אנשי הגליל כי ראו את כל אשר עשה בירושלים בימי החג כי גם הם עלו לחג את החג׃
46ရေ ကိုစပျစ်ရည် ဖြစ် စေသောအရပ် ၊ ဂါလိလဲ ပြည်ကာန မြို့သို့ တစ်ဖန် ကြွ တော်မူ၏။ ကပေရနောင် မြို့၌ အမတ် တစ် ယောက်၏သား သည် အနာ ရောဂါစွဲလျက်ရှိ ၏။
46ויבא ישוע עוד הפעם אל קנה אשר בגליל מקום שומו המים ליין ואיש היה מעבדי המלך ובנו חלה בכפר נחום׃
47ယေရှု သည်ယုဒ ပြည်မှ ဂါလိလဲ ပြည်သို့ ရောက် တော်မူသည်ကို ထို အမတ်သည်ကြား လျှင်၊ အထံ တော်သို့ သွား ၍ သေ ခါနီး ဖြစ်သော မိမိ သား ဆီသို့ကြွ ၍ အနာ ရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
47ויהי כשמעו כי בא ישוע מיהודה לארץ הגליל וילך אליו וישאל מאתו לרדת ולרפא את בנו כי קרב למות׃
48ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊
48ויאמר אליו ישוע אם לא תראו אתות ומופתים לא תאמינו׃
49သခင် ၊ အကျွန်ုပ် သား မ သေ မှီကြွ တော်မူပါဟုအမတ် လျှောက်ပြန်၏။
49ויאמר אליו האיש אשר מעבדי המלך אדני רדה נא בטרם ימות בני׃
50ယေရှု ကလည်း၊ သွား လော့။ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု မိန့် တော်မူ၏။ ထို အမတ် သည် ယေရှု မိန့် တော်မူသော စကား ကို ယုံ ၍သွား လေ၏။
50ויאמר אליו ישוע לך לך בנך חי והאיש האמין לדבר אשר דבר אליו ישוע וילך׃
51လမ်း၌သွား စဉ်တွင် မိမိ ငယ်သား တို့သည် ခရီးဦးကြို လာ၍၊ ကိုယ်တော် ၏သား တော်သည် အသက် ချမ်းသာရပါပြီဟုကြားလျှောက် ကြ၏။
51ויהי ברדתו ויפגעו בו עבדיו ויבשרו אתו כי חי בנו׃
52အဘယ် အချိန် ၌ သက်သာ ခြင်းသို့ ရောက် သနည်းဟုမေး လျှင်၊ မနေ့ ခုနစ် နာရီ အချိန်၌ ဖျားနာ ပျောက် ပါသည်ဟု လျှောက် ကြ၏။
52וידרש מאתם את השעה אשר בה רוח לו ויאמרו אליו תמול בשעה השביעית עזבתו הקדחת׃
53ထိုအချိန်ကား၊ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု ယေရှု မိန့် တော်မူသောအချိန် ဖြစ် သည်ကို အဘ သိ ၍၊ ကိုယ်တိုင် မှစသော မိမိ ၏အိမ်သူ အိမ်သားအပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
53וידע אביהו כי היתה השעה אשר דבר לו ישוע בנך חי ויאמן הוא וכל ביתו׃
54ဤ နိမိတ်လက္ခဏာတော်ကား၊ ယေရှု သည် ယုဒ ပြည်မှဂါလိလဲ ပြည်သို့ကြွ သည်နောက် ၊ ပြ တော်မူသော ဒုတိယ နိမိတ် လက္ခဏာဖြစ်သတည်း။
54זה הוא האות השני אשר עשה ישוע בבאו מיהודה לארץ הגליל׃
Tip: use the ← and → keys to turn chapters.