ရှင်ယောဟန် 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ပသခါ ပွဲ မခံမှီ ၌ ယေရှု သည် ဤ လောက မှ ခမည်းတော် ထံသို့ ပြောင်း ရသောအချိန် ရောက် သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက ၌ ရှိသောမိမိ လူ တို့ကိုချစ် တော်မူသောကြောင့်အဆုံး တိုင်အောင် ချစ် တော်မူ၏။
1ולפני חג הפסח כשידע ישוע כי באה שעתו לעבר מן העולם הזה אל אביו כאשר אהב את בחיריו אשר בעולם כן אהבם עד הקץ׃
2ကိုယ်တော် ကို အပ်နှံ မည်အကြောင်း မာရ်နတ် သည် ရှိမုန် ၏သားယုဒ ရှကာရုတ် ၏ စိတ် နှလုံး၌ အကြံ ပေးသွင်း နှင့် သတည်း။ ထိုအခါ ညစာ ကိုစား ကြစဉ်၊
2ויהי אחרי החל הסעודה והשטן נתן בלב יהודה בן שמעון איש קריות למסרו׃
3ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊
3וידע ישוע כי נתן אביו את הכל בידו וכי מאלהים בא ואל אלהים ישוב׃
4စားပွဲ မှ ထ ၍ ဝတ်လုံ တော်ကိုချွတ် ပြီးလျှင်၊ ပဝါ ကိုယူ ၍ ခါးကိုစည်း တော်မူ၏။
4ויקם מעל השלחן ויפשט את בגדיו ויקח מטפחת ויחגרה׃
5ထိုနောက်မှ ရေ ကိုအင်တုံ ၌ လောင်း ၍ တပည့် တော်တို့၏ခြေ ကိုဆေး ပြီးမှခါး၌စည်း ထားသောပုဝါ နှင့် သုတ် တော်မူ၏။
5ואחר יצק מים בכיור ויחל לרחץ את רגלי תלמידיו ולנגב במטפחת אשר הוא חגור בה׃
6ရှိမုန် ပေတရု ဆီသို့ ရောက် တော်မူသောအခါ ထိုတပည့်တော်က၊ သခင် ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ခြေ ကိုဆေး တော်မူမည်လောဟု မေးလျှောက် ၏။
6ויקרב אל שמעון פטרוס והוא אמר אליו אדני האתה תרחץ את רגלי׃
7ယေရှု ကလည်း၊ သင် သည် ငါ ပြု သောအမှုကို ယခု နား မ လည်သေး။ နောက်မှ သိ လိမ့်မည် ဟု မိန့် တော်မူ၏။
7ויען ישוע ויאמר אליו את אשר אני עשה אינך ידע כעת ואחרי כן תדע׃
8ပေတရု ကလည်း၊ ကိုယ်တော် သည်အကျွန်ုပ် ၏ခြေ ကိုအလျှင်း ဆေး တော်မ မူရဟု လျှောက် ၏။ ယေရှု ကလည်း၊ သင့် ကို ငါမ ဆေး ရလျှင် အသင်သည် ငါ နှင့် မ ဆက်ဆံ ရ ဟု မိန့် တော်မူ၏။
8ויאמר אליו פטרוס לעולם לא תרחץ את רגלי ויען ישוע אם לא ארחץ אתך אין לך חלק עמי׃
9ရှိမုန် ပေတရု ကလည်း၊ အကျွန်ုပ် ၏ခြေ ကိုသာ မ ဆေးပါနှင့်။ လက် ကို၎င်း ၊ ဦးခေါင်း ကို၎င်း ဆေးတော်မူပါဟု လျှေက် ပြန်၏။
9ויאמר אליו שמעון פטרוס אדני לא לבד את רגלי כי אם גם את ידי ואת ראשי׃
10ယေရှု ကလည်း၊ ရေချိုး ပြီးသောသူ မည်သည်ကား၊ ခြေ ဆေး ခြင်းမှတစ်ပါး ဆေးရသောအကြောင်း မ ရှိ ၊ တစ်ကိုယ်လုံး စင်ကြယ် ၏။ သင် တို့သည် စင်ကြယ် သော်လည်း အချို့မ စင်ကြယ် ဟု မိန့် တော်မူ၏။
10ויאמר אליו ישוע המרחץ אין לו לרחץ עוד כי אם את הרגלים כי כלו טהור הוא ואתם טהורים אך לא כלכם׃
11ကိုယ်တော် ကို အပ်နှံ မည့်သူ ကို သိ တော်မူသောကြောင့် ၊ သင်တို့တွင် အချို့မ စင်ကြယ် ဟု မိန့် တော်မူသတည်း။
11כי ידע מי ימסרהו על כן אמר לא כלכם טהורים׃
12ထိုသို့ သူ တို့၏ ခြေ ကိုဆေး တော်မူပြီးမှတစ်ဖန် ဝတ်လုံ ကိုဝတ် ၍ လျောင်း တော်မူလျက် ၊ သင် တို့၌ ငါပြု ခဲ့သောအမှုကို နားလည် ကြသလော။
12ויהי אחרי אשר רחץ את רגלים וילבש את בגדיו וישב להסב ויאמר אליהם הידעתם מה הדבר אשר עשיתי לכם׃
13သင် တို့သည် ငါ့ ကိုအရှင် ဘုရားဟူ၍၎င်း ၊ သခင် ဟူ၍၎င်းခေါ် တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါ မှန်၏။
13אתם קראים לי רב ואדון והיטבתם אשר דברתם כי אני הוא׃
14ငါ သည် သခင် ဖြစ်လျက်၊ အရှင် ဘုရားလည်း ဖြစ်လျက်နှင့် သင် တို့၏ခြေ ကိုဆေး လျှင် သင် တို့သည် အချင်းချင်း တို့၏ခြေ ကို ဆေး ရ ကြမည်။
14לכן אם אני המורה והאדון רחצתי את רגליכם גם אתם חיבים לרחץ איש את רגלי אחיו׃
15ငါ သည်သင် တို့၌ပြု သကဲ့သို့ သင် တို့သည်ပြုစု စေခြင်းငှာ ပုံ သက်သေကို ပြ ခဲ့ပြီ။
15כי מופת נתתי לכם למען תעשו גם אתם כאשר עשיתי לכם׃
16ငါအမှန်အကန် ဆို သည်ကား၊ ကျွန် သည် သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် တမန် သည်လည်း စေလွှတ် သောသူ ထက်သာ၍ ကြီးမြတ်သည်မ ဟုတ်။
16אמן אמן אני אמר לכם כי העבד איננו גדול מאדניו והשלוח איננו גדול משלחו׃
17ဤအရာ များကို သင် တို့သိ ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာ ရှိကြ၏။
17אם ידעתם זאת אשריכם אם כן תעשו׃
18သင် တို့ရှိသမျှ ကို ငါရည်မှတ် ၍ပြော သည်မ ဟုတ်။ ငါ ရွေးကောက် သောသူ တို့ကို ငါသိ ၏။ ကျမ်းစာ ချက် ပြည့်စုံ စေမည်အကြောင်း ငါ နှင့်အတူစား သောသူ သည် ငါ့ ကိုခြေ နှင့်ကျောက် သတည်း။
18לא על כלכם דברתי יודע אני את אשר בחרתי בהם אך למען ימלא הכתוב אוכל לחמי הגדיל עלי עקב׃
19ထိုအမှုအရာ ရောက်သောအခါ ငါ သည် ဤမည်သောသူဖြစ် သည်ကို သင်တို့သည် ယုံကြည် စေခြင်းငှာ ၊ မ ရောက် မှီ ယခုပင် သင် တို့အားငါပြော နှင့်ပြီ။
19מעתה אני אמר לכם בטרם היותה למען בבואה תאמינו כי אני הוא׃
20ငါအမှန်အကန် ဆို သည်ကား၊ ငါစေလွှတ် သောသူ ကိုလက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုလက်ခံ သည် ဟု မိန့် တော်မူ၏။
20אמן אמן אני אמר לכם כי כל המקבל את אשר אשלחהו אתי הוא מקבל והמקבל אתי הוא מקבל את שלחי׃
21ထိုသို့ ယေရှု သည်မိန့် တော်မူပြီးမှ စိတ် နှလုံးတော်ပူပန် ခြင်းရှိ၏။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့ တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုအပ်နှံ လိမ့်မည် ဟု သက်သေခံ လျက် မိန့် တော်မူ၏။
21ויהי ככלות ישוע לדבר הדברים האלה ויבהל ברוחו ויעד ויאמר אמן אמן אני אמר לכם כי אחד מכם ימסרני׃
22အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသည်ကိုတပည့် တော်တို့သည် တွေးတော ခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု ကြ၏။
22ויתראו תלמידיו ויתמהו איש אל רעהו לדעת על מי דבר׃
23ယေရှု ချစ် တော်မူသောတပည့် တော်သည် ရင်ခွင် တော်နားမှာ လျောင်း သဖြင့်၊
23ואחד מתלמידיו מסב על חיק ישוע אשר ישוע אהבו׃
24အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသနည်းဟု မေး စေခြင်းငှာ၊ ရှိမုန် ပေတရု သည် ထိုတပည့် တော် ကို အမှတ်ပေး ၏။
24וירמז לו שמעון פטרוס לדרש מי הוא זה אשר דבר עליו׃
25ထိုတပည့်တော်သည် ယေရှု ၏ရင် တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူ နည်းဟု လျှောက် ၏။
25ויפל על לב ישוע ויאמר אליו אדני מי הוא׃
26ယေရှု ကလည်း၊ ဤမုန့်တလုပ် စာကို ငါ နှစ် ၍ ပေး သော သူဖြစ် ၏ ဟု မိန့် တော်မူပြီးလျှင်၊ မုန့်တ လုပ်စာကို နှစ် ပြီးမှရှိမုန် ၏သားယုဒ ရှကာရုတ် အား ပေး တော်မူ၏။
26ויען ישוע הנה זה הוא אשר אטבל פתי לתתו לו ויטבל את פתו ויתן אל יהודה בן שמעון איש קריות׃
27ထိုသူ သည် မုန့်တ လုပ်စာကိုခံပြီးမှ ၊ စာတန် သည် သူ့အထဲ သို့ဝင် လေ၏။ ယေရှု ကလည်း၊ သင်ပြု ရသောအမှု ကို အလျင်အမြန် ပြု လော့ဟု ထိုသူ အားမိန့် တော်မူ၏။
27ואחרי בלעו בא השטן אל קרבו ויאמר אליו ישוע את אשר תעשה עשה מהרה׃
28အဘယ်ကြောင့် ထိုသို့မိန့် တော်မူသည်ကို စားပွဲ ၌လျောင်းသောသူ တို့တွင် အဘယ်သူ မျှမသိ ။
28ומן המסבים לא ידע איש על מה דבר אליו כזאת׃
29အချို့ တို့က၊ ယုဒ ရှကာရုတ်သည် ငွေအိတ် ကိုဆောင် ကြသောကြောင့် ၊ ဤပွဲ ၌ ငါ တို့သုံး စရာအဘို့ကို ဝယ် လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲ သောသူ တို့အား တစုံတစ်ခု ကိုပေး လော့ဟူ၍၎င်း။ ယေရှု မိန့် တော်မူသည်ဟု ထင်မှတ် ကြ၏။
29כי יש אשר חשבו כי אמר אליו ישוע קנה לנו צרכי החג או לתת לאביונים יען אשר כיס הכסף תחת יד יהודה׃
30ယုဒ ရှကာရုတ်သည် မုန့်တ လုပ်စာကိုခံ ပြီးမှချက်ခြင်း ထွက်သွား ၏။ ထို အချိန်ကားည အချိန်ဖြစ်၏။
30והוא בקחתו את פת הלחם מהר לצאת החוצה ויהי לילה׃
31ထိုသူသွား သည်နောက်၊ ယေရှု က၊ ယခု တွင်လူ သား သည် ဘုန်း ထင်ရှားခြင်းရှိသည်ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိ၏။
31הוא יצא וישוע אמר עתה נתפאר בן האדם והאלהים נתפאר בו׃
32ဘုရားသခင် သည် လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင် သည် ကိုယ်တော် တိုင်အားဖြင့် သူ ၏ဘုန်း ကို ထင်ရှားစေတော်မူလိမ့်မည်။
32אם האלהים נתפאר בו גם האלהים הוא יפארהו בעצמו ובמהרה יפארהו׃
33ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။
33בני עוד מעט מזער אהיה עמכם אתם תבקשוני וכאשר אמרתי אל היהודים כי אל אשר אני הולך לא תוכלו לבוא שמה כן אליכם אמר אני עתה׃
34သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
34מצוה חדשה אני נתן לכם כי תאהבו איש את אחיו כאשר אהבתי אתכם כן גם אתם איש את אחיו תאהבון׃
35သင် တို့သည် အချင်းချင်း ချစ် ကြလျှင် ၊ လူအပေါင်း တို့သည် ထို မေတ္တာကိုထောက်၍ သင်တို့သည် ငါ ၏ တပည့် ဖြစ် သည်ကို သိ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
35בזאת ידעו כלם כי תלמידי אתם בהיות אהבה ביניכם׃
36ရှိမုန် ပေတရု က၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ ကြွ တော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှု က၊ ငါသွား ရာအရပ် သို့ သင်သည်ယခု မ လိုက် နိုင် ။ နောက်မှ လိုက် ရလိမ့်မည် ဟု မိန့် တော်မူ၏။
36ויאמר אליו פטרוס אדני אנה תלך ויען אתו ישוע אל אשר אני הולך שמה לא תוכל עתה ללכת אחרי אך אחרי כן תלך אחרי׃
37ပေတရု ကလည်း၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူအဘယ်ကြောင့် ယခု မ လိုက် နိုင် သနည်း။ ကိုယ်တော် အဘို့ အကျွန်ုပ် ၏အသက် ကို စွန့် ပါမည်ဟုလျှောက် လျှင်၊
37ויאמר אליו פטרוס מדוע לא אוכל עתה ללכת אחריך הן נפשי בעד נפשך אתן׃
3838ယေရှု က၊ ငါ့ အဘို့ သင့် အသက် ကိုစွန့် မည်လော။ ငါအမှန်အကန် ဆို သည်ကား၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။
38ויען אתו ישוע הכי תתן נפשך בעד נפשי אמן אמן אני אמר לך בטרם יקרא התרנגל תכחש בי שלש פעמים׃
Tip: use the ← and → keys to turn chapters.