ရှင်ယောဟန် 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ယေရှု သည်လည်း သံလွင် တောင် သို့ ကြွ တော်မူ၏။
1וישוע הלך אל הר הזיתים׃
2နံနက် စောစောဗိမာန် တော်သို့ တစ်ဖန် ကြွ တော်မူ၍ လူ အပေါင်း တို့သည် အထံ တော်သို့ လာ ကြ၏။ ထိုအခါ ထိုင် တော်မူ၍ ဆုံးမ ဩဝါဒပေးစဉ်တွင်၊
2ויהי בבקר ויבא עוד אל המקדש וכל העם באו אליו וישב וילמדם׃
3မှားယွင်း ခြင်းအမှုကို ပြုလျက်နေသောမိန်းမ တစ်ယောက်ကိုတွေ့ လျှင်၊ ကျမ်းပြု ဆရာတို့နှင့် ဖာရိရှဲ တို့ သည်ခေါ် ခဲ့၍ အလယ် ၌ ထား ပြီးမှ၊
3ויביאו הסופרים והפרושים אשה לפניו אשר נתפשה בשטותה ויעמידוה בתוך׃
4အရှင် ဘုရား၊ ဤ မိန်းမ သည်မှားယွင်း ခြင်းအမှုကို ပြု စဉ်တွင်ပင် တွေ့မိ ပါသည်။
4ויאמרו אליו רבי האשה הזאת נתפשה כשנטמאת בנאופיה׃
5ထိုသို့သော မိန်းမကို ကျောက်ခဲ နှင့်ပစ်ရမည်ဟု မောရှေ သည်အကျွန်ုပ် တို့အား ပညတ် တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော် သည် အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက် ကြ၏။
5ומשה צונו בתורה לסקל נשים כאלה ואתה מה תאמר׃
6ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော် ၌ အပြစ်တင် ခွင့်ရ စေခြင်းငှာ ၊ စုံစမ်း နှောင့်ရှက်သောအားဖြင့်လျှောက် ကြ၏။ ယေရှု သည် အောက် သို့ငုံ့ လျက် လက်ညှိုး တော်နှင့် မြေ ၌ ရေးသား ၍နေတော်မူ၏။
6ואך לנסות אתו דברו זאת למצא עליו שטנה ויכף ישוע למטה ויתו באצבעו על הקרקע׃
7ထိုသူတို့သည် အထပ်ထပ်မေးလျှောက် ကြသောအခါ ကိုယ်ကိုလှန် တော်မူ၍ ၊ သင် တို့တွင် အပြစ် ကင်းသောသူ သည် ရှေးဦးစွာ ကျောက်ခဲ နှင့်ပစ် စေ ဟု မိန့် တော်မူပြီးမှ၊
7ויהי כאשר הוסיפו לשאל אתו וישא את עיניו ויאמר אליהם מי בכם זך בלי פשע הוא ראשונה ידה בה אבן׃
8တစ်ဖန် အောက်သို့ငုံ့ ၍ မြေ ၌ ရေးသား တော်မူပြန်၏၊
8ויכף שנית למטה ויתו על הקרקע׃
9ထိုသူ တို့သည်ကြား ရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီး သောသူ မှစ၍ အငယ်ဆုံးသောသူတိုင်အောင်တစ် ယောက်နောက် တစ် ယောက်ထွက်သွား ကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ် တော်မူ၍ ၊ မိန်းမ သည်အလယ် ၌ ရပ်နေ ၏။
9ויהי כשמעם ויך לבם אתם ויצאו אחד אחד החוצה החל מן הזקנים ועד האחרונים ויותר ישוע לבדו והאשה נצבת בתוך׃
10ထိုအခါယေရှု သည် ကိုယ်ကိုလှန် တော်မူပြန်၍ ၊ ထိုမိန်းမမှတစ်ပါးအဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ ၊ သင့် ကို အပြစ်တင်သောသူတို့သည် အဘယ်မှာ ရှိ ကြသနည်း။ သင်၏အမှုကိုအဘယ်သူ မျှမစီရင် လော ဟုမေး တော်မူ၏။
10וישא ישוע את עיניו וירא כי אין איש בלתי האשה לבדה ויאמר אליה אשה איפה שטניך הכי הרשיעך איש׃
11ထိုမိန်းမ ကလည်း အဘယ်သူ မျှမစီရင်ပါသခင် ဟု လျှောက် ၏။ ငါ သည်လည်းသင် ၏အမှုကို မ စီရင် ။ သွား လော့။ နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
11ותאמר לא אדני ויאמר לכן גם אני לא ארשיעך לכי לדרכך ואל תחטאי עוד׃
12တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။
12ויסף ישוע וידבר אליהם לאמר אני אור העולם כל ההלך אחרי לא יתהלך בחשכה כי אור החיים יהיה לו׃
13ဖာရိရှဲ တို့ကလည်း၊ သင် သည် ကိုယ် အကြောင်း ကို သက်သေခံ ၏၊ သင် ၏သက်သေ မ တည် ဟု ဆို ကြ၏။
13ויאמרו הפרושים על נשפך מעיד אתה עדותך איננה נאמנה׃
14ယေရှု ကလည်း ၊ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သော်လည်း ၊ ငါ့ သက်သေ တည် ၏။ အကြောင်းမူကား ၊ ငါသည်အဘယ် အရပ်က လာ သည်ကို၎င်း ၊ အဘယ် အရပ်သို့သွား သည်ကို၎င်း ငါသိ ၏။ သင် တို့မူကား မ သိ ကြ။
14ויען ישוע ויאמר אליהם אף אם אעיד על נפשי עדותי נאמנה יען כי ידעתי מאין באתי ואנה אני הלך ואתם לא ידעתם מאין באתי ואנה אלך׃
15သင် တို့သည် ဇာတိ ပကတိအတိုင်း စီရင် တတ်ကြ၏။ ငါ့ မူကား အဘယ်သူ ကိုမျှမ စီရင် ။
15אתם לפי הבשר תשפטו ואני לא אשפט איש׃
16ငါ သည်စီရင် သော်လည်း ငါ ၏စီရင် ခြင်းသည် တည် ၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း နေ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် သည် ငါ့ ဘက်၌နေတော်မူ၏။
16ואם אנכי אשפט משפטי אמת כי לא לבדי הנני כי אם אני והאב אשר שלחני׃
17သက်သေခံ နှစ် ဦးတို့၏စကားသည် တည် ရ၏ဟု သင် တို့ပညတ္တိ ကျမ်းစာ၌ လာ ၏။
17וגם בתורתכם כתוב כי עדות שני אנשים נאמנה היא׃
18ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သောသူ ဖြစ် ၏။ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည်လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူသည် ဟု မိန့် တော်မူ၏။
18אני הוא המעיד עלי וגם האב אשר שלחני יעידני׃
19ထိုသူတို့ကလည်း၊ သင် ၏ခမည်းတော် သည် အဘယ်မှာ ရှိ သနည်းဟု မေး ကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ ကိုမ သိကြ ။ ငါ့ ခမည်းတော် ကိုလည်း မ သိကြ။ ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကိုလည်း သိ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
19ויאמרו אליו איו אביך ויען ישוע גם אתי גם את אבי לא ידעתם אלו אתי ידעתם כי עתה גם את אבי ידעתם׃
20ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။
20כדברים האלה דבר בבית האוצר בלמדו במקדש ולא תפשו איש כי לא בא עתו׃
21တစ်ဖန် ယေရှုက၊ ငါ သည်သွား ရမည်။ သင်တို့သည်ငါ့ ကိုရှာ ကြလိမ့်မည်။ ကိုယ် အပြစ် ၌ လည်း သေ ကြ လိမ့်မည်။ ငါ သွား ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူ၏။
21ויוסף ישוע ויאמר אליהם אני הלך מזה ותבקשוני ובחטאתכם תמותו אל אשר אני הלך שמה אתם לא תוכלו לבוא׃
22ယုဒ လူတို့ကလည်း ၊ ငါ သွား ရာအရပ် သို့သင် တို့ မ ရောက် နိုင် ကြဟုသူသည်ဆို သော်၊ ကိုယ် အသက်ကို သတ် မည်လောဟု ဆို ကြ၏။
22ויאמרו היהודים ההמת ימית את נפשו כי אמר אל אשר אני הולך שמה אתם לא תוכלו לבוא׃
23ယေရှုကလည်း၊ သင် တို့သည် အောက် သားဖြစ် ကြ၏။ ငါ မူကား အထက် သားဖြစ် ကြ၏။ သင် တို့သည် လောကီသား ဖြစ် ကြ၏။ ငါ မူကား လောကီသား မ ဟုတ် ။
23ויאמר אליהם אתם הנכם מן התחתונים ואני מן העליונים אתם מן העולם הזה ואני אינני מן העולם הזה׃
24ထိုကြောင့် သင် တို့သည် ကိုယ် အပြစ် ၌ သေ ကြလိမ့်မည်ဟုငါဆို ၏။ ငါ သည်ဤမည်သောသူဖြစ် သည်ကို သင် တို့သည်မ ယုံလျှင် ၊ ကိုယ် အပြစ် ၌ သေ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
24לכן אמרתי אליכם כי תמותו בחטאיכם כי אם לא תאמינו כי אני הוא בחטאיכם תמותו׃
25ထိုသူတို့ကလည်း။ သင် သည်အဘယ်သူ နည်းဟုမေး လျှင် ၊ ယေရှု က၊ ငါသည်သင် တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
25ויאמרו אליו מי זה אתה ויאמר אליהם ישוע מה שגם מראש דברתי אליכם׃
26သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။
26רבות עמי לדבר ולשפט עליכם אכן שלחי נאמן הוא ואשר שמעתי ממנו אתו אני מדבר אל העולם׃
27ခမည်းတော် ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မ ရိပ်မိ ကြ။
27והם לא התבוננו כי על האב אמר אליהם׃
28ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။
28אז אמר להם ישוע בעת תנשאו את בן האדם וידעתם כי אני הוא וכי אינני עשה דבר מנפשי כי אם כאשר למדני אבי אלה אדבר׃
29ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။
29ואשר שלח אתי הוא עמדי האב לא עזבני לבדד כי את הטוב בעיניו אני עשה תמיד׃
30ထို စကားတော်ကို မိန့် တော်မူစဉ်၊ လူ များတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
30ויהי בדברו זאת ויאמינו בו רבים׃
31ထိုအခါ ယေရှု က၊ သင်တို့သည် ငါ ၏ဒေသနာ ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ၏။
31ויאמר ישוע אל היהודים המאמינים בו אם תעמדו בדברי באמת תלמידי אתם׃
32သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
32וידעתם את האמת והאמת תשימכם לבני חורין׃
33ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံ အမျိုး ဖြစ် ကြ၏။ အဘယ်သူ ထံ၌တရံတခါမျှ ကျွန် မ ခံကြ။ လွှတ် လိမ့်မည် ဟု၍ သင် သည်အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်း ကြ၏။ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊
33ויענו אתו זרע אברהם נחנו ומעולם לא היינו לאיש לעבדים איכה תאמר בני חורין תהיו׃
34ဒုစရိုက် ကို ပြု သမျှ သောသူတို့သည် ဒုစရိုက် ကျွန် ဖြစ် ၏။
34ויען אתם ישוע אמן אמן אני אמר לכם כל עשה חטא עבד החטא הוא׃
35ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။
35והעבד לא ישכן בבית לעולם הבן ישכן לעולם׃
36ထိုကြောင့် သား သည် သင် တို့ကိုလွှတ် လျှင် ၊ သင်တို့သည် ဧကန်အမှန် လွတ် ကြလိမ့်မည် ။
36לכן אם הבן יעשה אתכם בני חורין חפשים באמת תהיו׃
37သင် တို့သည် အာဗြဟံ အမျိုး ဖြစ်ကြသည်ကို ငါသိ ၏။ သို့သော်လည်း ငါ ၏ဒေသနာ သည် သင်တို့၌ တည် နေရာကိုမ ရသောကြောင့် သင်တို့သည် ငါ့ ကို သတ် အံ့သောငှာရှာကြံ ကြ၏။
37ידעתי כי זרע אברהם אתם אבל אתם מבקשים להמיתני כי דברי לא יכן בתוככם׃
38ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
38אני מדבר את אשר ראיתי אצל אבי ואתם עשים את אשר ראיתם אצל אביכם׃
39ထိုသူ တို့ကလည်း ၊ အာဗြဟံ သည် ငါ တို့အဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ ၏သား မှန် လျှင် အာဗြဟံ ၏အကျင့် ကို ကျင့် ကြလိမ့်မည်။
39ויענו ויאמרו אליו אבינו הוא אברהם ויאמר אליהם ישוע אלו הייתם בני אברהם כמעשי אברהם עשיתם׃
40ဘုရားသခင် အထံ တော်၌ ကြား ရသောသစ္စာ တရားကို သင် တို့အား ဟောပြော သောသူ တည်းဟူသောငါ့ ကိုသတ် အံ့သောငှာသင်တို့သည် ယခု ရှာကြံ ကြ၏။ အာဗြဟံ သည် ထိုနည်းတူကျင့် သည်မ ဟုတ်။
40ועתה אתם מבקשים להמיתני איש דבר אליכם האמת אשר שמעתי מעם האלהים אברהם לא עשה כזאת׃
41သင်တို့သည် သင် တို့အဘ ၏အကျင့် ကို ကျင့် ကြ၏ ဟု မိန့် တော်မူ၏။ ထိုသူတို့ကလည်း၊ ငါ တို့သည် မျောက်မထား သောအမျိုး မ ဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့အဘ တစ်ပါးတည်း ရှိ တော်မူသည်ဟု ဆို ကြ၏။
41את מעשי אביכם אתם עשים ויאמרו אליו לא ילדי זנונים אנחנו יש לנו אב אחד הוא האלהים׃
42ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
42ויאמר אליהם ישוע אלו אלהים הוא אביכם כי עתה אהבתם אתי כי אנכי יצאתי ובאתי מאת האלהים הן לא ממני באתי אך הוא שלחני׃
43အဘယ်ကြောင့် ငါ့ စကား ကို နား မ လည်ကြသနည်း။ ငါ ၏ ဒေသနာ ကိုနာ မ ခံမယူနိုင် သောကြောင့် သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
43מדוע לא תבינו לשוני יען לא תוכלון לשמע את דברי׃
44သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။
44אתם מן אביכם השטן ולעשות את תאות אביכם חפצתם הוא רוצח נפש היה מראש ובאמת לא עמד כי אמת אין בו מדי דברי כזב משלו ידבר כי כזב הוא ואבי הכזב׃
45ငါ သည်သစ္စာ စကားကို ပြော သောကြောင့် သင်တို့မ ယုံ ကြ။
45ואני יען דברי האמת לא תאמינו לי׃
46ငါ ၌ အပြစ် ရှိကြောင်း ကို သင် တို့တွင် အဘယ်သူ ဖော်ပြ သနည်း။ သစ္စာ စကားကိုငါပြော သည်မှန်လျှင် အဘယ်ကြောင့် သင် တို့ မ ယုံ ကြသနည်း။
46מי בכם על עון יוכיחני ואם אמת דברתי מדוע לא תאמינו לי׃
47ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။
47אשר מאת האלהים הוא ישמע את דברי האלהים על כן אתם לא שמעתם כי אינכם מאת האלהים׃
48ယုဒ လူတို့ကလည်း ၊ သင် သည်ရှမာရိ လူဖြစ် ၏။ နတ်ဆိုး စွဲ သောသူလည်းဖြစ်၏ဟု ငါ တို့ပြော သော စကားသည် လျောက်ပတ် သည်မ ဟုတ်လောဟု ဆို ကြ၏။
48אז יענו היהודים ויאמרו אליו הלא הטבנו אשר דברנו כי שמרוני אתה ושד בך׃
49ယေရှု ကလည်း၊ ငါ သည်နတ်ဆိုး စွဲ သောသူမ ဟုတ်။ ငါ့ ခမည်းတော် ကိုချီးမြောက် ၏။ သင် တို့သည် ငါ့ ကို ရှုတ်ချ ကြ၏။
49ויען ישוע שד אין בי רק את אבי אני מכבד ואתם תבזוני׃
50ငါ သည် ကိုယ် ဘုန်း အသရေကိုမ ရှာ ။ ငါ၏ ဘုန်း အသရေကိုရှာ၍ စီရင် တော်မူသောသူ ရှိ သေး၏။
50אכן לא אבקש את כבודי יש אחד אשר יבקש וישפט׃
51ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။
51אמן אמן אני אמר לכם אם ישמר איש את דברי לא יראה מות לנצח׃
52ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။
52ויאמרו אליו היהודים עתה ידענו כי שד בך הן אברהם והנביאים מתו ואתה אמרת אם ישמר איש את דברי לא יטעם מות לנצח׃
53ငါ တို့အဘ အာဗြဟံ ထက် သင် သည် သာ၍ကြီးမြတ် သလော။ သူ သည်သေ ပြီ။ ပရောဖက် တို့လည်း သေ ကြပြီ။ သင် သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင် သနည်းဟုဆို ကြ၏။
53האתה גדול מאברהם אבינו אשר מת גם הנביאים מתו מה תעשה את עצמך׃
54ယေရှု ကလည်း၊ ငါ သည်ကိုယ် ဂုဏ် ကိုပြလျှင် ၊ ငါ့ ဂုဏ် သည် အချည်းနှီး ဖြစ် ၏။ ငါ့ ခမည်းတော် သည် ငါ့ ဂုဏ် ကို ထင်ရှားစေတော်မူ၏။ ထို ဘုရားသခင် သည် ငါ တို့၏ဘုရားဟူ၍သင် တို့ခေါ် တော်မူတတ်ကြ၏။
54ויען ישוע אם אני מכבד את נפשי כבודי מאין אבי הוא המכבד אתי אשר תאמרו עליו כי הוא אלהיכם׃
55သို့သော်လည်း ထိုဘုရားသခင် ကို သင်တို့မ သိ ကြ။ ငါ မူကား သိ ၏။ ငါမ သိ ဟုငါဆို လျှင် သင် တို့ကဲ့သို့ မုသာ သုံးသောသူဖြစ် လိမ့်မည်။ ထိုဘုရားသခင် ကို ငါသိ ၏။ ဘုရားသခင် ၏ စကား တော်ကိုလည်း နားထောင် ၏။
55ולא ידעתם אתו ואני ידעתיו ואם אמר לא ידעתי אתו אהיה כזב כמוכם אבל ידעתיו ואת דברו שמרתי׃
56သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရသောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။
56אברהם אביכם שש לראות את יומי וירא וישמח׃
57ယုဒ လူတို့ကလည်း၊ သင်၏အသက်သည် အနှစ် ငါးဆယ် မျှမ ရှိ ဘဲလျက် သင်သည် အာဗြဟံ ကို မြင် လေပြီတကားဟု ဆို ကြ၏။
57ויאמרו אליו היהודים הנה אינך בן חמשים שנה ואת אברהם ראית׃
58ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာဗြဟံ မ ဖြစ် မှီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။
58ויאמר אליהם ישוע אמן אמן אני אמר לכם בטרם היות אברהם אני הוא׃
59ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန် တော်မှ ထွက်ကြွ တော်မူ၏။
59אז ירימו אבנים לרגם אתו וישוע התעלם ויצא מן המקדש ויעבר בתוכם עבור וחלוף׃
Tip: use the ← and → keys to turn chapters.