ဟေရှာယ 40
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
1נחמו נחמו עמי יאמר אלהיכם׃
2စစ်မှု ကို ထမ်းရသောအချိန်စေ့ ပြီ။ သင်၏ အပြစ် လည်း ပြေရှင်း ပြီဟု ယေရုရှလင် မြို့အား နှစ်သိမ့်စေသော စကားကို ပြော ၍ ကြွေးကြော် ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော်၌ မိမိ အပြစ်အတွက် နှစ်ဆ ခံ ရပြီ။
2דברו על לב ירושלם וקראו אליה כי מלאה צבאה כי נרצה עונה כי לקחה מיד יהוה כפלים בכל חטאתיה׃
3တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
3קול קורא במדבר פנו דרך יהוה ישרו בערבה מסלה לאלהינו׃
4ချိုင့်ဝှမ်း ရာ ရှိသမျှ တို့ကို ဖို့ ရမည်။ တောင် ကြီး တောင် ငယ်ရှိသမျှတို့ကို ဖြို ရမည်။ ကောက် သော လမ်း များကို ဖြောင့် စေရမည်။ ကြမ်းတမ်း သော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
4כל גיא ינשא וכל הר וגבעה ישפלו והיה העקב למישור והרכסים לבקעה׃
5ထာဝရဘုရား ၏ ဘုန်း တော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူ မြင် ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
5ונגלה כבוד יהוה וראו כל בשר יחדו כי פי יהוה דבר׃
6တဖန် ထိုအသံ က၊ ဟစ်ကြော် လော့ဟု ဆို လျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော် ရမည်နည်းဟုမေး သော်၊ လူမျိုး ရှိသမျှ သည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်း ရှိသမျှ သည်လည်း တော အပွင့် ကဲ့သို့ ဖြစ်၏။
6קול אמר קרא ואמר מה אקרא כל הבשר חציר וכל חסדו כציץ השדה׃
7ထာဝရဘုရား ၏ လေ တိုက် သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ အကယ် စင်စစ်လူ တို့သည် မြက်ပင် ဖြစ်ကြ၏။
7יבש חציר נבל ציץ כי רוח יהוה נשבה בו אכן חציר העם׃
8မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲ တည် ၏ဟု ဆိုသတည်း။
8יבש חציר נבל ציץ ודבר אלהינו יקום לעולם׃
9ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။
9על הר גבה עלי לך מבשרת ציון הרימי בכח קולך מבשרת ירושלם הרימי אל תיראי אמרי לערי יהודה הנה אלהיכם׃
10ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
10הנה אדני יהוה בחזק יבוא וזרעו משלה לו הנה שכרו אתו ופעלתו לפניו׃
11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
11כרעה עדרו ירעה בזרעו יקבץ טלאים ובחיקו ישא עלות ינהל׃
12ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။
12מי מדד בשעלו מים ושמים בזרת תכן וכל בשלש עפר הארץ ושקל בפלס הרים וגבעות במאזנים׃
13ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။
13מי תכן את רוח יהוה ואיש עצתו יודיענו׃
14အဘယ်သူ နှင့် တိုင်ပင် တော်မူသနည်း။ ထိုဘုရား ကို အဘယ်သူသွန်သင် သနည်း။ ထိုဘုရားအား တရား လမ်း ကို ပြ သောသူ၊ ပညာ နည်း ကိုပေး သောသူ၊ ဉာဏ် လမ်း ကို ညွှန် သောသူကား အဘယ်သူနည်း။
14את מי נועץ ויבינהו וילמדהו בארח משפט וילמדהו דעת ודרך תבונות יודיענו׃
15လူ အမျိုးမျိုးတို့သည် ရေပုံး မှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍ ၊ ချိန်ခွင် ၌ မြူမှုန် ကဲ့သို့ ထင်မှတ် စရာ ရှိ၏။ ကျွန်း တို့သည်လည်း၊ လွင့် တတ်သော အဏုမြူ ကဲ့သို့ ဖြစ်ကြ၏။
15הן גוים כמר מדלי וכשחק מאזנים נחשבו הן איים כדק יטול׃
16လေဗနုန် တောသည် မီး မွေးဘို့မ လောက်။ ထိုတော ၌ရှိသောတိရစ္ဆာန် တို့သည်လည်း၊ မီးရှို့ ရာ ယဇ် ဘို့မ လောက်။
16ולבנון אין די בער וחיתו אין די עולה׃
17ခပ်သိမ်း သော လူ အမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့ တော်၌ ဖြစ်ကြ၏။ အဘယ် မျှမဟုတ် သော အရာထက်သာ၍ငယ် သကဲ့သို့၎င်း၊ အနတ္တ ကဲ့သို့၎င်း မှတ် တော်မူ၏။
17כל הגוים כאין נגדו מאפס ותהו נחשבו לו׃
18သို့ ဖြစ်၍၊ ဘုရား သခင်ကို အဘယ်သို့ ပုံ ပြရအံ့ နည်း။ ဘုရား သခင်နှင့် အဘယ် မည်သော ပုံ သဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
18ואל מי תדמיון אל ומה דמות תערכו לו׃
19ပန်းတဉ်း သမားသည် ရုပ်တု ကို သွန်း ပြီးမှ ၊ ပန်းထိမ် သမားသည် ရွှေ နှင့် မွမ်းမံ ၍ ၊ ငွေ ကြိုးကိုလည်း လုပ် တတ်၏။
19הפסל נסך חרש וצרף בזהב ירקענו ורתקות כסף צורף׃
20အဘိုးထိုက်သော အလှူ ကို မလှူနိုင်သောသူသည်၊ မ ဆွေးမြေ့ တတ်သော သစ်သား ကို ရွေးကောက် ပြီးမှ၊ မြဲမြံ သော ရုပ်တု ကို လုပ် စေခြင်းငှါ ၊ လိမ္မာ သော လက်သမား ကို ရှာ တတ်၏။
20המסכן תרומה עץ לא ירקב יבחר חרש חכם יבקש לו להכין פסל לא ימוט׃
21သင်တို့သည် မ သိ ကြသလော။ မ ကြား ကြသလော။ ရှေ့ဦး စွာမှစ၍ သင်တို့ အား မ ဘော် မပြသလော။ မြေကြီး တည် သည်အကြောင်းကို နား မ လည်ကြသလော။
21הלוא תדעו הלוא תשמעו הלוא הגד מראש לכם הלוא הבינתם מוסדות הארץ׃
22မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊
22הישב על חוג הארץ וישביה כחגבים הנוטה כדק שמים וימתחם כאהל לשבת׃
23မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
23הנותן רוזנים לאין שפטי ארץ כתהו עשה׃
24အကယ် စင်စစ်သူတို့ကို မ စိုက် မပျိုးရ။ အကယ် စင်စစ်သူတို့၏မျိုးစေ့ကို မ ကြဲ ရ။ အကယ် စင်စစ်သူ တို့ အပင် သည် မြေ ၌ အမြစ်မ စွဲ ရ။ သူ တို့အပေါ် မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်း သွေ့ခြောက်၍ ၊ လေ ဘွေသည် သူ တို့ကို ဖွဲ ကဲ့သို့ တိုက် လွှင့်လိမ့်မည်။
24אף בל נטעו אף בל זרעו אף בל שרש בארץ גזעם וגם נשף בהם ויבשו וסערה כקש תשאם׃
25သို့ဖြစ်၍၊ ငါ့ ကို အဘယ်သို့ ပုံ ပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူ ရအံ့နည်းဟု သန့်ရှင်း သော ဘုရားမေး တော်မူ၏။
25ואל מי תדמיוני ואשוה יאמר קדוש׃
26အထက်သို့ မျှော် ကြည့် ကြလော့။ ထို အရာတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ထိုသူသည် သူ တို့အလုံး အရင်းကို အရေအတွက် အားဖြင့် ထုတ် ဆောင်တော်မူ၏။ အလုံးစုံ တို့ကို နာမည် ဖြင့် ခေါ် တော်မူ၏။ ခွန်အား ကြီး ၍ တန်ခိုး နှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခု မျှ မ ပေါ် ဘဲမနေရ။
26שאו מרום עיניכם וראו מי ברא אלה המוציא במספר צבאם לכלם בשם יקרא מרב אונים ואמיץ כח איש לא נעדר׃
27အိုယာကုပ် အမျိုး၊ သင် သွားသော လမ်း ကို ထာဝရဘုရား သိ တော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလ အမျိုး၊ သင့် အမှု ကို သင် ၏ဘုရား သခင် မှတ် တော်မမူဟု၊ အဘယ်ကြောင့် ဆို ရသနည်း။
27למה תאמר יעקב ותדבר ישראל נסתרה דרכי מיהוה ומאלהי משפטי יעבור׃
28ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။
28הלוא ידעת אם לא שמעת אלהי עולם יהוה בורא קצות הארץ לא ייעף ולא ייגע אין חקר לתבונתו׃
29ထိုဘုရားသည် မော သောသူတို့အား ၊ ခွန်အား ကိုပေး တော်မူ၏။ နွမ်းနယ် သောသူတို့ အား ၊ အစွမ်း သတ္တိ နှင့် ပြည့်စုံ သော အခွင့်ကိုပေး တော်မူ၏။
29נתן ליעף כח ולאין אונים עצמה ירבה׃
30လူပျို တို့သည် မော ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင် တို့သည်လည်း ထိမိ ၍ လဲ ကြလိမ့်မည်။
30ויעפו נערים ויגעו ובחורים כשול יכשלו׃
31ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။
31וקוי יהוה יחליפו כח יעלו אבר כנשרים ירוצו ולא ייגעו ילכו ולא ייעפו׃
Tip: use the ← and → keys to turn chapters.