ဟေရှာယ

Old Testament

Chapter 51
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ဟေရှာယ 51

Judson Burmese Bible (1840)
Modern Hebrew Bible
1ဖြောင့်မတ် ခြင်းတရားသို့ လိုက်၍ ထာဝရဘုရား ကို ရှာ သောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင်တို့ကို ခုတ် ယူရာ ကျောက် နှင့် ၊ တူး ယူရာ တွင်း ဝကို ကြည့် ရှုကြလော့။
1שמעו אלי רדפי צדק מבקשי יהוה הביטו אל צור חצבתם ואל מקבת בור נקרתם׃
2သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။
2הביטו אל אברהם אביכם ואל שרה תחוללכם כי אחד קראתיו ואברכהו וארבהו׃
3ထိုသို့နှင့်အညီ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ ၏ဆိတ်ညံ ရာအရပ် အလုံးစုံ တို့ကို ချမ်းသာပေးမည်။ သူ ၏တော ကို ဧဒင် အရပ်ကဲ့သို့ ၎င်း ၊ သူ ၏လွင်ပြင် ကို ထာဝရဘုရား ၏ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် စေတော်မူသဖြင့် ၊ ဇိအုန် မြို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်း၊ သီချင်း ဆိုခြင်း နှင့် ပြည့်စုံ လိမ့်မည်။
3כי נחם יהוה ציון נחם כל חרבתיה וישם מדברה כעדן וערבתה כגן יהוה ששון ושמחה ימצא בה תודה וקול זמרה׃
4ငါ ၏လူမျိုး ၊ ငါ့ လူစု တို့၊ ငါ့ စကားကို နားထောင် နာယူကြလော့။ ငါ့ ထံ မှ တရား ထွက် ၍ ငါ စီရင် ချက်သည် လူ များလင်း စရာဘို့ တည်ရလိမ့်မည်။
4הקשיבו אלי עמי ולאומי אלי האזינו כי תורה מאתי תצא ומשפטי לאור עמים ארגיע׃
5ငါ ၏ဖြောင့်မတ် ခြင်းတရားသည် အနီး မှာရှိ၏။ ငါ ၏ကယ်တင် ခြင်းတရားသည် ထွက်သွား ပြီ။ ငါ့ လက်ရုံး သည် လူ တို့တွင် တရား မှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့ လက်ရုံး ကို ကိုးစား ကြလိမ့်မည်။
5קרוב צדקי יצא ישעי וזרעי עמים ישפטו אלי איים יקוו ואל זרעי ייחלון׃
6မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
6שאו לשמים עיניכם והביטו אל הארץ מתחת כי שמים כעשן נמלחו והארץ כבגד תבלה וישביה כמו כן ימותון וישועתי לעולם תהיה וצדקתי לא תחת׃
7ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
7שמעו אלי ידעי צדק עם תורתי בלבם אל תיראו חרפת אנוש ומגדפתם אל תחתו׃
8အကြောင်း မူကား၊ ပိုးရွ တို့သည် သိုးမွှေး အဝတ် ကို ကိုက်စား သကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြ လိမ့်မည်။ ငါ ၏ဖြောင့်မတ် ခြင်းတရားမူကား နိစ္စ ထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင် ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
8כי כבגד יאכלם עש וכצמר יאכלם סס וצדקתי לעולם תהיה וישועתי לדור דורים׃
9အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။
9עורי עורי לבשי עז זרוע יהוה עורי כימי קדם דרות עולמים הלוא את היא המחצבת רהב מחוללת תנין׃
10ပင်လယ် ရေ၊ နက်နဲ ရာရေ တို့ကို ခန်းခြောက် စေ ၍၊ ပင်လယ် နက်နဲ ရာ အရပ်တို့ကို ရွေးနှုတ် သော သူများ သွား စရာ လမ်း ဖြစ်စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ်လော။
10הלוא את היא המחרבת ים מי תהום רבה השמה מעמקי ים דרך לעבר גאולים׃
11သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
11ופדויי יהוה ישובון ובאו ציון ברנה ושמחת עולם על ראשם ששון ושמחה ישיגון נסו יגון ואנחה׃
12သင် တို့ကို နှစ်သိမ့် စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ ကိုယ်တိုင်ပေတည်း။ သေ ရသော လူ ကို၎င်း၊ မြက်ပင် ကဲ့သို့ဖြစ်လတံ့သော လူ သား ကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
12אנכי אנכי הוא מנחמכם מי את ותיראי מאנוש ימות ומבן אדם חציר ינתן׃
13မိုဃ်းကောင်းကင် ကို ကြက် တော်မူထသော၊ မြေကြီး ကိုလည်း တည် တော်မူထသော၊ သင့် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ကို သင်သည် မေ့လျော့ ၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီး လု ပြီဟု စိတ်ထင်နှင့်၊ သူ ၏ဒေါသ အမျက်ကို အစဉ် ကြောက် ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သောသူ ၏ဒေါသ အမျက်သည် အဘယ် မှာရှိသနည်း။
13ותשכח יהוה עשך נוטה שמים ויסד ארץ ותפחד תמיד כל היום מפני חמת המציק כאשר כונן להשחית ואיה חמת המציק׃
14အချုပ် ခံရသောသူသည် ထောင် ထဲမှာ မ သေ ၊ ရေ စာမ ပြတ် ၊ လျင်မြန် စွာ ကယ်နှုတ် ခြင်းသို့ ရောက်လိမ့်မည်။
14מהר צעה להפתח ולא ימות לשחת ולא יחסר לחמו׃
15ငါ သည် သမုဒ္ဒရာ ကို ဆုံးမ၍ လှိုင်း တံပိုးကို ဟုန်း စေသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ထိုဘုရား ၏နာမ တော်ကား၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားပေတည်း။
15ואנכי יהוה אלהיך רגע הים ויהמו גליו יהוה צבאות שמו׃
16မိုဃ်းကောင်းကင် ကို ဆောက် ၍ ၊ မြေကြီး ကို တည် စေခြင်းငှါ ၎င်း၊ သင် သည် ငါ ၏လူမျိုး ဖြစ်၏ဟု ဇိအုန် မြို့ကို ပြော စေခြင်းငှါ ၎င်း၊ ငါ့ စကား ကို သင် ၏နှုတ် ထဲမှာ ငါထား ပြီ။ ငါ့ လက် ၏အရိပ် နှင့် သင့် ကို ငါမိုး ပြီ။
16ואשים דברי בפיך ובצל ידי כסיתיך לנטע שמים וליסד ארץ ולאמר לציון עמי אתה׃
17ထာဝရဘုရား ၏လက် တော်၌ အမျက် တော် ဖလား ကို သောက် သော ယေရုရှလင် မြို့၊ နိုး လော့။ နိုး ၍ ထ လော့။ သင်သည် တုန်လှုပ် စေသောဖလား ကို အကုန် သောက် ခဲ့ပြီ။ အနည် အဖက်ကိုလည်း ညှစ် ခဲ့ပြီ။
17התעוררי התעוררי קומי ירושלם אשר שתית מיד יהוה את כוס חמתו את קבעת כוס התרעלה שתית מצית׃
18ကိုယ်တိုင်ဘွားမြင် သော သား တို့တွင်၊ သင့်ကို လမ်းပြ သော သူတယောက် မျှမရှိ။ ကိုယ်တိုင်မွေးစား သော သား တို့တွင်၊ သင့်ကို လက် ဆွဲ သော သူတယောက်မျှမ ရှိ။
18אין מנהל לה מכל בנים ילדה ואין מחזיק בידה מכל בנים גדלה׃
19အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီး ခြင်းဘေးတည်းဟူသောဘေးနှစ် ပါးတို့သည် သင် ၏အပေါ်မှာ ရောက် လာသည်ဖြစ်၍၊ သင့် အတွက် အဘယ် သူငိုကြွေး မြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာ ပေးနိုင်သနည်း။
19שתים הנה קראתיך מי ינוד לך השד והשבר והרעב והחרב מי אנחמך׃
20သင် ၏သား တို့သည် မိန်းမော တွေဝေကြ၏။ ကျော့ကွင်း ၌ ဘမ်းမိသော စိုင် ကဲ့သို့ ခပ်သိမ်း သော လမ်းဝ မှာ အိပ် ၍၊ ထာဝရဘုရား ၏ အမျက် ထွက်တော်မူခြင်း၊ သင် ၏ဘုရား သခင်ဆုံးမ တော်မူခြင်းနှင့် ဝ ကြ၏။
20בניך עלפו שכבו בראש כל חוצות כתוא מכמר המלאים חמת יהוה גערת אלהיך׃
21သို့ ဖြစ်၍၊ ညှဉ်းဆဲ ခြင်းကို ခံရသောသူ၊ စပျစ်ရည် မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူး သောသူ၊ နားထောင်လော့။
21לכן שמעי נא זאת עניה ושכרת ולא מיין׃
22သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
22כה אמר אדניך יהוה ואלהיך יריב עמו הנה לקחתי מידך את כוס התרעלה את קבעת כוס חמתי לא תוסיפי לשתותה עוד׃
23သင်သည် ခရီးသွား သောသူတို့ ရှေ့မှာ ကိုယ် ကို မြေ တန်တားလုပ် ၍ ၊ အလျားဝပ်စေခြင်းငှါ ဝပ် လျက်နေ တော့။ ငါကျော်သွား မည်ဟုဆို ၍၊ သင့် ကို ညှဉ်းဆဲ သောသူတို့ လက် ၌ ထိုဖလား ကို ငါထား မည်။
23ושמתיה ביד מוגיך אשר אמרו לנפשך שחי ונעברה ותשימי כארץ גוך וכחוץ לעברים׃

Tip: use the ← and → keys to turn chapters.