ဟေရှာယ 37
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့ သွား လေ၏။
1ויהי כשמע המלך חזקיהו ויקרע את בגדיו ויתכס בשק ויבא בית יהוה׃
2လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ ထံ သို့ စေလွှတ် လေ၏။
2וישלח את אליקים אשר על הבית ואת שבנא הסופר ואת זקני הכהנים מתכסים בשקים אל ישעיהו בן אמוץ הנביא׃
3ဟေဇကိ မင်းမှာ ထား သော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့ ၊ ဆုံးမ သောနေ့၊ ကဲ့ရဲ့ ခြင်းကို ခံရ သောနေ့ဖြစ်၏။ သား ဘွား ချိန်ရောက်၍သားကို ဘွား နိုင် အောင် ခွန်အား မ ရှိ။
3ויאמרו אליו כה אמר חזקיהו יום צרה ותוכחה ונאצה היום הזה כי באו בנים עד משבר וכח אין ללדה׃
4အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန် ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေ တော်မူ ပါစေသော။ သင်သည်လည်းကျန် ကြွင်းသော လူ တို့အဘို့ ဆုတောင်း ပဌနာပြု ပါဟု ပြောစေခြင်းငှါ၊
4אולי ישמע יהוה אלהיך את דברי רב שקה אשר שלחו מלך אשור אדניו לחרף אלהים חי והוכיח בדברים אשר שמע יהוה אלהיך ונשאת תפלה בעד השארית הנמצאה׃
5ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံ သို့ ရောက် လာကြ၏။
5ויבאו עבדי המלך חזקיהו אל ישעיהו׃
6ဟေရှာယ ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကို ကဲ့ရဲ့ ၍၊ သင်သည် ကြား ရသော စကား ကြောင့် မ ကြောက် နှင့်။
6ויאמר אליהם ישעיהו כה תאמרון אל אדניכם כה אמר יהוה אל תירא מפני הדברים אשר שמעת אשר גדפו נערי מלך אשור אותי׃
7ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထိုပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကား တော်ကို သင် တို့၏ သခင် အား ပြန် ကြားကြလော့ဟု ပြော ဆို၏။
7הנני נותן בו רוח ושמע שמועה ושב אל ארצו והפלתיו בחרב בארצו׃
8ထိုအခါ အာရှုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်းကို ရာဗရှာခ ကြား လျှင် ၊ ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏။
8וישב רב שקה וימצא את מלך אשור נלחם על לבנה כי שמע כי נסע מלכיש׃
9နောက်တဖန် ကုရှ မင်းကြီး တိရက္က သည် စစ် ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊
9וישמע על תרהקה מלך כוש לאמר יצא להלחם אתך וישמע וישלח מלאכים אל חזקיהו לאמר׃
10သင်တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား၊ သင် ကိုးစား သော ဘုရား သခင်က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍ သင့် ကို မ လှည့်စား စေနှင့်။
10כה תאמרון אל חזקיהו מלך יהודה לאמר אל ישאך אלהיך אשר אתה בוטח בו לאמר לא תנתן ירושלם ביד מלך אשור׃
11အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သောပြည် တို့ ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို သင် သည်ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော။
11הנה אתה שמעת אשר עשו מלכי אשור לכל הארצות להחרימם ואתה תנצל׃
12ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသော ဧဒင် အမျိုးသား တို့ကို၊ သူ တို့၏ ဘုရား များတို့သည် ကယ် ယူကြပြီလော။
12ההצילו אותם אלהי הגוים אשר השחיתו אבותי את גוזן ואת חרן ורצף ובני עדן אשר בתלשר׃
13ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါမြို့ ကို စိုးစံသောမင်းကြီး တို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာ လိုက်လေ၏။
13איה מלך חמת ומלך ארפד ומלך לעיר ספרוים הנע ועוה׃
14ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံယူ ၍ ကြည့် ပြီးလျှင် ၊ ဗိမာန် တော်သို့ သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏။
14ויקח חזקיהו את הספרים מיד המלאכים ויקראהו ויעל בית יהוה ויפרשהו חזקיהו לפני יהוה׃
15ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊
15ויתפלל חזקיהו אל יהוה לאמר׃
16ခေရုဗိမ် ပေါ်မှာထိုင် တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရား သခင်ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင်ဖြစ် တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
16יהוה צבאות אלהי ישראל ישב הכרבים אתה הוא האלהים לבדך לכל ממלכות הארץ אתה עשית את השמים ואת הארץ׃
17အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကို ဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ ၍၊ ပြောစေ သော စကား အလုံးစုံ တို့ကို မှတ် တော်မူပါ။
17הטה יהוה אזנך ושמע פקח יהוה עינך וראה ושמע את כל דברי סנחריב אשר שלח לחרף אלהים חי׃
18အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည် တို့ကို ဖျက်ဆီး ၍၊
18אמנם יהוה החריבו מלכי אשור את כל הארצות ואת ארצם׃
19သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
19ונתן את אלהיהם באש כי לא אלהים המה כי אם מעשה ידי אדם עץ ואבן ויאבדום׃
20အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါး သာ၊ ဘုရားသခင်ဖြစ်တော်မူ သည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
20ועתה יהוה אלהינו הושיענו מידו וידעו כל ממלכות הארץ כי אתה יהוה לבדך׃
21ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့်၊ ငါ့ ရှေ့ မှာ ပဌနာ ပြုသည် ဖြစ်၍၊
21וישלח ישעיהו בן אמוץ אל חזקיהו לאמר כה אמר יהוה אלהי ישראל אשר התפללת אלי אל סנחריב מלך אשור׃
22ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏။
22זה הדבר אשר דבר יהוה עליו בזה לך לעגה לך בתולת בת ציון אחריך ראש הניעה בת ירושלם׃
23သင်သည် အဘယ်သူ ကို ကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြုပါ သည်တကား။
23את מי חרפת וגדפת ועל מי הרימותה קול ותשא מרום עיניך אל קדוש ישראל׃
24သင် သည် ကျွန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင်အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်း ဆုံးသော ထင်းရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အမြင့် ဆုံးသောအရပ်၊ အသီး များ သောတော ထဲသို့ ငါဝင် ပြီ။
24ביד עבדיך חרפת אדני ותאמר ברב רכבי אני עליתי מרום הרים ירכתי לבנון ואכרת קומת ארזיו מבחר ברשיו ואבוא מרום קצו יער כרמלו׃
25ငါ သည် တွင်း တူး၍ ရေ ကိုသောက် ရပြီ။ ငါ၏ ခြေ ဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြား ရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီတကား။
25אני קרתי ושתיתי מים ואחרב בכף פעמי כל יארי מצור׃
26ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေး ကာလ၌ ပြုပြင် ကြောင်းကို သင်သည်မ ကြား သလော။ ယခု မှာလည်း သင်သည် ခိုင်ခံ့ သောမြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံ ဖြစ် စေသောသူဖြစ် မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
26הלוא שמעת למרחוק אותה עשיתי מימי קדם ויצרתיה עתה הבאתיה ותהי להשאות גלים נצים ערים בצרות׃
27ထိုကြောင့်၊ မြို့သား တို့သည် အား နည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ၏။ တော မြက် ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင် နှင့်၊ မကြီး မှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
27וישביהן קצרי יד חתו ובשו היו עשב שדה וירק דשא חציר גגות ושדמה לפני קמה׃
28သင် ၏ နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏။
28ושבתך וצאתך ובואך ידעתי ואת התרגזך אלי׃
29ငါ ၌ သင် ၏အမျက် ဟုန်းခြင်း၊ စော်ကားခြင်းကို ငါ ကြား ရသောကြောင့်၊ သင့်ကို နှာရှုတ် တပ် ၍ ဇက် ခွံ့ပြီးမှ ၊ သင်လာ သော လမ်း ဖြင့် ပြန် စေမည်။
29יען התרגזך אלי ושאננך עלה באזני ושמתי חחי באפך ומתגי בשפתיך והשיבתיך בדרך אשר באת בה׃
30သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
30וזה לך האות אכול השנה ספיח ובשנה השנית שחיס ובשנה השלישית זרעו וקצרו ונטעו כרמים ואכול פרים׃
31ဘေးလွတ်၍ ကျန် ကြွင်းသော ယုဒ အမျိုးသား တို့သည် တဖန်အောက် မှာ အမြစ် စွဲ ၍ ၊ အထက် မှာ အသီး သီး ကြလိမ့်မည်။
31ויספה פליטת בית יהודה הנשארה שרש למטה ועשה פרי למעלה׃
32ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း၊ ဘေး လွတ်သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် အလိုတော်အားကြီး ၍၊ ထို အမှုကို စီရင် တော်မူလိမ့်မည်။
32כי מירושלם תצא שארית ופליטה מהר ציון קנאת יהוה צבאות תעשה זאת׃
33သို့ဖြစ်၍၊ ထာဝရဘုရား သည် အာရှုရိ ရှင် ဘုရင်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မဝင် ရ။ မြို့ထဲသို့ မြှား ကို မ ပစ် ရ။ မြို့ ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ။
33לכן כה אמר יהוה אל מלך אשור לא יבוא אל העיר הזאת ולא יורה שם חץ ולא יקדמנה מגן ולא ישפך עליה סללה׃
34လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ။
34בדרך אשר בא בה ישוב ואל העיר הזאת לא יבוא נאם יהוה׃
35ငါသည် ကိုယ် မျက်နှာ ကို၎င်း၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍၊ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
35וגנותי על העיר הזאת להושיעה למעני ולמען דוד עבדי׃
36ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
36ויצא מלאך יהוה ויכה במחנה אשור מאה ושמנים וחמשה אלף וישכימו בבקר והנה כלם פגרים מתים׃
37အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း၊ ထိုအရပ် မှထွက် ၍ ပြန် သွားပြီးလျှင်၊ နိနေဝေ မြို့၌ နေ လေ ၏။
37ויסע וילך וישב סנחריב מלך אשור וישב בנינוה׃
38နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။
38ויהי הוא משתחוה בית נסרך אלהיו ואדרמלך ושראצר בניו הכהו בחרב והמה נמלטו ארץ אררט וימלך אסר חדן בנו תחתיו׃
Tip: use the ← and → keys to turn chapters.